31 ပတ် - ဘာသာပြန်ပါ။

အမေရိကန်မှာ Starlink ဂြိုလ်တု အင်တာနက်ကို ဖုန်းတွေမှာ တိုက်ရိုက် သုံးနိုင်ပြီ
==============================================
အရင်ကတော့ Starlink ဂြိုလ်တု အင်တာနက်ကို Starlink Dish နဲ့ ဖမ်းယူ အသုံးပြုရတာ ဖြစ်ပါတယ်။ အခုတော့ အမေရိကန်မှာ Starlink ဂြိုလ်တု အင်တာနက်ကို ဖုန်းတွေမှာ တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
T-Mobile ရဲ့ Customer တွေဟာ Starlink ဂြိုလ်တု အင်တာနက်ကို Sign up ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ။ လက်ရှိမှာ စာပို့ စာလက်ခံနိုင်ပြီး နောက်ပိုင်းမှာ ဖုန်းပြောနိုင်၊ ဒေတာ သုံးနိုင်မှာ ဖြစ်ပါတယ်။ Starlink ဂြိုလ်တု ကို အသုံးပြုဖို့ သင့်ဖုန်းမှာ ဘာ Settings မှ ချိန်စရာ မလိုပါဘူး။ တစ်ခါထဲ တန်းချိတ်ပြီး သုံးနိုင်ပါတယ်။ T-Mobile Starlink ကို Sign Up လုပ်ပြီးတာနဲ့ ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဇူလိုင်လ နောက်ပိုင်းမှာ T-Mobile Go5G Subscriber တွေဟာ အခမဲ့ ဆက်လက် အသုံးပြုနိုင်ပါတယ်။ တခြား T-Mobile Customer တွေဟာ တစ်လကို ၁၅ ဒေါ်လာနဲ့ ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။
T-Mobile Customer တွေတင်သာမကဘဲ AT&T နဲ့ Verizon Customer တွေဟာလည်း Beta အစီအစဉ်မှာ ပါဝင်နိုင်ပြီး ဇူလိုင်လအထိ အခမဲ့ အသုံးပြုနိုင်ပါတယ်။

image
31 ပတ် - ဘာသာပြန်ပါ။

ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေ

ဖေဖော်ဝါရီ ၁၃

ရွှေအလေးချိန် ပြောင်းလဲတဲ့စနစ်ကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု စံနှုန်းဖြစ်တဲ့ ISO လက်မှတ် ရရှိအောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ISO 17025 ရရှိနိုင်အောင်အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီဂရမ်နဲ့ သွားတဲ့စနစ်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်း ISO 17025 ရရှိအောင် အသင်းအနေနဲ့ ဆောင်ရွက်နေပါတယ်။ ရွှေနဲ့ ငွေ စံချိန်စံညွှန်း ဓာတ်ခွဲခန်းဆိုပြီး ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အဲဒီမှာ ကျွန်တော်တို့ စက်တွေဝယ်မယ်။ ဝယ်ပြီးရင် ISO 17025 လျှောက်မယ်။ အမေရိကန်က စစ်ဆေးရေးအဖွဲ့တွေလာမယ်။ သူတို့က ကမ္ဘာ့အသိအမှတ်ပြု စံချိန်စံညွှန်း ပေးတဲ့အခါမှာ ကျွန်တော်တို့ကလည်း ဒီဘက်မှာပြန်ပြီးတော့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှာ လိုင်စင်လျှောက်ပြီးရင် ကျွန်တော်တို့လည်း နိုင်ငံတကာကို certificate ပေးလို့ရတဲ့အဆင့်လောက် ရောက်သွားပြီပေါ့။ အဲဒါလည်း မကြာခင်ဖြစ်လာမှာပါ။ အခု လောလောဆယ်တော့ ဆောင်ရွက်ဆဲပဲ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိမှာ ကုမ္ပဏီမှတ်ပုံတင်ကိစ္စ ဆောင်ရွက်နေတဲ့အပြင် ဓာတ်ခွဲခန်းမှာ ထားရှိဖို့ စက်တွေကိုလည်း ရွေးချယ်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

“အမေရိကန်က ဘာစက်နဲ့ ချိန်တွယ်တာကို ကြိုက်သလဲ၊ အခုတော့ အဲဒီလို စက်တွေဘာတွေ ရွေးချယ်တဲ့အဆင့်အထိ ရောက်နေပြီ။ ISO လက်မှတ်ရရှိဖို့က ဘယ်တော့လောက်ဖြစ်မလဲ ဆိုတာတော့ လာစစ်တဲ့အဖွဲ့တွေအပေါ်မှာပဲ မူတည်တယ်။ သူတို့ မြန်မြန်လာနိုင်ရင်တော့ မြန်မြန်ပြီးမှာပေါ့။ သူတို့ ကြာရင်တော့လည်း ဒီကိစ္စက နည်းနည်းကြာမယ့်သဘော ရှိတယ်။ ကျွန်တော်တို့ကတော့ အသင်းအနေနဲ့ certificate ထုတ်ပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ISO အဖွဲ့နဲ့ ခေါ်ယူ စစ်ဆေးခြင်းဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

စံချိန်စံညွှန်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲ ကျင့်သုံးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ပြောင်းလဲသတ်မှတ်လိုက်တဲ့ ရွှေအလေးချိန်ဟာ ၁၉၆၇ ခုနှစ်ကတည်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးသား ဖြစ်တာကြောင့် ဒီဥပဒေဟာ အရင်ကတည်းက ရှိထားပြီးသားဖြစ်တယ်လို့ ရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။

“အခု ပြင်ပဈေးကွက်မှာ ရောင်းကြ၊ ဝယ်ကြတဲ့အခါကျတော့ အချိန်အတွယ်က တမျိုးဖြစ်နေတာပေါ့။ အဲဒါကို တနိုင်ငံလုံး တပြေးညီဖြစ်သွားအောင်၊ နောက် ဗဟိုဘဏ်မှာလည်း အရောင်းအဝယ်လုပ်တဲ့ အခါမှာ ၁၆ ဒသမ ၃၂၉၃၂၅ နဲ့ပဲ သုံးတယ်။ အခုလည်း အဲဒီ အလေးချိန်နဲ့ပဲ သွားတာပါပဲ။ အရင်တုန်းက ဈေးကွက်ထဲမှာတော့ ၁၆ ဒသမ ၆၀၆ ။ အခုကျတော့ နည်းနည်း လျော့သွားတာပေါ့။ အဲဒီတော့ တဆယ်သား အတုံးတွေကျတော့ အလေးချိန် ပြန်ပြောင်းရမယ်။ တကျပ်သားကို နှစ်ရွေးလောက်တော့ ကွာသွားတာပေါ့” လို့ သူက ပြောပါတယ်။

အခုလို အချိန်အတွယ် ပြောင်းသွားတဲ့အခါမှာ တကျပ်သားကို နှစ်ရွေးလောက် လျော့သွားတဲ့အတွက် ရွှေပိဿာချိန် ၁၀ ရှိတဲ့သူက ၁၂ ပိဿာ ဖြစ်သွားနိုင်ကာ ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အခုလို ရွှေအလေးချိန်စနစ် ပြင်ဆင်မယ်ဆိုရင် အရင်စက်တွေက အလေးချိန်သတ်မှတ်ချက် တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ဒါကိုပြောင်းလဲဖို့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပြင်ဆင်စရိတ် ကျပ် တသိန်းကျော် ကုန်ကျမှာဖြစ်ပြီး ကုမ္ပဏီမရှိတဲ့ စက်တွေကတော့ ပြင်လို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေအသင်းကတော့ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်နဲ့ ညီမျှတဲ့ ကျပ်၊ ပဲ၊ ရွေး စနစ် ပြောင်းလဲထားတဲ့ ရွှေချိန်စက်တွေ ဝယ်ယူနိုင်ပြီး ၁၅ ရာခိုင်နှုန်းအထိ Discount ရရှိနိုင်ကာ ဝယ်ယူလိုပါက ဖုန်းနံပါတ် ၀၉၅၅၇၇၁၂၃ နဲ့ ၀၉၅၅၉၉၁၂၃ တို့ကို ဆက်သွယ် မေးမြန်းနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။

Photo:CJ

#centralnewsnaypyitaw

image
31 ပတ် - ဘာသာပြန်ပါ။

ကတက်ဥဟင်းချို

ပုစွန်ဆိတ်လေးတွေကိုအိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ထည့်လှော်
ကြွပ်ရင် စားနိုင်တဲ့ပမာဏရေထည့် ကြက်သွန်ဖြူထုပြီးထည့်
မျှင်ငပိ ဆား ကြက်သားမှုန့်ထည့်တည်ပါ
ဆူလာရင် ကတက်ဥအခွံခွာ
ဓားနဲ့တစ်ခါတည်းလှီးထည့်
ငရုတ်ကောင်းမှုန့်ဖြူး
ပင်စိမ်းအုပ်ပါ

Credit photo TTW

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image
31 ပတ် - ဘာသာပြန်ပါ။

💀💀

image