38 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနာဘူရီတွင်တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စန်းခလာဘူရီတွင် မေ ၁၁ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၂ ဦးကို ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
နယ်စပ်ဒေသမှ တရားမဝင်ဖြတ်ကျော်မှုများရှိကြောင်း သတင်းများရရှိပြီးနောက် Surasee Task Force နှင့် နယ်စပ်လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဝမ်ဂါမြို့နယ်ခွဲ ဘန်ဒေါင်းစက်အနီးတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတရားဝင်မှတ်ပုံတင် စာရွက်စာတမ်းများ မပါရှိကြောင်းသိရသည်။
လုံခြုံရေးအဖွဲ့စစ်ဆေးမှုများအရ မြန်မာ ၂၂ ဦးသည် စစ်ဆေးရေးဂိတ်များကိုရှောင်ရှားရန်အတွက် မြန်မာနိုင်ငံဘုရားသုံးဆူမှ မော်တော်ဆိုင်ကယ်များဖြင့် တောလမ်းကြောင်းများအတိုင်း ခရီးနှင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်လက် သယ်ယူပို့ဆောင်ပေးမည့်လှေကို စောင့်ဆိုင်းနေကြောင်း၊ ကန်ချနာဘူရီနှင့် စမွတ်ဆာခွန်တို့တွင် အလုပ်လုပ်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း၊ ပွဲစားများရောက်ရှိချိန်တွင် ဘတ်ငွေ ၁၅ဝဝဝ မှ ၂ဝဝဝဝ အထိပေးရန် သဘောတူထားကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၂၂ ဦးကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စန်းခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး တရားမဝင် ဝင်ရောက်မှုကို ကူညီဆောင်ရွက်ပေးသူများကို ဖော်ထုတ်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဗန်ကောက်ပို့စ်

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကာတာ၏ ဘိုးအင်း ၇၄၇-၈ လက်ဆောင်ကို လက်ခံရယူရန် ဒေါ်နယ်ထရန့်စီစဉ်ထား
ကာတာစော်ဘွား မိသားစုကလက်ဆောင်အဖြစ် ပေးအပ်မည့် ဘိုး အင်း-၇၄၇-၈ အမျိုးအစား လေယာဉ်သစ်တစ်စင်းကိုလက်ခံရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားကြောင်း မေ ၁၁ ရက် သတင်းများတွင်ရေးသားတင်ပြထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင် အဆိုပါ ဘိုးအင်းလေ ယာဉ်ကို အမေရိကန်သမ္မတများအသုံးပြုသည့် အဲဖို့စ်ဝမ်းသမ္မတစီး လေယာဉ်အဖြစ် ပြောင်းလဲအသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။
ယင်းလေယာဉ်ကို အဲဖို့စ်ဝမ်းလေယာဉ်အဖြစ် အသုံးပြုပြီးပါက သမ္မတ ဒေါ်နယ်ထရန့်ရာထူးမှ အနားယူပြီးနောက်ပိုင်းတွင် ၎င်း၏ သမ္မတစာကြည့်တိုက်အတွက် လှူဒါန်းရန်စီစဉ်ထားကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
ကာတာစော်ဘွားမိသားစု၏ လက်ဆောင်ဘိုးအင်းလေယာဉ်သည် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိရာ အမေရိကန်အစိုးရ လက်ခံရရှိခဲ့ဖူးသမျှ လက်ဆောင်များအနက် အဖိုးအထိုက်တန်ဆုံး လက်ဆောင်များထဲတွင် တစ်ခုအပါအဝင် ဖြစ်လာလိမ့်မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ယခုသီတင်းပတ်အတွင်း ကာတာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ကာတာဘုရင့်မိသားစုကလက်ဆောင်ပေးမည့် ဘိုးအင်း-၇၄၇-၈ လေယာဉ်ကို ကာတာနိုင်ငံ၌ သမ္မတဒေါ်နယ်ထရန့် ရောက်ရှိနေချိန်တွင် လွှဲပြောင်းပေးအပ်ခြင်း၊ လက်ခံရယူခြင်းများ ပြုလုပ်ဦးမည်မဟုတ်ကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များက ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူးကို ပထမ အကြိမ်ရယူထားစဉ်ကာလအတွင်း အဲဖို့စ်ဝမ်းလေယာဉ်များအဖြစ် အသုံးပြုမည့်ဘိုးအင်း-၇၄၇-၈ လေယာဉ်သစ်နှစ်စင်း လွှဲပြောင်းပေးအပ်မှုလုပ်ငန်း နှောင့်နှေးကြန့်ကြာမှုအတွက် စိတ်ပျက်ကြောင်း ပြသခဲ့ဖူးသူဖြစ်သည်။
ရိုက်တာ

image
38 ပတ် - ဘာသာပြန်ပါ။

( ပါချုပ်ဆရာတော်ကြီးသြဝါဒ )
လောကကြီးမှာအကောင်းဆုံးဖြစ်စေတာလည်းပဲကိုယ်နဲ့သာသက်ဆိုင်တယ်။
အညံ့ဆုံးဖြစ်သွားတလည်းပဲကိုယ်နဲ့သာသက်ဆိုင်တယ်။
လောကကြီးကိုလက်မြှောက်ပြီးတော့အရှုံးပေးရမှာမဟုတ်ဘူး။မြတ်စွာဘုရားကဆုံးမထားတယ်။
သူများကိုနိုင်တာမကောင်းဘူး၊ကိုယ့်ကိုယ်ကိုနိုင်တာကောင်းတယ်။
သူများကိုအနိုင်မယူချင်ပါနဲ့။သူများနိုင်တာဟာအနိုင်ကျင့်ရာရောက်တယ်။
သူများအနိုင်ယူချင်တဲ့သူတွေဟာခဏတော့ကောင်းနိုင်တယ်။
နောက်ကျတော့ဒုက္ခရောက်သွားတာပဲနော်။
ဘယ်အရာမှမမြဲဘူးလို့နှလုံးသွင်းထားရင်ဝမ်းသာစရာလည်းမရှိသလို၊ဝမ်းနည်းစရာလည်းမရှိဘူး။
သိမ်းပိုက်ဆုပ်ကိုင်သူတွေကြားထဲမှာစွန်လွတ်နိုင်သူ၊မျှဝေနိုင်သူဖြစ်ပါစေ။
မှားမိုက်ဆိုးတေနေသူကြားထဲမှာထိမ်းချုပ်စောင့်စည်းနိုင်သူဖြစ်ပါစေ။
ပေါ့ပျက်ပူမြိုတ်သူတွေကြားထဲမှာရင်ကျက်အေးချမ်းနိုင်သူဖြစ်ပါစေ။
စွဲငြိနှေင့်ဖွဲ့သူတွေကြားထဲမှာလွတ်လပ်ဆုံးသူဖြစ်ကြပါစေ။

image

မဂ်လာ ရိုသောနံနက်ခင်းလေးပါသူငယ်ချင်းတို့ရေ

38 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာရှိသောနံနက်ခင်းလေးပါ
💐🙏🙏🙏🙏🙏💐
အားလုံးသောဝေနေယျသတ္တဝါအပေါင်း
ဘေးအပေါင်း ရန်အပေါင်းမှကင်းဝေး၍
မိမိတို့ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ
ပြည့်ဝနိုင်ကြပါစေ🙏🙏

image
38 ပတ် - ဘာသာပြန်ပါ။

"ပူတင်က တူရကီဆွေးနွေးပွဲမှာ ယူကရိန်းရဲ့ အညံ့ခံမှုကို တောင်းဆိုမည် "

The Timesသတင်းစာက​​မေလ၁၅ရက်တူရကီနိုင်ငံတွင်ရုရှားသမ္မတပူတင်နှင့်ဇလင်စကီးတို၏​တွေ့ဆုံ​ဆွေး​နွေးပွဲ၌​ရုရှားသည်အောက်ပါအချက်များကို​တောင်းဆိုလိမ့်မည်ဟု​ရေးသားထားသည်။
- ယူကရိန်းအစိုးရ အပြောင်းအလဲလုပ်ရန်
- နေတိုးအဖွဲဝင် မဖြစ်ရေး ကတိပြုချက်
- ခရိုင်းမီးယား၊ ခေရ်ဆွန်၊ ဇာပိုရိုဇီးယေးနှင့် အရှေ့ပိုင်းဒေသ ၂ခု အပါအဝင် နယ်မြေများ လွှပေးရန်
သတင်းစာက ဖော်ပြချက်အရ ရုရှားက ဤအချက်များကို တင်းတင်းကျပ်ကျပ် တောင်းဆိုနေပါသည်။
ယူကရိန်းဘက်မှ ဤအချက်များကို လက်ခံနိုင်ဖွယ်မရှိဟု ခန့်မှန်းရသည်။
- ဆွေးနွေးပွဲရလဒ်သည် စစ်ရေးအခြေအနေပေါ် တိုက်ရိုက်မူတည်နေသည်။

NOM

38 ပတ် - ဘာသာပြန်ပါ။

မေလ၁၂ရက်နိုင်ငံတကာသတင်းတိုများ

၁။အာဖဂန်နစ္စတန်တာလီဘန်အစိုးရသည်တနင်္ဂ​တွေ​နေ့ကတစ်နိုင်ငံလုံးစစ်နုရင်(Chess)ကစားနည်းကိုအစ္စလမ်ရှရီလာဥပ​ဒေနှင့်ညီညွတ်မှုမရှိဟုအ​ကြောင်းပြကာပိတ်ပင်လိုက်သည်။

၂။ပါကစ္စတန်သည်စ​နေ​နေ့ကအိန္ဒိယနိုင်ငံနယူး​ဒေလီမြို​တော်အပါအဝင်မြိုကြီးများ​ပေါ်တွင်ဒရုန်းများပျံဝဲထားပြီးအိန္ဒိယစစ်စခန်း၂၆ခုကိုစ​နေ​နေ့ကတိုက်ခိုက်ခဲ့​ကြောင်းတနင်္ဂ​နွေ​နေ့ညက​ကြေညာသည်။

၃။အစ္စ​ရေးသည်နိုင်ငံလုံခြုံ​ရေးအတွက်အ​မေရိကန်၏အကူအညီရယူ​နေခြင်းကို​နောက်ဆုတ်ရမည်ဖြစ်​ကြောင်းအစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုက​ပြောသည်။


၄။ပါကစ္စတန်ကိုတိုက်ခိုက်​နေသည့်ဘလူချစ်စတန်လွတ်​မြောက်​ရေးအဖွဲ​ခေါင်း​ဆောင်​ဒေါက်တာအလာနီဇာကပါကစ္စတန်ထံမှသိမ်းဆည်းရရှိထား​သော​မောင်းပြန်ရိုင်ဖယ်အလက်၉၃၀၀၀နှင့်တစ်လက်စီအတွက်ကျည်ဆံ၁၀​တောင့်နှုန်းသာ​ပေးပါကပါကစ္စတန်ကိုအဆုံးသတ်​ပေးမည်ဟုအိန္ဒိယကို​တောင်းဆိုလိုက်သည်။
၅။ဗြိတိသျှလျိုဝှက်​ထောက်လှမ်း​ရေးအဖွဲMI 6 လက်ရှိအကြီးအကဲရစ်ချတ်မိုးသည်လာမည့်​​ဆောင်းဦးရာသီတွင်ရာထူးမှထွက်မည်ဖြစ်ကာအကြီးအကဲအသစ်​ရွေးချယ်ရန်လျာထားသူသုံးစလုံးသည်အမျိုးသမီးများဖြစ်​နေသဖြင့် MI 6 ကိုအမျိုးသမီးအကြီးအကဲကဦး​ဆောင်​တော့မည်ဖြစ်သည်။

NOM

38 ပတ် - ဘာသာပြန်ပါ။

炎热的夏天就喜欢在河塘里游泳

image
38 ပတ် - ဘာသာပြန်ပါ။

炎热的夏天就喜欢在河塘里游泳

image
38 ပတ် - ဘာသာပြန်ပါ။

炎热的夏天就喜欢在河塘里游泳

image