ဟာဘယ်လ် အာကာသ တယ်လီစကုပ် ရဲ့ ဒီပုံထဲမှာ Whirlpool Galaxy – NGC 5194 ဟာ သူ့ရဲ့ ရှည်လျားတဲ့ ခရုပတ်လက်တံတစ်ခုကို သူ့ရဲ့ ပိုသေးငယ်တဲ့ အဖော် ဂလက်ဆီဖြစ်တဲ့ NGC 5195 ပတ်ပတ်လည်မှာ ရစ်ပတ်ထားသလို မြင်ရပါတယ်။

ညာဘက်မှာရှိတဲ့ အဝါရောင်သန်းတဲ့ သေးငယ်တဲ့ ဂလက်ဆီလေးကတော့ dwarf galaxy တစ်ခုပါ။

NGC 5195 (အဝါရောင် ဂလက်ဆီ ) က ပိုကြီးတဲ့ Whirlpool ဂလက်ဆီရဲ့ အမြီးကို ဆွဲဆန့်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူက အနောက်မှာ ဒီအတိုင်း ဖြတ်သန်းသွားနေတာပဲ ဖြစ်ပါတယ်။

ဒီပုံကို ဟာဘယ်လ် တယ်လီစကုပ်ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၀၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

image