38 w - Translate

hello May

#နိုင်ငံတကာသတင်း
◼ကာတာ၏လေယာဉ်လက်ဆောင်ကို လက်မခံလျှင် မိုက်မဲရာကျမည်ဟု ထရန့်ပြောကြား
ကာတာတော်ဝင်မိသားစု ထံမှ လေယာဉ်ပျံတစ်စင်းကို လက်ဆောင်အဖြစ် လက်ခံမည့် ၎င်း၏ အစီအစဉ်အပေါ် ကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချလိုက်ကာ ယင်းသို့ ရက်ရော သောကမ်းလှမ်းမှုအား ပယ်ချခြင်းမှာ မိုက်မဲရာကျမည်ဖြစ်ကြောင်း ပြောသည်။
သမ္မတလေယာဉ် Air Force One အဖြစ် အသုံးပြုရန် ပြင်ဆင်သွားမည်ဖြစ်သော ကန်ဒေါ်လာ သန်း ၄၀၀ တန် လေယာဉ်သည် အမေရိကန်အစိုးရက လက်ခံရရှိခဲ့သမျှ လက်ဆောင်များတွင် တန်ဖိုးအကြီးဆုံးတစ်ခုဖြစ်သည်။
လေယာဉ်ကမ်းလှမ်းမှုသတင်းများ နှင့် အတူ ဒီမိုကရက်များနှင့် ကောင်း မွန် သောအစိုးရမူကို ထောက်ခံသူများထံမှ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့ပြီး ယင်းမှာ သမ္မတ၏ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုရှိနိုင်ကာ အကျိုး စီး ပွားပဋိပက္ခလည်း ဖြစ်နိုင်ကြောင်း ၎င်းတို့က ပြောကြားကြသည်။
Boeing 747-8 လေယာဉ်အား နောက်ပိုင်းတွင် ၎င်း၏သမ္မတရုံးစာကြည့်တိုက်ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း နှင့် သမ္မတရုံးမှ ထွက်ခွာချိန်၌ ယင်း‌လေယာဉ်ကို အသုံးပြုရန်အစီအစဉ်မရှိကြောင်း ထရန့် က ပြောကြားသည်။
“ ဒါဟာ ကာတာအစိုးရဆီက ကြီးကျယ်တဲ့လုပ်ရပ်ပါ။ အလွန်ပဲ တန်ဖိုးထားပါတယ်။ ကျွန်တော်က ဒီလို ကမ်း လှမ်းမှုမျိုးကို ဘယ်တော့မှ ပယ်ချမယ့်လူ မ ဟုတ်ပါဘူး ။ ဆိုလိုတာက အိုး ၊ နိုး ဒီလိုတန်ဖိုးကြီးတဲ့ လေယာဉ် ကြီးကို အ လကား မလိုချင်ဘူး လို့ ပြောလိုက်ရင် ကျွန်တော် က မိုက်မဲတဲ့သူဖြစ်သွားနိုင်ပါတယ်” ဟု ထရန့်က အရှေ့အလယ်ပိုင်းသို့ တရားဝင်ခရီးမထွက်ခွာမီ အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားသည်။
ကာတာ၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးအပါအဝင် ယင်းဒေသမှ နိုင်ငံများအား ကာကွယ်ရာ၌ အ မေ ရိကန်၏ အကူအညီကို ကျေးဇူးတင်သောကြောင့် လေ ယာဉ်ကမ်းလှမ်းမှုရရှိခြင်းဖြစ်ကြောင်း ရီပက်ဘလီကန်သမ္မတ ကဆိုသည်။
ယင်းသုံးနိုင်ငံမှာ ၎င်း၏အရှေ့အလယ်ပိုင်း ခရီးစဉ်တွင် ပါဝင်သော နိုင်ငံများလည်းဖြစ်သည်။
လေယာဉ်ကို လက်သင့်ခံခြင်းမှာ လက်တွေ့ကျသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ထရန့်က ထပ်လောင်းပြော ကြား ခဲ့ကာ ၎င်း၏ပထမသမ္မတသက်တမ်းအတွင်း မှာယူထားခဲ့သော Air Force One လေယာဉ်သစ်ကို ပေးပို့ရန် ဘိုး ရင်းကုမ္ပဏီက အချိန်ယူလွန်းခြင်းကိုလည်း စိတ်ပျက်ကြောင်းဆိုသည်။
ကမ်းလှမ်းမှုကို ဝေဖန်သူများကမူ ကျင့်ဝတ်နှင့်မညီကြောင်း ၊ အခြေခံဥပဒေနှင့်ပင် ညီညွတ်ဖွယ်မရှိကြောင်း ပြော ကြားကြသည်။
လေယာဉ် လက်ဆောင်အား ထရန့်လက်ခံခြင်းသည် အကျိုးစီးပွားပဋိပက္ခဖြစ်စေပြီး လေးနက်သော အမျိုးသားလုံ ခြုံ ရေးမေးခွန်းများ ထွက်ပေါ်လာစေကာ နိုင်ငံရပ်ခြားဩဇာလွှမ်းမိုးမှုကို ဖိတ်ခေါ်နေကြောင်း ဒီမိုကရက် အ ထက်လွှတ် တော် အမတ်များဖြစ်သော ဘရိုင်ယန်ရှက်ဇ်၊ ခရစ်မာဖီ ၊ ကိုရီဘွတ်ကာ နှင့် ခရစ်ကွန်းစ် တို့ က ထုတ်ပြန်ချက်တစ်ရပ်၌ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
124 yrs - Translate

#ပြည်တွင်းသတင်း
◼မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ၀င်ရောက်
မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ၀င်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၁၃ ရက်) မွန်းလွဲပိုင်းတွင်ထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည်(မေ ၁၅ ရက်မှမေ ၁၈ ရက်)အတွင်းမြစ်ဝကျွန်းပေါ်ဒေသနှင့် (မေ ၁၉ ရက်မှမေ ၂၄ ရက်) အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဆက်လက်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်များအရ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်၍သတိပြုနေထိုင်ရန် မိုးဇလကအသိပေးထားသည်။
သတင်း - အင်ကြင်း

image
38 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းမြောက်ပိုင်းတွင် မြန်မာများ လိုက်ပါလာသည့်ကား တိမ်းမှောက်
ထိုင်းနိုင်ငံ(မြောက်ပိုင်း) ချင်းရိုင်ခရိုင်တွင် မေ ၁၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီး လမ်းဘေးတိမ်းမှောက်ပြီး မြန်မာတစ်ဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
ချင်းရိုင်မြို့ မဲ့ကွန်ဒေသရှိအမြန်လမ်းမပေါ်တွင် ပစ်ကပ်ကား သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးဆင်းပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ရာ ကားပေါ်တွင် ကားသမားအပါအဝင် မြန်မာနိုင်ငံသားကိုးဦး လိုက်ပါလာကြောင်းသိရသည်။
ကားမှောက်မှုကြောင့် ကားမောင်းသူမြန်မာနိုင်ငံသားမှာ နေရာတွင် သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူရှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ချင်းရိုင်မြို့ရှိဆေးရုံအသီးသီးသို့အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါမြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အချက်အလက်များကိုမေးမြန်းနေဆဲဖြစ်ရာ ကားမှောက်မှုဖြစ်စဉ်ကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကာဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - Thainews

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီ ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို
ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီစီနှင့် ၎င်း၏အစိုးရအဖွဲ့သည် ရွေးကောက်ပွဲတွင်အပြတ်အသတ်အနိုင်ရရှိပြီးနောက် မေ ၁၃ ရက်တွင် ယဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
အစိုးရတွင်ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးဝန်ကြီးများ ပြောင်းလဲခြင်းမရှိသော်လည်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ရှေ့နေချုပ်ရာထူးများတွင်လူသစ်များ ခန့်အပ်ခဲ့သည်။
ဝန်ကြီးချုပ်၏ လေဘာပါတီ အပြတ်အသတ် အနိုင်ရပြီးနောက်တွင် အတိုက်အခံ ကွန်ဆာဗေးတစ် လစ်ဘရယ်ပါတီသည် ပါတီခေါင်းဆောင်သစ်အဖြစ် ဆူဆန်လီကို ရွေးချယ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ ကျား၊မ တန်းတူရေးမူဝါဒများဖြင့် ဆစ်ဒနီနှင့်မဲလ်ဘုန်းတို့တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဆူဆန်လီသည် လစ်ဘရယ်ပါတီ၏ ပထမဆုံးသော အမျိုးသမီးခေါင်းဆောင်ဖြစ်သည်။
ဒုတိယသက်တမ်းကျမ်းသစ္စာကျိန်ဆိုခဲ့သော ဝန်ကြီးချုပ် အယ်လ်ဘာနီစီသည် မေ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန်မေ ၁၈ ရက်တွင် ရောမသို့ သွားရောက်မည်ဖြစ်သည်။

image
38 w - Translate

Hi

Ray Lynn is feeling Happy
38 w - Translate

Good Morning

38 w - Translate

Hey

38 w - Translate

Hey Hey Har Har

🙏🙏🙏

image