1 နှစ် - ဘာသာပြန်ပါ။

🙏🙏🙏🙏🙏
ယနေ့မင်္ဂလာရှိတဲ့
သောကြာနေ့ပါ🙏🙏🙏🙏🙏သောကြာဂြိုလ်မင်းနှင့်တကွ
သောကြာသားသမီးအပေါင်း သူတော်ကောင်းတို့ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်ငြိမ်းကြပါစေ

image
1 နှစ် - ဘာသာပြန်ပါ။

ကုသိုလ် အမြဲလုပ်ပါ
ကုသိုလ် အမြဲလုပ်ပါ။ ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပါ။ အဆင်မပြေလို့ ဗေဒင်သွားမေးလည်း ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား။ သူတို့အပြောကတော့ ယတြာချေတာပေါ့။
ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး။ ကုသိုလ်ပဲလုပ်ခိုင်းတာ။ အဲဒီလိုဆိုတော့ သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။
အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက်ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့။
ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်။ သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို
စောင့်ရှောက်ပါလိမ့်မယ်။
ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။
ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင်
အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ။ သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။ ရေက များနေတာကိုး။ ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့။
ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။ ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။
ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွားမှာပါ အမှန်ပါပဲ။
ပါချုပ်ဆရာတော်
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

image
1 နှစ် - ဘာသာပြန်ပါ။

ကုသိနာရသုတ်🌳
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်ခါနီးအခါ ကုသိနာရုံပြည် အကွေ့ဖြစ်သော မလ္လာမင်းတို့၏ အင်ကြင်းဥယျာဥ်၌ သီတင်းသုံးနေတော်မူသည်...။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကို ရဟန်းတို့ ဟု ခေါ်တော်မူ၏ ။
ရဟန်းတို့ သည် အရှင်ဘုရားဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏..။
ရဟန်းတို့ ဘုရား ၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော် ၌ဖြစ်စေ မဂ်၌ဖြစ်စ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်းသည် တစုံတယောက် သော ရဟန်း အား ဖြစ်ခဲ့ပါမူ သင်တို့သည် မေးလျှောက်ကြကုန်လော့ မြတ်စွာဘုရားသည် ငါတို့ ၏မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့ သည် မြတ်စွာဘုရားကို ရှေ့တော် ၌ ပြန်၍မေးခြင်းငှာ မစွမ်းနိုင်ခဲ့ကြပါတကားဟု နောင်အခါ နှလုံးမသာခြင်း မဖြစ်ကြကုန်လင့် ဟူ၍ မိန့်တော်မူသော် ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကြကုန်၏...။
နှစ်ကြိမ် မြောက်လည်း မြတ်စွာဘုရားသည် ရဟန်းတို့ ကို မိန့်တော်မူ၏(ပ).....
သုံးကြိမ်မြောက်လည်း...(ပ)....။
ထိုနောက် မြတ်စွာဘုရားသည် ရဟန်းတို့ ကို ရဟန်းတို့ သင်တို့သည် ဘုရား ၌ရိုသေလေးစားသဖြင့် မမေးမလျှောက်ကြကုန်သော်လည်း ဖြစ်ငြားအံ့ အဖော်ရဟန်း အချင်းချင်း အားမူလည်း မိမိယုံမှားတွေးတောခြင်းကို ပြောကြားလော့ ဟု မိန့်တော်မူ၏...။
ဤသို့မိန့်မူသော် ရဟန်းတို့ သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား အရှင်ဘုရား အံဖွယ်ရှိပါပေစွ အရှင် ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အရှင်ဘုရား ဤရဟန်းသံဃာထဲ၌ တစ်ယေက်သော ရဟန်းအား မျှသော်လည်း မြတ်စွာဘုရား၌ဖြစ်စေတရားတော်၌ဖြစ်စေ သံဃာတော် ၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စ ယုံမှားတွေးတောခြင်းမရှိ ဟု အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၏...။
အာနန္ဒာ သင်သည် ယုံကြည်သဖြင့်သာလျှင် လျှောက်ဆို၏ အာနန္ဒာ စင်စစ်သော်ကား ဤအရာ၌ ဘုရား၏ ဉာဏ်တော်အရာပင်ဖြစ်၏....။
ဤရဟန်းသံဃာထဲ၌ တစ်ယောက်သော ရဟန်း အားမျှသော်လည်း ဘုရား ၌ဖြစ်စေ တရာတော်၌ဖြစ်စေ သံဃာတော် ၌ဖြစ်စေ မဂ်၌ဖြစ်စအကျင့်၌ဖြစ်စေယုံမှားတွေးတောခြင်းမရှိလေ အာနန္ဒာ ဤငါးရာသော ရဟန်း တို့တွင် ဂုဏ်အားဖြင့် အယုတ်ဆုံး ရဟန်း သည် သောတာပန်တည်းး အပါယ်သို့ ပျက်စီး ကျရောက်ခြင်းမရှိ ကိန်းသေပမဲ၏ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏...ဟု မိန့်တော်မူ၏....။
(စတုက္ကနိပါတ် အပဏ္ဏဝဂ် ကုသိနာရသုတ် )
Ashin panna Thiri (forest. Monk)

image
1 နှစ် - ဘာသာပြန်ပါ။

ရုံမတင်ခင်ကတည်းက အကယ်ဒမီအိုက်တင်ဆိုပြီး ခန့်မှန်းခံနေရတဲ့ သဲစုညိမ်းရဲ့
မေမေ့အချစ်ဦး ရုပ်ရှင်ဇာတ်ကားကြီး

image
1 နှစ် - ဘာသာပြန်ပါ။

Severe storms in southern Germany forced a Ryanair flight to make an emergency landing late Wednesday after violent turbulence injured nine people on board, German police said in a statement Thursday.
https://abcnews.go.com/Interna....tional/wireStory/vio

image
1 နှစ် - ဘာသာပြန်ပါ။

"We will not rest or be silent until we return all of our abductees home — the living and the dead alike."
Israeli Prime Minister Benjamin Netanyahu announced Thursday morning that Israeli forces recovered the bodies of two Israeli-American hostages held by Hamas and returned them to Israel.
Read more: https://abcnews.link/4qEp1bF

image
1 နှစ် - ဘာသာပြန်ပါ။

The U.S. Marshals Service has arrested a 31-year-old Dominican man suspected in a quadruple homicide in New York in which two of the victims were children, ages two and four, officials said.
https://abcnews.go.com/US/us-m....arshals-arrest-domin

image
1 နှစ် - ဘာသာပြန်ပါ။

JUST IN: Israeli forces have recovered the bodies of two hostages held by Hamas and returned them to Israel, Israeli Prime Minister Benjamin Netanyahu said in a statement.
Judy Weinstein-Hagi and Gadi Hagi were a couple from kibbutz Nir Oz close to the Gaza frontier, and were both dual Israeli-American citizens.
Read more: https://abcnews.link/jUIdA94

image
1 နှစ် - ဘာသာပြန်ပါ။

BREAKING: Israeli forces have recovered the bodies of two hostages held by Hamas and returned them to Israel, Israeli Prime Minister Benjamin Netanyahu said in a statement.
Judy Weinstein-Hagi and Gadi Hagi were a couple from kibbutz Nir Oz close to the Gaza frontier and were both dual Israeli-American citizens.
Read more:
https://abcnews.go.com/Interna....tional/israel-recove

image
1 နှစ် - ဘာသာပြန်ပါ။

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် ၇,၆၀၀ ကျော် ခွင့်ပြုထား

(ပြည်တွင်း) ဇွန် ၅
မြေဩဇာကော်မတီအနေဖြင့် ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့်ကို လုပ်ငန်းလုပ်ကိုင်လိုသူ ပေါင်း ၇,၆၀၀ ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

ထပ်မံလျှောက်ထားလိုသူများကို စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့် တင်ပို့ခွင့်များကို လျှောက်ထားသူက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမှာဖြစ်သလို လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်းပြည့်မီကြောင်း အာမခံချက်၊ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေး ပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာ စသဖြင့် လိုအပ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအနေနဲ့ ပြည်တွင်းမှာ တင်သွင်းဖြန့်ဖြူးမည် ဆိုပါက ကုန်သွယ်ရေးဦးစီးဌာနမှာ သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားနိုင်ဖို့အတွက်ကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ မြေဩဇာစစ်ဆေးရေးအဖွဲ့မှ ထောက်ခံစာများကို ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေဩဇာ ကော်မတီအနေနဲ့ ပြည်တွင်းမှာ မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှုလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ ကုမ္ပဏီပေါင်း ၅၂၈ ခုရှိပြီး မှတ်ပုံတင်အစောင် ၇,၆၂၆ စောင်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

image