ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး ထရန့်နဲ့ ပူတင်တို့ သီတင်းပတ်အနည်းငယ်အတွင်း ဆွေးနွေးဖွယ်ရှိနေ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တယ်လီဖုန်းဆက်သွယ်ဆွေးနွေးနိုင်တယ်လို့ ထရန့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူက ပြောပါတယ်။

ပူတင်နဲ့ လူချင်းတွေ့ဆုံဖို့လည်း စီစဉ်နေတယ်လို့ အစောပိုင်းမှာ ဒေါ်နယ်ထရန့်ကလည်း သူသမ္မတဖြစ်တာနဲ့ ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ခေါင်းဆောင်နှစ်ယောက်အကြား အနည်းဆုံး တယ်လီဖုန်းဆက်သွယ်ဆွေးနွေးဖို့ ရှိနေတယ်လို့ မိုက်ဝေါ့ဇ်က ပြောပါတယ်။

ယူကရိန်းမှာ စစ်သည်အင်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး စစ်မှုထမ်းသက်ကို ယခင်က ၂၅ နှစ်ကနေ ၁၈ နှစ်အရွယ်တွေထိ တာဝန်ထမ်းဆောင်ဖို့ စီစဉ်နေပါတယ်။ စစ်ပွဲကို သံတမန်နည်းလမ်းအရသာ အဆုံးသတ်ရမယ်ဆိုတာ လူတိုင်းနားလည်ထားကြောင်း မိုက်ဝေါ့ဇ်က ပြောပါတယ်။

လက်ရှိမှာတော့ ရုရှားဟာလည်း မြောက်ကိုရီးယားစစ်သား သောင်းနဲ့ချီခေါ်ယူထားပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေပြီး သက်သေအနေနဲ့ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားဟာ စစ်ပွဲအတွင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ ပါဝင်ပတ်သက်မှု သက်သေတွေကို ဖျောက်ဖျက်ပစ်ဖို့အတွက် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားတွေကို ကွပ်မျက်ပစ်လေ့ရှိတယ်လို့ သူက ဆိုပါတယ်။

ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေကိုတော့ နိုင်ငံတကာဥပဒေတွေနဲ့အညီထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ သူတို့တွေဟာ ရုရှား၊ ယူကရိန်းနဲ့ အင်္ဂလိပ်စကားတွေ မပြောတတ်တာကြဘဲ အတည်ပြုချက်တွေအရ မြောက်ကိုရီးယား စစ်သားတွေ ဖြစ်တယ်လို့ သက်သေခံကဒ်တွေမှာတော့ ဒါကို ဖုံးကွယ်ထားတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

Ref:NHK
Photo:AP

#သတင်းဟင်းလေးအိုးကြီး

image

ကမ္ဘာ့ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးမြို့ကြီးတွေထဲမှာ ဘန်ကောက်မြို့ အဆင့် ၃၄ ရရှိ

ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဟာ ကမ္ဘာ့အဆင့်မြို့ကြီးများညွှန်းကိန်း (GCI) အရ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာပေါ်မှာ ရင်းနှီးမြုှပ်နှံမှုလုပ်ကိုင်ဖို့ အကောင်းဆုံးမြို့ကြီးတွေထဲကမှာ အဆင့် ၃၄ ရရှိခဲ့ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(BMA) က ဇန်နဝါရီ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ်မှာ GCI ညွှန်းကိန်းအရ အဆင့် ၄၅ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၁၁ ဆင့် ခုန်တက်ခဲ့ပြီး အဆင့် ၃၄ ရရှိလာ တာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအကြံပေးအဖွဲ့ဖြစ်တဲ့ Kearney ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ GCI ညွှန်းကိန်း အရ အခုလို အဆင့်မြင့်တက်လာ တာဟာ မြို့တော်ရဲ့ စီးပွားရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုအတွေ့အကြုံများနဲ့ သတင်းအချက်အလက် လွှဲပြောင်းနိုင်မှုများ ကြောင့်ဖြစ်ကြောင်း BMA ပြောခွင့်ရပုဂ္ဂိုလ် အက်ခ်ဗာရန်း ယိုအမ်ရာပါလာက ပြောပါတယ်။

“တခြားမြို့ကြီးတွေ အဆင်မပြေမှုတွေ၊ တခြားစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရစဉ်အတွင်းမှာ ပင်လယ်ရေကြောင်း ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွေမှာ တိုးတက်လာတဲ့အတွက် ဘန်ကောက်မြို့ကြီးရဲ့ စီးပွားရေး လုပ်ငန်းတွေ အခုလို တိုးတက်လာတာဖြစ်ပါတယ်။ ဘန်ကောက်ဟာ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ အတွက်လည်း အခုလို အား သာချက်အကျိုးကျေးဇူးတွေ ရရှိတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲမရှိ လွယ်ကူတဲ့အတွက် ကမ္ဘာ့အဆင့်ဝန်ဆောင်မှု ကုမ္ပဏီတွေ တိုးပွားလာတာကလည်း ဘန်ကောက်မြို့ကြီးကို နိုင်ငံတကာစီးပွားရေးဗဟိုချက် နေရာတစ်ခု အဖြစ် မြှင့်တင်ပေးလိုက်တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

နိုင်ငံခြားသားတွေ ဝင်ရောက်မှု၊ အစားအသောက်မျိုးစုံရှိမှုနဲ့ အနုပညာမျိုးစုံ ခင်းကျင်းပြသနိုင်မှုတို့က ဘန်ကောက်မြို့တော်ရဲ့ ယဉ်ကျေးမှုအတွေ့အကြုံတွေ မြှင့်တင်ရာမှာ အထောက်အကူပြုခဲ့ကြောင်း အက်ခ်ဗာရန်းယိုအမ်ရာပါလာက ပြောပါတယ်။

အင်တာနက်မြန်နှုန်းမြင့်အခြေအနေကလည်း သတင်းအချက်အလက်တွေ လွှဲပြောင်းရယူရာမှာ ဘန်ကောက်မြို့ကြီးအ တွက် အကျိုးပြုနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ဘန်ကောက်မြို့တော်မှာ ကိုင်တွယ်ဆောင်ရွက်ရမယ့် အဓိကစိန်ခေါ်မှု နှစ်ရပ်ရှိနေပြီး အဲဒီစိန်ခေါ်မှု တွေကတော့ ထိရောက်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းနည်းလမ်းတွေကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့နဲ့ လူမှုရေးညီမျှမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို အားပေးမြှင့်တင်သွားဖို့ ဖြစ်ကြောင်း Kearney ကုမ္ပဏီက ပြောပါတယ်။

အဲဒီအဓိက အချက်နှစ်ချက်ကို ကိုင်တွယ်ဆောင်ရွက်သွားဖို့ Kearney ကုမ္ပဏီက ဘန်ကောက်မြို့တော်ကို အကြံပြုခဲ့ ပါတယ်။

Ref: Bangkok ranks 34th most attractive city for investment, says BMA

#centralnewsnaypyitaw

image
image
image
27 w - Translate

အတင်းကြပ်လုပ်ယူပြီးမှ ရလာမဲ့အရာတွေဆို
ကိုယ်ရှောင်ပါတယ်။ အချစ်ခံရဖို့အတွက်
အများကြီး ကြိုးစားနေစရာမလိုဘူးမှတ်လား။
#စာတို

27 w - Translate

ဖုန်းထဲလည်း full နေပါပြီ လူတွေရယ် 🥲

image
27 w - Translate

The Taking Of Deborah Logan (2014)

ဩချစရာကောင်းလောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ The Taking Of Deborah Logan ဆိုတဲ့ဟော်ရာ ရုပ်ရှင်ဟာဆိုရင် စိတ်ခြောက်ခြားစရာကောင်းတဲ့ ဟော်ရာရုပ်ရှင်တွေထဲက တစ်ခုအပါအဝင်ပါ။

ဇာတ်လမ်းအစမှာတော့Deborahဆိုတဲ့ အဘွားကြီးမှာ ထူးဆန်းတဲ့ ရောဂါခံစားနေရပြီး သူမရဲ့သဘာ၀လွန် ဆန်တဲ့ ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာဖို ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးမှ သူစုစည်းထားတဲ့ မှတ်တမ်းဗီဒီယိုအကြောင်းကိုပြောပြနေတာပါ။

ဒီဇာတ်ကားရဲ့ အကောင်းဆုံးအပိုင်းကတော့ အဘွားကြီး Deborah ရဲ့ တကယ့်ဇာတ်ရုပ်ကြီးထွက်ပေါ်လာတာပါပဲ။
စိတ်ဝင်စားစရာအပြည့်နဲ့မို့ ကြည့်ရှု့ဖို့ကိုညွှန်း လိုက်ပါတယ်ဗျ။
#horror

image

ကံကြမ္မာလှည့်ကွက် အပိုင်း(၁)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ရန်ဒန်လ်ကိုလိုမူအာနီကိုကိုအပြီးသတ်ဝယ်ယူခွင့်အပါအဝင် အငှားခေါ်ယူဖို့အတွက်အမှန်တကယ်စိတ်ဝင်စားမှုရှိနေတယ်လို့ ဂျာမနီသတင်းတွေကဖော်ပြခဲ့ပါတယ်။

ရန်ဒန်လ်ကိုလိုမူအာနီဟာ ပီအက်စ်ဂျီအသင်းအသုံးမပြုတဲ့ကစားသမားတယောက်ဖြစ်ပြီး နည်းပြလူးဝစ်အင်နရီကေးရဲ့နောက်ပိုင်းပွဲစဉ်တွေမှာအသင်းကစားသမားစာရင်းကနေချန်ပလှပ်ထားခံရတာကြောင့် သူ့ရဲ့အနာဂတ်ဟာ ပီအက်စ်ဂျီအသင်းကနေထွက်ခွာဖို့ဖြစ်လာစေခဲ့ပါတယ်။

ဥရောပကလပ်အသင်းအများအပြားကလည်း အဆိုပါအသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကိုစိတ်ဝင်စားမှုရှိနေပြီး အဂ်လန်ကလပ်အသင်းအနေနဲ့ကတော့တော့တင်ဟမ်ဟော့စပါး၊အက်စတွန်ဗီလာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့သတင်းထွက်ပေါ်နေပါတယ်။

နောက်ဆုံးမှာတော့သရဲနီအသင်းဟာ ဒီဆောင်းရာသီကာလစျေးကွက်မှာအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက်ကြိုးစားမှုပိုမိုလာခဲ့ပြီး လက်ရှိမှာတော့ ရန်ဒန်လ်ကိုလိုမူအာနီရဲ့အေးဂျင့်ဖြစ်သူနဲ့စကားပြောဆိုမှုတွေရှိခဲ့ကာ ပီအက်စ်ဂျီအသင်းကိုလည်းချိတ်ဆက်ခဲ့တယ်လို့ Sky Sports Germany သတင်းထောက်ဖလော်ရီယန်ဖလင်တန်ဘာ့ချ်ကသတင်းဖော်ပြခဲ့ပါတယ်။

ဒီတကြိမ်အပြောင်းအရွှေ့အနေနဲ့ကတော့ အငှားဖြစ်နိုင်ချေများပြီး အပြီးသတ်ဝယ်ယူခွင့်လည်းပါရှိနိုင်တယ်လို့ခန့်မှန်းမှုတွေရှိနေပါတယ်။
 
#ဘောလုံးသတင်းစုံ

image

အမဲကြောစွပ်အရည်သောက်ဆမ်း🤤
ကိုယ်ခံအားကောင်းပီး ခုခံအားမြင့်မားစေတယ်။
ကြက်စွပ်ပြုတ်ချည်းသောက်နေရတာငြီးငွေ့ရင် အမဲကြောစွပ်လေးပြောင်းသောက်ကြည့်နော်

အမဲကြောကိုအနေတော်လှီးပြီး
အရင်ဆုံးသန့်စင်အောင်လုပ်ပါမယ်။
ဆားဖြင့်ပွတ်ပီးဆေးရင် အညှီနံသက်သာတယ်။
ပြီးရင်

ဂျင်း သကြား ဆားထည့်ပြီး
ဝါးလို့သည်အထိနူးအောင်ပြုတ်ပါ။
ရေခမ်းရင်ရေထပ်ရောပြီး စပါးလင် ငရုတ်သီး ကြက်သွန်နီကြက်သွန်ဖြူထည့်ပါ။

ချခားနီးရင်ပင်စိမ်းရှမ်းနံနံအုပ်ပါ။
စားသုံးချိန်တွင် သံပုရာရည်ပါညှစ်ပီးသုံးဆောင်နိုင်ပါတယ်။

image
27 w - Translate

ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့
ပီလခတ်ဘုရားကျောင်း

ရန်ကုန် ကျောက်တန်းမြို့နယ်ထဲကနှစ်ပေါင်း (၁၆၀) ကျော်ပြီဖြစ်တဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်း

ဟိန္ဒူဘုရားကျောင်းသွားရောက်ပူဇော်ရာတွင် စနစ်တကျဖြစ်စေဖို့... တစ်ပုံချင်းထောက်ကြည့်ပေးပါကွယ်

မလိုက်နာနိုင်ဘူး...ယုံကြည်မှု့၊ လေးစားမှု့၊ ဂါဝရတရား ဟီရိဩတပ္ပ မရှိ မထားနိုင်ရင် ကိုယ့်လောဘအတ္တတစ်ခုတည်း အတွက်နဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ဘုရားကျောင်းကို မသွားကြပါနဲ့...

ကျန်းမာ ချမ်းသာ ဘေးကင်း အပူမီးတွေ ငြိမ်းကြပါစေသော်ဝ်....🙏

image
27 w - Translate

ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့
ပီလခတ်ဘုရားကျောင်း

ရန်ကုန် ကျောက်တန်းမြို့နယ်ထဲကနှစ်ပေါင်း (၁၆၀) ကျော်ပြီဖြစ်တဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်း

ဟိန္ဒူဘုရားကျောင်းသွားရောက်ပူဇော်ရာတွင် စနစ်တကျဖြစ်စေဖို့... တစ်ပုံချင်းထောက်ကြည့်ပေးပါကွယ်

မလိုက်နာနိုင်ဘူး...ယုံကြည်မှု့၊ လေးစားမှု့၊ ဂါဝရတရား ဟီရိဩတပ္ပ မရှိ မထားနိုင်ရင် ကိုယ့်လောဘအတ္တတစ်ခုတည်း အတွက်နဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ဘုရားကျောင်းကို မသွားကြပါနဲ့...

ကျန်းမာ ချမ်းသာ ဘေးကင်း အပူမီးတွေ ငြိမ်းကြပါစေသော်ဝ်....🙏

image