ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Godzilla နဲ့ Kong တို့ ပြန်လာပါပြီ
MonsterVerse ရဲ့ နောက်ထွက်မယ့် ရုပ်ရှင် Godzilla x Kong: Supernova အတွက် ပထမဆုံး နမူနာဗီဒီယိုလေး ထွက်လာပါပြီ။ ဒီဗီဒီယိုထဲမှာတော့ အရေးပေါ်အခြေအနေတစ်ခုကို ဖော်ပြထားပြီး၊ ရုပ်ရှင်က အခုမှ Production စတင်နေပြီဆိုတဲ့အကြောင်းကို ကြေညာထားပါတယ်။
ဒါတင်မကသေးဘူး။ ဒီရုပ်ရှင်ရဲ့ Title ကိုလည်း ခမ်းခမ်းနားနား တစ်ခုပေးထားပြီး Godzilla ရဲ့ အငွေ့အသက်တွေကိုခံစားလို့ရအောင်လုပ်ပေးထားပါတယ်။
ရုပ်ရှင်အကြောင်း အသေးစိတ်ကတော့ သိပ်မသိရသေးပါဘူး။ ဒါပေမယ့် Godzilla x Kong: The New Empire ရဲ့ အဆုံးမှာ ဒီကိုင်ဂျူး နှစ်ကောင်က ပူးပေါင်းပြီး ရန်သူကို ရင်ဆိုင်ခဲ့ရတာဆိုတော့၊ ဒီတစ်ခါလည်း နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုကို ရင်ဆိုင်ဖို့ အတူပူးပေါင်းလုပ်ဆောင်ရဖွယ်ရှိမယ်လို့ထင်မိပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ကတော့ Dan Stevens၊ Sam Neill၊ Jack O'Connell၊ Matthew Modine၊ Alycia Debnam-Carey နဲ့ Delroy Lindo တို့လည်း ပါဝင်ထားပါတယ်။
Adam Wingard က ဒီရုပ်ရှင်နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ IGN နဲ့ အင်တာဗျူးမှာ ပြောဖူးပါတယ်။ “ကျွန်တော့်မှာ ဒီရုပ်ရှင်တွေ ဘယ်လိုဆက်သွားမလဲဆိုတဲ့ အိုင်ဒီယာတွေ ရှိပါတယ်။ ရှေ့ဇာတ်ကားမှာတုန်းက Kong ကို ကောင်းကောင်းပုံဖော်ထားပြီး နောက်ထွက်မယ့်ရုပ်ရှင်ကတော့ Godzilla ရဲ့ ဇာတ်လမ်းကို ပိုပြီးမြင်ရမယ်လို့ ပြောပြခဲ့ပါတယ်။
Godzilla x Kong: Supernova ဟာ 2027 ခုနှစ် မတ်လ 26 ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး၊ လက်ရှိကတော့ Production ကာလမှာ ဖြစ်နေပြီလို့ သိရပါတယ်။
#ပြည်တွင်းသတင်း
◼ထိုင်း၌ မိုးသည်းထန်စွာရွာသွန်းနေချိန် မြန်မာနိုင်ငံသားနှစ်ဦးဆိုင်ကယ်မှောက်သေဆုံးဟုဆို
ထိုင်းနိုင်ငံ၌ယမန်နေ့(မေ ၁၀ ရက်) က နွန်တဘူရီခရိုင်၌ မိုးသည်းထန်စွာရွာသွန်းနေချိန် မြန်မာနိုင်ငံ သားနှစ်ဦး ဆိုင်ကယ်မှောက်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။
နွန်တဘူရီခရိုင်ရဲတပ်ဖွဲ့ဝင်များက သေဆုံးနေသည့ေမြန်မာနိုင်ငံသားနှစ်ဦးကိုတွေ့ရှိစဉ် အနီးနားတွင် ဟွန်ဒါဆိုင်ကယ်တစ်စီးကိုသာတွေ့ရှိခဲ့ပြီး အခြားယာဉ်များကိုမတွေ့ရှိခဲ့ကြောင်း၊ သို့သော် မျက်မြင် သက်သေတစ်ဦး၏ ကားဒက်ရှ်ဘုတ်ကင်မရာမှတ်တမ်းအားစစ်ဆေးရာ ၎င်းတို့နှစ်ဦးဆိုင်ကယ်သည် လမ်းချော်၍လဲကျချိန်တွင်ဆန့်ကျင်ဘက်လမ်းမှလာသည့်ထရပ်ကားက ရပ်တန့်ခြင်းမရှိဘဲတိုက်မိခဲ့ ကြောင်း ထိုင်းသတင်းဌာနများတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းကြောင့် ရဲတပ်ဖွဲ့ကအနီးပတ်ဝန်းကျင်မှ CCTV မှတ်တမ်းများကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ထရပ်ကားကားမောင်းသူကို စစ်ဆေးမေးမြန်းရန်ရှာဖွေလျက်ရှိကြောင်းသိရသည်။
ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံအရှေ့မြောက်ဘက် နခွန်ရချာစီမားခရိုင်၊ သပ်လန်းအမျိုးသားဥယျာဉ်တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ အသက်(၁၈) နှစ်အရွယ်မြန်မာ အလုပ်သမားတစ်ဦး ရေထဲမျောပါသေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတစ်ခုကရေးသားထားသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - khaosod english
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရေးကြိုးပမ်းမှု ယာယီသမ္မတ ဟန်ဒက်ခ်ဆိုး ရပ်ဆိုင်း
တောင်ကိုရီးယားဝန်ကြီးချုပ်ဟောင်းနှင့် ယာယီသမ္မတဟောင်း ဟန်ဒက်ခ်ဆိုးသည် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရေး ကြိုးပမ်းမှုများကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မေ ၁၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
မေ ၁၁ ရက်တွင် ကျင်းပခဲ့သော ကွန်ဆာဗေးတစ်ပြည်သူ့အာဏာပါတီ ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲ၌ အရေးနိမ့်ခဲ့ရပြီးနောက် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ကြိုးပမ်းမှုများကိုဟန်ဒက်ခ်ဆိုးက အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ပွဲတွင် ပြည်သူ့အာဏာပါတီသည် ဟန်ဒက်ခ်ဆိုး၏ ပြိုင်ဘက်ကင်မ်မွန်ဆိုးကို ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့သည်။
တောင်ကိုရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သမ္မတဟောင်းယွန်းဆွတ်ယိုးကို စစ်အုပ်ချုပ်ရေးဥပဒေကြေညာမှုဖြင့် ရာထူးမှဖယ်ရှားခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသည် သမ္မတ ရွေးကောက်ပွဲသစ်ကိုယခုနှစ် ဇွန် ၃ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။
ဇွန် ၃ ရက် သမ္မတရွေးကောက်ပွဲတွင် ပြည် သူ့အာဏာပါတီ သမ္မတလောင်း ကင်မ်မွန်ဆိုးသည် အတိုက်အခံလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်း လီဂျေးမြောင်နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လူထုသဘောထားစစ်တမ်းကောက်ခံချက် ရလဒ်များအရဇွန် ၃ ရက် သမ္မတရွေးကောက်ပွဲတွင်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း လီဂျေးမြောင်အနိုင်ရရန် အလားအလာ များနေကြောင်းသိရသည်။
ရိုက်တာ
အရေအတွက်ထက် အရည်သွေးကို ပိုဦးစားပေးတော့မယ့် Marvel
မေလ ၁၁ ၊ ၂ဝ၂၅
Disney ရဲ့ CEO Bob Iger က Marvel ရဲ့ ရုပ်ရှင်ထုတ်လုပ်မှု ဗျူဟာသစ်နဲ့ ပတ်သက်ပြီး Variety မှာ ပြောကြားခဲ့ပါတယ်။ Marvel ရုပ်ရှင်တွေ ထုတ်လုပ်မှုနှုန်းကို လျှော့ချပြီး အရည်အသွေးကို အဓိကထားသွားမယ်လို့ သူက အတည်ပြုပါတယ်။
Iger က "ကျွန်တော်တို့ အရည်အသွေးကို ပိုအာရုံစိုက်ဖို့ လိုပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။ Marvel ရုပ်ရှင်နဲ့ စီးရီးတွေ အများအပြား ထွက်ရှိလာတာကြောင့် ပရိသတ်တွေ နောက်ကျကျန်နေပြီး စိတ်ဝင်စားမှု လျော့ကျလာတယ်လို့ သူက ထောက်ပြပါတယ်။
ဒီဗျူဟာသစ်အရ Thunderbolts လို ရုပ်ရှင်တွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်ပေးမယ့်အစား လက်ရှိ Marvel ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေကို ဆက်လက်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
Iger က ဒီနည်းဗျူဟာဟာ Marvel ရဲ့ ရေရှည်အောင်မြင်မှုအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။