ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လှိုင် ဘာတာဈေး မီးလောင်မှု ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံး
ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်ရှိ ဘာတာဈေး (လှိုင်ရတနာဈေး) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဒီကနေ့မနက် ၁၂ နာရီ ၁၁ မိနစ်ဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဲဒီမီးလောင်မှုကို Level 2 ယာဉ်အုပ်စု ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမီးလောင်မှုမှာ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ ဆိုင်ခန်းကတော့အားလုံး စုစုပေါင်း ၁၂၀ ပါသွားတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးတန်ဖိုးနဲ့ အကြောင်းရင်းလည်း မရသေးဘူး။ သူက စုံခုံဖွဲ့ပြီး စစ်မှာဆိုတော့ အခြေအနေက မသိရသေးဘူး” လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အချိန် တနာရီနီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီ မီးလောင်မှုကို မနက် ၁၂ နာရီ ၁၄ မိနစ်အချိန်မှာ Level 1 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၁၂ နာရီ ၁၆ မိနစ်အချိန်မှာတော့ Level 2 ယာဉ်အုပ်စု ထပ်မံ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ ပရဟိတ အသင်းအဖွဲ့တွေပါ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကာ မနက် ၁၂ နာရီ ၄၈ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၁ နာရီဝန်းကျင်အချိန်မှာတော့ အပြီးသတ် မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်တဝန်း ဈေးမီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီး၊ သီရိရတနာလက်ကားဈေးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း သုံးခန်း ပျက်စီးခဲ့တယ်လို့ မြို့နယ်မီးသတ်က ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မစျေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ရှစ်ခန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ အင်းတော်မြို့ရဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ နဘားရွာစျေးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးရဲ့ သုံးပုံ နှစ်ပုံလောက် မီးထဲပါသွားတယ်လို့ အင်းတော်ဒေသခံတချို့ဆီက သိရပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ညောင်ပင်လေးဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၈ ယောက် ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
Photo - MFSD
#centralnewsnaypyitaw
အောင်လံမှာ ရဲတပ်ကြပ်နဲ့အမျိုးသားတယောက်ကို အိမ်ရှင်က ဓားနဲ့ခုတ်သတ်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း ၊အောင်မြို့၊မကျည်းကုန်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရဲတပ်ကြပ်နဲ့အမျိုးသားတို့ကို အိမ်ရှင်ကဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓားနဲ့ခုတ်ပြီးသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးက အောင်လံမြို့မရဲစခန်းမှ ရဲတပ်တပ်ကြပ်ကြီးကျော်သူရဆိုသူဖြစ်ပြီး အတူပါအမျိုးသားကတော့ အသက် ၅၀ အရွယ် ကိုထွန်းဆိုသူဖြစ်တယ်လို့သိရပါတယ်။
" မနေ့ကညနေမှာ သူတို့ကလာခေါ်ချိန် အဲဒီအိမ်က ကောင်လေးက အရင်ရက်က စစ်မှုထမ်းဖို့ဆိုပြီး အခေါ်ခံရပြီးပါသွားတာ။ပြီးတော့ပြန်ပြေးလာတာပေါ့။အဲဒါကို ရဲတွေက ပြန်လာခေါ်တာမှာ ဟိုကခုတ်လွှတ်လိုက်တာ။စစ်မှုထမ်းဖို့လာခေါ်ခံရတဲ့ကောင်လေးက အသက် ၃၃ နှစ်ရှိမယ်။ သူတို့က ညီအစ်ကိုလေးယောက်ရှိတာ။အခုသေသွားတဲ့ရဲကတော့ သူ့အိမ်မှာ နာရေးပြင်ထားတာတွေ့တယ်။ " လို့ ဒေသခံကပြောပါတယ်။
ရဲတပ်ကြပ်ကြီးတို့နှစ်ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့အိမ်ရှင်မိသားစုကတော့ လက်ရှိမှာ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံပြောပြချက်အရသိရပါတယ်။
အသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးနဲ့ အမျိုးသားတို့ကို မနက်ဖန် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ လည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးနဲ့ဘော်လန်တီယာပါဝင်သူအမျိုးသမီးတို့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး ရှို့မှုဖြစ်ပွားခဲ့ပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ဖက်ဒရယ် အလုပ်သမားများ အစုလိုက်အပြုံလိုက် ရာထူးမှ ထုတ်ပယ်ခြင်းများနှင့် ရင်ဆိုင်ရစဉ်တွင် ဒေါသ၊ ပရမ်းပတာနှင့် ရှုပ်ထွေးမှုများ ဖြင့် ပြည့်နှက်နေသည်။
နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများသည် အရပ်ဘက်ဝန်ဆောင်မှုအကာအကွယ်များအတွက် အရည်အချင်းမပြည့်မီသေးသော အစမ်းခန့်ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ရန် အေဂျင်စီများအား အမိန့်ပေးခြင်းဖြင့် ဖက်ဒရယ်လုပ်သားအင်အားအရွယ်အစားကို ကျုံ့သွားစေရန် Trump အစိုးရအဖွဲ့၏ ပြင်းထန်သောကြိုးပမ်းအားထုတ်မှုကိုဒေါ်သတကြီးရုန်းရင်းဆန်ခတ်များဖြင့် သောကြာနေ့တွင် တုံ့ပြန်ခဲ့သည်။
ကက်သလစ်ဘုန်းတော်ကြီးကို ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ ရွှေဘို PDF တွေကို အရေးယူပေးဖို့ ကာဒီနယ်ချားလ်ဘို တောင်းဆို
ဖေဖော်ဝါရီ ၁၆
ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးကို ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ ရွှေဘို PDF တွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီများ အဖွဲ့ချုပ် (CBCM) ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလိုက်ပါတယ်။
#သတင်းဟင်းလေးအိုးကြီး
ချောင်းဦးနယ် တိုက်ပွဲမှာ ထိခိုက်သေဆုံးသူများပြား
ဖေဖော်၀ါရီ ၁၆
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။
" ကင်မွန်းတော်မှာ မနက်ပိုင်းကစလို့ ထိတွေမှုတွေဖြစ်တယ် ၊ ကျေးရွာ လုံခြုံရေး ပြည်သူ့စစ် အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်တာတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ သုံးထောင်၀န်းကျင်လောက်နဲ့ ကျေးရွာ ပြည်သူ့စစ် အဖွဲ့တွေ ဖြစ်ကြတာ ၊ တိုက်ပွဲဖြစ်ပြီး မကြာခင် တပ်ဘက်က စစ်ကူတွေ ရောက်လာတယ် ၊ မနေ့က ညပိုင်းအထိ ဖြစ်ကြတယ် ဒေသတွင်းအဖွဲ့တွေ ထိခိုက်သေဆုံးတာ များတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး" လို့ ချောင်းဦးမြိုခံတယောက်က ပြောပါတယ် ။
ချောင်းဦးမြိုနယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က " ကင်မွန်းတော်မှာ ထိတွေ့မှုဖြစ်တယ် ၊ ပြည်သူ့စစ်ရွာကို သာလွန်အင်အားသုံးပြီး လာတိုက်တာဖြစ်တယ် ၊ လုံခြုံအဖွဲ့ဘက်က တဦး သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ် ၊ဒီမနက် သိရတာကတော့ အနီးနား ပတ်၀န်းကျင် သတင်းတွေအရ တဖက်အဖွဲ့ေတွထိခိုက် သေဆုံးသူ အများအပြားရှိတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး " လို့ပြောပါတယ် ။
ကင်မွန်းတော်ရွာခံ တယောက်က
" ဒီမနက် သိရတာကတော့ ဒေသတွင်း လက်နက်ကိုင်တွေဘက်က သေဆုံးသူ ၇၀ အထက်မှာရှိတယ် ၊အများအပြား သေဆုံးတယ် ၊ သွေးအိုင် သွေးကွက်တွေအရ သေဆုံးတာ များတယ် ၊ သူတို့က လူအင်အား သုံးထောင်ကျော်လောက်ရှိမယ် ၊ နောက်ပြီး ကင်မွန်းတော် ပြည်သူ့စစ်ရွာကို အဆိုင်းခွဲပြီးတော့ စစ်မျက်နှာ သုံး ဘက်ကနေ တိုက်ခိုက်တယ် ၊ ရှမ်းထူး ၊ တပယ်အင်း ၊ ကုလားကြီး ၊ တောင်ဖီလာ၊ ကြွယ်တက်ကုန်း ၊ စည်ပုဂံ စတဲ့ ရွာတွေဘက်နေ တိုက်တယ် ၊နောက်ပြီး မုံရွာ - မန္တလေး လမ်းပိုင်းက သစ်ပင်ကြီး တချို့ကိုလည်း ချိန်းဆောနဲ့ ခုတ်လှဲထားတယ် ၊ အချိန်မီ စစ်ကူတွေ မလာနိုင်အောင် လုပ်ထားတယ် ၊ မနေ့ ညကတော့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူတဲ့အပြင် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တယ် " လို့ ပြောပါတယ်။
အဲ့ဒီနောက် စက်တပ်လေးထီးအဖွဲ့က လိုက်လံရင်းလင်းတဲ့အခါ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ရုပ်အလောင်းတချို့ တွေ့ရတယ်လို့ သိရပါတယ်။
ချောင်းဦးဒေသမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေအားကောင်းပြီး မြောင်၊ မုံရွာ နဲ့ ချင်းတွင်းတဖက်ကမ်းက ဒေသတွင်းအင်အားစုတွေ ပြန့်ကျဲနေတဲ့ နေရာဖြစ်ပြီး ချောင်းဦးမုံရွာ လမ်းပိုင်းမှာ မကြာခဏ မိုင်းကွဲတာ တိုက်ပွဲဖြစ်တာတွေကြာင့် သတိထားသွားလာေနကြရပါတယ်။
#centralnewsnaypyitaw
Zodiac sign lucky color 🍀🤍
Taurus ♉️
green,pink,white
Gemini ♊️
Yellow,light blue,green
Cancer ♋️
Silver,White,blue
Virgo ♍️
Dark green,Beige,Brown
Scorpio ♏️
red , dark ,purple
Aries ♈️
red, pink ,yellow
တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰
#lunatarot
Zodiac sign lucky color 🍀🤍
Taurus ♉️
green,pink,white
Gemini ♊️
Yellow,light blue,green
Cancer ♋️
Silver,White,blue
Virgo ♍️
Dark green,Beige,Brown
Scorpio ♏️
red , dark ,purple
Aries ♈️
red, pink ,yellow
တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰
#lunatarot
Valentine's Day အပြီး နောက်တစ်ရက်မှာ
Single တွေအတွက် Single Awareness Day ရှိပါတယ်။
Valentine's Day ဟာ မိမိချစ်ရသူ ဘယ်သူနဲ့မဆို
ဖြတ်သန်းရတဲ့နေ့ဖြစ်ပေမယ့်
ချစ်သူရည်းစားရှိတဲ့သူ အတော်များများကတော့
"ချစ်သူများနေ့" လို့ ခေါင်းစဉ်တပ်ပြီး
ချစ်ခြင်းတရားတွေ ပြသကြပါတယ်။
Ro ကြပါတယ်။
ပန်းစည်းတွေ၊ ချောကလက်တွေ၊
ကိတ်မုန့်တွေ၊ လက်ဆောင်တွေဟာ
Valentine's Day ရဲ့ သင်္ကေတတွေဖြစ်ပြီး
ချစ်သူတွေ အပြန်အလှန်ပေးတတ်ကြပါတယ်။
ဒီလိုအချိန်တွေမှာ ချစ်သူမရှိတဲ့သူတွေကတော့
ငုတ်တုတ် ဖြစ်နေမှာပါပဲ။
ဒါပေမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို
Single Awareness Day ဆိုပြီး
၂၀၀၁ ခုနှစ်မှာ single တစ်ဦးက သတ်မှတ်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ လူသိများလာပြီး
Single Awareness Day ကို
ကမ္ဘာတစ်ဝှမ်း ဆင်နွှဲလာကြပါတယ်။
အဲ့ဒီနေ့မှာ ဘာတွေလုပ်ကြလဲဆိုတော့
1. ကိုယ်ဟာ single တစ်ယောက်ဖြစ်ကြောင်း Social Media ပေါ်မှာ အသိပေးကြတယ်။
2. ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတယ်။ ကိုယ်လိုချင်တာတွေ ဝယ်တယ်။
3. အလှပြင်တယ်။ ဆံပင်ပုံစံပြောင်းတယ်။ Spa သွားတယ်။ အလှအပအတွက် ငွေသုံးတယ်။
4. Single သူငယ်ချင်းတွေစုပြီး အပြင်သွားတယ်။ မုန့်စားတယ်။ ရုပ်ရှင်ကြည့်တယ်။
အဓိကကတော့ Single ဘဝမှာရှိနေတဲ့ ကိုယ်ဟာ သူများထင်သလို စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ အားငယ်နေရတာမျိုး မဟုတ်ဘဲ
💜 Single ဖြစ်နေတဲ့အပေါ် ကျေနပ်တယ်
💜 Single ဘဝမှာ အဆင်ပြေတယ်
💜 ကိုယ့်ကိုယ်ကို ချစ်တယ်၊ ဂရုစိုက်တယ်
💜 နေ့တိုင်း ပျော်ရွှင်နေရတယ်ဆိုတာကို
Single Awareness Day မှာ သက်သေထူရတာ ဖြစ်ပါတယ်။
Single များအားလုံး Congratulations ပါ။
မနက်ဖြန် ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ မမေ့နဲ့နော်။
Miley ရဲ့ သီချင်းလေးထဲကလိုပဲ
"I can buy myself flowers" လုပ်ကြတာပေါ့။
⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။
AD
February 14, 2022 (repost)
your secret friend
your smart guy
#adsecretdiary #singleawarenessday
#crd