နာဆာရဲ့ ဟာဘယ်လ် အာကာသ တယ်လီစကုပ်နဲ့ ရိုက်ထားခဲ့တဲ့ နီးနီးကပ်ကပ် မြင်နိုင်တဲ့ အလင်းပုံရိပ်က ရင်းဂ် နက်ဗျူလာ (Ring Nebula) ရဲ့ အသေးစိတ် အချက်အလက်သစ်တွေကို ဖော်ပြပေးထားပါတယ်။

ဒီအရာဝတ္ထုက ကမ္ဘာတည်ရှိတဲ့ဘက်ကို စောင်းပြီး တည်ရှိနေတာကြောင့် နက္ခတ္ထသိပ္ပံပညာရှင်တွေက သူ့ရဲ့ ကွင်းမျက်နှာပြင်ကို လေ့လာနိုင်ပါတယ်။

သူတို့ရဲ့ လေ့လာတွေ့ရှိမှုတွေအရ ဒီနက်ဗျူလာရဲ့ ပုံသဏ္ဌာန်က နက္ခတ္တသိပ္ပံပညာရှင်တွေ အရင်က ယူဆထားတာထက် ပိုပြီး ရှုပ်ထွေးတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။

နက်ဗျူလာရဲ့ အလယ်ဗဟိုမှာရှိတဲ့ အပြာရောင်ဓာတ်ငွေ့တွေက တကယ်တော့ အနီရောင် ဒိုးနပ်ပုံသဏ္ဌာန်ဓါတ်ငွေ့တွေကို ဖောက်ဝင်နေထားတဲ့ ဘောလုံးပုံစံ (football-shaped structure) တစ်ခု ဖြစ်နေပါတယ်။သူရဲ့အလယ်ဗဟိုမှာလည်း Neutron star တစ်လုံးကိုတွေ့နိုင်ပါတယ်။

ဒီပုံကို ၂၀၁၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

image