အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်
အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ

ကညွတ် (asparagus) ၇ ချောင်း
သံလွင်ဆီ (olive oil) အနည်းငယ်
အခွံမပါသော ဂုံး (mussel) 1/2 kg
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ (red onion) 1/2 cup (125 ml) ခန့်
ပါးပါး၊ ရှည်ရှည်အချောင်းလေးများလှီးကာ ရေဆေးထားသော မုန်လာဥနီ 1/2 cup (125 ml) ခန့်
ပါးပါးလှီးထားသော ပူစီနံ လက်တစ်ဆုပ်ခန့်
၂ ပိုင်းဖြတ်ကာ အကွင်းလိုက်ပါးပါးလှီးထားသော သံပရိုသီး တစ်လုံး၏ ၄ ပုံ ၁ ပုံခန့်
သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီး အကြမ်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မာသည့်အောက်ဖက်ပိုင်းအား ချိုးပစ်ပြီးနောက် သံလွင်ဆီဖြင့်သုတ်ထားသော ကညွတ်များကို grill pan ထဲထည့်ကာ high heat ဖြင့် ၇ မိနစ်ခန့် အိုးပူတိုက် (grill) ပေးပါ။(ကညွတ်များ အရမ်းမတူး၊ အရမ်းမကျက်သွားစေရန် မကြာခဏ ဇွန်းဖြင့် ဟိုဖက်၊ ဒီဖက် လှိမ့်ပေးပါ။)

DSC00498

ပြီးလျှင် ၂ လက်မအရှည်ခန့် လှီးကာ အအေးခံထားပါ။
ဂုံးများအား ရေဆူဆူထဲ ၁ မိနစ်ခွဲခန့် ထည့်ပြုတ်ပြီး ဆယ်ထုတ်ကာ အပူရှိန်ကြောင့် အကျက်လွန်ပြီး ကျုံ့မသွားစေရန် ရေအေး (ရေခဲရေမဟုတ်)ထဲ ၁ မိနစ်ခန့် စိမ်ပြီး ဇကာဖြင့် ရေပြန်စစ်ထားပါ။
ရေစစ်ပြီးနောက် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ခပ်ဖွဖွနယ်သုပ်လိုက်လျှင် အိုးပူတိုက် ကညွတ် နှင့် ဂုံး ချဉ်စပ်သုပ်လေး အရသာရှိလှစွာ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

image
27 w - Translate

ဝေါ်ကာ ထွက်ခွာခွင့်တောင်းထားကြောင်း ဂွါဒီယိုလာ ပြော
-------------------------
နောက်ခံလူ ဝေါ်ကာက အသင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီးနောက် အသင်းကနေထွက်ခွာဖို့ တောင်းဆိုထား တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူ ဝေါ်ကာဟာ စနေညက ကစား ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီးနောက် နည်းပြ ဂွါဒီယိုလာ က အခုလိုမျိုး ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကို ၂၀၁၇ ကတည်းက ရောက်နေခဲ့တဲ့ ဝေါ်ကာဟာ နည်းပြ ဂွါဒီယိုလာ တည် ဆောက်ခဲ့တဲ့ မန်စီး တီးတစ်ခေတ်မှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုရာသီ မန်စီးတီးအသင်းရဲ့ ရလဒ်မ တည်ငြိမ်မှု တွေနဲ့အတူ ဝေါ်ကာရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ် မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

ဝေါ်ကာဟာ ပြည်ပထွက်ကစားဖို့ ဆန္ဒရှိနေတဲ့အတွက် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အသင်းကနေ ထွက်ခွာခွင့်တောင်း ထားပါတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ဝေါ်ကာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးလူခေါ်ယူမှုအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ဥဇဘက် ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်ကို ပေါင် ၃၃ ဒသမ ၆ သန်းနဲ့ ခေါ်ယူထားသလို နောက်ထပ်အားဖြည့်မှုတွေကို လည်း ပြလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

image
27 w - Translate

Survival of the Dead (2009)
=====================

ဖုတ်ကောင်တွေ နဲ့ ကမ္ဘာကြီးက ပရမ်းပတာတွေဖြစ်နေတဲ့အချိန် ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေးလာတဲ့ ‌ဆာ့ခ်ျတို စစ်သားတွေတသိုက်။ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီးတွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပါပဲ။အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကို အမြစ်ဖြုတ်သတ်ပစ်ရမယ်ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။သူတလူငါတမင်းခေတ်မှာ ဘယ်သူကများအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါ။

image
27 w - Translate

ကိုယ်ခန္ဓာလှုပ်ရှားမှုမှ လျှပ်စစ်ထုတ်ကိရိယာ ကိုရီးယား တီထွင်
---------------------------
ကိုယ်ခန္ဓာလှုပ်ရှားမှုကနေ လျှပ်စစ်စွမ်းအင် ထုတ်ပေးနိုင်တဲ့ကိရိယာကို တောင်ကိုရီးယားနိုင်ငံ သုတေသနပညာ ရှင်တွေက အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှုကနေ လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ ကိရိယာတွေ ထွက်ပေါ်လာတာက ကြာပါပြီ။ ဒါပေမဲ့ အခုထုတ်လုပ်လိုက်တဲ့ ကိရိယာကတော့ အရင်က ကိရိယာ တွေထက် အဆပေါင်း ၂၈၀ လျှပ်စစ်စွမ်းအင် ပိုမိုထုတ်ပေးနိုင်တဲ့ကိရိယာဖြစ်ပါတယ်။

အဲဒီကိရိယာမှာ အားသက်ရောက်တဲ့အခါ လျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ Piezoelectric Effect ကိုအသုံးပြုထား ပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ် ပါတယ်။ အဲဒီနည်းပညာကို စမတ်နာရီ၊ Fitness Tracker နဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ရင် အားသွင်း စရာမ လိုတော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင်ကိုယ်ခန္ဓာကနေ လျှပ်စစ်စွမ်းအင် များစွာထုတ်နိုင်တဲ့အတွက် စက်ပစ္စည်းတွေကို အလို အလျောက် အား သွင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ ပတ်ဝန်းကျင်ကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်သလို လူသားတွေအတွက်လည်း အလွန်အကျိုးရှိမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။

imageimage
27 w - Translate

ဆိုက်ဘာလုံခြုံရေး စည်းမျဉ်းသစ်ထုတ်ရန် ဘိုင်ဒန် ပြင်ဆင်နေ
----------------------
လာမယ့်ရက်ပိုင်းအတွင်း ထုတ်ပြန်မယ့် အမှုဆောင်အမိန့်အသစ်မှာ ဆိုက်ဘာလုံခြုံရေးစံနှုန်းကို အဓိကထားပြီး ပိုမိုတင်းကျပ်မယ့် စည်းမျဉ်းတွေထုတ်ပြန်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ပြင်ဆင်နေကြောင်း Reuters သတင်း မှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ချိတ်ဆက်ထားတဲ့ ဆိုက်ဘာစစ်ဆင်ရေးနဲ့ ဆိုက်ဘာရာဇ၀တ်မှုဆိုင်ရာဆောင်ရွက်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းဖို့အတွက် ပိုမိုတင်းကျပ်မယ့် စည်းမျဉ်းတွေကို ထုတ်ပြန်ဖို့ရှိတယ်လို့ ဂျိုးဘိုင်ဒန်က ပြောထားပါတယ်။ အဲဒီ အမိန့်ဟာ သမ္မတဘိုင်ဒန်ရဲ့ ကျန်ရှိနေတဲ့ သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ ထင်ရှားကျော်ကြားပြီး သမိုင်းတွင်နိုင်တဲ့ စည်းမျဉ်းအသစ်တွေ ဖြစ်လာနိုင်ချေရှိတယ်လို့ အမေရိကန်အစိုးရနဲ့ ဆိုက်ဘာလုံခြုံရေး သုတေ သနအဖွဲ့တွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်နဲ့ဆက်နွယ်နေတဲ့ ဟက်ကာအများအပြား တိုက်ခိုက်တာခံရတာကြောင့် အခုလို စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ တရုတ်ဟတ်ကာတွေဟာ အမေရိကန်ပြည် ထောင်စုမှာရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ အစိုးရဌာနတွေ၊ ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ အမေရိကန် ဘဏ္ဍာ ရေးဌာနတွေကို အဓိက ပစ်မှတ်ထားနေတာကြောင့် အမျိုးသားလုံခြုံရေး အန္တရာယ်အတွက် စိုးရိမ်လာလို့ မကြာခင်မှာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာစည်းမျဉ်းအသစ်တွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

image

ယနေ့ည ယှဥ်ပြိုင်ကစားမည့် ဘောလုံးပွဲစဥ်များ

#ဘောလုံးသတင်းစုံ

image

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အငှားယာဥ်မောင်းတစ်ဦးက ခရီးသည်မျက်နှာကို ဓားဖြင့်လှီးခွဲ.

ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တက္ကစီအငှားယာဉ်မောင်းသူတစ်ဦးက ခရီးသည်တွေပြောတဲ့နေရာကို လိုက်မပို့နိုင်လို့ စကားများကြမှုတစ်ခုအတွင်းမှာ ခရီးသည်တစ်ဦးရဲ့မျက်နှာကို သစ်သီးခွဲတဲ့ဓားနဲ့ လှီးခွဲခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ တွေ့ခဲ့ကြရပါတယ်။

ဖြစ်ရပ်က ဇန်နဝါရီလ ၁၁ ရက် နံနက် တစ်နာရီလောက်ကဖြစ်ခဲ့တာပါ။ ခရီးသည် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်တဲ့အုပ်စုက ဆီလောင်မ်(Silom) နယ်မြေမှာ အငှားကားကို ငှားရမ်းစီးနင်းဖို့ တားခဲ့ကြပါတယ်။

ဒီနောက်သူတို့က ကားပေါ်တက်ထိုင်ပြီး သူတို့သွားချင်တဲ့ သုံလော်(Thong Lor) နယ်မြေကို ပို့ပေးဖို့ပြောတဲ့အခါမှာ အငှားကားယာဉ်မောင်းက ယာဉ်ကြောပိတ်ဆို့လို့ လိုက်မပို့နိုင်ဘူးလို့ ငြင်းခဲ့တယ် ဆိုပါတယ်။ ဒီမှာ ခရီးသည်တွေက ကားထဲက ပြန်ထွက်ပြီး ယာဉ်မောင်းကိုမကျေမနပ်ဖြစ်လို့ ကားတံခါးတွေကို တအားရိုက်ပိတ်ခဲ့ကြပါတယ်။

ဒီမှာစိတ်ဆိုးသွားတဲ့ ယာဉ်မောင်းကလည်း ကားထဲကထွက်လာပြီး စကားများခဲ့ကြပါတယ်။ နှစ်ဖက်စလုံးဟာလည်း အရက်သေစာတွေ သောက်စားထားကြတယ်လို့ သိရပြီး အပြန်အလှန်ပြောဆိုကြကာ ယာဉ်မောင်းက ကားထဲက သစ်သီးခွဲတဲ့ဓားကိုယူပြီး အမျိုးသားခရီးသည်တစ်ဦးရဲ့ မျက်နှာကို လှီးခွဲခဲ့တာပါပဲ။

ငါးမိနစ်ခန့်ကြာတဲ့ ဗီဒီယိုထဲမှာတော့ ခရီးသည်အမျိုးသားသုံးဦးကလည်း ယာဉ်မောင်းကို စူးစူးဝါးဝါး အော်ဟစ်ပြီး ကားထဲမှဆွဲထုတ်ပြီးတဲ့နောက် ရိုက်နှက်ခဲ့ကြတာတွေ့ရပါတယ်။ ဒီမှာအနီးအနားက လူတွေက ရန်ပွဲပြီးဖို့ ဝိုင်းဝန်းဖြေရှင်းခဲ့ကြတာပါ။ ရန်ပွဲကို မှတ်တန်းတင်ရိုက်ကူးခဲ့တဲ့ ခရီးသည်အမျိုးသမီး ကတော့ ငယ်သံပါအောင် အော်ဟစ်ပြီး အနားကလူတွေကို ရဲကို ဖုန်းဆက်ပေးဖို့ပြောခဲ့တာပါ။

ဒီနောက်မှာတော့ အငှားယာဉ်မောင်းက တိုက်ခိုက်ခံနေရတုန်းထွက်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူကားထဲရောက်ချိန်မှာ အမျိုးသားခရီးသည်တွေက သူ့နောက်ကပါလာပြီးထိုးကြိတ်ကန်ကျောက်ကာ ဓားနဲ့ အခွဲခံရတဲ့ သူတို့သူငယ်ချင်းအတွက် တောင်းပန်ဖို့ပြောခဲ့ကြပါတယ်။

ယာဉ်မောင်းကလည်း မတောင်းပန်နိုင်ဘူးပြောရင်း ကားထဲက မထွက်ဘဲရှိနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးရန်ပွဲက အပြီးသတ်ခဲ့ရတာပါ။ ယာဉ်မောင်းက ဓားနဲ့လှီးခွဲခဲ့တာကြောင့် ခရီးသည်တစ်ဦး မျက်နှာမှာ ရခဲ့တဲ့ဒဏ်ရာက ၁၀ စင်တီမီတာလောက်ရှည်ပြီး ၃၂ ချက်ချုပ်ခဲ့ရတယ်လို့ သိခဲ့ရပါတယ်

လောလောဆယ်မှာတော့ ဆေားစစ်ဆေးမှုမှတ်တမ်းတွေကိုစောင့်ရင်း ဘယ်သူ့ကိုမှ စွဲချက်တင် အမှုဖွင့် မလုပ်ရသေးပါဘူး။ ရဲတပ်ဖွဲ့ကတော့ နှစ်ဖက်စလုံးကသက်သေထွက်ချက်တွေနဲ့ ဗီဒီယိုတို့ကို ကြည့်ရှုသုံးသပ်နေတယ်လို့ ဆိုပါတယ်။

Ref- Reddit, Bangkok Post

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
Aung Lin changed his profile cover
27 w

image