#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ထပ်မံပြုတ်ကျပြန်
အမေရိကန်ရေတပ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ ထပ်မံပြုတ်ကျခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက မေ ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါတိုက်လေယာဉ်သည် ယူအက်စ်အက်စ်ဟာရီထရူးမင်း လေယာဉ်တင်သင်္ဘောပေါ်မှ ပင်လယ်နီရေပြင်အတွင်းသို့ ပြုတ်ကျခဲ့ရသော ဒုတိယမြောက် အက်ဖ်-၁၈ တိုက်လေယာဉ်ဖြစ်သည်။
၎င်းတိုက်လေယာဉ်သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ပြန်လည်ဆင်းသက်စဉ် သေသေသပ်သပ်ရပ်တန့်နိုင်မှုမရှိခဲ့ဘဲ ပင်လယ်နီရေပြင်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးမှာ လေယာဉ်မထိုးကျမီ ခုန်ထွက်နိုင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။
လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဟူသီအုပ်စုတိုက်ခိုက်မှုတစ်ရပ်ကို ရှောင်ရှားရန်ချိုးကွေ့မောင်းနှင်နေစဉ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ အက်ဖ်-၁၈ လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ပြုတ်ကျခဲ့ရသည်။
အက်ဖ်-၁၈ တိုက်လေယာဉ်များသည် တန်ဖိုးအားဖြင့်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၆ဝ အထက်ရှိသည့် တိုက်လေယာဉ်များဖြစ်သည်။
ရိုက်တာ

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကိုရီးယားခွင့်ပြန်လုပ်သားများ အလုပ်သမားဝန်ကြီးဌာနမှ ကြေညာသည့် ထွက်ခွာခွင့်စာရင်းပါမှသာ ပြန်လည်ထွက်ခွာခွင့်ရမည်
ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ပြီး ခွင့်ဖြင့် ပြန်လာသည့် မြန်မာအလုပ်သမားများအနေဖြင့်အလုပ်သမားဝန်ကြီးဌာနက ကြေညာပေးသည့်ထွက်ခွာခွင့် အမည်စာရင်းပါဝင်မှသာ ကိုရီးယားသို့ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း မေ ၇ ရက်က အစိုးရအလုပ်အကိုင်အေဂျင်စီ POEA မှ ကြေညာထားသည်။
ကိုရီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်ရောက်လာပါက အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ မပျက်မကွက် သတင်းပေးပို့ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာရမည့် နေ့ရက်အား Safe Migiation ၏ တယ်လီဂရမ်ချန်နယ်မှ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုကို အစိုးရအလုပ်အကိုင် အေဂျင်စီ POEA မှစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြသည့် အမျိုးသားအများစုမှာအသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်အသက်(၁၈) နှစ်မှ(၃၅) နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင်အမျိုးသားများအား ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီများသို့ တရားဝင်အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

image
1 y - Translate

#ပြည်တွင်းသတင်း
◼တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန်စီစဉ်သူသုံးဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၌ အသက်မပြည့်သေးသည့်အမျိုးသမီးငယ်နှစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန်စီစဉ်သူများကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်လိုက်ကြောင်း ယနေ့(မေ ၈ ရက်) ထုတ်နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြချက်အရသိရသည်။
တရုတ်ဇနီးမယား အဖြစ်ရောင်းစားရန်စီစဉ်သူသုံးဦးမှာ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဗိုလ်ရန်ပြေ (၆) လမ်းတွင်နေထိုင်သူ မသီတာအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ၊ တရုတ်နိုင်ငံဟူနန်မြို့တွင်နေထိုင်သူ တရုတ်နိုင်ငံသား MR LUO FEI တို့သုံးဦးသည် ယခုနှစ်ဖေဖော်ဝါရီ လတွင် ဒလမြို့နယ်ရှိ အသက်(၁၃)နှစ်အရွယ်နှင့် အသက်(၁၆) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ရွှေထည်ပစ္စည်းများဆင်ပေးပြီး ငွေကြေးဖြင့်တင်တောင်းမည်ဟု ပြောဆိုစည်းရုံးသည့်ရုပ်သံဖိုင်များလူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည်။
အဆိုပါဗီဒီယိုဖိုင်ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းတို့အားဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံသား Mr. Luo Fei အားဖေဖော်ဝါရီ ၆ ရက်၊ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိစဉ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သုံးဦးအား တွံတေးခရိုင်တရားရုံးမှ ယခုမေလ ၅ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီအမိန့်ချမှတ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်း-အင်ကြင်း

image

🙏#အသက်တွေကြီးလာပြီ မာနတွေ မကြီးနဲ့တော့၊
လောဘတွေ မကြီးနဲ့တော့၊ ဒေါသတွေ မကြီးနဲ့တော့၊
စိတ်သဘောထားပဲ ကြီးကြီးထားပါ။
🙏#တိုတောင်းလှတဲ့ လူ့ဘဝလေးကို စိတ်ပူလောင်မှု့
တွေနဲ့ ဘာဖြစ်လို့ အချိန်တွေဖြုန်းပြစ်မှာလဲ.....
🙏#ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက?
=============================
#မူရင်း✍️photo,Credit
#ကျေးဇူးတင်စွာလေးစားဂုဏ်ယူဂါရဝပြုပါသည်?

image

❝ဘုရားဂုဏ်​တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ​ဘေးရန်ကင်းကြ ပါ​စေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊​ ချမ်းသာကြပါစေ။
​ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါ​စေ။
အလုပ်အကိုင်လုပ်ငန်းများ ​အောင်မြင်တိုးတက်ကြပါ​စေ...
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်ပိုင်ရှင်များ ဖြစ်ကြပါ​စေ။❞
❝ပေးကမ်းမျှ​ဝေကူညီနိုင်​သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှ​ဝေကူညီနိုင်​လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်း​မြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞

image

🍁မင်္ဂလာနံနက်ခင်းလေးပါ🍁

image

#breakingnews
အမေရိကန်ရဟန်းအမတ်ရောဘတ်ပရက်ဗို့စ်ကိုပုပ်ရဟန်းမင်းကြီးသစ်အဖြစ်တင်မြှောက်၊ ပထမဆုံးအမေရိကန်ဖွားပုပ်ရဟန်းမင်းကြီးဖြစ်လာ
အမေရိကန်နိုင်ငံသားရောဘတ်ပရက်ဗို့စ်အား ၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ဗာတီကန်ကရွေးကောက်တင်မြှောက်လိုက်ပြီးသမိုင်းတွင်ပထမဆုံးသောအမေရိကန်သားပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ကာဒီနယ် ရောဘတ်ဖရန်စစ် ပရက်ဗို့စ်သည် ကမ္ဘာ့ ကက်သလစ်ဘာသာဝင် ၁ ဒသမ၄ ဘီလီယံ၏ ခေါင်းဆောင်သစ်အဖြစ် စိန့်ပီတာ၏ ‌လေသာဆောင်သို့ ရောက်ရှိလာပြီဖြစ်သည်။
အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့မှ အသက် ၆၉ နှစ်အရွယ် ပရက်ဗို့စ် သည် အမေရိကန်နိုင်ငံမှ ပထမဆုံးသော ပုပ်ရ ဟန်းမင်းကြီးဖြစ်ပြီး၎င်းကို ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ်သတ်မှတ်မည်ဖြစ်သည်။
သတင်း-လင်းခေတ်
ကိုးကား- CNN