1 နှစ် - ဘာသာပြန်ပါ။

အဆီဖု၊အမဲစက်နဲ့ ဝက်ခြံသမားတွေအတွက် ordinary ရဲ့ Nia serum လေး ဝက်ခြံ ထွက်စ နီမြန်းတာတွေ သက်သာစေပါတယ်
ဘယ်လို Skin တွေuse သင့်လဲ ?
- Combination/ oily skin အတွက် perfect အဖြစ်ဆုံးပါနော်
အဆီပြန်တာကို တကယ် control လုပ်ပေးတဲ့ oil control serum လေးပါရှင့်
ဒီserum လေးက အဆီဖု/ ဝက်ခြံ/ အမာရွတ်/ ချွေးပေါက်ကျယ်တာတွေဆားဝက်ခြံတွေကို 2ပတ် လောက်မှာ တော်တော်လေးပါးသွားပြီး skin လေးကကြည်ကြည်လေးနဲ့ healthy skin လေးဖြစ်လာ
လိမ့်မယ်ရှင့်
Niacinamide 10% Zinc 1% တို့ပါဝင်လို့ ဝက်ခြံဖြစ်မဲ့ pores တွေကို control လုပ်ပေးတဲ့အပြင် ဝက်ခြံနီမြန်းတာတွေလည်းအရမ်းသက်သာစေပါတယ်
တစ်နေ့တစ်ကြိမ်လောက်သုံးရင် တော်တော်လေးလုံလောက်ပါတယ်(ညဘက်တွေ သုံးရင် ပိုကောင်းပါတယ်)
Toner သုံးပြီး ဒီ serum လေး 2 or 3 drop လောက် သုံးပြီးရင် hydrating အပြည့်ပေးနိုင်တဲ့ moisturizer လေးပြန်သုံးပေးပါရှင့်
30ml - 32000k
Korea Import
Made in CANADA

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

လပေါ်တက်ပြီး တန်ဖိုးကြီးရှားပါး ဓါတ်ငွေ့ထုတ်မယ့် ကုမ္ပဏီ
အမေရိကန်ကုမ္ပဏီတစ်ခုက လပေါ်တက်ပြီး စက်ရုပ်နဲ့ ဓါတ်ငွေ့တူးဖို့ ကြိုးစားနေပါတယ်။
ဆီယက်တဲလ်အခြေစိုက် Interlune ဆိုတဲ့ ကုမ္ပဏီက Helium-3 လို့ခေါ်တဲ့ ရှားပါးအိုင်ဆိုတုပ်ကို လပေါ်ကနေ ထုတ်ယူဖို့ လုပ်နေတာပါ။ ကမ္ဘာပေါ်မှာ တစ်ကီလိုကို ဒေါ်လာ သန်း ၂၀ ဈေးလောက် ပေါက်နေတဲ့ ဒီရှားပါးဓါတ်ငွေ့က လပေါ်မှာ ဖောချင်းသောချင်း ပေါပါတယ်။
Helium-3 က ရေဒီယိုသတ္တိကြွမဟုတ်တဲ့ non-radioactive အိုင်ဆိုတုပ်ဖြစ်ပြီး နျူကလီးယားဓါတ်ပေါင်းဖိုအတွက် သန့်စင်စွမ်းအင်လောင်စာအနေနဲ့အပြင် ဆေးဘက်ဆိုင်ရာ သုတေသနတွေနဲ့ ကွမ်တမ်ကွန်ပျူတာသုံး qubits လေးတွေရဲ့လုပ်ဆောင်ချက် တည်ငြိမ်စေဖို့အတွက်ပါ အရေးကြီးတဲ့ ဓါတ်ငွေ့တစ်မျိုးပါ။
ကမ္ဘာပေါ်မှာ အလွန့်ကို ရှားပြီး လပေါ်မှာ အလျှံပယ်ပေါတယ်ဆိုပေမယ့် ထုတ်လုပ်ဖို့အတွက် စရိတ်စက ၊ နည်းပညာအခက်အခဲနဲ့ ဈေးကွက်အနာဂါတ်မသေချာမှု ကြီးလွန်းပါတယ်။ ဒါကြောင့်ပဲ ဆယ်စုနှစ်ချီ ငွေအားနည်းပညာအားနဲ့ ရင်းနှီးနိုင်မယ့်ကုမ္ပဏီကြီးတွေပဲ လပေါ် တက်ပြီး Helium-3 ထုတ်ဖို့ စီမံကိန်းတွေ လုပ်ထားကြတာပါ။
Interlune ကုမ္ပဏီကတော့ လမျက်နှာပြင် အနက် ၁၀ ပေအထိ တူးနိုင်တဲ့ အဆင့်မြင့်စက်ယန္တရားကြီးတစ်ခု တည်ဆောက်နိုင်ပြီလို့ ဆိုပါတယ်။ ဒီမြေတူးစက်က တစ်နာရီကို လမြေသားတန် ၁၁၀ အထိ တူးထုတ်ပြီး Helium-3 ကို တခြားဒြပ်စင်တွေကနေ ခွဲထုတ်နိုင်တဲ့ နည်းပညာနဲ့ ခွဲထုတ်ယူမှာပါ။
လပေါ်မှာတင် Helium-3 သန့်စင်ပြီးမှ ကမ္ဘာမြေကို ပို့ဆောင်မယ်လို့ ဆိုပါတယ်။ စက်ယန္တရားအတွက် Vermeer ဆိုတဲ့ စက်ယန္တရားထုတ်လုပ်ရေးလုပ်ငန်းနဲ့လည်း လက်တွဲထားတယ်လို့ ဆိုပါတယ်။ Interlune CEO ရော့ဘ် မီယာဆန်ကတော့ ထုတ်လုပ်မှုစပြီဆို တစ်နှစ်ကို Helium-3 ကီလိုဂရမ်ဆယ်ဂဏန်း ကမ္ဘာကို ပို့နိုင်မယ်လို့ တွက်ထားပါတယ်။
ကုမ္ပဏီအနေနဲ့ ၂၀၂၉ ကစပြီး ဖောက်သည်တွေဆီ Helium-3 စတင် ပို့ဆောင်နိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

update တင်တဲ့ Galaxy A56 တချို့ bootloop error တက်နေ

One UI 7 update သစ် တင်ထားတဲ့ တချို့ Galaxy A56 တွေမှာ ပြဿနာတစ်ခု ကြုံနေပါတယ်။
OS boot မတက်နိုင်ဘဲ reboot screen မှာတင် တစ်နေတဲ့ bootloop error ပါ။ One UI 7 သစ်မှာက Gemini Side button supports နဲ့ တခြား Galaxy experience ပိုသွက်လက်စေမယ့် features သစ်တွေ ပါပါတယ်။
ဒီဆော့ဖ်ဝဲလ်သစ်က Galaxy A56 boot စနစ်ကို သွားထိပုံပါပဲ။ update တင်ပြီးတဲ့နောက် တချို့ Galaxy A56 တွေ bootloop ဝင်နေလို့ပါ။ Samsung ဘက်က တရားဝင်ဖြေရှင်း မပေးသေးပေမယ့် တချို့ users တွေကတော့ ဒီ booting ပြဿနာရှင်းတဲ့ နည်းတွေ့ထားကြပါတယ်။
ကိုယ့် Galaxy A56 မှာ အခုလို bootloop ဖြစ်နေပြီဆိုရင် ပထမဆုံး ဖုန်းထဲက SIM card ထုတ်ပါ။ ပြီးရင် Volume Down နဲ့ Power ခလုတ်တွေ တပြိုင်တည်း နှိပ်ပြီး reboot ဝင်အောင် လုပ်ပါ။ home screen တက်လာပြီ ဆိုမှ SIM card ပြန်ထည့်ရမှာပါ။
Galaxy A56 လိုမျိုး update ရထားတဲ့ Galaxy A26 နဲ့ A36 တွေမှာတော့ အခုလို bootloop ပြဿနာရှိတယ်လို့ သတင်းတွေ မကြားရသေးပါဘူး။

image
1 နှစ် - ဘာသာပြန်ပါ။

AI သုံးပြီး အလုပ်တွေ ဖိလုပ်နေရတဲ့ Amazon က develper တွေ
Amazon က ဆော့ဖ်ဝဲလ်သမားတွေတော့ သူတို့ကိုယ်သူတို့ စက်ရုံလုပ်သားတွေလို ခံစားနေရပါပြီ။
AI နဲ့ လူစားထိုးမခံရတဲ့ Amazon က ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတွေကို ကုမ္ပဏီက target တွေ မြင့်ပြီး လှိမ့်ခိုင်းနေလို့ပါ။ အခုဆို ဒီအင်ဂျင်နီယာတွေဟာ AI သုံးပြီး ကုဒ်တွေ ပိုမြန်အောင် ရေးရသလို ၊ လုပ်အားလည်း အရင်ထက် ပိုပိုထွက်အောင် ဖိအားပေးခံနေရတယ်လို့ ဆိုပါတယ်။
"ကျွန်တော့်အဖွဲ့ဆို မနှစ်ကရဲ့ တစ်ဝက်လောက်ပဲ ရှိတော့တယ်။ ဒါပေမယ့် ထုတ်ရတဲ့ code အမောင့်က အတူတူပဲ။ AI အကူအညီနဲ့ လုပ်ရတာပေါ့။" လို့ Amazon အင်ဂျင်နီယာတစ်ယောက်က ပြောပါတယ်။
အရင်က သီတင်းပတ်ချီကြာအောင် ရေးရတဲ့ code တွေက ရက်ပိုင်းနဲ့ ထုတ်ပေးနေရပြီလို့လည်း ဆိုပါတယ်။ အလုပ်မှာ သိပ်တွေးခေါ်ခံစားမနေရဘဲ deadline တွေအမှီ တက်သုတ်ရိုက် လုပ်ရင်းနဲ့ Amazon ဂိုဒေါင်တွေမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေလို ဖြစ်လာတယ်လို့လည်း တချို့က ညည်းကြပါတယ်။
Amazon CEO အန်ဒီ ဂျက်ဆီကတော့ Generative AI ဆိုတာ "ထုတ်လုပ်နိုင်စွမ်းနဲ့ ကုန်ကျစရိတ်ရှောင်ရှားဖို့" tool တစ်ခုပဲလို့ ပြောပါတယ်။
" ကျွန်တော်တို့ ဖောက်သည်တွေ အမြန်လိုချင်တဲ့ဟာကို ကျွန်တော်တို့ မပေးနိုင်ရင် ပြိုင်ဘက်တွေက ရသွားမှာပေါ့"
AI tools တွေ အလုပ်မှာ သုံးလာတာ Amazon တစ်ခုတည်း မဟုတ်ပါဘူး။ Microsoft , Google နဲ့ Shopify တို့လည်း အလုပ်တွင်ကျယ်ဖို့ AI ကို အပြိုင်အဆိုင် အသုံးချလာနေပါတယ်။

image

အိမ်နဲ့အဆင်မပြေဘူး ဆိုတဲ့ လူငယ်တိုင်း ဖတ်ကြည့် သင့်တဲ့...စာအုပ်တစ်အုပ်
ကျွန်တော်မြင်ဖူးသမျှ 'လေလွင့်သူ' ကို ဖတ်ပြီးတဲ့ လူငယ်တိုင်းလိုလိုက စကားပြောရင်း စာအုပ်တွေ အကြောင်းရောက် သွားတဲ့အခါတိုင်း လေ့လွင့်သူ ကို ချီးမွမ်းပြောဆို ကြတာချည်းပါပဲ။
မူရင်းဝတ္ထုဖြစ်တဲ့ The Catcher in the Rye - ဂျုံခင်းထဲမှာလိုက်ဖမ်းသူ ဝတ္ထုကို အမေရိကန်စာရေးဆရာ J.D Slinger က (၁၉၅၁) ခုနှစ်မှာ ဝတ္ထုစာအုပ် အဖြစ် ထုတ်ဝေခဲ့ပြီး ၊ ဆရာမြသန်းတင့်က 'လေလွင့်သူ' ဆိုတဲ့ နာမည်နဲ့ (၁၉၈၇) ခုနှစ် မှာ ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။
လေလွင့်သူ ဆိုတဲ့ ဝတ္ထုခေါင်းစဉ် အတိုင်း
ဦးတည်ရာမရှိ လျှောက်သွားနေသူ အသက် (၁၆) နှစ်အရွယ် လူငယ် တစ်ယောက် အကြောင်း ရေးသားထားတာပဲဖြစ်ပါတယ်။ စာမေးပွဲကျလို့ ကျောင်းထုတ်ခံရတဲ့ အတွက် အိမ်ကို မပြန်ရဲတော့တဲ့ ကျောင်းသားလေး တစ်ယောက် New York မြို့ကြီးထဲမှာ ပါလာတဲ့ပိုက်ဆံကလေး ကုန်အောင် လျှောက်သွား ၊ အိမ်ပြေး လုပ်တော့မယ် လို့ စိတ်ကူးနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
အခုခေတ် လူငယ် အသိုက်အဝန်း ကြားမှာ လည်း အိမ်နဲ့ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ သူတွေ ၊ အိမ်ပေါ်က ဆင်းချင် လောက်အောင် အခက်တွေ့နေတဲ့ လူငယ် တွေ အများအပြား ရှိကြပါတယ်။
ဒါကြောင့် ဒီစာအုပ်မှာပါတဲ့ လူငယ် တစ်ယောက်ရဲ့ ခံစားချက် ၊ လူငယ် တစ်ယောက်ရဲ့ ပေါက်ကွဲမှု ၊ လူငယ်တစ်ယောက်ရဲ့ ဘဝင်မြင့်မှု ၊ လောကကြီးနဲ့ ပတ်ဝန်းကျင်ကို မကျေနပ်မှု နဲ့ တကယ့် လောက ကို ရင်ဆိုင်တွေ့ကြုံရပုံ တွေကို ထပ်တူခံစား ဖတ်ကြည့်စေ ချင်ပါတယ်။
လေလွင့်သူ - ဟိုလ်ဒင်ကောဖီး ကို အိမ်မပြန်ဖြစ်ပဲ လောကကြီးကို မကျေနပ်တဲ့ (၁၆) နှစ်သား လေးအဖြစ် စာရေးသူကိုယ်တိုင် လူငယ် နေရာက ဝင်ခံစား ၊ လူငယ် တို့ဘာသာ ဘာဝ ရိုးရိုးရှင်းရှင်း စကားလုံးတွေနဲ့ အသက်သွင်းထားပြီး ၊ လွတ်လပ် တဲ့ အတွေးအမြင် ၊ လူငယ်တွေ သုံးတဲ့ ဗန်းစကားတွေကိုပါ ပေါ့ပေါ့ပါးပါး ဖတ်ရှု ရမယ့် သူငယ်ချင်းအချင်းချင်းပဲ ဖြစ်ဖြစ် ၊ မိဘတွေအနေနဲ့ မိမိသားသမီးကိုပဲ ဖြစ်ဖြစ် ညွှန်းပေးလို့ကောင်းတဲ့ ဘာသာပြန် စာအုပ် ကောင်း တစ်အုပ် ပဲ ဖြစ်ပါဒီစာအုပ်လေးကတော့တယ်....။

image

ဒီနှစ်အပိုင်းအခြားထဲမှာ
ငါ့ကိုယ်ငါ ပြန်ရှာတွေ့ခဲ့တယ် ။
ဘယ်တော့မှ ထပ်ပြီး မဆုံးရှုံးချင်တော့တဲ့သူက
ငါကိုယ်တိုင်ပါပဲ ။
ကိုယ့်ကိုယ်ကို ပြန်ချစ်ဖို့ မေ့နေခဲ့တာတွေရှိတယ် ။
ပျော်ရွှင်စေဖို့ မေ့လျော့နေခဲ့တာလည်းရှိတယ် ။
ဂရုမစိုက်မိသလို ဖြစ်ခဲ့ခြင်းတွေအတွက်
ခွင့်လွှတ်ပေးပါကွယ် ။
ပျော်ရွှင်ခြင်းနဲ့ထိုက်တန်ပါတယ် ချစ်သောငါရေ..
အခုချိန်ကစပြီး အရင်ကထက် ပိုချစ်ပေးမယ် ။
စိတ်မပျော်စေတဲ့အရာတွေဆို ဝေးဝေးရှောင်မယ်
ပန်းကလေးတွေကြားမှာ ပျော်မွေ့စေချင်တယ်
ဘယ်အချိန်မဆို ပျော်ရွှင်နေတာ
အဆင်ပြေနေတာ ရယ်မောနေတာလေးပဲ တွေ့ချင်တယ် ။
ချစ်သောငါ ပျော်ရွှင်နိုင်ပါစေ ။
အများကြီးမတွေးပဲ တစ်ရက်ချင်းစီကို
အကောင်းဆုံး ကျော်ဖြတ်သွားစေချင်တယ် ။
တစ်ယောက်ထဲလည်း ပေါ့ပါးပျော်ရွှင်စွာ
တောက်တောက်ပပလေးပေါ့...။
#လုံးလုံးလေး

image

လုပ်တိုင်းလည်း မဖြစ်တဲ့ အရာတွေ ၊ အစစအရာရာ ပြီးပြည့်စုံလောက်တဲ့အထိ မစွမ်းနိုင်တဲ့အခါတွေ ၊ သင် မလုပ်နိုင်တဲ့အရာတွေ ရှိတတ်ပါတယ် ။ ဒါဟာလည်း အခြေအနေနဲ့ အချိန်အခါကြောင့်ရော ၊ ဖြစ်ချိန်မတန်သေးလို့ရော ၊ ကံမပါလို့ရော စတဲ့ အကြောင်းတွေ အများကြီး ရှိနိုင်ပါသေးတယ် ။ သင် မတော်လို့ ၊ သင် ညံ့လို့ မဟုတ်ပါဘူး ။ သင်သာ အကောင်းဆုံး ကြိုးစားနေခဲ့မယ်ဆိုရင် သင့်တာဝန်ဟာ ကျေသင့်သလောက် ကျေနေခဲ့ပါပြီ ။
ကျွန်တော်တို့ဟာ ကျဆုံးမှုနဲ့ ကြုံရတိုင်း မိမိကိုယ်ကိုယ်
အရင်ဆုံး အပြစ်တင်တော့တာပဲ ။ အောင်မြင်ခဲ့တဲ့ အချိန်တွေကို မေ့လျော့ပြီး ဘာမှသုံးစားမရတဲ့ လူတစ်ယောက်လို့ ထင်မြင်မိတော့တဲ့ အထိတောင် ဖြစ်သွားတတ်တယ် ။
တကယ်ဆို သင်က ဒီဖြစ်စဉ်တစ်ခုလုံးမှာ အကြိုးစားခဲ့ဆုံး လူပါ ။ သင်က ဒီရှုံးနိမ့်မှု ၊ အဆင်မပြေမှုအတွက်ကို ဝမ်းအနည်းရဆုံးလူပါ ။ ဒါကြောင့် သင့်ကိုယ်သင်နှစ်သိမ့်ဖို့ မမေ့ပါနဲ့ ။
#‌နေဗလ်

image
1 နှစ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
1 နှစ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
1 နှစ် - ဘာသာပြန်ပါ။

လမ်းလျှောက်ခြင်းဟာ လွယ်ကူတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ခြေလှမ်း တစ်လှမ်း လှမ်းရဖိုအတွက် ကြွက်သားပေါင်း ၂၀၀ လောက်ဟာ တစ်စုတစ်စည်းထဲ အလုပ်လုပ်နေရတာ ဖြစ်ပါတယ် ဟန်ချက်ထိန်းဖို့၊ လှုပ်ရှားဖို့၊ ကိုယ်နေဟန်ထားမှန်ဖို့နဲ့ ခန္ဓာကိုယ်ကို ထောက်ပံ့ဖို့အတွက် ဒီကြွက်သားတွေ အားလုံးဟာ စုပေါင်းပြီး အလုပ်လုပ်ကြရတာဖြစ်ပါတယ်
ခြေထောက်နဲ့ ခြေကျင်းဝတ်က သေးငယ်တဲ့ ဟန်ချက်ထိန်းကြွက်သားတွေကနေ ပေါင်၊ တင်ပါးနဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက ပိုကြီးတဲ့ ကြွက်သားတွေအထိ ခြေလှမ်းတိုင်းကို တိကျသေချာစေဖို့ ကြွက်သားအားလုံးဟာ ညှိယူလုပ်ဆောင်ကြပါတယ်
#knowledge #ဗဟုသုတ

image