ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သင့်မှာ စာနာစိတ်ရှိတယ်။ ဒီလို ရှိနေတာကို တန်ဖိုးထားပါ။ ပြဿနာတွေ့တဲ့အခါ အပြစ်တင်မှာလား။ဒါမှမဟုတ် ခွင့်လွှတ်မှာလား။ စိတ်ချမ်းသာတဲ့ ဘ၀ကိုတည်ဆောက်ချင်တယ်ဆိုရင် သင်ကိုယ်တိုင် ခွင့်လွှတ်မှုကို လက်ကိုင်ထားနိုင်ဖို့လိုတယ်။
တစ်ဖက်သားနာကျင်တာ၊ မချိတင်ကဲ ဝေဒနာနဲ့ဆင်းရဲဒုက္ခတွေကို ဆပွားမဖြစ်ပါစေနဲ့။တကယ်လို့သာ လူတိုင်းက လောကကြီးကို ဒီလိုမျိုးရှုထောင့်က ကြည့်မြင်နိုင်မယ်ဆိုရင် လောကကြီးမှာပြဿနာ အခက်အခဲတွေ နည်းသထက် နည်းလာမှာဖြစ်ပါတယ်။
မနာလိုတာတွေ၊ သဝန်တိုတာတွေ၊ မလိုလားတာတွေ၊ ခွင့်လွှတ်ဖို့ ဆန္ဒမရှိတာ၊ တစ်ကိုယ်ကောင်းဆန်တာမျိုးစတဲ့ ပူပန်တာတွေဟာ အပူတွေပါ။ အပူတွေအားလုံးကို ဖယ်ရှားပစ်လိုက်ပါ။ ခွင့်လွှတ်တာဟာ တကယ့်လက်တွေ့မှာ သင်တွေးထင်ထားသလို မခက်ခဲပါဘူး။ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေဆိုတာ တွေ့မြင်ရပါလိမ့်မယ်။
ငါးအသားချောင်းကြော် (Fish Sticks)
ပါ၀င်သောပစ္စည်းများ
၁။ ငါးမြင်း (သို့) ငါးတန် အသားလွှာ - ၅၀ သား
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ကြက်ဥ - ၂ လုံး
၄။ ရေ- ထမင်းစားဇွန်း ၂ ဇွန်း
၅။ အကြော်မှုန့်- ၂ ခွက်
၆။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ မုန့်ကြွပ်မှုန့်(ခေါ်) ပေါင်မုန့်ခြောက်မှုန့်(bread crumbs) - ၂ ခွက်
၈။ ကြော်ရန်ဆီ
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ငါးအသားကို အချောင်းလိုက်လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တဝက်ဖြင့်နယ်ထားပါ။
၂။ ကြက်ဥနှင့် ရေထမင်းစားဇွန်း ၂ ဇွန်းကို ဇလုံတခုထဲ ထည့်ရ်ျ ခလောက်ထားပါ။ အကြော်မှုန့်ထဲကို ဆားလက်ဖက်ရည်ဇွန်း တဝက်၊ ငရုတ်ကောင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ရ်ျ သမအောင်လုပ်ထားပြီး ပန်းကန်ပြားတခုထဲထည့်ထားပါ။ မုန့်ကြွပ်မှုန့် (သို့) ပေါင်မုန့်ခြောက်ကိုလဲ အခြားပန်းကန်ပြားတခုထဲထည့်ထားပါ။
၃။ ငါးအချာင်းများကို အကြော်မှုန့်ဖြင့် တခုဆီလူးထားပါ။
၄။ ဒယ်အိုးထဲကို ကြော်ရန်အတွက် ဆီများများထည့်ရ်ျ အပူပေးပါ။ ဆီပူလာလျှင် အကြော်မှုန့်လူးထားသော ငါးချောင်းများကို ကြက်ဥထဲနှစ်၊ မုန့်ကြွပ်မှုန့် (သို့) ပေါင်မုန့်ခြောက်မှုန့်ဖြင့် ကပ်ရ်ျ ဆီပူပူထဲထည့်ကြော်ပါ။
၅။ ငါးအချောင်းများ ရွှေဝါရောင်သန်းလာလျှင် ဆီအိုးထဲမှ ဆယ်ရ်ျ ဆီစစ်ထားပါ။ သုံးဆောင်နိုင်ပါပြီဗျ။
#crd
ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ်လို့ ဟာရီကိန်းပြော
ဖေဖော်ဝါရီ ၁၃
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက အသင်းဟာ လာမယ့်ပွဲမှာ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ကျနော်တို့ဟာ ပွဲထဲမှာ ဒီထက်ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မယ့် နေရာတွေရှိနေပြီး လာမယ့် ပွဲမှာ ပိုပြီးကောင်းအောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ မှန်ကန်တဲ့ အချိန်တွေမှာ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပွဲပြီးခါနီးမှာ ကျနော်တို့ကို ဖိအားတွေပေးခဲ့ပြီး ကျနော်တို့ လုပ်ခဲ့သလို သန်မာအောင် နေရမှာပါ။ ဒီနေရာဟာ လွယ်ကူတဲ့နေရာ မဟုတ်တဲ့အတွက် ဒီလိုပွဲမျိုး အနိုင်ရတဲ့အချိန်တိုင်း အမြဲတမ်း ကျေနပ် နေရမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို အိုလီဆီနဲ့ ဟာရီကိန်းတို့က သွင်းယူခဲ့ပြီး ဆဲလ်တစ်အသင်း အတွက် ချေပဂိုးကို မာအီဒါက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းဟာ UEFA က ကျင်းပတဲ့ပြိုင်ပွဲတွေမှာ သွင်းဂိုး ၆၀ ပြည့်တဲ့ ပထမဆုံး အင်္ဂလိပ် ကစားသမားဖြစ်ခဲ့တာပါ။
ဆဲလ်တစ်အသင်းဟာ ပွဲပြီးခါနီးမှာ ချေပဂိုးရရှိဖို့ ဘိုင်ယန်မြူးနစ်အသင်းကို ဖိအားပေးခဲ့ပေမယ့် သွင်းဂိုးမရခဲ့တာကြောင့် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ်က သူတို့ဟာ ပွဲပြီးခါနီး ၂၅ မိနစ်မှာ ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒုတိယအကျော့ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပွဲရဲ့ပထမပိုင်းမှာပဲ ရှိသေးတာကြောင့် ဒုတိယအကျော့မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ဟာရီကိန်းကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ