Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#နိုင်ငံတကာသတင်း
◼ဒေါ်နယ်ထရန့် ၏အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် ဆော်ဒီသို့ ရောက်ရှိ
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ပင်လယ်ကွေ့သို့ လေးရက်ကြာခရီးအစတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ယနေ့တွင်ရောက်ရှိခဲ့ပြီး ၎င်းသည်ခရီးစဉ်အတွင်း ဂါဇာစစ်ပွဲမှသည် အီရန်နျူကလီးယားအစီအစဉ်အထိ အကျပ်အတည်းများမှထွက်ပေါ်လာသော လုံခြုံရေးပြဿနာများထက် စီးပွားရေးသဘောတူညီမှုများကို ပိုမိုအာရုံစိုက်နေကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
တက်စလာကားကုမ္ပဏီ စီအီးအို နှင့် သမ္မတအကြံပေး အီလွန်မာ့စ် နှင့် အင်အားကြီးသော အမေရိကန်စီးပွားရေးခေါင်းဆောင်များလည်း ခရီးစဉ်တွင် လိုက်ပါခဲ့ရာ ထရန့်သည် ဆော်ဒီ-အမေရိကန်စီးပွားရေးဖိုရမ်ကျင်းပမည့် ရီယာ့ဒ်မြို့ သို့ သွားရောက်မည်ဖြစ်ကာ ဗုဒ္ဓဟူးနေ့တွင် ကာတာ နှင့် ကြာသပတေးနေ့တွင် ယူအေအီးနိုင်ငံတို့သို့ ခရီးဆက်မည်ဖြစ်သည်။
ဆော်ဒီ-အမေရိကန်စီးပွားရေးဖိုရမ်တွင် အီလွန်မာ့စ်ကလည်း စကားပြောမည်ဖြစ်ကြောင်း ဖိုရမ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဒေါ်နယ်ထရန့် ၏ သမ္မတလေယာဉ် Air Force One အား ဆော်ဒီလေတပ်မှ အက်ဖ်-၁၅ လေယာဉ်နှစ်စီးက လိုက်ပါစောင့်ရှောက်ခဲ့ပြီး ထရန့်အား ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ကိုယ်တိုင် လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့သည် ။
ဒေါ်နယ်ထရန့်သည် ပထမအကြိမ် သမ္မတဖြစ်ပြီးနောက် ၂၀၁၇ ခုနှစ်တုန်းကလည်း ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းသို့ လာရောက်ခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ်တွင်မူ ထရန့်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအတွက် ရောမသို့ သွားရောက်ခဲ့သော ခရီးစဉ်ဖြစ်သည်။
ယူကရိန်းမှ ရုရှားစစ်ပွဲနှင့် ပတ်သက်၍ ရှရှားသမ္မတဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့ကြား ဖြစ်နိုင်ချေရှိသော မျက်နှာချင်းဆိုင်တွေ့ဆုံမှုအတွက် ၎င်းအနေဖြင့် ကြာသပတေးနေ့တွင် တူရကီသို့ သွားရောက်နိုင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ဆော်ဒီနှင့် အမေရိကန်တို့သည် ဆယ်စုနှစ်များစွာ ခိုင်မာသောဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပြီး အများအားဖြင့် ဆော်ဒီဘုရင့်နိုင်ငံတော်က အမေရိကန်သို့ ရေနံများပေးပို့ပြီး အမေရိကန်က လုံခြုံရေးထောက်ပံ့ပေးခဲ့သည်။
ထရန့်၏ အရှေ့အလယ်ပိုင်းခရီးစဉ်တွင် အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သ်၊ စီးပွားရေးဝန်ကြီး ဟိုးဝါ့ဒ်လုနစ် နှင့် စွမ်းအင်ဝန်ကြီး ခရစ်ရိုက်တို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-CNN/Reuters
#ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်
စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်
လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေး
နေတတ်တဲ့သူကို ပိုသဘောကျတယ်
တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချို့ဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလို့မှ မရတာ
အချိန်တန်တော့
သူ့ဗီဇ,သူ့အကျင့်က ပေါ်လာစမြဲပါ...
#ဟန်ဆောင် ပန်ဆောင် ပြုံးပြတဲ့သူထက်
မမြင်ချင်ယောင် ဆောင်သွားတဲ့သူကို
ပိုသဘောကျတယ်
စားပါ စားပါ လေနဲ့ကျွေးတဲ့သူထက်
ရော့..နင့်အတွက်ဆိုပြီး တကယ်ကျွေးတဲ့သူကို
ပိုသဘောကျတယ်
လူရှေ့သူရှေ့ တအားတွေ ခင်ပြနေပြီး
ကွယ်ရာ အတင်းတုတ်တဲ့သူထက်
ခပ်တည်တည် ခပ်မှန်မှန်လေး
နေတတ်တဲ့သူကို ပိုသဘောကျတယ်
တကယ်တော့
ရင်ထဲကမပါတဲ့ ဆက်ဆံရေးတချို့ဟာ
ရေရှည် မတည်မြဲပါဘူး
ဟန်ဆောင် မျက်နှာဖုံးဆိုတာ
ကြာကြာတပ်ထားလို့မှ မရတာ
အချိန်တန်တော့
သူ့ဗီဇ,သူ့အကျင့်က ပေါ်လာစမြဲပါ...