3 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုဖြစ်ပွား၊ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံး
ထိုင်းနိုင်ငံရှိ ရာမ(၂) လမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဇွန် ၈ ရက်နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီးနောက် သုံးမီတာအနက်ရှိသည့် တွင်းထဲတွင်ကွန်ကရစ်ပြားတစ်ခု ပိမိသောကြောင့် မြန်မာအလုပ်သမား အလုပ်သမားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဘန်မော့ (Bang Mot) ရဲစခန်းမှ တာဝန်ရှိသူများ၊ ချွန်ထောင်း (Chom Thong) မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် Ruamkatany က ဖောင်ဒေးရှင်းမှ စေတနာ့ ဝန်ထမ်းများနှင့်အတူ သွားရောက်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဦးဖြစ်သည့် အသက်(၃၉) နှစ်အရွယ် ဦးရဲဆိုသူဖြစ်ပြီး ၎င်းမှာ ကွန်ကရစ်ပြား ပိမိသောကြောင့် သတိလစ်မေ့မြောနေခဲ့ပြီး ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင်ရေစုပ်စက်ဖြင့်ရေများကိုစုပ်ထုတ်ကာ ဆယ်ယူခဲ့ရကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များက၎င်းအား ဗန်ပါကောက် ၉ (Bangpakok 9) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း မြေပိမှုကြောင့်ရရှိခဲ့သည့် ဒဏ်ရာများဖြင့်ဆေးရုံတွင်သေဆုံးခဲ့ကာ လက်ရှိတွင် ရဲဌာနကမတော်တဆမှု၏အကြောင်းရင်းကို သိရှိနိုင်ရန် သက်သေများနှင့် ဆောက်လုပ်ရေးစီမံကိန်းကြီးကြပ်သူအား စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

image