Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပါက Speed Boat အသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်နိုင်မည့် သင်တန်းဖွင့်မည်
ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပါက Speed Boat အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နိုင်မည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ယခုလမေ ၂၅ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းဒေသကြီးကော်မတီ) ထံမှသိရသည်။
ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် Speed Boat အသုံးပြု၍ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး တွင်ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် စနစ်ကျပြီးစွမ်းရည်မြင့်မားသော ရေပြင်ရှာဖွေကယ်ဆယ်ရေး သမားများမွေးထုတ်ပေးရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ယင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
"သင်တန်းတက်မယ့်သူတွေကို ကန့်သတ်ထားတာတွေရှိတယ်။ တက်ရောက်မယ့်သင်တန်းသားတွေက ကယ်ဆယ်ရေးသင်တန်း အခြေခံတက်ရောက်ပြီးသူဖြစ်ရမယ်။ ရေကူးတတ်သူ၊ လိုအပ်ပါက ရေပြင် ကယ်ဆယ်ရေးတွေမှာ ကုသိုလ်ပြုဆောင်ရွက်နိုင်သူ အသက်(၂၀) နှစ်မှအသက်(၄၀) နှစ်ကြားရှိသူဖြစ် တဲ့အပြင် သက်ဆိုင်ရာမြို့နယ်လူမှုကူညီရေးအသင်းတွေက ထောက်ခံပေးတဲ့သူတွေဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိတယ်။ သင်တန်းသားဦးရေကတော့ကန့်သတ်မှုမရှိပါဘူး" ဟု ၎င်းကပြောသည်။
သင်တန်းကာလအတွင်း အသုံးပြုမည့်သင်ထောက်ကူများအားလုံးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မန္တလေးတိုင်းကော်မတီရုံး) မှ ထောက်ပံ့ပေးမည်ဖြစ်သော်လည်း Speed Boat များအတွက် စက်သုံးဆီကုန်ကျစရိတ်ကို သင်တန်းတက်မည့်သင်တန်းသားများမှ တစ်ဝက်ကျခံပေးရမည် ဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)
ဂါဇာကမ်းမြှောင်တခုလုံးကို ထိန်းချုပ်ဖို့ အစ္စရေး ရည်ရွယ်နေ
တဲလ်အဗစ်၊ မေ-၂၀-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးအနေနဲ့ ဂါဇာကမ်းမြှောင်ဒေသတခုလုံးကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက မနေ့ကညက ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းတခုမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေးတွေ တိုးချဲ့ပြီလို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီး မဟာဗျူဟာမြောက်နေရာတွေမှာ မြေပြင်တပ်တွေ တိုးချဲ့ချထားတာအပါအဝင် ဟားမတ်စ်အမာခံနယ်မြေက ပစ်မှတ် ၁၆၀ ကျော်ကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၃၆ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ဂါဇာကို အကူအညီတွေ ဝင်ရောက်မှုကို မတ်လကတည်းက အစ္စရေးက ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းရှိ လူနှစ်သန်းကျော်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အကူအညီတွေ ဝင်ရောက်မှုကို ပြန်လည်ခွင့်ပြုမယ်လို့ အစ္စရေးက ထုတ်ပြန်ထားပေမယ့် အခြေခံလိုအပ်ချက် ပမာဏသာခွင့်ပြုမယ်လို့ ပြောပါတယ်။ ဒီကနေ့မှာတော့ လူသားချင်းစာနာမှုအကူအညီတွေ တင်ဆောင်လာတဲ့ ကုလသမဂ္ဂ ကုန်တင်ယာဉ်ငါးစီးဟာ ဂါဇာကို ဝင်ရောက်လာပြီဖြစ်ပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါခေါင်းဆောင်တွေကတော့ စစ်ပွဲအတွင်း အစ္စရေးရဲ့လုပ်ရပ်တွေကို ရှုံ့ချထားပြီး အထူးသဖြင့် ထိုးစစ်ချဲ့ထွင်မှုနဲ့ အကူအညီတွေ ပိတ်ပင်မှုတွေအပေါ် ဝေဖန်ထားပါတယ်။ ဒီအတောအတွင်း ခန်းယွန်နစ်တဝိုက်ရှိ ပါလက်စတိုင်းတွေကို ဘေးလွတ်ရာပြောင်းကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။
တိုက်ပွဲတွေပြင်းထန်နေပြီး အစ္စရေးစစ်တပ် အောင်မြင်မှုရနေကြောင်းနဲ့ ဖြတ်တောက်ထားတဲ့ နယ်မြေအားလုံးကို ထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK
BREAKING: U.S. Representative LaMonica McIver was charged on Monday for allegedly assaulting law enforcement officers outside of an ICE detention facility earlier this month.
Acting U.S. Attorney Alina Habba announced that she was charging the congresswoman with assaulting and impeding a law enforcement officer.
Read more: https://abcnews.visitlink.me/NYbLve