31 ပတ် - ဘာသာပြန်ပါ။

တန်ဖိုးထားရသော ချစ်သက်လက်ဆောင်လေးကို အဝေးရောက် ခင်ပွန်းဖြစ်သူဆီက ရရှိခဲ့တဲ့ နီနီခင်ဇော် 🥰🥰🥰
နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ ခင်ပွန်းက သူမအတွက် ချစ်သူများနေ့ လက်ဆောင်ပေးအပ်ခဲ့တာပါ။ 4D Ultrasound ထဲက သမီးလေးရဲ့ ပုံလေးနဲ့အတူ ကလေးဖိနပ်လှလှလေးတစ်ရံပါ ပါဝင်ခဲ့ပါသေးတယ်။ ထိုလက်ဆောင်ထဲမှာတော့ 'Our Little Valentine is on the way' လို့ ရေးထားတာပါ။ နီနီခင်ဇော်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သမီးဦးလေးကို ဖွားမြင်တော့မှာပဲဖြစ်ပါတယ်။

#celenews

image
31 ပတ် - ဘာသာပြန်ပါ။

သာဝတ္ထိမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး (၁၈) ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၁၄

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ (၁၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ညနေ (၃) နာရီကျော်တွင် သာဝတ္ထိမြို့၊ အ-ထ-က (၆) မှ ကျောင်းဖယ်ရီယာဉ်တစ်စီး မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဘရိတ်ပေါက်၍ လမ်းဘေးတိမ်းမှောက်ရာ ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“စုစုပေါင်း ကိုရင်အပါ ကျောင်းသူ၊ ကျောင်းသား (၂၀)၊ ယာဉ်မှောက်တော့ ခေါင်းခန်းမှာ ထိုင်တဲ့ကိုရင် တစ်ပါးက ဖြစ်ပြီး နာရီဝက်လောက်နေပြီး ပျံလွန်တော်မူတယ်။ ကျောင်းသားတစ်ယောက်က ည ၁၁ နာရီမှာ ဆုံးသွားတယ်။ ကျန်တဲ့ (၁၈) ယောက်ထဲကမှ (၅) ယောက်က ညခင်းဆေးရုံကပြန်ဆင်းရတယ်။ နောက်ဆုံး ကျန်တဲ့သူ (၁၃) ယောက်ကတော့ ဆေးရုံတတ်နေရတယ်။ အဲ့ထဲကမှ (၄) ယောက်က အရေးပေါ်တင်ထား တယ်။ သူတို့ကို ကုတင်တစ်ထောင်ဆေးရုံကို ပို့လိုက်တယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် သာဝတ္ထိမြို့၊ အ-ထ-က (၆) ကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် Grade-11 မှ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image
image
image
image
image

ပြည်ပအလုပ်အတွက် စာချုပ်ချုပ်ထားခြင်းမရှိတဲ့ အမျိုးသားတွေကို OWIC ကတ် မထုတ်ပေးတော့ဘူးလို့ သိရ

ဖေဖော်ဝါရီ ၁၄

ပြည်ပအလုပ်အကိုင်အတွက် ဇန်နဝါရီ ၃၀ ရက် မတိုင်ခင်အထိ စာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) မထုတ်ပေးတော့ဘူးလို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနမှာ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားသူတွေကိုသာ လက်ရှိမှာ စေလွှတ်ခွင့် ပေးနေတာဖြစ်ပြီး အဲဒီနောက်ပိုင်း စာချုပ် ချုပ်ဆိုထားသူတွေကိုတော့ OWIC ကတ် ထုတ်ပေးခွင့် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

“အခုကတော့ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားတဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ရှိတဲ့ အမျိုးသား လုပ်သားတွေကို စေလွှတ်ခွင့် ပေးနေတာပေါ့။ အဲဒီနောက်ပိုင်းက စာချုပ်သမားတွေကိုတော့ ယာယီ ရပ်ထားတယ်။ ယာယီလို့သာပြောတာ ဘယ်လောက်ကြာမယ်တော့ အတိအကျ မသိရသေးဘူးပေါ့။ အလုပ်သမား ဝန်ကြီးဌာနဘက်ကလည်း ဘာမှ အတိအလင်း မပြောသေးဘူး။ ဒီသတ်မှတ်ချက်ထဲမှာ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အလုပ်သမားတွေနဲ့ အမျိုးသမီးတွေကတော့ မပါသေးဘူး။ သူတို့ကိုတော့ ပုံမှန်အတိုင်း ခွင့်ပြုပေးနေတယ်” လို့ လိုင်စင်ရ အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို အရင်က အသက် ၂၃ နှစ်မှ ၃၁ နှစ်အထိ အမျိုးသားတွေကိုသာ ကန့်သတ်ထားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ ထပ်တိုး ကန့်သတ်လိုက်ပြီး စေလွှတ်ခွင့် လုပ်ငန်းစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ထားသူတွေကို စေလွှတ်ခွင့်ပြုပေးဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုခဲ့တာကြောင့် အခုလို ပြန်လည် ခွင့်ပြုပေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“လက်ရှိ ပြန်ခွင့်ပြုပေးနေပေမယ့် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့သူတွေ ဖြစ်ရင်တော့ လေဆိပ်ကနေ ထွက်ခွာခွင့်မပြုဘူးလို့လည်း အသိပေးထားတယ်။ အဲဒါကြောင့် စိတ်မအေးရသေးဘူး။ စစ်မှုထမ်းစာရင်းထဲ ပါနေလို့ လေဆိပ်က ထွက်မရရင် အလုပ်သမားရော၊ အေဂျင်စီရော နစ်နာမှုတွေ ရှိနိုင်တယ်။ စစ်မှုထမ်းစာရင်းမှာ ပါနေတဲ့သူတွေက စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားရမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာလည်း ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အတည်ပြုလိုက်ပြီးတဲ့ နောက်ပိုင်း နစကအနေနဲ့ ပြည်ပအလုပ် လုပ်ကိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဆက်တိုက်ဆိုသလို ကန့်သတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုလို အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံဆီ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေသူတယောက်က “ကျွန်တော်ဆိုအခု သွားဖို့လာဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။ အေဂျင်စီနဲ့လည်း စာချုပ် ချုပ်ပြီးသွားပြီ။ ငွေတွေလည်း သွင်းထားပြီးပြီ။ ဒီလိုအချိန်မှာမှ သွားခွင့်မရဘူးဆိုရင် ဆုံးရှုံးမှုက အင်မတန်ကြီးသွားနိုင်တယ်။ အချိန်ရော၊ ငွေရော အားလုံး ရင်းထားရတာ။ ပြည်တွင်းမှာလည်း ဘာမှ လုပ်ကိုင်စားလို့ရတာ မဟုတ်ဘူးလေ။ ပြည်ပက အလုပ်ခေါ်တယ်ဆိုတာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းပဲ ခေါ်တာ” လို့ ပြောပါတယ်။

အလုပ်အကိုင်ပတ်စ်ပို့ (PJ) ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ OWIC ကတ် ရှိမှသာ ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတရပ်ကို နစက က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီနည်းဥပဒေရဲ့ ပုဒ်မ - ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

အလားတူ ပုဒ်မ - ၅၀ မှာလည်း ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင်အထိ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

Photo - Myanmar Embassy Seoul

#သတင်းဟင်းလေးအိုးကြီး

image
31 ပတ် - ဘာသာပြန်ပါ။ - Youtube

အိမ်မှာလေ့ကျင့်ဖို ့free
Workout များ ❤️
💪အိမ်မှာလေ့ကျင်ဖို ့workout လက်ဆောင်-1
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)

အိမ်မှာပဲလေ့ကျင့်ခန်း 🏋️‍♂️ လုပ်မဲ့မိတ်ဆွေ
တွေအတွက် အိမ်မှာလေ့ကျင့်လို ့ရမဲ့ home workout လေးတခုမျှဝေပေးလိုက်ပါတယ်။
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို ့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းခြောက်ခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား စက္ကန် ့၂၀ နားနိုင်ပါသည်။)လေ့ကျင့်ခန်းခြောက်ခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၄ ကျော့ကစားပါ။
Warm up exercises-
✅ Step up 15 reps each leg 👇

✅ Glute bridge 20 reps 👇

✅ push up 12 reps 👇
(မိမိခံနိုင်ရည်အပေါ်မူတည်ပီး video ထဲမှ
Level တခုကိုရွေးချယ်လေ့ကျင့်နိုင်ပါသည်။)

✅ mountain climber 20 reps 👇

✅ Sprint 30 seconds 👇

✅ Standing torso rotation 12 reps 👇

🌸 အကယ်၍ တတ်နိုင်သေးပါက circuit
လေးကျော့ပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို ့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises-

Part-2
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

ဒဂုန်ဦးစန်းငွေရေးတဲ့ “ဒို့စကား၊ ဒို့စာ၊ ဒို့သဒ္ဒါ”စာအုပ်ကို ဆရာနိုး ဝေဖန် ရေးနဲ့ပတ်သက်လို့ ကျွန်တော့်ခံစားချက်ကို ဆရာမိုးအား ပြောပြဖူးတယ်။ ကျွန်တော် ခံစားရတာက “ဒဂုန်ဦးစန်းငွေစာအုပ်” “ဖြင့်နဲ့နှင့်” အကြောင်းဖတ်ရတော့ ကျွန်တော်တို့ စာရေးရမှာ လက်တွန့်သွားပြီး မိမိတို့ရေးခဲ့တာတွေ မှားနေသလား ဆိုပြီး စာရေးရမှာ ကြောက်သွားကြောင်း ပြောပြတယ်။ နောက်တော့ “ဆရာနိုး” ရေးတဲ့ ဝေဖန်စာကိုဖတ်ပြီးတော့မှ ဆရာကြီး ဒဂုန်ဦးစန်းငွေရေးသလိုကြီးလည်း မဟုတ်သေးဘဲကိုး။ ဆရာကြီးက ပါဠိတတ်သယောင်၊ ဗမာစာတတ်သယောင်နဲ့ ယောင်ဝါးဝါးရေးထားတယ်လို့ ဆိုထားတာကိုး။ ဒီတော့မှ အားတက်လာတယ်။ ဆရာနိုးရေးတဲ့ ဝေဖန်စာမှာ ကျွန်တော်ခံစားလိုက်တာက ဒဂုန်ဦးစန်းငွေတည်း ဟူသော ပုဂ္ဂိုလ်ကြီးကို ပရိသတ်ရှေ့မှာ စင်ပေါ်တင်ပြီး ဘာမှမတတ်ဘူး၊ ဒါပဲ ရှိတယ်ဆိုတဲ့သဘောနဲ့ သင်ကြီးလှန်ပြလိုက်သလို။ ဒီနေရာမှာ ဆရာက ရပ်မထား သေးဘဲ လှန်ထားတာကြီးကို ဆရာက တံတွေးနဲ့ထွေးသွားသေးလို့ ကျွန်တော်ခံစား မိတာကို ဆရာမိုးအားပြောပြတော့ ဆရာက ကျွန်တော့်ကိုမြှောက်ပေးတယ်။ ည စားပွဲသောက်ပွဲ စာပေပွဲကျတော့ပြောပါ ဝေဖန်ပါတဲ့။ ကျွန်တော်လည်း အရှိန် ရလာတော့ ဆရာနိုး ပြောပြတယ်။ ဆရာက ဒဂုန်ဦးစန်းငွေတည်းဟူသော ပုဂ္ဂိုလ်ကြီးဟာ ဘာမှမဟုတ်ဘူး၊ ဒါပဲလောက်တင်လှန်ပြပြီး ဆရာက ဇာတ်စင် ပေါ်က ဆင်းသွားရမှာ။ အဲဒီလို ဆင်းမသွားဘဲ လှန်ပြထားတဲ့ “င်ကြီးကို တံတွေးနဲ့ ထွေးသွားတော့ ပရိသတ်က လူကြီးကို ဒီလိုလုပ်ရမလားဆိုတဲ့ အကြည့်မျိုးနဲ့ ဆရာ လူဆိုးဖြစ်သွားတာပေါ့လို့ပြောတော့ ဆရာနိုးက ပြုံးပြုံးကြီးကြည့်နေတယ်။ ပြီးတော့မှ ဆရာဆောင် အဲလိုပဲ ခံစားရသလားတဲ့။
ကျုပ်က သာမန်ပုဂ္ဂိုလ်ဆိုရင် ဒီလိုမရေးပါဘူး။ ဒီပုဂ္ဂိုလ်မျိုးက “အာဏာနား၊ ပါဝါမျှောင်”နေတဲ့ပုဂ္ဂိုလ်မို့ သိအောင်ရေးပြလိုက်တာတဲ့။
“ဒို့ကျောင်းသား စာပေဝိုင်း”က စနေ၊ တနင်္ဂနွေ (ဆရာမိုးတို ့ ဆရာ မင်းကျော်တို့ စာလာသင်တဲ့နေ့) လုပ်ရာကနေ နည်းနည်းကြာလာတော့ သွားရေး လာရေး ခက်ခဲတာ၊ လူစုံမလာနိုင်တာတွေကြောင့် “ဘီအိုစီ ကောလိပ်ကန်တင်း” လက်ဖက်ရည်ဆိုင်ကို ရွှေ့လိုက်ကြပါတယ်။

#ဆက်ရန်ရှိ

Part-2
*ကိုယ်စားလှယ်က ပိုကောင်းသလား

အလားတူ၊ ဗြိတိသျှ တွေးခေါ်ရှင် ဂျွန်စတူးဝပ်မေးလ် (John Stuar Mill) က၊ ရွေးကောက်သူတို့အနေနှင့် ကိုယ်စားလှယ်တို့၏ ပိုမိုမြင့်မားသော ဉာဏ်အမြော်အမြင်ဖြင့် အုပ်ချုပ်မှုကို ကျေနပ် လက်ခံ သင့်သည်ဟု ဆိုခဲ့ပြီး၊
ဩစတြီးယား စီးပွားရေးပညာရှင်၊ လူမှုရေး တွေးခေါ်ရှင် ဂျိုးဇက် ရွှန်းပေတာ (Joseph Schumpeter) ကဆိုလျှင် မဲဆန္ဒရှင်တို့ အနေနှင့် တစ်စုံတစ်ယောက်အား မိမိတို့ ရွေးကောက်လိုက်ပြီးပြီဆိုလျှင် နောက်ပိုင်း နိုင်ငံရေးအလုပ်တို့သည် မိမိတို့ ကိစ္စမဟုတ်၊ ထိုသူ၏ကိစ္စသာ ဖြစ်သွားပြီ ဆိုတာ သဘောပေါက်ဖို့လိုသည်၊ ဟူ၍ပင် ဆိုခဲ့သည်။
အဲဒါကကိုယ်စားပြုစနစ်ကို နှစ်သက် လက်ခံသူတို့၏ ပိုကဲသော ထောက်ခံစကားများဖြစ်ရာ၊ ၎င်းအတိုင်းဆိုက ဒီမိုကရေစီ၏ အခြေခံ စိတ်ဓာတ်ဖြစ်သည့် လူတိုင်းလူတိုင်းမှာ မိမိအရေးရော တိုင်းပြည်အရေးပါ စဉ်းစား ဝေဖန်နိုင်သော ဉာဏ်ရှိ၍၊ လူတိုင်း၏ စိတ်ကူးစိတ်သန်းကို တန်းတူညီမျှ ထည့်သွင်း စဉ်းစားရမည်ဟူသော အချက်နှင့် ဆန့်ကျင် ကွဲလွဲသလို ဖြစ်နေသည်။
သို့သော်၊ ဤသည်ကို ပြန်လည် ရှင်းလင်း ချေပကြသူတို့က ကိုယ်စားလှယ်တို့မှာ နိုင်ငံရေးရာ စဉ်းစားရာ၌ ပို၍ မြင့်မားသော ဉာဏ်အမြော်အမြင်ရှိသည် ဆိုခြင်းမှာ ပင်ကို ဉာဏ်အရပင် အဆင့်အတန်း မြင့်သည်ဟူသော အဓိပ္ပာယ်မဟုတ်၊ နိုင်ငံရေးရာ စဉ်းစား ဝေဖန်ရသော အလုပ်တာဝန်ကို အခြားသူများကဲ့သို့ ရံဖန်ရံခါ မဟုတ်ဘဲ အချိန်ပြည့် ထမ်းရွက်နေကြသူများဖြစ်သဖြင့် ၎င်းတို့၌ ယင်းနှင့် စပ်လျဉ်း၍ တတ်သိ နားလည်မှုနှင့် အတူ ဉာဏ်အမြော်အမြင်များ ပိုမို ပြည့်ဝနေသည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ သည့်အပြင်၊ ၎င်းတို့အနေနှင့် ၎င်းတို့၏ ဉာဏ်အမြော်အမြင်ဖြင့် စဉ်းစား ဆုံးဖြတ်ကြသည် ဆိုရာမှာလည်း အများပြည်သူတို့၏ အသံကိုနားထောင်ကာ အများပြည်သူ့ သဘောဆန္ဒကို ချင့်တွက် မှတ်သားပြီးမှ အများပြည်သူအတွက် ဆုံးဖြတ်ရခြင်းမျိုးသာ ဖြစ်သည်ဟု ပြောဆိုကြပါသည်။

31 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းဟာဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့နောက်ခံကစားသမား ထာကီဟီရိုတိုမီယာဆုကို ဒုတိယအကြိမ်မြောက် ဒူးခေါင်းခွဲစိတ်ကုသမှုခံယူဖို့အတွက်စေလွှတ်ဖို့စဉ်းစားသုံးသပ်နေတယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။

ဂျပန်လက်ရွေးစင်နောက်ခံကစားသမားထာကီဟီရို တိုမီယာဆုဟာ ဒီရာသီကာလမှာတပွဲသာပါဝင်ကစားထားခဲ့ရပြီး ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက ဆောက်သမ်တန်အသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာ အရံကစားသမားအဖြစ်ရှိနေခဲ့ကာ ဒူးဒဏ်ရာကနေပြန်လည်ထူထောင်လာခဲ့ပြီးနောက်ဖြစ်ပါတယ်။

အဆိုပါဂျပန်နောက်ခံကစားသမားဟာ ဒီရာသီကာလအစပိုင်းကာလမှာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ပွဲထွက်ကစားခွင့်လွဲချော်ခဲ့ပြီး လက်ရှိမှာတော့ ဒူးဒဏ်ရာပြန်ရှိလာခဲ့တာကြောင့် ခွဲစိတ်ကုသမှုထပ်မံခံယူရဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဆေးအဖွဲ့ကလည်း တိုမီယာဆုကိုနောက်တကြိမ်ခွဲစိတ်ကုသမှုပြန်လည်ခံယူစေဖို့စဉ်းစားသုံးသပ်နေပါတယ်။ခန္ဓာကိုယ်ပြန်လည်ထူထောင်ရေးလုပ်ဆောင်တဲ့ကာလမှာအချိန်ကာလကြာမြင့်မှာဖြစ်ပြီး ကုသမှုခံယူရတာဟာလည်းအချိန်ယူရမှာဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာတော့ထာကီဟီရို တိုမီယာဆုအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၃ လအထိအနားယူထားခဲ့ရကာ တကယ်လို့ဒုတိယအကြိမ်ခွဲစိတ်ကုသမှုထပ်မံခံယူရမယ်ဆိုရင်တော့ ၂၀၂၄/၂၅ ရာသီကာလတလျှောက်လုံးလွဲချော်ဖွယ်ရှိနေပါတယ်။
 
#ဘောလုံးသတင်းစုံ

image

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
နည်းပြ/သရုပ်ပြ ရာထူး ခေါ်စာ

#govjob

imageimage
31 ပတ် - ဘာသာပြန်ပါ။

ကျနော်တို့ ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ ရှိကြတယ်။
အဲ့ဒီလူဟာ
ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
မခေါ်ရလဲ ဖြစ်တယ်။
မတွေ့ရလည်း ရတယ်။
ပတ်သတ်မှုဆိုတာထက်
ရင်ဘတ်ထဲက ခံစားမှုတစ်ခုပါ။
ချစ်တာ မချစ်တာက ကျယ်ပြန့်လွန်းလို့
မြတ်နိုးမှုပဲ ဆိုပါစို့။
တကူးတကကြီး နှုတ်မဆက်ဖြစ်ဘူး။
တစ်ခါတစ်ရံ လချီပြီး စကားမပြောဖြစ်ဘူး။
ပြောဖြစ်ရင်လည်း ခဏလောက်ပဲ။
သူနှစ်သက်တဲ့အရာတွေတွေ့ရင်
တကယ့်အခက်အခဲတွေကြုံရင်
သတိရလိုက်တယ်။ ဒီလိုပဲရိုးရှင်ပါတယ်။
အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲသိမ်းထားတဲ့
ကျနော်တို့ရဲ့ တစ်စုံတစ်ယောက်ပေါ့။

#စာရယ်ကဗျာရယ်
#as
#crd

image

ရေခဲသေတ္တာကို Safeguard မခံဘဲ တိုက်ရိုက်သုံးရာမှ အပူလွန်ကဲ၍ သီရိရတနာဈေးတွင် ဆိုင်ခန်း ၃ ခန်းမီးလောင်မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွား

ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သီရိရတနာဈေးဝန်းတွင် ယ​နေ့ (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက် ၃ နာရီ ၄၄ မိနစ်ခန့်က ဆိုင်ခန်း ၃ ခန်းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းရှိ ရေခဲသေတ္တာကို Safeguard မခံဘဲ တိုက်ရိုက်သုံးရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၄ ပေ၊ အနံ ၄၅ ပေရှိ အာရ်စီ ၂ ထပ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် အပါအဝင် ဆိုင်ခန်း ၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း မီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဆိုင်ခန်း ၃ ခန်း မီးလောင်ဆုံးရှုံးမှုကြောင့် ဆိုင်တာဝန်ခံ အသက် ၂၉ နှစ်အရွယ် ကိုနိုင်လင်းဦးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image