ဘာမှ မဖြတ်သန်းဖူးတဲ့ လူဆီမှာ ဘာမှတ်သားစရာမှ မရှိပါဘူး
.
အ​မေ မွေးတယ် ထမင်းစားတယ် အိမ်ထောင်ကျတယ် အ​ဖေ့ အလုပ်ဆက်လုပ်တယ် အိုသွားတယ် ... ဒါက ဘဝမှ မဟုတ်တာ ... ပြည့်ပြည့်စုံစုံ နဲ့ မိတ်ဆွေ ဘဝကို မုဒိတာ ပွားပေမယ့် ... အခန့်သင့် ရလို့လည်း အားမကျပါနဲ့ဗျာ ... မရလို့လည်း အားမငယ်ပါနဲ့ . . .
.
လောကဓံကို ဖြတ်သန်းရင်း ဆုံးရှုံးမှု၊ ရင်းနှီးပေးဆပ်မှု၊ ရိုင်းပင်းကူညီမှု၊ သစ္စာရှိမှု၊ လူသားစံနှုန်း၊ လူသား တစ်ယောက်ရဲ့ တန်ဖိုး ဒါတွေကသာ သင့်နံမည်ကို နှစ်ပေါင်း ရာထောင်ချီ တည့်တံ ကျန်ခဲ့စေနိုင်ပါတယ် ...
.
ထမင်းစားပြီး ကမ္ဘာမြေပေါ် အလေးစွန့်သွားရုံ လူတစ်ယောက်ကို
ကမ္ဘာပေါ်က ဘယ်သူမှ စာရွက် အကုန်ခံပြီး မှတ်တမ်းမတင်ဘူးဆိုတာ​တော့ ယုံကြည်ကြပါဗျာ ...
.
ဘာစွန့်စားမှု ဘာပေးဆပ်မှုမှ မရှိရင် ဘာသမိုင်းမှ မရှိပါဘူး၊
.
ကြိုးစားနေရတယ်ဆိုပြီး အားမငယ်ပါနဲ့ မသိမ်ငယ်ပါနဲ့ ...
​လောကဓံ လှိုင်းရိုက်ပြီး စာ​မေးပွဲ စစ်တဲ့အခါ ဘယ်သူကသန်မာတယ် ဆိုတာ အ​ဖြေ​ထွက်လာပါလိမ့်မယ် ...
.
ဂျိမ်း ( 20.1.2025 )
Ko James
#crd

image

ဘွဲ့ကြိုတန်း (Bachelor) အတွက် Child's Dream ကပေးအပ်တဲ့ ပညာသင်ဆုအပြည့်ပါ။ ကျောင်းကတော့ ထိုင်းနိုင်ငံမှာ တက်ရမှာပါ။ သူတို့ ရွေးချယ်ထားတဲ့ ကျောင်းတွေမှာပဲ တက်လို့ရပါတယ်။ ပညာသင်ဆုပေးအပ်တဲ့အဖွဲ့အစည်းက IELTS မလိုအပ်ပါဘူး၊ သို့သော် မိမိလျှောက်ချင်တဲ့ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်ရတဲ့သူပဲ ပညာသင်ဆုရရှိမှာဖြစ်ပါတယ်။ တစ်ချို့တက္ကသိုလ်တွေက IELTS မလိုအပ်ပါ တစ်ချို့ကတော့ လိုအပ်ပါတယ်။ ဒါကြောင့်ကိုယ့် English skills ပေါ်မူတည်ပြီး ကျောင်းကို လျှောက်ရမှာပါ။

ပညာင်ဆုရရှိပါက
-Tuition and other fees (e.g. university fees, visa fees, graduation, health insurance etc.)
- Supplies (e.g. uniforms, books, stationary)
- Living cost (e.g. rent, food, computer grant)
- Other / Emergency (case by case basis)

ဘယ်သူတွေလျှောက်လို့ရလဲ
လိုအပ်တဲ့အရည်အချင်းသတ်မှတ်ချက်များ
▪ ၁၀ တန်းအောင်သာမက ၁၂ တန်းအောင်ဖြစ်ရမည် (၁၂ တန်းမပြီးသေးတဲ့သူတွေအတွက် ဆယ်တန်းအောင်ပြီးရင် အခြား diploma သို့မဟုတ် certificate course တွေကို တက်ရောက်ပြီးသူဖြစ်ရမည်- ဥပမာ သူနာပြုသင်တန်း, ကျောင်းဆရာ/မသင်တန်/ နိုင်ငံရေးသင်တန်း စသဖြင့်ပေါ့)
▪ မိမိတက်မဲ့ ဘာသာရပ်နဲ့ကျောင်းပေါ်မူတည်ပြီး ထိုင်းစာ သို့ English ကျွမ်းကျင်ရမည်။
ဘာတွေလိုအပ်လဲ
• ခြောက်လအတွင်းရိုက်ထားတဲ့ Passport photo
• နိုင်ငံသားကဒ်ပြား
• နိုင်ငံကူးလက်မှတ်
• အိမ်ထောင်စုစာရင်း
• ဆယ်တန်းအောင်လက်မှတ် (အမှတ်စာရင်း)
• IELTS, TOEFL ရှိပါက လက်မှတ် Previous academic transcripts
• အခြားတက်ရောက်ဖူးတဲ့ သင်တန်း certificates
• ထောက်ခံစာ နှစ် စောင် (တစ်ခုက အထက်တန်းကျောင်းတုန်းက ဆရာတွေရဲံ ထောက်ခံစာ နောက်တစ်ခုက အလုပ်အကိုင်အတွေ့အကြုံရှိပါက အလုပ်ရှင်ထံ သို့ သင်တန်းတက်ဖူးပါ သင်တန်းက ဆရာ/မ တွေရဲ့‌ထောက်ခံစာ
• အက်ဆေး နှစ် ပုဒ် (တစ်ပုဒ်မှာ Character 3,000 ပဲ)
အက်ဆေး ပထမရေးမဲ့အကြောင်းအရာ
-လက်ရှိ မိမိနေထိိုင်တဲ့နေအိမ်ဓာတ်ပုံမှတ်တမ်း

.
100% Scholarship ဖြစ်တာကြောင့် ကန့်သတ်ချက် တစ်ချို့တော့ရှိပါတယ်။ ကျောင်းနဲ့မေဂျာ ရွေးချယ်ခဲ့တဲ့နေရာမှာ Child's Dream က သတ်မှတ်ထားတဲ့ တက္ကသိုလ်နဲ့ မေဂျာတွေ လျှောက်တဲ့သူတွေအတွက်သာ အကျုံးဝင်မှာပါ။

တက်ရောက်နိုင်တဲ့ တက္ကသိုလ် နဲ့ ဘာသာရပ်များ

Elementary Education - Asia-Pacific International University
Media and Communication - Bangkok University
Innovative Media Production - Bangkok University
Economics - Chiang Mai University
Environmental Science - Chiang Mai University
Social Science - Chiang Mai University
Software Engineering - King Mongkut's Institute of Technology Ladkrabang
Public Health - Mae Fah Luang University
Environmental Health - Mae Fah Luang University
International Relations and Development - Rangsit University
Civil Engineering - Thammasat University
Global Studies and Social Entrepreneurship - Thammasat University
Mechanical Engineering - Thammasat University
Social Policy and Development - Thammasat University

နောက်ဆုံးလျှောက်လွှာတင်မဲ့ရက် 28 February 2025
လျှောက်လွှာဖြည့်မဲ့ Form လင့်
https://docs.google.com/.../1F....AIpQLSePFCA.../formR

#crd
#education

image
25 w - Translate

Point Break (2015)
ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။
သူရောက်ပြီးနောက်ပိုင်းမှာတော့ စိ!တ္တဇဆန်ဆန် လုယ!က်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။
ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။
တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံအပြားမှာ စတန့်ပြကွက်တွေ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။
#movie

image

ကြက်သွန်နီနဲ့ကျန်းမာရေး
အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ ကြက်သွန်နီမှာတွေ့ရတဲ့ ဒီလိုအမဲလေးတွေက အသဲကင်ဆာနဲ့ တခြားကင်ဆာတွေဖြစ်ပွားနိုင်တာကြောင့်
မချက်ပြုတ်မီ ရေပြောင်အောင်ဆေးပြီးချက်ကြဖို့ သတိပေးလိုက်ရပါတယ် ခင်ဗျာ။
#ကျန်းမာရေးဗဟုသုတ

image

မနက်ခင်းလေးမှာနိုးလာခဲ့
အရင်ဆုံးမင်းကိုလွမ်းပါတယ်

image

ဟျောင့်ရေ 🤣

#funny

image
25 w - Translate

Bangladesh, Myanmar ink fourth G-to-G rice contract

The fourth Government-to-government rice contract between Bangladesh and Myanmar was signed in December 2024. The first vessel carrying 22,000 metric tonnes of high-quality Myanmar Aemahta rice (five per cent broken) reached Bangladesh port and discharging began, according to the Myanmar Rice Federation.
Bangladesh and Myanmar have been cooperating in the rice sector since 2017. The first contract was 100,000 metric tonnes in 2017, the second 100,000 metric tonnes contract was implemented in April 2021, the third was 200,000 metric tonnes in the 2022-2023 financial year and this is the fourth contract which is 100,000 metric tonnes and to be completed between January and February 2025.
The rice on the MV Golden Star from Yangon Port arrived at the port’s limits at 10:12 pm on Thursday and was moored at Jetty No 9 of the GCB on Friday (17 January) morning. Seven Seas Shipping Lines, the shipping agent for the MV Golden Star, confirmed the arrival, according to the Business Standard posted in Bangladesh on Monday.
Myanmar side, the export was carried out by 35 export companies led by the Myanmar Rice Federation. Bangladesh side, the purchase and distribution is done by the Directorate of Food. — MRF

image

ဗီနီစီးယက်စ်ကို ပင်နယ်တီကန်သူအဖြစ် အန်ဆယ်လော့တီ သတ်မှတ်

ဇန်နဝါရီ ၂၁

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီအသင်းအတွက် ပင်နယ်တီ ကန်သွင်းသူတွေဖြစ်တဲ့ ဗီနီစီးယက်စ်၊ ဘတ်ပီနဲ့ ဘယ်လင်ဂမ်တို့ ၃ ဦးထဲမှာ ဗီနီစီးယက်စ်ကို ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဗီနီစီးယက်စ်၊ ဘတ်ပီနဲ့ ဘယ်လင်ဂမ်တို့ ၃ ဦးဟာ ရီးရယ်လ်အသင်းရရှိတဲ့ ပင်နယ်တီကို ကန်သွင်းနေကြပေမယ့် အဓိက ကန်သွင်းသူအဖြစ် ဘယ်ကစားသမားကို တာဝန်ပေးမလဲဆိုတဲ့ မေးခွန်းတွေရှိနေတာပါ။

ပြီးခဲ့တဲ့ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ နံပါတ် ၉ အဖြစ် ပင်နယ်တီ ကန်သွင်းတဲ့ တာဝန်ကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပင်နယ်တီကနေ ၄ ဂိုး သွင်းယူထားပေမယ့် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်၊ ဘီလ်ဘာအိုအသင်းနဲ့ လာလီဂါပွဲစဉ်တွေမှာ တစ်ပတ်အတွင်း ပင်နယ်တီ ၂ ကြိမ်လွဲချော်ခဲ့တာပါ။

ဘတ်ပီ လွဲချော်ပြီးနောက် ရီးရယ်လ်အသင်း နောက်ပိုင်းရရှိခဲ့တဲ့ ပင်နယ်တီကို ဘယ်လင်ဂမ် ကန်သွင်းခဲ့ပေမယ့် သူကလည်း ဇန်နဝါရီအစပိုင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ကတော့ ဒီရာသီ ရီးရယ်လ်အသင်းအတွက် သူကန်သွင်းခဲ့တဲ့ ပင်နယ်တီအားလုံးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တာကြောင့် နည်းပြအန်ဆယ်လော့တီရဲ့ ယုံကြည်မှုကို ရရှိခဲ့တာပါ။

အဲဒါကြောင့် နည်းပြ အန်ဆယ်လော့တီက ဗီနီစီးယက်စ်ကို ဦးစားပေး ပင်နယ်တီ ကန်သွင်းသူအဖြစ် သတ်မှတ်ခဲ့ ပြီး သူ့ရဲ့အနောက်မှာ ဘတ်ပီနဲ့ ဘယ်လင်ဂမ်တို့က ကန်သွင်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရီးရယ်လ်အသင်းက လက်စ်ပါးမက်စ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဗီနီစီးယက်စ်ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့လို့ အသင်းရရှိတဲ့ ပင်နယ်တီကို ဘတ်ပီက ကန်သွင်းခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်ခဲ့ပြီး လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal

ပုံ - ဗီနီစီးယက်စ်ကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း န-စ-က သတင်းထုတ်ပြန်

#centralnewsnaypyitaw

image

နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် နယ်စပ်ဂိတ်တွေပြန်ပွင့်လာ

ဇန်နဝါရီ ၂၁

တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်‌ပေးမှုကြောင့်နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားထားပါတယ်။

နစကတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ တို့အကြား သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း ပြောထားပါတယ်။

အဲဒီ အပစ်အခတ် ရပ်‌စဲရေးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ပေကျင်း စံတော်ချိန် ၀၀:၀၀ နာရီက စတင် အသက်ဝင်ကြောင်းလည်း ပြောကြားထားပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်လက်မြှင့်တင်သွားမှာပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ကူညီ ပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောထားပါတယ်။

"အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကိုးကန့် MNDAA ဘက်က တရားဝင် မပြောသေးသလို ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေမှာတော့ ပုံမှန်အတိုင်းပဲ တွေ့ရတယ်၊ နယ်စပ်ဂိတ်တွေတော့ ပွင့်ကုန်ပြီ" လို့ ကိုးကန့် MNDAA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAAတို့ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူထားပေမယ့် တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပိုမို ရှုပ်ထွေး လာမယ့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

"လွယ်လွယ်ကူကူနဲ့ အပစ်အခတ် ရပ်ဖို့ သဘောတူတာ အံ့ဩသွားတယ်။ ဒါပေမယ့် တခြား အဖွဲ့တွေက လက်ခံနိုင်မှာ မဟုတ်ဘူး။ ပိုလည်း ရှုပ်သွားနိုင်တယ်။ အဲဒါကို စိုးရိမ်တယ်" လို့ နယ်စပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တခြား ဘာတွေ ဘယ်လို ညှိနှိုင်း သဘောတူလိုက်သလဲ ဆိုတာ အသေးစိတ် မသိရသေးပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်တာကိုတော့ အရမ်းစိတ်ဝင်စားတယ်လို့ သူက ပြောပါတယ်။

နစက တပ်ဖွဲ့နဲ့ ကိုးကန့် MNDAAတို့ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်ဘက်က သတင်းထုတ်ပြန်လိုက်တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာပဲ ရှမ်း ပြည်နယ် မြောက် ပိုင်းကနယ်စပ်ဂိတ် အတော်များများ ပြန်ဖွင့်သွားပြီဖြစ်ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ချင်းရွှေဟော် - နန့်ဆန်ဂိတ်၊ တရုတ်-မြန်မာ နယ်စပ် ရန်လုံကျိုင်းဂိတ် တွေကို တရုတ် ဘက်က ပြန်လည် ဖွင့်လှစ် ပေးလိုက်ပြီး ပုံမှန် ကုန်စည် ကူးသန်းခွင့် ပြည်လည် စတင် လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ် အစိုးရ အမိန့် ညွှန်ကြားချက်အရ UWSA ထိန်းချုပ် ဒေသ ကနေ MNDAA ထိန်းချုပ် ဒေသဘက် ဇန်နဝါရီ ၂၀ ရက်နေ့ကစ ကုန်စည် ကူးသန်းခွင့် ပြန်ပြုလိုက်ကြောင်း UWSA ဘက်ကအသိပေးစာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ ကျော် ရှည် နယ်နိမိတ် ထိစပ်နေတဲ့ တရုတ်နိုင်ငံဟာ နယ်စပ်တလျှောက် မတည်ငြိမ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု ထိခိုက်မှာကို စိုးရိမ်နေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာလည်း ကြားဝင်စေ့စပ်ပေးခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ပေမယ့် လ အနည်းငယ် အကြာမှာ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image