44 w - Translate

When Cecilia Hernandez graduated from Rollins College earlier this month, she and her fellow students weren't the only ones who were honored onstage.
Hernandez's service dog Canela, who has been at her side for the past three and a half years, was also recognized with a special patch at the May 11 commencement ceremony.
"Having a service dog in chemistry is nearly unheard of," Hernandez wrote on Instagram. "It required many, many training sessions just to get her used to wearing PPE. As I did research for an undergraduate thesis, this required even longer days in the lab."
Read more: https://abcnews.visitlink.me/2yStXr

image
44 w - Translate

Pres. Trump has called for a "major investigation" into several celebrity endorsements Kamala Harris received during the 2024 presidential campaign.
Read more: https://abcnews.visitlink.me/k-eWfu

image

#နိုင်ငံတကာသတင်း
◼ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နှင့် ပူတင်ယနေ့ဖုန်းခေါ်ဆွေးနွေးမည်
ယူကရိန်းငြိမ်းချမ်း‌ရေးကိစ္စအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယနေ့တွင် ဖုန်းခေါ်ဆို ဆွေးနွေးမည်ဖြစ်ကြောင်း သိရပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ လူအ‌သေအပျောက်အများဆုံးဖြစ်လာသည့် စစ်ပွဲအား ရပ်တန့်ရန် ချက်ခြင်းပစ်အခတ်ရပ်စဲရေး ကရင်မလင်က လက်သင့်ခံရန် ဥရောပခေါင်းဆောင်များကလည်း တောင်းဆိုထားကြသည်။
“ဒီဖုန်း‌ခေါ်ဆိုမှု အဓိက အကြောင်းအရာတွေက‌တော့ တစ်ပတ်ကို ပျှမ်းမျှအားဖြင့် ရုရှားနဲ့ယူကရိန်းတပ်သား ၅၀၀၀ လောက်ကို သေဆုံးစေခဲ့တဲ့ သွေးထွက်သံယိုမှုကို ရပ်တန့်ရေး နဲ့ ကုန်သွယ်ရေးကိစ္စဖြစ်ပါတယ်။” ဟု ထရန့်က ၎င်း၏ လူမှုကွန်ရက် Truth ပေါ်တွင် ရေးသားသည်။
အကျိုးရှိသောနေ့တစ်နေ့ဖြစ်ကာ အပစ်အခတ်ရပ်စဲမှုဖြစ်ပေါ်ပြီး စကတည်းက မဖြစ်ပွားခဲ့သင့်သော စစ်ပွဲ အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်နယ်ထရန့် က ဆက်လက်ရေးသားခဲ့သည်။
ဂရင်းနစ်စံ‌တော်ချိန် တနင်္လာနေ့ မွန်းလွဲ ၂ နာရီ ( မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲ ခန့်) တွင် ပူတင်နှင့် စကားပြောမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့် က ပြောကြားပြီး ယင်းအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ကရင်မလင်ကလည်း ဆိုသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံထဲသို့ ထောင်နှင့်ချီသော တပ်ဖွဲ့များကို ပူတင် က စေလွှတ်ခဲ့ပြီး ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း ရုရှားနှင့် အနောက်တိုင်းကြား အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှု ဖြစ်စေခဲ့သည်။
ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ၎င်းကို အသိအမှတ်ပြုစေလိုသော ဒေါ်နယ်ထရန့် က ယူကရိန်းနိုင်ငံမှ သွေးထွက်သံယိုမှု အဆုံးသတ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ယင်းစစ်ပွဲမှာ အမေရိကန်နှင့်ရုရှားတို့ကြား ကိုယ်စားပြုစစ်ပွဲဖြစ်လာကြောင်းလည်း ပုံဖော်ခဲ့သည်။
ဒေါ်နယ်ထရန့်ထံမှ ဖိအားများနှင့်အတူ တိုက်ရိုက်ဆွေးနွေးရန် ပူတင် က အဆိုပြုခဲ့ပြီးနောက် စစ်ဖြစ်နေသော နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် သီတင်းပတ် က တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ၂၀၂၂ ခုနှစ် မတ် လ နောက်ပိုင်း ပထမဆုံး အကြိမ်တွေ့ဆုံခဲ့ကြသည်။
၎င်းအနေဖြင့် ယူကရိန်းသမ္မတဇီလန်စကီး ၊ နေတိုးအဖွဲ့ဝင် များစွာနှင့်လည်း စကားပြောမည်ဖြစ်ကြောင်း ရုရှားက ငြိမ်းချမ်းရေးဆွေးနွေးမှုကို အလေးအနက်မထားလျှင် ပိတ်ဆို့တားဆီးမှုများ ချမှတ်သွားမည်ဟု တစ်ဖက်တွင်လည်း ခြိမ်းခြောက်ထားသော ထရန့်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
44 w - Translate

#ပြည်တွင်းသတင်း
◼ ကျောက်ဖြူ၌လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သတိပြုနေထိုင်ကြရန်လိုအပ်ဟုဆို
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဗဟိုပြု၍ ယနေ့(မေ ၁၉ ရက်) နံနက် ၁ နာရီ ၄၅ မိနစ် ၂၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိဒေသနေပြည်သူများ ဂရုပြုနေထိုင်ကြရန် လိုအပ်ကြောင်း ငလျင်စောင့်ကြည့်လေ့လာသူများကပြောသည်။
အဆိုပါငလျင်မှာစစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်ကျောက်ဖြူမြို့၏ တောင်ဘက် ၂၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၅၈ ဒီဂရီ၊ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ ဒသမ ၁ အဆင့်ရှိငလျင်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
“ငလျင်ကထပ်လှုပ်တယ်ဆိုတာ ရခိုင်ကမ်းရိုးတန်းဘက်ကလှုပ်တာ။ အိန္ဒိယမြေထုချပ်နဲ့ မြန်မာဘက် က မြေထုချပ်နှစ်ခုဆုံပြီး အိန္ဒိယမြေထုချပ်ကမြန်မာဘက်ကမြေထုချပ်အောက်ကိုဝင်တာ။ အဲဒီနေရာမှာ အရင်ကလည်းလှုပ်ခဲ့ဖူးတယ်။ သူကစစ်ကိုင်းပြတ်ရွေ့တို့၊ ကဘော်ပြတ်ရွေ့တို့နဲ့တော့ မဆိုင်တော့ဘူး။ ငလျင်ကြီးလှုပ်ခဲ့တာ နှစ်အတော်ကြာပြီမို့ တစ်ချက်သတိထားဖို့တော့လိုမယ်။ ငလျင်ကကြိုခန့်မှန်း မရတာကြောင့် ကျွန်တော်လည်းပြောလို့မရလို့ ရခိုင်ဘက်ကလူတွေသတိထားကြဖို့ပဲမှာချင်ပါတယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့၌ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို ဆက်သွယ်မေးမြန်း ရာမှာ လတ်တလောဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများနှင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ဒေသခံများနှင့်ဆက်သွယ်နိုင်ခြင်းမရှိသေးပါ။
ရခိုင်ပြည်နယ်၌ လွန်ခဲ့သည့် ၁၇၆၂ ခုနှစ်၊ ဧပြီ ၂ ရက်၊ ညနေ ၅ နာရီခန့်တွင် ရခိုင်ကမ်းရိုးတန်း ငလျင်ကြီးဟုခေါ်ဆိုသည့် အင်အားပြင်ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ဖူးကြောင်း ရခိုင်နှင့်ပတ်သက်သည့် အချက်အလက်များကိုဖော်ပြပေးသည့် The Mog Nation Wiki ၏ အချက်အလက်များ အရသိရသည်။
သတင်း - အင်ကြင်း

image
44 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ စားအုန်းဆီအခြေခံလက်ကား ရည်ညွန်းဈေး ထပ်မံကျဆင်း
ယခုသီတင်းပတ်အတွင်း သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ထပ်မံကျဆင်းလာကြောင်း သိရသည်။
ယခုသီတင်းပတ် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုအရ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ မေ ၁၉ ရက်မှ မေ ၂၅ ရက်အထိ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၂၅ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၆၂ဝ သတ်မှတ်ခဲ့ခြင်းကြောင့် ယခုအပတ်တွင် ၉၅ ကျပ်ခန့် ထပ်မံကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင်ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ် စေရေးထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့် ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကား ရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်တောင်ပိုင်းတွင် မိုးကြီးရေလျှံမှုကြောင့် လူငါးဦးသေဆုံး၊ အများအပြား ပျောက်ဆုံးနေ
တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းနှင့် ကွမ်ရှီးပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူငါးဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောသည်။
မေ ၁၈ ရက်နှင့် မေ ၁၉ ရက်တို့တွင် ရှင်ကျန်းပြည်နယ် ရှိဖူကျန်၊ ကွမ်ရှီး၊ ကွမ်တုန်းအပါအဝင် ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး မိုးလေဝသသတိပေးချက်ကိုလည်းထုတ်ပြန်ထားသည်။
အချို့ဒေသများတွင် တောင်ကျရေများလျှံနိုင်သဖြင့် အဝါရောင်သတိပေးချက် ထုတ်ပြန်ထားသည်။ တရုတ်နိုင်သံတွင် မိုးလေဝသ သတိပေးချက် အဆင့်လေးဆင့်ရှိရာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင် တို့ဖြစ်သည်။
တရုတ်မိုးလေဝသဌာန၏ အချက်အလက်များအရ ၂ဝ၂၄ ခုနှစ်သည်လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်စုကျော်ကာလ မှတ်တမ်းများနှင့်နှိုင်းယှဉ်ပါက အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ယခင်စံချိန်များကို နှစ်နှစ်ဆက်တိုက် ချိုးဖျက်ပူပြင်းခဲ့သည်။ ယမန်နှစ်ကလည်း ပူပြင်းသော ရာသီဥတုကြောင့် ပိုမိုပြင်းထန်သော မုန်တိုင်းများ နှင့်မို မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။
လက်ရှိ မိုးရွာသွန်းမှုများသည် မေ ၁၉ ရက်မှ ၂ဝ ရက်အထိ တီယန်ရှန် တောင်တန်းများတစ်လျှောက် အနောက်ဘက်စွန်းဒေသရှင်ကျန်းအပါအဝင် ဒေသအများအပြားတွင်ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း တရုတ်မိုးလေဝသဌာနက သတိပေးထားသည်။
စီအင်န်အေ

image
Jack Smith changed his profile picture
44 w

image

တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်ဖို့ ရုရှားစီစဉ်နေကြောင်း ယူကရိန်းထောက်လှမ်းရေး သတိပေး
ကိဗ်ယက်၊ မေ-၁၉-၂၀၂၅
မျိုးဆက်(VOM)
ရုရှားစစ်တပ်ဟာ လေ့ကျင့်ရေးထိပ်ဖူး တပ်ဆင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ဒီကနေ့မှာ ပစ်လွှတ်ဖို့ စီစဉ်ထားကြောင်း ယူကရိန်း ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားဟာ Sverdlovsk ဒေသကနေ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဒုံးကျည်ဟာ ကီလိုမီတာ တသောင်းကျော် ပျံသန်းပစ်ခတ်နိုင်တယ်လို့ ယူကရိန်းထောက်လှမ်းရေးက ပြောပါတယ်။
ဒါဟာ ယူကရိန်းအပြင် ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ဖိအားပေး ခြိမ်းခြောက်ဖို့ ရည်ရွယ်နေတာလို့လည်း ယူကရိန်းက ဆိုပါတယ်။ ဒုံးကျည်ပစ်မှတ်အပါအဝင် အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ရုရှားကတော့ ဒီလိုအဆင့်မြင့်ဒုံးကျည် စမ်းသပ်တာတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုးမရှိပေမယ့် စစ်ရေးလျှို့ဝှက်ချက်အဖြစ် အမျိုးအစားခွဲထားတဲ့ အချက်အလက်တွေကိုတော့ စမ်းသပ်ပစ်ခတ်မှုတွေပြီးရင် ထုတ်ပြန်လေ့ရှိပါတယ်။
သုံးနှစ်ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲသုံးအဆုံးသတ်ရေးအတွက် ရုရှားအပေါ် ဖိအားတွေတိုးလာချိန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ယူကရိန်းနဲ့ ရုရှားတို့ တိုက်ရိုက်ဆွေးနွေးမှုကို တူရကီနိုင်ငံမှ ပြုလုပ်ခဲ့ပေမယ့်လည်း အကျဉ်းသားလဲလှယ်ရေး ကလွဲပြီး စစ်ပွဲရပ်ရေးအတွက် သဘောတူညီချက် တစုံတရာ မရရှိခဲ့ပါဘူး။
ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ တနင်္လာနေ့မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမယ်လို့ ပြောပါတယ်။ ပြီးရင်တော့ ယူကရိန်းသမ္မတ၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ပါ ဆွေးနွေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:NHK

image

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာ ခံစားနေရ
ဝါရှင်တန်၊ မေ-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဟာ ဆိုးရွားလာနိုင်ခြေရှိတဲ့ ဆီးကျိတ်ကင်ဆာ ခံစားနေရတယ်လို့ သမ္မတဟောင်းရုံးက အတည်ပြုလိုက်ပါတယ်။
အသက် ၈၂ နှစ်အရွယ် ဂျိုးဘိုင်ဒင်ဟာ ဆေးစစ်မှုတွေလုပ်ဆောင်ပြီးနောက် ဆီးကျိတ်ကင်ဆာရှိနေတာကို တွေ့ရှိခဲ့တာဖြစ်ပြီး သူနဲ့သူ့မိသားစုဟာ ကုသမှုတွေအတွက် ရွေးချယ်သုံးသပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါဟာ ပြင်းထန်ကင်ဆာဖြစ်နိုင်ခြေရှိပေမယ့် ထိရောက်တဲ့ကုသမှုတွေနဲ့အတူ ထိန်းချုပ်နိုင်တဲ့အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ ကင်ဆာဆဲလ်တွေ ပြန့်နှံ့သွားတဲ့ အဆင့် ၄ ဟာနောက်ဆုံး အဆင့်သတ်မှတ်ထားပေမယ့် ဆီးကျိတ်ကင်ဆာအများစုကိုတော့ အစောပိုင်းကတည်းက တွေ့ရှိနိုင်လေ့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့အဆိုအရ ၂၀၂၁ ခုနှစ်မှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုပေါင်း နှစ်သိန်းသုံးသောင်းကျော်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဒီကင်ဆာကို အခြေအနေမဆိုးခင်မှာ ရှာဖွေတွေ့ရှိကြတယ်လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ရုပ်ပိုင်းပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကောင်းမွန်တဲ့ ၂၀၂၁ -၂၀၂၅ မှာတော့ သမ္မတသက်တမ်းကို ထမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင် ရီပါဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်နဲ့ စကားစစ်ထိုးပွဲပြီးနောက်မှာ သူ့ရဲ့ အသက်အရွယ်၊ ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေနဲ့ ဝေဖန်မှုတွေကြောင့် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇနီးတို့ကတော့ ဂျိုးဘိုင်ဒင်ရဲ့ သတင်းကြောင့် စိတ်မကောင်း၊ စာနာကြောင်းနဲ့ အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းစကား ဆိုထားပါတယ်။ ဂျိုးဘိုင်ဒင်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိချိန်မှာ အမေရိကန်ရဲ့ အသက်အကြီးဆုံးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref:CNA

image

“ယူကရိန်းပဋိပက္ခအဆုံးသတ်သွားပါက ဥရောပတွင်လက်နက်မှောင်ခိုမှုများနှင့်ဒုစရိုက်မှုများပေါများ လာမည် ဟု သုံးသပ်”

(နိုင်ငံတကာ) မေ ၁၉
ယူကရိန်းပဋိပက္ခအဆုံးသတ်သွားပါက ဥရောပအနေဖြင့် လက်နက်မှောင်ခိုမှုများအပြင် ဒုစရိုက်မှုမျိုးစုံကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဦးဆောင်တတ်သိပညာရှင်များအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။ယူကရိန်း၌ ကျန်ရစ်ခဲ့မည့် များပြားလှစွာသောစစ်လက်နက်ပစ္စည်းများကြောင့် လက်နက်ကြီးများအပါအဝင် လက်နက် အမျိုးမျိုးအတွက် မှောင်ခိုဈေးကွက်ကြီးကို ပေါ်ပေါက်လာစေနိုင်ကြောင်း Global Initiative Against Transnational Organized Crime (GI-TOC) အဖွဲ့က ထုတ်ပြန်ထားသည်။

အသေးစားမှောင်ခိုလုပ်မှုအနေဖြင့် ပစ္စတိုများ၊ ချေမှုန်းရေးရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများသည် ဥရောပသို့ဝင်ရောက်လာနိုင်ကြောင်း၊ အကြီးစား အနေဖြင့်မူ ဒုံးပစ်လောင်ချာများ၊ ပခုံးထမ်းဒုံးများ၊ စက်သေနတ်ကြီးများနှင့် ချေမှုန်းရေးရိုင်ဖယ် အများအပြားကို ကွန်တိန်နာများဖြင့် ပဋိပက္ခများဖြစ်ပွားရာ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိက တို့သို့ပင် တင်ပို့လာနိုင်ကြောင်း ထိုတတ်သိပညာရှင်များအဖွဲ့၏သတိပေးချက်တွင် ဖော်ပြထားသည်။

အလားတူ လက်နက်များကို မှောင်ခိုလုပ်ခြင်းအပြင် ယူကရိန်းပဋိပက္ခ၌ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်ပ တိုက်ခိုက်ရေးသမားများ၊ ဆိုက်ဘာကျွမ်းကျင်သူများသည် ဒုစရိုက်သမားများ၏လက်အောက်သို့ ရောက်ရှိ သွားနိုင်ပြီး “ဒရုန်း၊ မူးယစ်ဆေး၊ ဒုစရိုက်သမား” ဆိုသည့်ပုံစံမျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းပဋိပက္ခသည် နောက်ဆုံးတွင် ဒုစရိုက်သမားများ၊ လက်နက်မှောင်ခိုကူး သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ်ဖြစ်လာနိုင်ကာ ထိုပဋိပက္ခမှအကျိုးအမြတ်ရရှိသွားနိုင်ကြောင်း ရုရှားက ကြိုတင်သတိပေးထားပြီးဖြစ်သည်ဟု Sputnik သတင်းဌာန ဖော်ြပချက်အရ သိရသည်။

image