လူတစ်ရာရဲ့ပါးစပ်ဝမှာ
ကိုယ်သည် ပုံစံတစ်ရာနဲ့ရှိနေမှာပါ
ကိုယ်ကောင်းတာလုပ်လုပ်
မကောင်းတာ လုပ်လုပ်
ကိုယ့်ကို အကောင်းပြောတဲ့သူရှိသလို
မကောင်းပြောတဲ့သူလဲ ရှိနေမှာပါ
လူတိုင်းရဲ့အကြိုက်ကို
ကျွန်တော်တို့ မလိုက်နိုင်ဘူး
သူတို့ရဲ့ပြောပိုင်ခွင့်
လုပ်ပိုင်ခွင့်တွေပါ
ဒါကို လိုက်ခံစားနေဖို့လိုပါဘူး
သူများပါးစပ်လှုပ်တိုင်း
ကိုယ့်စိတ်လှုပ်ရှားနေရင် ကိုယ့်ဘဝက
သူများပါးစပ်ဝမှာပဲ လမ်းဆုံးသွားလိမ့်မယ်
ဝေဖန် ပုတ်ချ
အပြစ်ပြောတယ်ဆိုတာ
လူဖျင်း လူညံ့သာမက
အသိပညာရှိတဲ့လူတွေလည်း
ပြောတတ်ကြတဲ့ အလုပ်တစ်ခုပါ
ဘဝကြီးက
မင်းထင်သလောက်မရိုးရှင်းဘူး
မင်းတွေးထားတဲ့အရာတိုင်း
ဖြစ်လာမှာမဟုတ်ဘူး
မှာချင်တာ တစ်ခုက
ဘယ်တော့မှ စိတ်ဓာတ်မကျမိပါစေနဲ့။
