ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အလွယ်တကူ နန်းကြီးသုပ်လုပ်နည်း
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
-နန်းကြီးဖက်
-ကြက်သား
- ငါးငံပြာရည်
-ကြက်သားမှုန့်၊
-ဆနွင်း၊
-ငရုတ်သီးအရောင်တင်မှုန့်
-ကြက်သွန်ဖြူ
-ကြက်သွန်နီ၊
-ဂျင်း
-ဆီ
-သစ်ဂျပိုးခေါက်
-ကရဝေးရွက်
-ရေ အနည်းငယ်
-ပဲမှုန့် (အကျက်မှုန့်)
-ပြုတ်ထားသော ကြက်ဥခြမ်း
-နံနံပင်
-သံပုရာသီး
ကြက်သား ကို အတုံးသေးသေးလေးတွေတုံးပြီး “မြန်မာ့အကြိုက်” ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ဆနွင်း၊ ငရုတ်သီးအရောင်တင်မှုန့် တို့ဖြင့်
အရသာဝင်အောင်နယ်ထားပါ။
ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်းတို့ကိုကြိတ်ထားပါ။
ဒယ်အိုးထဲတွင်ဆီပူအောင်တည်ပါ။
ဆီပူလာလျှင် ကြိတ်ထားသော (ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း)၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက် တို့ကို မီးအေးအေးဖြင့် မွှေးလာသည်အထိ ဆီသပ်ပါ ။
ဆီသပ်ထား တဲ့အနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်၍ ဆီသပ်ပါ။
ထိုနောက်ကြက်သား နှင့် ရေ အနည်းငယ် ထည့်ပြီး ၂မိနစ်ခန့် တည်ထားပေးပြီး မီးပိတ်လိုက်ပါ။
ကြက်သားဆီသပ်တာ ရရင်တော့ နန်းကြီးသုပ် စတင်သုပ်လို့ရပါပြီ 🤤
ပန်းကန်းတစ်ခုထဲ နန်းကြီးခေါက်ဆွဲ (လက်တဆုတ်စာ)၊
ပဲမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်း)၊
မြန်မာ့အကြိုက် ငါးငံပြာရည် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း)၊
ဆီသပ်ထားသောကြက်သား၊
ငရုတ်သီးအရောင်တင်မှုန့် တို့ကို ထည့်ပြီး သမအောင် ရောမွှေပေးပါ။
အရသာရှိသော နန်းကြီးသုပ်ကို အအီပြေစေရန် ကြက်ဥပြုတ်၊ နံနံပင်၊ အကွင်းလိုက်လှီးထားသော ကြက်သွန်နီ၊ သံပုရာသီးအစိပ် တို့ဖြင့်တွဲဖက် စားသုံးနိုင်ပါသည်။
အပေါ့အငံ အတွက်လည်း မြန်မာ့အကြိုက် ငါးငံပြာရည် နှင့် ဟင်းရည်တို့ နှင့် တွဲဖက်စားသုံးနိုင်ပါသေးတယ် ❤️
ရာသီဥတု ကူးပြောင်းခါစ ရာသီတုပ်ကွေးဒဏ်တွေ ကြံကြံခံ ဖို့ မနက်စာ မှန်မှန်စားဖို့ မမေ့ပါနဲ့နော်🥰
ဆိုင်တွေမှာရောင်းတယ့် ဆီချက်ခေါက်ဆွဲလိုမွှေးမွှေးလေးနဲ့စားကောင်းစေဖို့ နည်းလမ်းအမျိုးမျိုးကို လွန်ခဲ့တဲ့ ၅နှစ်က father 👴 ကြီးကိုမေးကြည့်ခဲ့တုန်းကတော့
ဆိုင်တွေမှာက ဘဲဆီတို့ဝက်ဆီတို့နဲ့လုပ်ကျတယ် ။အိမ်မှာအဲ့ဆီတွေမရှိရင်ဒါမှမဟုတ် မစားချင်ရင်တော့ ကြက်သွန်အဖြူကိုအခွံပါတူးအောင်ထည့်ကြော်ပြီး စကာနဲ့စစ်ဖယ်ပြီး ခေါက်ဆွဲကိုအဲ့ဆီနဲ့နယ် စျေးကအဖြူကြော်ကိုသတ်သတ်ဝယ်ပြီးဖြူးတာတဲ့ အရင်က ကျွန်တော်ကိုချက်ကြီး ဆီချက်ခေါက်ဆွဲ ရောင်းခဲ့တုန်းက နေ့ရက်လေးတွေပြန်သတိရလို့ အမျိုးတို့ကို ကျွန်တော်တို့သိတဲ့နည်းလေးမျှဝေလိုက်ရပါတယ်ခင်ဗျာ။🙏🙏🙏
ဆီချက်ခေါက်ဆွဲကို သမီးလေးကြိုက်လို့ ခနခနလဲလုပ်စားဖြစ်တယ်၊ လွယ်လွယ်လေးဖြစ်လို့ အမျိုးတို့လဲအိမ်မှာအခုပဲ လုပ်စားလိုက်တော့နော်😋🍜🍝
👉ဆီချက်ခေါက်ဆွဲ(ကြက်/ဝက်၊ဘဲ၊အမဲသားလွှာ)🍜
Garlic Oil Noddle🍝
၁။👉အသားပြုတ်မယ်(⭐️ဝက်နံရိုး၊ကြက်ပေါင်း၊ဘဲပေါင်း၊အမဲသားလွှာ၊ဝက်သားကင်၊ကြက်သားကင်တို့နှင့်လဲတွဲ၍တည်ခင်းနိုင်သည်)
🍖🍗အသားတွေအရင်ဆုံးရေဆေး ရေစစ်ပြီး ၊ (⭐️ဆား၊သကြား၊အရသာမှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတစ်ပြား၊ကြက်သွန်ပင်အရင်း၊ဟင်းချက်ဝိုင်၊ငရုတ်ကောင်းမဲ၊ပဲငံပြာရည်အကြဲရည်၊အနောက်ရည်နဲ့ခရုဆီ ကြိုက်ရင်ထည့်ပါ၊နှမ်းဆီမွှေးအနည်းငယ်)တို့နှင့်အရသာနယ်ပြီး Pan-Grilled (⭐️ဆီမပါ(သို့)ဆီအနဲငယ် နှင့် အသားတုံးကိုအိုးနဲ့ကပ်ပြီးကင်) ခနလုပ်ပြီး ရေကိုအသားမမြုတ်တမြုတ်ထည့်ကာ အဖုံးအုပ် မီးအနေတော်နဲ့ပြုတ်ပါ)
၂။👉ဆီချက်ဆီ 🍺
⭐️အသားတည်ထားတုန်း 🧄ကြက်သွန်အဖြူဥသေးလေးတွေကိုအခွံပါထောင်းထားပါ ကျေအောင်မထောင်းရ ဆီနဲ့တူးအောင်ကြော်ပြီး ဆီပဲသတ်သတ်စစ်ပြီးယူထားပါ။(ဘဲဆီ၊ဝက်ဆီစားရင်သုံးနိုင်သည်)
၃။👉 ဆီချက်ခေါက်ဆွဲ/ဂျုံခေါက်ဆွဲပြားသေး
ဆီချက်ခေါက်ဆွဲလုပ်တဲ့ခေါက်ဆွဲကို ရန်ကုန်မှာဆို သံစျေးကခေါက်ဆွဲဆိုင်တွေမှာ ဆိုင်စျေးနဲ့ ရနိုင်ပါတယ် ။စျေးတွေမှာရှိတဲ့ခေါက်ဆွဲဆိုင်တိုင်းမှာလဲ ရနိုင်ပါတယ်။ ကျွန်တော်က အစီအစဉ်မရှိပဲလုပ်စားဖြစ်တော့အိမ်မှာရှိတဲ့ ရွှေမျှားခေါက်ဆွဲကို ပြုတ်ပြီး ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်ခဲ့တယ်။(⭐️ရေကိုဆီနဲ့ဆားနဲ့ထည့်ပြီးပွက်ပွက်ဆူမှ ခေါက်ဆွဲထည့်ပြုတ်မယ်၊ခေါက်ဆွဲကိုအရမ်းမပျော့ခင်ဆယ်ယူပြီးရေအေးနဲ့ဆေးဆီနဲ့ဖွနယ်ထားပါ၊စားခါနီးမှရေနွေးနဲ့ချက်ခြင်းဖျောပြီးပန်းကန်ထဲအရသာထည့်မွှေပါ)
၄။👉ဆီချက်ခေါက်ဆွဲအချဉ် ကြက်သွန်နီ/ဂေါ်ဖီ အချဉ်🧅
အချဉ်အတွက် ကြက်သွန်နီ/ဂေါ်ဖီ ပါးပါးလှီးထားမယ်၊ (⭐️ငရုတ်သီးစိမ်းအတောင့်လိုက်ကို ရှာလကာရည်၊ရေ၊သကြား၊ဆားတို့နဲ့ အချိန်ရရင် အချဉ်စိမ်ထားပါ) ငရုတ်သီးစိမ်းချဉ်တွေလှီးထားပါ၊ Chilli Sauce တစ်မျိုးမျိုးကို ကြက်သွန်စိမ်း ၊ ငရုတ်သီးချဉ်တို့နဲ့ အချဉ်လုပ်ထားပါ။ကြက်သွန်မြိတ်ပါးပါးလှီးထားပါ(⭐️အဖြူမြိတ်၊အနီမြိတ်နှစ်မျိုးလုံးသုံးနိုင်သည်)
၅။👉ပဲငံပြာရည်ကြို
ပဲငံပြာအကြဲရည်(ခေါင်းစိမ်း)၊ခရုဆီကို ပဲငံပြာရည်ရဲ့သုံးပုံတစ်ပုံပဲထည့်၊အရသာချိုမှုန့်၊အနံ့နဲတယ့်ထန်းလျက်နဲနဲလောက်ထည့်ကြိုပြီး အအေးခံထားမယ်။
၆။👉ဟင်းရည် 🫕
ဟင်းရည်ကို အထူးတလည်လုပ်မယ်ဆိုရင်လဲအရိုးသတ်သတ်ပြုတ် အသားပြုတ်ထားတာရရင် အဲ့အရည်ကိုစစ်ယူပြီး ပြန်ရော အရာသာမှုန့်လိုသလိုထပ်ထည့်ပြီး ဟင်းရည်ထဲ ပဲပင်ပေါက်လေးထည့်ခတ်၊ ကြက်သွန်ဖြူကြော်၊ကြက်သွန်မြိတ်၊ငရုတ်ကောင်းလေးဖြူး လိုက်ရင် ဆိုင်တွေကလို ပဲပင်ပေါက်ဟင်းရည်လေးရပါပြီ။
၇။👉 ဆီချက်ခေါက်ဆွဲပြင်မယ်
🍗🍖အသားနူးရင် အသားတွေပါးပါးလှီး(သို့)နုတ်နုတ်စဉ်းထားပါ။ ပန်းကန်လုံးထဲ ထမင်းစားဇွန်းနဲ့ ဆီချက်ဆီတစ်ဇွန်း၊ပဲငံပြာရည်ကြိုတစ်ဇွန်း(သို့)တစ်ဇွန်းခွဲထည့်၊ခေါက်ဆွဲတစ်ယောက်စာ၊ငရုတ်ကောင်းနဲနဲဖြူးပြီးမွှေပါ၊ပြီးရင်အပေါ်မှအသားလွှာ(သို့)အသားစဉ်းထားတာတင် ကြက်သွန်မြိတ်၊အဖြူကြော်နဲ့ငရုတ်ကောင်းလေးဖြူးလိုက်ရင် အရသာရှိတဲ့ 👧🧒🏻🧑🏼🦱👦🏽ကလေးတွေလဲကြိုက်တဲ့ ဆီချက်ခေါက်ဆွဲနဲ့ပဲပင်ပေါက်ဟင်းရည်ပူပူလေး ရပါပြီခင်ဗျာ🤤😋🙏
နို့စိမ်းခေါက်ဆွဲချက်နည်း.....
ပါဝင်ပစ္စည်း များ
ကြက်သား ၃၀ သား
ကြက်ရိုး အနည်းငယ်
နို့စိမ်း တစ်ဗူး
ကြက်သွန်ဖြူ..ကြက်သွန်နီ. ဂျင်း
မွှေးပဲစိမ်းမှူန့် တစ်ထုပ်
ခေါက်ဆွဲ ၅၀သါး
အချိုမှုန့် .ဆား. သကြား
ခနော ကြက်သားမှုန့်
အရင်ဆုံး ကြက်သား ကို အတုံးသေးသေးလေးတွေ
တုံးထားပီး အချိုအငံ နယ်ပီး နှပ်ထားပေးပါ
နှပ်ထား ပီး ၁၀မိနစ်လောက်ကြာမှ ဆီသပ်ပါ့မယ်နော်
ဆီဆူလာတာနဲ့ ကြက်သွန်နီ. ကြက်သွန်ဖြူ ဂျင်း
ထောင်းထား တာကို အရင် မွှေးလာအောင်
ဆီသတ်ပါ မွှေးလာပီဆိုမှ ကြက်သား ထည့်အရောင်တင်မှုန့် ထည့်ပီး ချက်ပေးပါ
ကြက်သားက အနေတော် ကျက်ပီ ဆိုတာနဲ့ ချလို့ပါပီ.
ဒါဆို ဟင်းရည် စချက်မယ်နော်....
ကြက်ရိုး ကို အချိုအငံ ထည့်ပီး ပြုတ်ထားပေးပါ
ကြက်ရိုး ပြုတ် ရပီ ဆိုတာ နဲ့ ရေဖျော်ထားတဲ့
ပဲစိမ်းမှုန့် ထည့်ပီး မွှေ ပေးရပါ့မယ်
ပဲစိမ်းမှုန့် က အစိမ်းအနံ့ ပျောက်ပီ ဆိုမှ
နို့စိမ်း ဖောက်ထည့်ပါ
ကြက်သွန်ဥ သေးသေးလေးတွေ ရှိရင် ထည့်လို့ရပါတယ်. သကြား. ဆား. ငံပြာရည်...ကြက်သား မှုန့်တို့ကို
လိူသလောက် ထည့် ပါ...
ပီးမှ စောစောက ဆီသတ်ထားတဲ့ ကြက်သား ကို
ထည့်ပီး.... မီးအေးအေးနဲ့ ဟင်းရည်ကျတဲ့ အထိ
တည်ထားပေးပါ နော်
ဟင်းရည် ရပီ ဆိုရင်တော့ မိမိတိူ့ ကြိုက်နှစ်သက်ရာ
ပဲကြော် ငဖယ်ကြော် တို့နဲ့ စားလို့ရပါပီ
အားလုံး အဆင်ပြေကြပါစေရှင်
A Yellowstone National park visitor from Florida was gored by a bison — the first such violent encounter of 2025 — just weeks into the busy summer season, according to a park statement released Wednesday.
https://abcnews.go.com/US/wire....Story/florida-man-go
Former Pres. Joe Biden, in a wide-ranging interview on ABC's The View, said he was not surprised by Vice Pres. Kamala Harris' loss in the 2024 presidential election — but not because of her qualifications as a candidate.
Read more: https://abcnews.visitlink.me/bTiwc0