ေ-သဆုံးသွားသူရဲ့ AI ပုံတူက တရားရုံးမှာ ထွက်ဆိုချက်ပေးပြီး တရားခံကို အမှုစီရင်ခဲ့
================================================
ဒီဖြစ်ရပ်က တော်တော်ထူးဆန်းပါတယ်။ ေ-သဆုံးသွားသူရဲ့ AI ပုံတူက တရားရုံးမှာ ထွက်ဆိုချက်ပေးပြီး တရားခံကို အမှုစီရင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ဖြစ်ရပ်လို့ ပြောနိုင်ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ အသက် ၃၇ နှစ်အရွယ် Chris Pelkey ဟာ ၂၀၂၁ ခုနှစ်မှာ အရီဇိုးနား ပြည်နယ်၊ ချန်ဒလာမှာ ယာဉ်မတော်တဆမှုနဲ့ ေ-သဆုံးခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ AI နည်းပညာ အကူအညီနဲ့ Pelkey ဟာ တရားရုံးကိုရောက်လာခဲ့ပြီး တရားခံကို အမိန့်ချမှတ်တဲ့အခါမှာ ထွက်ဆိုချက်တွေ ပေးခဲ့ပါတယ်။ အဲဒီအတွက် တရားခံကို တရားရုံးက အမှုစီရင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ မိသားစုဟာ AI Video ကို ဖန်တီးဖို့ AI , Voice Recordings , Photos, Videos တွေကို အသုံးပြုခဲ့ကြပြီး တရားရုံးမှာ သူ့အတွက် တရားမျှတမှုရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် အံ့ဩသွားသူတွေ ရှိသလို ဝေဖန်သူတွေလည်း ထွက်ပေါ်လာပါတယ်။ AI ဟာ ေ-သဆုံးသွားသူ တရားလို အတွက် အမြဲ ကိုယ်စားမပြုနိုင်ဘူးလို့ ပညာရှင်တချို့က ဝေဖန်ထောက်ပြကြပါတယ်။
