ငါးခူ ငါးဆားနယ် အချဉ်ဆီပြန်

ပါ၀င်ပစ္စည်းများ
ငါးခူ - 500 g
ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
ကြက်သွန်နီ - အနေတော် တစ်လုံး
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံး
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ငါးဆားနယ်လုပ်ရန်
ငါးခူ ကီလိုဝက်ကို မလိုတာတွေ ဖယ်ပေးပြီး ဆားနှင့်နယ်ပြီး စင်အောင်ဆေးပေးပါ။
ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
နှစ်ရက်သုံးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ဟင်းကို ရမှာဖြစ်ပါတယ်။
တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားမှာမို့ ချက်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ချက်စားပါ။

ပြင်ဆင်ပုံ
အရင်ဆုံး ငါးခူဆားနယ်ကို အကောင်လိုက် ပွတ်တိုက်ပြီး ရေဆေးပါ
အငံကြောက်ပါက ရေနှင့် လေးထပ်လောက် သေသေချာချာ ‌ေရဆေးပေးပါ
အားလုံးပြီးပါက ငါးကို ခပ်ပါးပါး ခပ်ရွှေရွှေလှီးပြီး ရေစင်အောင် တစ်ထပ်လောက် ထပ်ဆေးပေးပါ
မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနေတော်နှင့် စိမ်ထားပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ကြက်သွန်နီးကို အခွံခွာပြီး ရေဆေးထားပါ
ပြီးတာနဲ့ ကြကသွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ရောထောင်းထားပါ
အဆင်သင့် ဖြစ်ပြီဆိုပါက ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအပူပေးပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်ထောင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
ဆီသတ်အနံ့ မွှေးလာပါက ငါးဆားနယ်ကိုထည့်ပြီး မွှေပေးပါ
ငါးအသားများ အရောင်ပြောင်း လာတဲ့အထိ ဆီသတ်ပေးပါ
ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်ပေးပါ
ငါးအသား မာလာပါက အရသာမှုန့်နှင့် ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက မကျည်းမှည့် အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
ဆီပြန်ကာနီး အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
ဆီပြန်လာပါက ထမင်းစားမြိန်စေတဲ့ ငါးခူငါးဆားနယ် ချဉ်ငံစပ် ဆီပြန်ဟင်းလေး ရပါပြီ။

image

image
ju jok added new photos to kp
29 w

image
ju jok changed her profile picture
29 w

image
29 w - Translate

အချစ်ခရီး၌ မဖြစ်မနေဆုံတတ်တဲ့လူ(၈)မျိူး

၁။ ပျော်နေရချိန် မင်းကိုမေ့ထားပြီး
ဝမ်းနည်းရချိန်မျိုးကြမှ တမ်းတသတိရတဲ့လူ။

၂။ ပြောခဲ့ပြီးသားစကားတွေ၊
ပေးခဲ့ပြီးသားကတိတွေကို ခရီးအဆုံးထိ မတည်တန့်နိုင်သောလူ။(တည်ဖို့ မေ့ချင်ရောင်ဆောင်သောလူ)
၃။ အတိတ်ကရလာခဲ့သမျှဒဏ်ရာတွေကို
ကိုနဲ့ အချိန်ယူ လာကုစားသောလူ။

၄။ အချိန်တစ်ခုရောက်သည်နှင့်
သရုပ်မှန်တွေထွက်ပေါ်လာပြီး..ပြောင်းလဲသွားဖို့ ဝန်မလေးသောလူ။

၅။ အဟောင်းထက် အသစ်အစမ်းကို
ပိုမက်မောသောလူ။(သာမယ်ထင်ရာ နားခိုကူးပြောင်းသောသန္ဓေရှိသောလူ)

၆။ သစ္စာတရားကို တန်ဖိုးမထားသောလူ။
(သစ္စာတရားနဲ့ မထိုက်တန်သောလူ)

၇။ တဖက်လူရဲ့ ခံစားချက်ကို ဘယ်သောအခါမှထည့်မတွက်သောလူ။( ကိုယ်ချင်းမစာပေးသောလူ)

၈။ မခွဲနိုင်၊မခွာရက်နိုင် အသေခံဖက်တွယ်သူအပေါ်
အနိုင်ယူ ပြတ်သားရဲသောလူ။

၉။ ဆက်မရေးတော့ပါဘူးဗျာ
ခုခင်များကို မျက်ရည်အကြိမ်ကြိမ်ကျစေသောလူ။

#ရဲသူလွင် (အင်ပင်မြို့)

image
29 w - Translate

ကျွန်တော်ထွက်ပြေးသွားရင်တောင်
လိုက်ရှာမယ့် မေတ္တာတရားမျိုးကို
စိတ်ကူးယဉ်မိခဲ့ပါတယ် ။

ဒါ ကျွန်တော့်အမှားပါ
ကျွန်တော်ပြန်ရခဲ့တာက
ကျွန်တော်မခေါ်ရင်
ကျွန်တော့်ကိုလည်းမခေါ်ဘူးဆိုတဲ့
ဂျင်းစိမ်းနဲ့ မိတ်ဿလင် ဆက်ဆံရေးမျိုးပါပဲ ။

ရှိုက်သံမကျယ်လို့
မငိုလောက်ဘူးအထင်ခံရလည်း
ကိုယ့်တရားပါပဲ။

တောင်းပန်တယ်နော်
ကျွန်တော် အများကြီးမျှော်လင့်ခဲ့မိတယ် ။

🌻🤍
စစ်ငြိမ်း

image
29 w - Translate

❝ တစ်ဘဝ တစ်ခါ ❞

တစ်သက်မှာတစ်ခါပဲရတဲ့အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ် …
ဒါဟာဝဋ်ကြွေးတစ်ခုဆိုရင်
အဲ့ဒီဝဋ်ကြွေးကို ငါကျေနပ်တယ်။
ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ …
ဘဝမှာတစ်ခါပဲရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်။
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင် …
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင် …
မေတ္တာတရားက ကျောသား၊ ရင်သားခွဲခြားခဲ့ရင် …
ငါတို့ဟာ မဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင် …
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်။
မင်းရဲ့ အမည်နာမက
ငါ့ရဲ့နေ့စဉ်သုံးဘာသာစကား …
မျှော်လင့်မထားဘဲ သတိရတတ်သွားတာ
ငါ့ရဲ့ အမူအကျင့် …
နတ်ပြည်နဲ့ ငရဲ
ဘယ်အရာကိုရွေးမလဲလို့မေးခဲ့ရင် …
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်။
ဘဝမှာတစ်ခါပဲ ချစ်ခွင့်ရမယ်ဆို …
တစ်သက်မှာတစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို …
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို …
မင်းကိုချစ်တဲ့စိတ်က
ဘယ်အခါမှ မပြောင်းလဲပါဘူး။

#အကြည်တော်
#အလွမ်း
#phwaybookshop

image
29 w - Translate

Flirt တာလွန်ပြီးရည်းစား၂ယောက်ရတော့မဲ့ မိမိ
my Fri -

image
29 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၂-၁၀-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိ ငြိမ်သက်နေဆဲပါပဲ…

image
29 w - Translate

22.10.2024

🇺🇸အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

🇸🇬စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

💶ယူရို
ရောင်းဈေး - ၄၈၆၀ ကျပ်
ဝယ်ဈေး - ၄၇၃၀ ကျပ်

🇹🇭ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

🇲🇾မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၀ ကျပ်
ဝယ်ဈေး - ၁၀၁၀ ကျပ်

🇨🇳တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

🇯🇵ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၃ ကျပ်
ဝယ်ဈေး - ၂၉.၁၅ ကျပ်

🇮🇳အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၅၃ ကျပ်
ဝယ်ဈေး - ၅၀.၉၈ ကျပ်

🇰🇷ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၂ ကျပ်
ဝယ်ဈေး - ၃.၂၃ ကျပ်

💷စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၅ ကျပ်
ဝယ်ဈေး - ၅၆၈၀ ကျပ်

🇦🇺ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၉၅ ကျပ်
ဝယ်ဈေး - ၂၉၁၅ကျပ်

🇨🇦ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၅၀ ကျပ်
ဝယ်ဈေး - ၃၁၆၀ ကျပ်

🇭🇰ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်

🇦🇪ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်