အမုန်းဟာ ပိုပြီးမုန်းတီးခြင်းကို ဖြစ်ပေါ်စေတယ် ။ အခြားတစ်ဘက်မှာ အချစ်ဟာ အကြွေးဆပ်ပေးပါတယ် ။အသက်ရှင်သန်ခြင်း ၊ မျှော်လင့်ခြင်း နဲ့ ချစ်ခြင်းမေတ္တာအကြောင်း ရေးဖွဲ့ထားတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
နိုင်ငံတကာ အရောင်းရဆုံးစာအုပ်စာရင်းမှာ နံပါတ်(၁) ဖြစ်ခဲ့သလို မကြာခင်က ပျံလွန်တော်မူသွားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် အမှာစာရေးပေးထားခဲ့တဲ့ စာအုပ်ပါ ။ ၂၀၂၁ ခုနှစ်တုန်းက လီဒီယာရဲ့ လက်ဖျံမှာ နာဇီတွေက တက်တူးထိုးခဲ့တဲ့ အကျဉ်းသားနံပါတ် ၇၀၀၇၂ ကို ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် နမ်းခဲ့လို့ ကမ္ဘာ့သတင်းတွေမှာ ခေါင်းကြီးပိုင်း နေရာယူခဲ့ပါတယ် ။
နာဇီအကျဉ်းစခန်းတွေထဲမှာ အရက်စက်ဆုံး ၊ အကြမ်းကြုတ်ဆုံးလို့ နာမည်ကြီးတဲ့ အော့စ်ဝစ်ချ်အကျဉ်းစခန်းရဲ့ "သေမင်းတမန်" လို့ လူသိများတဲ့ ဒေါက်တာ ဂျိုးဇက်မင်းဂလေးရဲ့ လက်က လွတ်မြောက်ခဲ့တဲ့ ကလေးမလေးရဲ့ မမေ့နိုင်စရာ ၊ စိတ်ထိခိုက်စရာ အဖြစ်မှန် ဇာတ်လမ်းပါ ။
လီဒီယာရဲ့ မိခင်က ဘယ်လာရု့စ်က ခုခံတော်လှန်ရေးအဖွဲ့ဝင် တစ်ယောက် ဖြစ်တယ် ။ ဘယ်လာရု့စ်တောထဲမှာ ပုန်းနေတဲ့ သူတို့သားအမိကို နာဇီတွေက ဖမ်းပြီး ပိုလန်နိုင်ငံက အော့စ်ဝစ်ချ်စခန်းကို ရထားနဲ့ ပို့လိုက်တယ် ။
လူ့လောကကြီးအကြောင်း ကောင်းကောင်း မသိရှာသေးတဲ့ ကောင်မလေး လီဒီယာကို ဒေါက်တာ မင်းဂလေးက သူ့ရဲ့ ရက်စက်တဲ့ စမ်းသပ်မှုတွေအတွက် ရွေးချယ်ပြီး နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ ကလေးတွေရဲ့ အဆောင်ကို ပို့ထားလိုက်တယ် ။ အဲဒီမှာ နေ့တိုင်းဟာ ကလေးတွေဟာ အသက်ရှင်ဖို့အတွက် ရုန်းကန်ရခဲ့တဲ့ နေ့ရက်တွေပါပဲ ။
ဆယ့်ရှစ်လကြာ ငရဲပြည်လို နေရာမှာ သူမဟာ အကြိမ်ပေါင်းများစွာ သေမင်းနဲ့ နီးကပ်ခဲ့ပါတယ် ။ သူမကို လာတွေ့ဖို့ သူ့အသက်ကိုတောင် စွန့်စားခဲ့တဲ့ သူမရဲ့ မိခင်က သူမကို ခွန်အားတွေ ပေးခဲ့ပါတယ် ။ ဒါပေမဲ့ စခန်းလွတ်မြောက်သွားတဲ့အခါ သူမရဲ့ မိခင်က မရှိတော့ပါဘူး ။ သေပြီလို့ ယူဆထားပါတယ် ။ အဲဒီအချိန်မှာ စိတ်ဒဏ်ရာတွေ အကြီးအကျယ်ရထားတဲ့ လီဒီယာကို ပိုလန်အမျိုးသမီးတစ်ယောက်က မွေးစားခဲ့တယ် ။
၁၉၆၂ ခုနှစ် သူ အသက် ၂၀ ကျော်အရွယ်ကျမှ မိဘအရင်းတွေဟာ ဆိုဗီယက်ယူနီယံမှာ အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရလို့ လီဒီယာဟာ ခါးသီးတဲ့ ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ရပါတော့တယ် ။
လီဒီယာရဲ့ ထူးခြားတဲ့ ဇာတ်လမ်းဟာ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ နှလုံးသားတွေကို ထိခိုက်စေခဲ့တယ် ။ သူဟာ အရွယ်ရောက်လာတဲ့အခါမှာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သက်သေခံဖို့ သူ့ရဲ့ ရည်မှန်းချက်အဖြစ် ထားရှိခဲ့တယ် ။ ဒါမှသာ အမှန်တရားဟာ ဘယ်တော့မှ မေ့ပျောက်မသွားမှာပါ ။
ဒါဟာ သူ့ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေကို မုန်းတီးဖို့ ငြင်းဆန်တဲ့ ထူးချွန်သော အမျိုးသမီးတစ်ယောက်ရဲ့ ခွန်အားအပြည့်ရှိတဲ့ မျှော်လင့်ချက် မှတ်တမ်းတစ်ခုပါ ။ သူက "အမုန်းတရားဟာ အမုန်းကို ပိုပြီး အားကောင်းလာစေတယ် ။ ချစ်ခြင်းမေတ္တာကတော့ အမုန်းကို ကုစားနိုင်တဲ့ စွမ်းအားရှိပါတယ် " လို့ ပြောပါတယ်။
#အော့စ်ဝစ်ချ်အကျဉ်းစခန်းကကောင်မလေးတစ်ယောက်
#ဗန်းမော်သိန်းဖေ

image

ပျော်ရွှင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ် ။ တခြားသူတွေမှာ တာဝန် မရှိသလို ကိုယ်ပျော်ရွှင်ဖို့ သူများဆီမှာ မှီခိုဖို့လည်း မလိုပါဘူး ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို တခြားသူတစ်ယောက်ရဲ့ ထင်မြင်ချက်တွေ ဝေဖန်ချက်တွေနဲ့လည်း ဖျက်ဆီးခွင့်မပေးပါနဲ့ ။
ဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် ပျော်ရွှင်စေမယ့် အ ကောင်းမြင်စိတ် အတွေးအာရုံပေါ်မှာပဲ အာရုံစိုက်ပေးပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ထိပါးနှောင့်ယှက်နိုင်တဲ့ အဆိုးမြင်တဲ့အတွေးတွေ ၊ ဖြစ်ပါ့မလား မဖြစ်နိုင်ပါဘူးဆိုတဲ့ သံသယအတွေးတွေ ၊ ကိုယ့်ကိုယ်ကိုယ် မလေးစားတဲ့စိတ်တွေ...အထင်သေးမိတဲ့စိတ်တွေကို ဖျောက်ပစ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ ၊ လေးစားပါ ၊ အထင်ကြီးပါ ၊ ဂရုစိုက်ပါ ၊ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဆီမှာသာ အာရုံစိုက်ထား ပါ ။ သင် ပျော်ရွှင်လာရပါလိမ့်မယ် ။
#လွန်းထားထား

image
44 w - Translate

Meta-morphosis (2019)

နတ်ဆိုးနှင်တဲ့ကားလေးဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို ကိုယ်ပါအဲ့နား ရောက်နေသလိုပါပဲ။ ထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့။ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကို ပီပီပြင်ပြင် ရိုက်ထားတာမိုလိုပါ။ ခရစ်ယာန်နတ်ဆိုးနှင်တဲ့ ဘုန်းကြီး တစ်ယောက်ရဲ့ အလုပ်ဟာ ဘဝတစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါ။ ဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့ နှင်ရမှာပါလဲ။ ပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲက နတ်ဆိုးက ရုပ်ပြောင်းရုပ်လွှနဲ့ ဝင်တာပါ။ ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးမို ကြည့်ရှုခံစားကြည့်ကြပါ။

image
44 w - Translate

Ha-rd Can-dy (2005)

ဇာတ်ကားသည် ၁၄ နှစ်အရွယ်ကလေးမလေး Hayley သည် အွန်လိုင်းမှတဆင့် လူကြီးဓာတ်ပုံဆရာ Jeff ကိုတွေ့ပြီး သူ့အိမ်သိုသွားရာမှ စတင်သည်။ Jeff သည် ကလေးငယ်များကို ဆွဲဆောင်လေ့ရှိသူဖြစ်နိုင်သည်ဟု သံသယရှိသောကြောင့် Hayley သည် အကြံအစည်ဖြင့် သူ့ကို မူးဝေစေကာ စမ်းသပ်မှုများပြုလုပ်သည်။ ဇာတ်လမ်းတွင် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ၊ တရားမျှတမှုအပေါ် စူးစမ်းမှုများနှင့် လူမှုရေးအကြောင်းအရာများပါဝင်သည်။ Hayley သည် သံသယဖြစ်စေသူကို တရားစီရင်လိုစိတ်ဖြင့် ကြံစည်သော်လည်း မည်သူကတကယ်အရေးပါသနည်းဆိုသည်ကို ဇာတ်လမ်းသည် မေးခွန်းထုတ်ထားသည်။

image

သရက်သီး ကျောက်ကျော
**************************
ရေ 👉 ၂ လီတာ
သကြား 👉 ၂၀ သား(ချိုပေါ့)/
ကျောက်ကျော👉 25 g
သရက်သီး 👉 ၅ လုံးကြိတ်ထား( ပိုထည့်လဲရပါ၏ )

အားလုံးကို ကျိုမယ့်အိုးထဲထည့်မွှေပီး စ ကျိုပါမယ်။
ဗွမ်းဗွမ်းဆူလာရင် မီးအားလျှော့ပါမယ်။
မီးအေးအေးနဲ့ ၁၀ မိနစ်ခန့် ဆက်ကျိုပီးရင်
ဗန်းထဲလောင်းထည့်ပီး အအေးခံထားပေးပါ။

သရက်ကျောက်ကျော ဖြစ်သွားပါလိမ့်မယ်။

_______________________________________________

ချိုပေါ့ ဆိုရင် သကြား ၂၀ ကျပ်သားထည့်ပါ။
ချိုလေး ဆိုရင် သကြား ၂၅ ကျပ်သား ထည့်ပါ။

မိမိနှစ်သက်ရာ
မည်သည့်အသီးအနှံမဆို ဤအချိုးအစားနဲ့ ထိုးပါ။

image

#ငါးဇင်ရိုင်းဥလေးတွေနဲ့ရလို့
အချဉ်ဆီပြန်လေးချက်တယ်

ငါးဇင်ရိုင်းကိုအညှိပျောက်အောင်
ဆားနဲ့မကျီးသီးနဲ့နယ်ဆေး
ရေစင်စင်ဆေးပြီးမှအာဖဲ့အူထုတ်
အချိူအငံအရသာနယ်ပြီးနှပ်ထား

ငရုပ်သီးကို ကြက်သွန်ဖြူနီဂျင်းနဲ့ထောင်းပြီးဆီသတ်ပါ
ငရုပ်သီးအရောင်ညိုလာမှ
ငါးထဲ့ပြီးဆီသတ်ပါ
နှစ်ရေလောက်ချက်ပါ
ဆီပြန်လာမှမကျီးနှစ်ထဲ့ပြီး ရှမ်းနံနံအုပ်ပါ

ငါးဇင်ရိုင်းအချဉ်ဆီပြန်ဟင်းရပါပြီ

image

#ငါးသလဲထိုးအိုးကပ်ချက်နည်း

ချက်နည်း ရေးပေးလိုက်ပါတယ်ရှင့်

ငါးသလဲထိုး ငါးလေးတွေကို သံပရာသီးညှစ်ထည့် ဖွဖွလေး ရေစင်အောင်ဆေးပါ(ငါးသလဲထိုးက ညှီစော်နံတတ်လို့ သံပရာသီးနဲ့ဆေးတာပါ)
ငါးလေးတွေကို ရေဆေးပြီး နနွင်းအနည်းငယ် ဆား ဟင်းခတ်မှုန့် ငရုတ်ကောင်းထည့်နယ် အရသာဝင်အောင် ခဏနှပ်ထား

ဆီပြန်ချက်မှာမို့ ဆီလေးပိုထည့် ကြက်သွန်ဖြူ နနွင်း အရောင်တင်(အစစ်)ထည့် ဆီအရင်သပ်
မွှေးပြီး အရောင်လေးလှလာရင် ခရမ်းချဉ်(2)လုံးလောက်စိပ်ထည့် ဆား ဟင်းခတ်မှုန်ထည့် အဖုံးအုပ် နှပ်ထားပါ
ခရမ်းချဉ်အိပြီး အနှစ်ရရင် ငါးနယ်ပြီးနှပ်ထားတာတွေထည့် ရေလေးအနည်းငယ်ထည့် တချက်လောက် နှံအောင်မွှေပြီး အဖုံးအုပ်နှပ်ထားပါ(ခဏ ခဏ မမွှေပါနဲ့နော် ငါးလေးတွေ ကျေကုန်မှာစိုးလို့)
အနံလေးမွှေးပြီး ဆီပြန် တဖျစ်ဖျစ်မြည်လာရင် ငရုတ်ပွစိမ်းလေးညှပ်ထည့် နံနံပင်အုပ် မဆလာကြိုက်ရင် မဆလာခပ် ငရုတ်ကောင်းခပ် ရပါပြီရှင့်

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်

#ဖြိုးလက်ရာငါးသလဲထိုးအိုးကပ်ဆီပြန်

image

🔥🌶️အာပူ လျှာပူ ကြက်သောက်ဆမ်း ချဉ်စပ်ဟင်းချက်နည်း🔥🌶️
****************************************************************
ပါဝင်ပစ္စည်း =ကြက်သား /ငပိ/ဆီ/ဆား/
ကြက်သွန်မြိတ်/ရှမ်းနံနံ/ကြက်သွန်ဖြူ/နီ /
နနွင်း/အရသာမှုန့်/ငရုတ်ကောင်း/ စပါးလင်/ဂျင်း/
ငရုတ်သီးစိမ်း/ငရုတ်သီးလှော်/သံပုရာသီး😊😊😊ပါဝင်ပစ္စည်းလေးတွေပါ။
_______________________________________________________________
"ပြင်ဆင်ရန်”
ပထမဆုံး = ကြက်သားကို ရေနဲ့ သန့်စင်အောင်ဆေးပေးပါ။
၁။ကြက်သွန်ဖြူ /နီ /ဂျင်း / ငရုတ်သီးစိမ်း /
ငရုတ်ကောင်းမှုန့်တို့ ထောင်းပေးထားပါ။
၂။ရှမ်းနံနံ / စပါးလင် / သံပုရာသီး / ငရုတ်သီးလှော် /
ကြက်သွန်မြိတ် /ငပိတို့ကို အသင့်ပြင်ဆင်ထားပေးပါ။
၃။ ရေဆေးထားတဲ့ ကြက်သားကို ဇလုံတခုထဲထည့်ပြီး အရသာနှပ်ပါမယ် …
၁=ကြက်သွန်ဖြူ /နီ/ဂျင်း / ငရုတ်သီးစိမ်း/
ငရုတ်ကောင်းမှုန့် ရောထောင်းထားတာထည့်ပါမယ်
ပြီးရင် နနွင်း / ငပိ/ ဆီ/ဆား/အရသာမှုန့် တို့ဖြင့်
အရသာဝင်အောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
_____________________________________
၄။ စချက်ပါမယ် = ဒယ်အိုးထဲကို ဆီထည့်ပါ ဆီပူရင်
အရသာနှပ်ထားတဲ့ ကြက်သားထည့်ပြီး လုံးချက်ပါ
ဆီပြန်လာရင် စပါးလင်ထည့်ပြီး ခန မွှေပေးပါ ပြီး
ရင် အရသာနှင့် ကြက်သားလေးတွေ နူးအိလာအောင်
ရေထည့်ပြီး အဖုံးအုပ်ပြီး ချက်ပေးပါ။
၅။ ကြက်သားတွေ နူးအိပြီး အရသာလေးအဆင်ပြေ
ပြီဆိုရင် နောက်ဆုံးမှာ ရှမ်းနံနံ /ကြက်သွန်မြိတ် /
ငရုတ်သီးလှော် သံပုရာရည် ထည့်ပြီး သုံးဆောင်
နိုင်ပါပြီနော် ….
☺️ဆီပြန်ဟင်းတွေကြည့်စားနေရတာ ရိုးလာရင် ဒီလို
လေးချက်စားကြည့်ပါ….🍲
🔥🌶️ခံတွင်းမတွေ့ ပါးစပ်ပျက်နေတယ်ဆိုရင်တော့
ဒီဟင်းလေးကို လိုက်ချက်စားကြည့်နော်”🔥