29 w - Translate

မျက်မမြင်တွေ AI မျက်မှန်ကြောင့် အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်ပြီ
=========================================
AI ဟာ လူသားတွေကို များစွာ အကျိုးပြုလာပြီ ဖြစ်ပါတယ်။ အခုတော့ AI ကြောင့် မျက်မမြင်တွေ၊ အမြင်အာရုံ အားနည်းသူတွေဟာ တခြားလူ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တော့မှာ ဖြစ်ပါတယ်။
တရုတ်မှ Shanghai Jiao Tong တက္ကသိုလ်က AI မျက်မှန် သို့မဟုတ် Wearable AI Device တစ်ခုကို တီထွင်လိုက်ပါတယ်။ မျက်မမြင်တွေက အဲဒီ မျက်မှန်ကို တပ်ထားရင် AI က ပတ်ဝန်းကျင်မှ အရာဝတ္ထုတွေကို လေ့လာဆန်းစစ်ပြီး လျှောက်ရမယ့်လမ်းကို အသံနဲ့ လမ်းညွှန်ပေးပါတယ်။ ဒီလို ပြုလုပ်ပေးနိုင်အောင် မျက်မှန်မှာ ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
AI မျက်မှန်ကို အမြင်အာရုံ အားနည်းတဲ့ လူ ၂၀ နဲ့ စမ်းသပ်ပြီးပြီ ဖြစ်ပြီး မိနစ် ၂၀ အတွင်းမှာ တခြားလူရဲ့ အကူအညီ မလိုဘဲ လမ်းလျှောက်နိုင်တာကို တွေ့ရပါတယ်။
အဲဒီ မျက်မှန်ဟာ လက်ရှိမှာ Indoor မှာပဲ အလုပ်လုပ်သေးပြီး Outdoor မှာ အလုပ်လုပ်အောင် ပညာရှင်တွေက ဆက်လက် ဖန်တီးကြမှာ ဖြစ်ပါတယ်။
Ref : Tech Explorers

image

" ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင် အရည်အချင်းတစ်ခုခုရှိရမှာ ။ ဘာအရည်အချင်းမှမရှိရင် ဘယ်နေရာမှာသွားသုံးရမလဲ " မှတ်သားစရာ စကားတစ်ခွန်းပဲ ။ ဒီစာအုပ်ကို အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ ဖတ်ဖို့ ပြောပါရစေ။

"အို မဟုတ်ပါဘူး ကြီးကြီးမေရယ် ၊ သူ ဒီလောက်တော့မဆိုးပါဘူး ၊ သူ ဒီလောက် မပျက်စီးသေးပါဘူး ကြီးကြီးမေ ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် သူ့ကို စု ပြုပြင်နိုင်ပါတယ် ၊ စုစကားကို သူနားထောင်မှာပါ" တဲ့ ။

ရင်နှင့်ရင်းပြီးချစ်ခဲ့ရတဲ့ အမျိုးသားအပေါ် ယုံကြည်ချက်ပြင်းထန်လွန်းခဲ့တဲ့ အမျိုးသမီးငယ် ။ ချစ်ရတဲ့အမျိုးသားကို ပြုပြင်ပြောင်းလဲပေးဖို့ သိပ်စိတ်အားထက်သန်ခဲ့တဲ့အမျိုးသမီးငယ် ။ အင်း...ပြောရရင် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ပေါ့...

စိတ်ကူးယဉ်တတ်သလို သိပ်ကိုလည်း ကဗျာဆန်တတ်တဲ့စု...စိတ်ကူးယဉ်ဆန်ဆန် အချစ်တစ်ခုကို ဘဝထင်ပြီး
အိမ်ထောင်ဆိုတဲ့ အိမ်ထောင်ရေးနွံထဲ လွယ်လွယ်ခုန်ဆင်းသွားတဲ့စုဟာလေ သိပ်ကိုရူးမိုက်ခဲ့တာပါလားကွယ် ။

လူကြီးသူမ အတန်တန်တားတဲ့ကြားက စုကတော့ လင်မယား ဖြစ်သွားခဲ့ပြီးပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာမဆို ရင်ဆိုင်ဖို့သတ္တိတွေရှိနေခဲ့လေရဲ့

မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေလာခဲ့တဲ့ သူမက ဒီလိုအသိုင်းအဝိုင်းထဲမှာ နေနိုင်မှာတဲ့လား ။ ဒါပေမယ့် စုမှာသတ္တိတွေ ရှိခဲ့တယ် ။ အားအင်တွေ ရှိခဲ့တယ် ။ ချစ်ရသူလက်ကိုဆွဲပြီး အရာရာရင်ဆိုင်မယ် ။ တူနှစ်ကိုယ်တဲပျက်ထဲမှာ ထမင်းရေသောက်ရလည်း နေနိုင်ပါတယ်ဆိုတဲ့ ကဗျာဆန်ဆန်အတွေးတွေလည်း ရှိနေခဲ့လေရဲ့။

တစ်နေ့ထက်တစ်နေ့ ပျက်စီးသထက်ပျက်စီးလာတဲ့ ချစ်ရသူကြောင့် ဗျာများရတာလည်း အိမ်ထောင်စကျပါပြီဆိုကတည်းက ဒါပေမယ့် သူမ အပြစ်မယူရက်ခဲ့ပြန်ဘူး။
တစ်နေ့တော့ပြောင်းလဲသွားမှာပါလေ ။ ‌ငါ့ကိုချစ်ရင် ပြောင်းလဲသွားမှာပါလေဆိုတဲ့ အတွေးတွေ ဝင်နေခဲ့တော့ သိပ်ကိုခက်ပါရောလားကွယ် ။

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ကိုယ်အမှားလုပ်မှန်း သိနေလည်း ကိုယ်ကိုယ်တိုင် ပြုပြင်ချင်တဲ့စိတ်မရှိရင် သိကြားမင်းတောင် ဆင်းပြင်ပေးလို့မရဘူးလေ ။

ကိုယ့်ကိုချစ်လို့ သူ့ရဲ့အကျင့်ဆိုး ဗီဇဆိုးတွေကို ကိုယ့်အတွက်ဆိုပြီး ကြိုးစားပြီး ပြုပြင်ပြောင်းလဲလာတဲ့ လူကိုရခဲ့ရင်တော့ ကိုယ်တို့တွေဟာ သိပ်ကိုကံကောင်းကြတာပါပဲ။
နေမင်းက စုကိုချစ်ပါရဲ့။ ခက်တာက သူ့မှာပြောင်းလဲချင်စိတ် ပါမလာခဲ့ဘူး ။ တိုးတက်ချင်စိတ် ပါမလာခဲ့ဘူး ။

"ဒီလိုစကားမျိုးနဲ့တော့ မင်း...မောင့်ကို မစော်ကားပါနဲ့ စု ။ကိုယ်ပြောခဲ့ပြီကော ။ အစတည်းက မှားခဲ့တဲ့ကိစ္စလို့ ။ အေး.. အဲ့အမှားဒဏ်ကိုနှစ်ယောက်လုံးခံစတမ်း ဆိုရင်တော့ မင်း..မောင်နဲ့ နေကိုနေနိုင်ရမယ် စု ၊ မောင် ဒါပဲပြောမယ်" ဆိုပြီး ပစ်ပစ်ခါခါ ပြောသွားတဲ့ ယောက်ျားဖြစ်သူကိုလည်းအပြစ်မတင်ရက် ။ အစကတည်းက အရာရာကို ပန်းခင်းလမ်းအမှတ်နဲ့ လျှောက်လှမ်းခဲတဲ့ သူမရဲ့အပြစ်တွေသာ။ နေမင်းဟာ ဒီလိုလူမှန်းသိရက်နဲ့တောင် ရွေးချယ်ခဲ့တဲ့သူမရဲ့အမှားတွေသာ။

အိုင်းရင်းပြောသလိုပေါ့

"ယောက်ျားဆိုတာ မချမ်းသာ‌ရင်တောင်အရည်အချင်းတစ်ခုခုရှိရမှာ ။ ဘာအရည်အချင်းမှမရှိရင်ဘယ်နေရာမှာသွားသုံးရမလဲ"တဲ့ အဲ့စကားကို သိပ်ကြိုက်တယ် ။
အိုင်းရင်းရဲ့အတွေးကို ကြိုက်သလို သူ့ရဲ့စိတ်ဓာတ်တွေကိုလည်း သဘောကျတယ် ။

အရည်အချင်းရှိတဲ့လူကိုပဲ ရွေးချယ်မယ် ။ ကိုယ်တိုင်ကလည်း အရည်အချင်းရှိအောင် ကြိုးစားမယ် ။ သူ့ဝင်ငွေ ၊သူ့လုပ်စာကို မှီခိုနေရင် သူ့မျက်နှာကို ကြည့်နေရအုံးမယ်လေ ။

တကယ်တော့ ယောက်ျား၊မိန်းမမှ မဟုတ်ဘူး ။ လူတစ်ယောက်က မချမ်းသာရင်တောင် အရည်အချင်းတစ်ခုခုရှိသင့်တယ် ။ ဘာအရည်အချင်းမှလည်းမရှိ ၊ ဘာမှတိုးတက်ချင်စိတ်မရှိတဲ့ လူတစ်ယောက်ကို သူဘယ်လိုလူမှန်းသိရဲ့သားနဲ့ ရူးမိုက်စွာတော့ ကိုယ်တို့ မရွေးချယ်သင့်ဘူးလေ ။

"မချစ်သေးလို့ပါ" "ချစ်ရတဲ့သူရှိလာရင် စုလိုပဲ မိုက်ရူးရဲဆန်လာလိမ့်မယ်" ပြောလာခဲ့သည်ရှိသော် ချစ်တာနဲ့ မိုက်ရူးရဲဆန်တာမတူဘူးလို့ ပြောချင်တယ် ။
ဘဝကို ဝတ္ထုတွေထဲကအတိုင်း စိတ်ကူးယဉ်ပြီး
လွယ်လွယ်လေးတွေးရင် ကိုယ်ကတော့ ကိုယ်တိုင်က ဦးနှောက်မရှိဘူးလို့ပဲ ထင်တယ် ။

ဘဝဆိုတာ စိတ်ကူးယဉ်လို့သာ သိပ်ကောင်းတာ ။
တကယ်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ ဖြတ်ကျော်ရမှာက ကိုယ်တိုင်ပဲ။
အဲ့ပင်ပန်းဆင်းရဲဒဏ်တွေကို ခံရမှာက ကိုယ်ကိုတိုင်ပဲ။

ရွေးချယ်ခဲ့တဲ့လူက ကိုယ်နဲ့အတူ အေးအတူ၊ပူအမျှ
ကြိုးကြိုးစားစားဖြတ်သန်းတဲ့ လူဆိုရင် ဒီလမ်းက မှန်ကန်ပေမယ့် နေမင်းလို လူနဲ့တွေ့ခဲ့ရင်ရော ဒါတောင် နေမင်းက မရိုက်မနှက်တဲ့ ယောက်ျားနော်။

"လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်တတ်တယ်"တဲ့

ငယ်ရွယ်တဲ့အချိန် ဘဝအတွက် အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ရူးရူးမိုက်မိုက်ပစ်ဝင်ခဲ့တဲ့ အိမ်ထောင်ရေးခရီးလမ်းက တကယ်ရောဖြောင့်ဖြူးနိုင်ခဲ့လို့လား ။

ပြောင်းလဲလာပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အားတင်းပြီး နေခဲ့တာ နောက်ဆုံးကိုယ့်ဘဝပဲ ရေတိမ်နစ်သွားခဲ့တယ် ။ အဲ့လူကတော့ ပြောင်းလဲမလာခဲ့ဘူး ။

စုအရွယ်က သိပ်ကိုငယ်‌သေးတာ ။ အဲ့လိုဒဏ်တွေကိုခါးစီးခဲ့ရမယ့်အစား ဘဝတက်လမ်းတွေကို ရှာဖွေနေသင့်တာ ။ လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသင့်တာ။

တကယ်တော့ လောကကြီးမှာ စုလို အချစ်ကိုဘဝထင်ပြီး ကိုးကွယ်တဲ့မိန်းကလေးရှိ‌သလို အချစ်ကို ဦးစားမပေးတဲ့အိုင်းရင်းလို မိန်းကလေးတွေကလည်း ဒုနဲ့ဒေးပါ ။

‌အချစ်က ဘဝမှာ အရေးပါပေမယ့် ဘဝတစ်ခုလုံးပုံအပ်ပြီး ကိုးကွယ်ရလောက်တဲ့အထိတော့ ကိုယ်‌တို့တွေ မရူးမို,က်သင့်ဘူးလို့ ထင်ပါရဲ့။

#မိုးမိုး(အင်းလျား)
#ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

image

#sefile

29 w - Translate

JUST IN: At least nine people were killed and dozens more were injured in an overnight Russian attack on several districts and residential areas in Kyiv, Ukrainian officials said on Thursday.
Read more: https://abcnews.link/Nvkutjm

image
29 w - Translate

လေ့လာမှုတစ်ခုအရ ဂီတာစတင်တီးခတ်သူတွေရဲ့ 90 % ဟာ 1 နှစ်အတွင်း ဆက်လက်သင်မယူကြတော့ဘဲ လက်လျှော့သွားကြပါတယ် ဆက်လက်တီးခတ်တဲ့ 10 % သော ဂီတာသမားတွေဟာ သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာဂီတာ 5-7 လုံး အပါဝင် ဂီတာနဲ့ပတ်သက်တဲ့ တစ်ခြား ပစ္စည်းများစွာ ကို ဝယ်ယူလေ့ရှိပြီး အဲ့ဒီပစ္စည်းကိရိယာတွေအတွက် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ 10000 ခန့် သုံးစွဲကြပါတယ်
#knowledge #ဗဟုသုတ

image
29 w - Translate

The Adventures of Peanut and Pig (2022)

ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး
IMDb 5.7 ရရှိထားတဲ့ animation ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
ပင်လယ်ကျွန်းမျောပေါ်မှာ တည်ရှိတဲ့ ဂူလာကျွန်းကြီးဟာ
ဆိုရင်တော့ဖြင့် သက်ရှိသတ္တဝါတိုရဲ့ အားထားမှီခိုရာဗိမ္မာန်
လေးတစ်ခုပေါ့။
သီးစုံပန်းမန်တွေနဲ့ ပျော်စရာအတိပြည့်နေတဲ့ ဂူလာကျွန်းကြီးက
တစ်နေ့မှာ‌တော့ ပင်လယ်ရေအောက်ထဲကို စုံးစုံးနစ်မြုပ်ဖိုရာ
အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီကျွန်းကို ကယ်တင်ဖိုအတွက်
အပျော်အပါးနဲ့ မိန်းကလေး ကိစ္စကလွဲရင် ကျန်တာစိတ်မဝင်စားတဲ့
ဖီးနတ် ဆိုတဲ့ မျောက်တစ်ကောင်အား ဂူလာကျွန်းကိုကယ်တင်ဖို
တာဝန် ပေးအပ်လိုက်တဲ့အခါမှာတော့။
ဖီးနတ်က သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလား၊
ဖီးနတ်ရဲ့ကောင်းမှုကြောင့် ကယ်ဆယ်ရေးအဖွဲထဲ ပါသွားရရှာတဲ့
ဘဝမှာ အစားအသောက်သည်သာ နံပါတ်တစ်ဆိုတဲ့ ဝက်ကလေး
ပစ်ဂ် ကရော ဒီခရီးစဉ်မှာ ဘယ်လိုတွေ ကြံစည်ဦးမလဲ။ ဂူလာကျွန်းကြီး
နစ်မြုပ်ရတဲ့ အဓိကတရားခံကရော ဘာကြောင့် ဖြစ်နိုင်မလဲ စတဲ့
သိုလောသိုလော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှုနိုင်မယ့်
ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ယူတတ်ရင်ပညာ ဆိုသလို စော်ကြည်ဘဲလေး ဖီးနတ်ရဲ့
ကောင်မလေးတွေကို ချုပ်နည်း၊ ကြူနည်းကျမ်းများကိုလည်း တွေ့ရှိ
ရဦးမှာမို  ဇာတ်လမ်းကြည့်ရင်း  လေ့လာသင်ယူနိုင်ပါကြောင်း
ထပ်လောင်းပြောလိုက်ပါရစေ‌ဗျာ။

ဇာတ်ကားလင့်
https://t.me/c/2186686827/251

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

A Smiley Face Moon on April 25th Morning ?
ဒီရက်ပိုင်းမှာ Social Media ပေါ်မှာ ပြန့်နေတဲ့ပုံတစ်ပုံ အရ ဧပြီ ၂၅ မနက် အစောပိုင်း နေမထွက်ခင်လေးမှာ လ နဲ့ အခြား ဂြိုဟ် နှစ်လုံး ကို Smiley Face ပုံစံ ဖြစ်နေတာကို မြင်ရမယ်ဆိုပြီး ရေးနေကြတာတွေ့ရပါတယ်။ အမှန်တကယ် က တော့ အဲလိုမျိုး မြင်ရမှာမဟုတ်ပါဘူး။ တခါတလေ ကျွန်တော်တို့တွေ အွန်လိုင်း မီဒီယာတွေ ပေါ်မှာ မြင်ရ ဖတ်ရတဲ့ အချို့သော သတင်းတွေ ဟာ လူတွေ စိတ်ဝင်စားတာ ပိုလာအောင် ပွဲ ဖြစ်အောင် တမင် ရေးထားတာတွေဖြစ်နေတာပါ။ ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီလောက် ကစပြီး အရှေ့ဖက် ကောင်းကင်ကို ကြည့်မယ်ဆိုပါက လ ခြမ်းကွေး လေးရယ် ဂြိုဟ် ၂ လုံးရယ်ကို မြင်ရပါမယ်။ ဂြိုဟ် နှစ်လုံး အနက် သိသိသာသာ လင်းလက်နေတာ က သောကြာဂြိုဟ်ခေါ် ဗီးနပ်စ် ဂြိုဟ်ဖြစ်ပြီး နောက် မှိန်မှိန် တစ်လုံးကတော့ စနေဂြိုဟ် ဖြစ်ပါတယ်။ စနေ ဂြိုဟ် ကို မြို့ပေါ် အလင်းရောင် များတဲ့ နေရာက ကြည့်မယ်ဆိုပါ က အမှုန်သေးသေးလေး ဒါမှမဟုတ် လုံး၀မမြင်နိုင်တာ မျိုးရှိပါတယ်။ သောကြာဂြိုဟ်ကတော့ လင်းလက်စွာမြင်ရပါတယ်။ အွန်လိုင်းမှာ ပြန့်နေ သလိုမျိုး ပုံစံတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ လနဲ့ ဂြိုဟ် ၂ လုံး က ဘေး တစောင်းတိုက်လေး ဖြစ်နေမှာပါ။ မြန်မာနိုင်ငံက ဆိုရင် ခု အွန်လိုင်းကပုံ နဲ့ အတော်ကို ကွဲပြားစွာမြင်ရမှာဖြစ်ပါတယ်။ လ က ဂြိုဟ် ၂ ခု အောက်မှာမဟုတ်ပဲ အပေါ်ကို ရောက်နေတာမြင်ရမှာပါ။ မိမိနေထိုင်ရာ နေရာကနေ ဘယ်လိုမြင်ရနိုင်မလဲဆိုတာ သိချင်ရင် အောက်ပါ website မှာ သွားကြည့်လို့ရပါတယ်။ အဲရက်မှာ မြန်မာနိုင်ငံကနေ မြင်ရမယ့် ကောင်းကင် ပုံကို လဲ ပုံ ၂ မှာ ပြထားပေးပါတယ်။ Smiley Face နဲ့ လုံး၀ မတူတာကို တွေ့ရမှာပါ။

imageimage
29 w - Translate

A Creature Was Stirring (2023)
====================

မင်းသမီးချောလေး Annalise Basso ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇာတ်ကားလေးတစ်ကားပါ

Louisville ဆိုတဲ့ မြိုလေးတစ်မြိုရဲ့ ခရစ္စမတ်ကာလမှာ နှင်းမုန်တိုင်းတွေအပြင်းအထန်တိုက်နေတဲ့ကြားကနေ ဘာသာရေးယုံကြည်သက်ဝင်တဲ့ မောင်နှမနှစ်ယောက်ဟာ သာသနာပြန့်ပွားရေးအတွက်ခရီးထွက်လာကြရင်းနဲ့ ခိုလုံဖိုအိမ်တစ်အိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်

အိမ်ရှင်ဖြစ်တဲ့ ဖိတ် ဆိုတဲ့ Nurse တစ်ယောက်ဟာ သူ့သမီးနဲ့အတူနေထိုင်တာပေါ့ သူ့ရဲ့သမီးဖြစ်တဲ့ ချမ် မှာ ထူးဆန်းတဲ့ ရောဂါတစ်ခုဖြစ်နေတာကို အမေဖြစ်သူက ကြိတ်ကုနေတာပေါ့ ရောဂါကတော့အဆန်းပဲ Body Temperature တစ်ခုကိုရောက်သွားရင် ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားတာပါပဲ ဒါကိုလူသိမခံချင်တဲ့ သားအမိနှစ်ယောက်နဲ့ အိမ်ဖောက်ပြီးရောက်လာတဲ့ မောင်နှမနှစ်ယောက်ကြားမှာ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေနဲ့ သည်းထိတ်ရင်ဖိုတွေဖြစ်ကြဦးမလဲဆိုတာကိုတော့.....

image