47 w - Translate

အူတက်အောင်ရီရတဲ့ မဟာချိုင်ဘုန်းကြီး
ပါးစပ်မစိအောင်ရီရမယ့် ဟာသကား

Som Pla Noi
2021 • 1h 38m

ဒီဇာတ်ကားကတော့ နောက်ထပ်ထိုင်းဟာသကားဇာတ်လမ်းလေးတစ်ခုပါပဲ။
ဇာတ်လမ်းနာမည်အတိုင်းစုမ်ပလားနဲ့နွိင်ဆိုတဲ့လူသုံးယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကိုဟာသရောပြီး တင်ဆက်ပေးထားတာပါ။စုမ်ဆိုတဲ့ကောင်မလေးကသူ့ကိုမြင်မြင်ချင်းစွဲလမ်းသွားတဲ့ပလားဆိုတဲ့မြိုသားလေးကိုရွေးရမလား၊အရင်ကတည်းကသူ့ကိုချစ်နေတဲ့နွိင်ဆိုတဲ့ရွာမွေးခြံပေါက်သူငယ်ချင်းကိုပဲရွေးရမလားဆိုပြီးLဆိုင်းဇီဆန်နေတဲ့ကားလေးပါရှင့်။ဒီကြားထဲမှာထိုင်းဟာသကားတွေထဲမပါမဖြစ်ဆရာတော်ချိုင်ဆိုတာလည်းပါပါသေးတယ်။ဆရာတော်ချိုင်နဲ့ သူ့ကပ္ပိယ၂ယောက်ကြားကအလွဲတွေကိုလည်းဟာသလေးတွေအနေနဲ့တဖြတ်ခွီရဦးမှာမလိုပိန္နဲသီသရဲကားလိုပုံစံကိုသဘောကျသူတွေကလည်း နှစ်သက်ကြမှာပါ။ဇာတ်လမ်းဇာတ်ကွက်တိုင်းမှာလည်းသီချင်းလေးတွေနဲ့ပုံဖော်ထားတာမလိုအခွီသီချင်းရောအဆွေးသီချင်းရောပေါက်ကရတွေစုံနေတဲ့ဟာသကားလေးပါလိုညွှန်းလိုက်ချင်ပါတယ်။သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ်အခြေခံထားပြီး Romance,Comedyအမျိုးအစားလေးဖြစ်တဲ့ ဒီ“Som Pla Noi”ဆိုတဲ့ထိုင်းဇာတ်ကားလေးမှာဆက်ပြီးကြည့်ရှုလိုက်ကြရအောင်နော်။

image
47 w - Translate

ဒါကလည်း October လထဲမှာထွက်မယ့် MADHOUSE နဲ့ Cyclone Graphics ကနေထုတ်မယ့် WANDANCE Anime ပါ

image
47 w - Translate

ကုလိုမရတဲ့ ဦးနှောက်ရောဂါ တစ်ခုကို ရပြီးနောက် သူ့မိသားစုကို ပြန်ကူညီဖို ကြိုးစားတဲ့ လက်ဝှေ့သမားဟောင်း

Absolution
2024 ‧ Crime/Action ‧ 2h 2m

Taken ကားနဲ့ အဖေခန်းတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး လီယံနီဆင်ဟာ ဒီရုပ်ရှင်မှာတော့ အဘိုးဖြစ်လာပါပြီ။

အသက်ကြီးလာတဲ့ လက်ဝှေ့သမားဟောင်း ဂန်းစတားကြီးဟာ ကုလိုမရတဲ့ ဦးနှောက်ရောဂါတစ်ခုဖြစ်နေတာ သိပြီးတဲ့နောက်မှာ

သူအကြာကြီး ပစ်ထားခဲ့တဲ့ သားသမီးတွေ မြေးတွေကို ပြန်ကူညီဖို ကြိုးစားပါတော့တယ်။

သူ့ရဲ့မှတ်ဉာဏ်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်းကပဲ သူ့မိသားစုအတွက် ကောင်းတာတစ်ခုခုလုပ်ပေးဖို ကြိုးစားနေတာပါ။

ဒါပေမဲ့ သူ့လို ဂန်းစတားတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို တတ်တဲ့ပညာကလည်း မကောင်းတာတွေပဲဖြစ်နေတော့ လူမိုက်တွေ၊

ဂန်းစတားတွေနဲ့အသက်လုပြီး သူ့သမီးနဲ့မြေးကို ကူညီဖို ကြိုးစားရပါတော့တယ်။

Action, Thriller အမျိုးအစားကိုမှ မိသားစုဒရာမာတွေနဲ့မို ကြည့်လိုကောင်းပါလိမ့်မယ်။

image
47 w - Translate

လာမယ့် October လထဲမှာထွက်ရှိမယ့် A Star Brighter Than the Sun ရဲ့ teaser visual

image

Ma Dong Seok အား သုံးသပ်ခြင်း
လက်ရှိ K-Cinema ရဲ့ နာမည်ကြီးမင်းသားတွေထဲမှာ မာတောင်စွပ် လည်း အပါအဝင်ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ မြန်မာနိုင်ငံမှာလည်း မာတောင်စွပ် က အတော်လူကြိုက်များပါတယ်။ ကျနော် ကိုယ်တိုင်လည်း မာတောင်စွပ် ကို ကြိုက်ပါတယ်။ ( ရုပ်ရှင်အတတ်ပညာကို တက္ကသိုလ်မှာ အကယ်ဒမစ်ကျကျ မသင်ယူခင်ကကြိုက်တာပါ အခုတော့မဟုတ်ပါဘူး။) မာတောင်စွပ် က ကိုယ်ခံပညာ နည်းပြ တစ်ဦး အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူဖြစ်ပါတယ်။ ၂၀၁၀ ဝန်းကျင်ကာလတွေမှာတော့ ဇတ်ပို့၊ဇတ်ရံအနေနဲ့ပဲ ကျင်လည်ခဲ့ရတာများပါတယ်။ မာတောင်စွပ် ကို ကျနော် စသိတာ က Bad Guys ဆိုတဲ့ Series မှာဖြစ်ပါတယ်။ Channel 7 မှာလည်းထုတ်လွှင့်ခဲ့ပါတယ်။ မာတောင်စွပ် ကို နာမည်ကြီးဖြစ်စေခဲ့တာကတော့ အားလုံးသိတဲ့ Train to Busan ပေါ့။ သူ့ကို Lead Actor အနေနဲ့ နေရာခိုင်ခိုင်မာမာ ရစေခဲ့တာ က The Outlaw ပေါ့။ မာတောင်စွပ် က ရုပ်မချော၊ဝိတ်ပေါ၊သရုပ်ဆောင်မကောင်းတဲ့ သူဆိုပေမယ့်ကိုယ်ခံပညာလိုင်းဘက် က ကူးလာသူတစ်ယောက်အနေနဲ့ လက်သီး ကို ပိုင်နိုင်စွာ အသုံးချပြီး နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာတာပေါ့။ The Outlaw ထွက်အပြီးမှာ ပရိုဂျူဆာတွေ ကတော့ မျက်ပြဆန်တောင်း ဆိုသလို စုတ်ချာလှတဲ့ ဇတ်လမ်း၊ဇတ်ညွှန်းတွေမှာ မာတောင်စွပ်ကြီး ကို လက်သီးတွေထိုးပြခိုင်းပြီး တောသီးပရိသတ်တွေဆီ က ငွေတွေသဲ့ယူတော့တာပဲ။ မာတောင်စွပ် ရဲ့ ပရိသတ်တွေကလည်း ဟို မင်းသမီးကြည့်ရတာနဲ့တန်တယ်ဆိုတဲ့လူတွေလိုပဲ မာတောင်စွပ်ကြီး ထိုးတာကြည့်ရတာနဲ့တင်တန်တယ်ဆိုတဲ့ ဥာဏ်ရည်မျိူးနဲ့လူတွေများတာတွေ့ရပါတယ်။ The Outlaw အပြီးမှာ မာတောင်စွပ် ကိုယ်တိုင်လည်း လက်သီးဗန်းပြပြီးပေါကားတွေနင်းရိုက်လာတာ ခုဆို ဆယ်စုနှစ် တစ်ခုပြည့်ခါနီးပါပြီ။ ဒါပေမယ့် မာတောင်စွပ် မနားသေးပါ။ Outlaw ကို ပြိုင်ကားပေါကား F&F က အမေရိကန်ဝိတ်ပေါ ဗင်နီဇယ် အထာ မသေမချင်း Sequel တွေရိုက်ပြီး ငွေချူဦးမှာပါ။ မာတောင်စွပ် ကားတွေကိုကြည့်မယ်ဆိုရင် ဘာအနှစ်သာရမှမရှိ ဖျော်ဖြေရေးအနေနဲ့ တောင် လက်ခံချင်စရာမရှိလောက်အောင် စုတ်ချာလှတာတွေ့ရပါတယ်။ ဘယ်သူနဲ့ချချ သူချည်းနိုင်နေတာပါ။ သူခံရတာဆိုလို့လည်းမတွေ့ဘူးပါ။ ကိုရီးယားယုန်လေး လို့ ပြောရပါမယ်။ မိကျောင်း ကို ဓားမကြီးနဲ့ ဘိုင်ဝမ်းချတာ ရှိပါသေးတယ်။ ပေါချက်ကကမ်းကုန်ပါပဲ။ K-Cinema မှာ မာတောင်စွပ်တို့လို သရုပ်ဆောင်မကောင်းဘဲ လက်သီးပြစားနေတဲ့သူတွေပပျောက်ပြီး တကယ်သရုပ်ဆောင်ကောင်းသူတွေနေရာရလာဖို့ကိုမျှော်လင့်မိပါတယ်။

image

တစ်စုံတစ်ယောက်နဲ့ အတူ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပြီးမှ အဲ့ဒီလူက သူစိမ်းတစ်ယောက်ပဲလို့ ‌သိလိုက်ရတာက ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ ... <br>[ When Life Gives You Tangerines - 2025 ]

Begin Again

image

-Pulp Fiction (1994) <br>စိတ်ကူးလမင်းသီချင်း// အဲလက်စ်+ယုဇန

Weak Hero Season 2 ကိုကြည့်ရတာကြိုက်ပြီးရင်းကြိုက်မိုက်ပြီးရင်းမိုက်ပါပဲ Season 1ထက်တောင်ပိုကောင်းတယ်လို့မြင်တယ် 2 မှာ Fighting sence တွေပိုများပြီး Drama တွေနည်းလာတာပိုအားရဖို့ကောင်းတယ် 10/10ပါ စောင့်ရကျိုးတကယ်နပ်ပါတယ်ဗျာ အဆုံးသတ်ရရင်တော့ k drama တွေကိုကြိုက်တတ်အောင် ဇာတ်ကားကောင်းလေးတွေseriesလေးတွေညွှန်းပေးခဲ့ပြီး K drama တွေထားခဲ့ပြီး တခြားရင်ခွင်ရောက်သွားတဲ့ကောင်မလေးကိုကျေးဇူးတင်ပါတယ်

image
47 w - Translate

အဒေါ်ဖြစ်သူနဲ့အတူ ၃ ရက်တာ တရားစခန်းဝင်ပြီး သုသာန်မှာ တရားနာခဲ့တဲ့ မေတိုးခိုင် 🙏🙏🙏

သရုပ်ဆောင် မေတိုးခိုင်က အဒေါ်ဖြစ်သူ အူဝဲရဲ့ အသက် ၄၈ နှစ်ပြည့်မွေးနေ့အတွက် ၁၈ မိုင်တောရဆရာတော်ရဲ့ကျောင်းမှာ တရားစခန်းလိုက်ဝင်ခဲ့တာဖြစ်ပါတယ်။ ၃ ရက်တာ တရားစခန်းမှာ တစ်သက်စာအတွက် အသိတရားပေါင်းများစွာရခဲ့တယ်လို့ မေတိုးခိုင်ကဆိုပါတယ်။ ဒါ့အပြင် သုသာန်မှာလည်း တရားနာခဲ့ပါသေးတယ်။ မေတိုးခိုင်တို့ တူဝရီးနှစ်ဦးဟာ အနုပညာလောကထဲ ရပ်တည်နေကြတဲ့ နာမည်ရ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

image