27 w - Translate

မြန်မာနိုင်ငံတွင် နွေရာသီကာလအတွင်း လာနီညာဖြစ်စဉ် သက်ရောက်နိုင်
------------------------------
ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်နေတဲ့ လာနီညာဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ လာမယ့် နွေရာသီကာလအတွင်း သက် ရောက်မှု ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေကို ရောက်ရှိနေပြီး အခုဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တာ ဖြစ်ပေမယ့် လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုမှာ အရှေ့ဘက်က လေပွေလှိုင်းတွေ တိုက်ခတ်တာ၊ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တွေ ပိုမိုဖြစ် ပေါ်လာနိုင်တာနဲ့ မိုးရွာသွန်းမှုတွေ ပုံမှန်ထက်ပိုတာ စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

လာနီညာဖြစ်စဉ်ရဲ့ သက်ရောက်မှုကြောင့် လာမယ့် နွေရာသီကာလအတွင်း အချိန်အခါမဟုတ် မိုးရွာတာနဲ့ ပုံမှန် ရာသီဥတုထက် အေးတာတွေ ရှိလာနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ လက်ရှိ ဆောင်းရာသီကာလမှာတော့ မြန်မာနိုင်ငံမှာ ပုံမှန်အအေးဓာတ်သာရှိပြီး အအေးလှိုင်းဖြတ်ဖို့တော့ မရှိနိုင် ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လာနီညာ ဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

imageimage

image
27 w - Translate

😘😘😘

image
27 w - Translate

My Favorite Tart 🍓

image
27 w - Translate

.

☯️


( 13-1-2025 )တနင်္လါနေ့မှာ
ကျရောက်သော

#ပြာသိုလပြည့် အမေနေ့၌

အ မေ များအား
ဤpostလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🌺👏🌺

အ မေ တဲ့
******
ဖတ်ကြည့်နော်…

အ မေ တဲ့...
ကိုးလလွယ် ဆယ်လမှာ ဖွား
သေမင်းကို စိန်ခေါ်
သူနာဖို့ ဘယ်တော့မှစိတ်မပူတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
သူ့အလှတွေ ချခင်း
ဇရာကို သူ မမှု
အငတ်ခံကျွေးတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
အရှက်ကို သူ မမှု
သိက္ခာဆိုတာ ဘေးဖယ်ထား
ပီတိတွေနဲ့ အဖော်ပြုတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
အတ္တတွေ မီးသင်္ဂြိုလ်
အသွေးအသားကို အလှူပေး
သတ္တိတွေ ပြိုင်ဘက်ကင်းတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
ပကာသနဆိုတာ ဘာမှန်းမသိ
အိမ်ရဲ့ ကျွန်ဘဝမှာ သူပျော်ရွှင်
ချွေးတလုံးလုံး
အဆီတဝင်းဝင်းနဲ့ လှလို့နေတာ
အ မေ ပါ ပဲ။

အ မေ ဆိုတာ…
သား သမီးတွေအတွက်ဆိုလျှင်
အသက်ကိုတောင်
စတေးဝံ့သူပါ။

အမေကို စိတ်ချမ်းသာအောင်
ထားပါနော်…💐👏💐

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
.
#credit
🔹🔸🔹🔸🔹🔸🔹

image
27 w - Translate

🙏

image
27 w - Translate

🙏🙏🙏

image
27 w - Translate

Rohee❤

image

သစ်သီးစုံကျောက်ကျော
ပါဝင်ပစ္စည်းများ

ကျောက်ကျောမှုန့် - တစ်ထုပ်
သကြား - အနည်းငယ်
စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ကီဝီသီး၊ လိမ္မော်သီးစသည့် မိမိနှစ်သက်ရာ ရာသီပေါ်သစ်သီးမျိုးစုံ
ခရင်မ်ဆော်ဒါဖျော်ရည်အနှစ်
သံဘူးဖျော်ရည်အနှစ်

ပြုလုပ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲကို ရေထည့်ပြီး ကျောက်ကျောမှုန့်ကို ရောလိုက်ပါ။ ကျောက်ကျောမှုန့်ကို ရေထဲမှာ သမအောင်ရောမွှေပြီး (၁၀) မိနစ်ခန့် အပူပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ရင်တော့ ကျောက်ကျောရည်ထဲကို သကြားနည်းနည်းထည့်ပြီး သစ်သားယောက်မနဲ့ မွှေပေးလိုက်ပါ။

၂။ ခနကြာရင်တော့ အနည်ထိုင်သွားပြီဖြစ်တဲ့ ကျောက်ကျောရည်ကို ကျောက်ကျောပြုလုပ်မယ့် ပုံစံခွက်ထဲကို တစ်လက်မခန့်မြုပ်အောင် ထည့်ပေးလိုက်ပါ။

၃။ ကျောက်ကျောရည်ထဲကို မိမိနှစ်သက်ရာ သစ်သီးစုံကို အတုံးလေးတွေ တုံးတစ်ပြီး လိုက်ထည့်ပေးလိုက်ပါ။ သစ်သီးစုံထည့်ပြီးသွားရင်တော့ အပေါ်ကနေ ကျန်နေသေးတဲ့ ကျောက်ကျောရည်နဲ့ ပုံစံခွက်ပြည့်အောင် လောင်းထည့်ပေးလိုက်ပါ။

၄။ ခရင်မ်ဆော်ဒါအနှစ်နဲ့ သံဘူးဖျော်ရည်အနှစ်ကိုတော့ ခွက်ငယ်တစ်ခွက်စီထဲမှာ ထည့်ပြီး ကျန်နေသေးတဲ့ ကျောက်ကျောရည်နဲ့ ရောလိုက်ပါ။

၅။ အဲဒီအရည်တွေကို ခုနကသစ်သီးစုံကျောက်ကျောထဲကို လောင်းထည့်ပေးလိုက်ပါ။ အအေးခံပြီးရင်တော့ အရသာရှိတဲ့ သစ်သီးစုံကျောက်ကျောကို အသင့်သုံးဆောင်နိုင်ပါပြီ။
#မြိန်မြိန်

image
27 w - Translate

တစ်ချို့ခံစားချက်တွေက ခံစားဖူးတဲ့လူနောရာကို
ကိုယ်ရောက်မှ ခံစားတတ်တာမျိုး
#စာတို