29 ပတ် - ဘာသာပြန်ပါ။

钦邦 首府

image
29 ပတ် - ဘာသာပြန်ပါ။

钦邦 首府

image
29 ပတ် - ဘာသာပြန်ပါ။

钦邦 首府

image
29 ပတ် - ဘာသာပြန်ပါ။

钦邦 首府

image
29 ပတ် - ဘာသာပြန်ပါ။

钦邦 首府

imageimage
+6

Two brothers funny video for you 2025

29 ပတ် - ဘာသာပြန်ပါ။

ကင်မရာနဲ့တင် တန်မယ့် vivo ရဲ့ premium ဖုန်း
ဒီနှစ်အတွက် အကောင်းဆုံး vivo ဖုန်းလို့ ပြောရမယ့် vivo X200 Ultra တရုတ်မှာ မိတ်ဆက်သွားပါတယ်။
ဒီဖုန်းက Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဆိုတဲ့ Snapdragon 8 Elite chipset နဲ့ ကင်မရာအတွက် Image Signal Processor (ISP) နှစ်ခု သုံးလာတာပါ။ vivo X စီးရီးရဲ့ အမြင့်ဆုံးဆိုတဲ့ Ultra brand တပ် ဖုန်းဖြစ်လို့ သူ့ထက်ကောင်းတဲ့ vivo ဖုန်းတော့ ရှိမှာ မဟုတ်ပါဘူး။
flagship specs တွေ ဖောဖောသီသီ သုံးထားတဲ့ vivo X200 Ultr‌a ရဲ့ အသက်က ကင်မရာလို့ ပြောနိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယို quality ကောင်းဖို့ RAW တွေ pre-process လုပ်တဲ့ VS1 နဲ့ color correction လို post-processing တွေ လုပ်မယ့် V3+ ဆိုပြီး ISP chips သစ်နှစ်မျိုးနဲ့ လာပါတယ်။
ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်တပ် 50MP 1/1.28" Sony Sensor ၊ 1/1.4" နဲ့ 85mm နဲ့ ညီတဲ့ focal length သုံး 200MP Samsung ISOCELL HP9 sensor နဲ့ 50MP Sony LYT-818 ultrawide lens ကင်မရာသုံးလုံး ထည့်ထားပါတယ်။ selfie ကင်မရာလည်း 50MP နဲ့ပဲ လာတာပါ။
နောက်ကင်မရာအကုန်လုံး Dolby Vision ရတဲ့ 10-bit 4K video ကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး slo-mo ရိုက်ချက်အတွက်ဆို 4K/120fps နဲ့ ရိုက်နိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာ ပါတဲ့ Camear Control လိုမျိုး ကင်မရာ zoom ဆွဲနိုင် exposure ချိန်နိုင်မယ့် shutter ခလုတ်တစ်ခုလည်း ပါပါတယ်။
classic ကင်မရာဆန်ဆန် ဓါတ်ပုံ/ဗွီဒီယိုတွေကို creative ကျကျ ရိုက်ချင်သူတွေအတွက်လည်း Photographer Kit သပ်သပ် ထုတ်ထားတာ ရှိပါတယ်။ ဒီ kits မှာလည်း video record ခလုတ်သီးသန့် ပါပြီး ကင်မရာ function တွေကို customize လုပ်နိုင်မယ့် setting ခလုတ် နဲ့ အပိုဘက်ထရီ 2300 mAh လည်း ပါပါတယ်။
vivo X200 Ultra က flagship ဖုန်းဖြစ်လို့ ကင်မရာတင်မဟုတ်ဘဲ တခြား features တွေလည်း အဆင့်မြင့်တာပါပဲ။ ၆.၈၂ လက်မ LTPO AMOLED QHD+ display ၊ 4500 nits brightness ၊ 120Hz refresh rate ၊ LPDDR5x Ultra RAM ၊ UFS 4.1 storage စနစ်တွေအပြင် 90W wired နဲ့ 40W wireless charging ပါ 6000mAH ဘက်ထရီတွေ သုံးထားပါတယ်။
အနီ ၊ အနက် နဲ့ အဖြူ သုံးရောင်နဲ့ လာပြီး 12/256GB ဗားရှင်းကို ၆၄၉၉ ယွမ် (ဒေါ်လာ ၉၀၀) က စရောင်းပါတယ်။ ဂြိုလ်တုဆက်သွယ်ရေးပါတဲ့ 16GB / 1TB ဗားရှင်းကိုတော့ ၇၉၉၉ ယွမ် (ဒေါ်လာ ၁၁၀၀) ဈေးနဲ့ ရောင်းချသွားမှာပါ။
Photography Set ထပ်ဝယ်ဆို ၂၅၉၈ ယွမ် ထပ်ကျမှာပါ။ 1TB ဗားရှင်းနဲ့ တွဲလျက်ဆို နှစ်မျိုးပေါင်း ၉၆၉၉ ယွမ် (ဒေါ်လာ ၁၃၅၀) ဈေး သတ်မှတ်ထားပြီး တရုတ်ဈေးကွက်အပြင် ဖြန့်မယ့်ရက်တော့ မသိရသေးပါဘူး။

image

Every Day Is A New Day
မနက်ထတိုင်း ဒီနေ့က နေ့သစ်ပဲ ။ မနေ့က အရက်မူးလို့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်ခဲ့မယ် ။ ဒါမှမဟုတ် Exchange Rate ကြီးကြီးနဲ့မို့ စောစောက မလဲခဲ့လိုက်မိလေခြင်း ဒီလိုခံစားရကောင်း ခံစားရမယ် ။ ပြဿနာတွေနဲ့ ညအိပ်ရာဝင်ခဲ့ရတာမျိုး ဖြစ်ရင်ဖြစ်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် မနက်မိုးလင်းလာရင် ဒါက နောက်တစ်နေ့ပဲ ။ ညအိပ်စက် အနားယူတာက ကိုယ့်ကိုယ်ကိုယ် Reset လုပ်တာပဲ ။ Every Day is a brand new day ပဲဖြစ်တယ် ။
ကိုယ့်ရဲ့ဘဝအဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ ။ တချို့တွေက ဘဝဆိုတာ တိုက်ပွဲတဲ့ ။ တချို့ကျတော့ ဘဝဆိုတာ ဒုက္ခ တဲ့ ။ တချို့ကျ ဘဝဆိုတာ ရထားလိုပဲတဲ့ ။ တချို့ကျတော့လည်း ဘဝဆို တာ ရေပွက်ပမာတဲ့ ။
လက်ရှိ ကျွန်တော်သဘောကျနေတဲ့ ဘဝကိုမြင်တဲ့ အမြင်က ဘဝဆိုတာ စမ်းသပ်မှု တစ်ခုပဲ ။ ဘဝက ကိုယ့်ကိုပြဿနာ တစ်ခုပြီးတစ်ခု ပေးမယ် ။ ကိုယ် ဘယ် Level ရောက်နိုင်လဲ စမ်းသပ်မယ် ။ ကိုယ်က ပြဿနာဖြေရှင်းနိုင်လေ Level မြင့်လေပဲ ။
ပြဿနာဆိုတဲ့နေရာမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊ စိတ်ငြိမ်းချမ်းမှု အစရှိတာတွေပါတယ် ။ တချို့အပိုင်းတွေမှာ ကိုယ့်စမ်းသပ်မှုအောင်မြင်ချင် အောင်မြင်မယ် ။ တချို့အပိုင်းတွေမှာ အောင်မြင်ချင်မှအောင်မြင်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် စမ်းသပ်မှုတွေကနေ သင်ခန်းစာယူ ရှေ့ဆက်လို့ရ တယ် ။ ကြုံနေတဲ့ပြဿနာကို ရှောင်ဖယ်ပြေးလို့မရဘူး ။ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ပြီး နောက်တစ်ဆင့်တက်အောင်လုပ်ရမှာ ကိုယ့်တာဝန်ပဲ မဟုတ်လား ။ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ ။ တချို့စမ်းသပ်မှုတွေ မအောင်မြင်ဘူး ။ ဒါသဘာဝပဲ ။ သင်ခန်းစာယူ ရှေ့ဆက်ရင် တစ်ချိန် အောင်မြင်သွားမှာပဲ ။

image
29 ပတ် - ဘာသာပြန်ပါ။

Meta စမတ်မျက်မှန်တွေ Live Translate ရပြီ
Ray Ban Meta စမတ်မျက်မှန်မှာ တော်တော်မိုက်တဲ့ feature တစ်ခု ပါလာပါတယ်။
အဲ့ဒါက တိုက်ရိုက်ဘာသာပြန်တဲ့ live translation စနစ်ပါ။ အရင် beta မှာတုန်းက လူအကန့်အသတ်နဲ့ ချပေးထားတဲ့ feature ကို လူတိုင်းသုံးနိုင်အောင် ဖြန့်ချိလိုက်တာ ဖြစ်ပြီး လောလောဆယ်တော့ အင်္ဂလိပ် ၊ ပြင်သစ် ၊ အီတလီ နဲ့ စပိန်ဆိုပြီး ဘာသာစကား ၄ မျိုး support ပေးထားပါတယ်။
Live Translate ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် စကားပြောနေတုန်း တောက်လျှောက် real-time စကားပြန်ပေးနေမှာပါ။ language pack တွေ ကြိုပြီး ဒေါင်းလုပ်ဆွဲထားရင် Live Translate ကို အင်တာနက်မရှိဘဲလည်း သုံးနိုင်ပါတယ်။
သုံးရတာလည်း လွယ်ပါတယ်။ Hey Meta, Start live Translation လို့ ပြောထားတာနဲ့ တခြားသူ ပြောတာကို မျက်မှန်ကနေ ကိုယ်နားလည်တဲ့စကားနဲ့ ဘာသာပြန်ပေးမှာပါ။ ကိုယ်ပြန်ပြောတာကိုလည်း တစ်ဖက်လူက ကိုယ့်ဖုန်း screen ကနေ ကြည့်နိုင်ပါတယ်။
နောက်ပိုင်းတော့ မျက်မှန်မှာပါတဲ့ ကင်မရာကနေ ဘေးဝန်းကျင် မြင်ကွင်းတွေကို ကြည့်နိုင်မယ့် live AI features လည်း ထပ်ပါဖို့ ရှိပါတယ်။ လမ်းလျှောက်ရင်း ၊ ဈေးဝယ်ရင်း ၊ ဟင်းချက်ရင်း မျက်မှန်နဲ့ စကားပြောနိုင် ၊ အကြံဉာဏ်တောင်းနိုင်တာတွေလည်း လာတော့မှာပါ။
ကနေဒါနဲ့ အမေရိကန်မှာတောင် Live AI feature တွေ ရနေပြီလို့ ဆိုပါတယ်။ နောက်ပိုင်းတော့ တခြားဈေးကွက်တွေမှာ တခြားဘာသာစကားသစ်တွေနဲ့ပါ ထပ်ရလာနိုင်ပါတယ်။

image
29 ပတ် - ဘာသာပြန်ပါ။

FIRST ON ABC News: Democratic Sen. Elizabeth Warren's Save Our Schools campaign is launching a comprehensive investigation into the Trump administration's effort to close the Department of Education.

https://abcnews.go.com/Politic....s/abc-warren-investi

image