25 w - Translate

21 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,540
USD Sell - MMK 4,640
EUR Buy - MMK 4,685
EUR Sell - MMK 4,810
SGD Buy - MMK 3,280
SGD Sell - MMK 3,380
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 29.11
JPY Sell - MMK 29.90
MYR Buy - MMK 1,009
MYR Sell - MMK 1,037
CNY Buy - MMK 620
CNY Sell - MMK 637

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,190,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,580,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ဖို့အပါအဝင် အမိန့်များစွာကို ဒေါ်နယ်ထရန့် လက်မှတ်ထိုး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတဖြစ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဒေါ်နယ်ထရန့်ဟာ အမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်မယ့်လုပ်ငန်းစဉ် စတင်ဖို့ အမိန့်ရပ်ကိုလည်း လက်မှတ်ထိုးလိုက်ပါတယ်။

ဒီကိစ္စကလည်း ကိစ္စကြီးတခုပဲလို့ အိမ်ဖြူတော်ကို တကျော့ပြန်ရောက်လာတဲ့ ထရန့်ကပြောပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ဒုတိယအကြိမ်မြောက် နုတ်ထွက်ဖို့ကြိုးပမ်းမှုလည်း ဖြစ်ပြီး သူ့ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ကိုဗစ်ကပ်ရောဂါအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုင်တွယ်မှုကြောင့် နုတ်ထွက်ဖို့ စီစဉ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဂျိုးဘိုင်ဒင်တက်လာပြီးနောက် ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပါတယ်။ ဒါအပြင် ပါရီရာသီဥတုပြောင်းလဲဆိုင်ရာ သဘောတူညီချက်ကနေလည်း နုတ်ထွက်မယ်လို့ ထရန့်က ကတိပြုလိုက်ပြန်ပါတယ်။ ထရန့်လက်ထက် ၂၀၁၇ ခုနှစ်ကလည်း အလားတူလုပ်ဆောင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒင်လက်ထက်မှာ ပြောင်းပြန်ဆုံးဖြတ်ခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာစည်းမျဉ်းတွေကို ပြောင်းပြန်လှန်ကာ ရေနဲ့နဲ့ သဘာ၀ဓါတ်ငွေ့ တိုးထုတ်မယ့် အမျိုးသားစွမ်းအင် အရေးပေါ်အခြေအနေကိုလည်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

ဒါအပြင် ဒေါ်နယ်ထရန့်ဟာ တစ်တော့ကို ရောင်းချဖို့နဲ့ ဒါမှမဟုတ်ရင် အမေရိကန်မှာ တားမြစ်ပိတ်ပင်မယ့် ဥပေဒနဲ့ပတ်သက်ပြီး ၇၅ ရက် ဆိုင်းငံ့တဲ့ အမိန့်တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမိန့်အနေနဲ့ကတော့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်မယ့် အစီအမံတွေပါဝင်နေပြီး တောင်ပိုင်းနယ်စပ်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဘိုင်ဒင်အစိုးရလက်ထက် လူဝင်မှုကြီးကြပ်ရေးတွေကို ပြင်ဆင်မှုအဖြစ် ခှိုလှုံခွင့်တောင်းသူတွေ နယ်စပ်မှာ ရက်ချိန်းယူရတဲ့ CBP One အက်ပလီကေးရှင်းကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

သူ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့အမိန့်တွေထဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တုန်းက အမေရိကန်လွှတ်တော် အဆောက်အဦမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ဆက်နွှယ်နေသူ ၁၆၀၀ လောက်ကိုလည်း ထရမ့်က လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

ဒါအပြင် Doge လို့ခေါ်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာနကိုလည်း ဖွဲ့စည်းဖို့ အမိန့်နဲ့အတည်ပြုလိုက်ပြီး ဒီဌာနကိုတော့ ဘီလျံနာ သူဌေး အီလွန်မက်စ်က ဦးဆောင်သွားမှာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ အရှုံးနဲ့ဘယ်တော့မှ ရင်ဆိုင်ရမှာမဟုတ်ဘဲ အမေရိကန်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံအနေနဲ့ အနာဂတ်က မိမိတို့လက်ထဲမှာရှိပြီး အမေရိကန်ရဲ့ ရွှေခေတ်အစုပြုတော့မယ်လို့ ဒေါ်နယ်ထရန့်ကပြောပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

image
image
image
image
25 w - Translate

#ဘောလီးဝုဒ်ဘုရင်ကြီးရှာရွတ်ခမ်းတို့သားဖနှစ်ယောက်ရှယ်ကြမ်းဦးမည့်ဇာတ်ကားသစ်
THE KING (2025) #ဇာတ်ကားသစ်
အသက်ကြီးပေမယ့်မပျက်စီးသေးပဲအောင်မြင်နေဆဲ
ဘောလီးဝုဒ်ဘုရင်ကြီး ရှာရွတ်ခမ်းနဲ့ သမီးဖြစ်သူ
ဆိုဟာနာ တို့ အတူကြမ်းပြဦးမည့်ဇာတ်ကားသစ်
သားဖနှစ်ယောက်ကို တစ်ကားတည်း အတူမြင်တွေ့ရမဲ့
ဇာတ်ကားလည်း ဖြစ်ပါတယ်...

#crd

image
25 w - Translate

Islam Makhachev vs Alex Volkanovski
ခြေဆွဲကောင်ရယ်လို့ ဝေဖန်နေတဲ့သူတွေကို Headkick ကန်ပြပြီး ပါးစပ်ပိတ်သွားစေခဲ့တဲ့ Islam Makhachev

25 w - Translate

Lovely Rose 🌹

#flowers

image

တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်တဲ့အမိန့်ကိုလည်း သမ္မတ ထရမ့် လက်မှတ်ထိုး

ဇန်နဝါရီ ၂၁

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်တော့ကို နိုင်ငံထဲမှာ ဥပဒေနဲ့တားမြစ်တဲ့အမိန့်ကို ယာယီဆိုင်းငံ့တဲ့အမိန့်ကိုလည်း လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။

တစ်တော့ကို အလုံးစုံ ပြန်လည်အသုံးပြုခွင့် ပေး မပေးဆိုတာကတော့ ‘’ရရှိတဲ့သဘောတူညီချက်’’ အပေါ် မူတည်တယ်လို့ မစ္စတာ ထရမ့်ကပြောပါတယ်။

တစ်တော့ဟာ အန္တရာယ်ရှိတယ်လို့ ပြောခဲ့တဲ့ မစ္စတာ ထရမ့် အနေနဲ့ တစ်တော့ ပိတ်ပင်မှုကို ယာယီ တားမြစ်ဖို့ ဘာကြောင့် စိတ်ပြောင်းသွားလဲလို့ဆိုပြီး သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို သမ္မတက ပြန်ဖြေရင်း အခုလို ပြောလိုက်တာဖြစ်ပါတယ်။

‘’သဘောတူညီချက် တစ်ခုခုမရဘူးဆိုရင်တော့ ဒီအက်ပလီကေးရှင်းဟာ အသုံးဝင်စရာ မရှိဘူးလို့ လည်း ထရမ့်က ပြောပါတယ်။ တစ်တော့နဲ့ ပတ်သက်တဲ့သဘောတူညီချက်ဟာ ဒေါ်လာ တစ် ထရီလီယံ လောက်ရှိနိုင်ပြီး အမေရိကန်ဟာ တစ်ဝက်လောက်ပါဝင်သင့်တယ်လို့လည်း သူက ပြောပါတယ်။

တစ်တော့နဲ့ ပတ်သက်ပြီး ယာယီဆိုင်းငံ့မိန့်ကို သမ္မတက လက်မှတ်ထိုးလိုက်ပေမဲ့ ဘယ်လို အကြောင်းအရာအသေးစိတ်ပါတယ်ဆိုတယ်တော့ မပြောထားသေးပါဘူး။

ဘယ်လို အရေးယူတာတွေ လုပ်နိုင်ခြေရှိလဲလို့ သူ့ကို မေးတဲ့အခါမှာတော့ တစ်တော့ အနေနဲ့ ရောင်းရင်ရောင်း၊ မရောင်းရင် အပိတ်ခံရဖို့ လုပ်ပိုင်ခွင့် သူ့မှာရှိတယ်လို့ ပြန်ပြောထားပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image

ကမ်း‌ခြေကလဲ🌊🌊
.
ဘာမှမရှိဝူး...

image
25 w - Translate

cool

image
25 w - Translate

cool

image
25 w - Translate

cool

image