သာမန်နဲ့မတူချင်ရင် သာမန်လူတွေ မလုပ်တဲ့အရာတွေကို လုပ်ဖို့လိုတယ် ။
သာမန်လူအများစု Fasting မလုပ်ဘူး ။ Productivity အတွက် Fasting အရေးကြီးတယ် ။ ကျွန်တော်တို့ Culture မှာ သာမန်လူအများစုက ဆီဓာတ်အစားများတယ် ။ Productivity အတွက် Carb ကိုလျှော့ဖို့လိုနိုင်တယ် ။ သာမန်လူအများစုမှာ ဘဝနေထိုင်မှု စနစ်မရှိဘူး ။ Productivity ကောင်းပြီး Peak Performance ရဖို့ စနစ်လိုနိုင်တယ် ။ သာမန်လူအများစု ကိုယ့်ကျန်းမာရေးအတွက် တစ်ရက်ကို တစ်နာရီလောက် အချိန်မပေးဖြစ်ဘူး ။ Productivity အတွက် ကျန်းမာရေးအတွက် အချိန်ပေးဖို့လိုတယ် ။
သာမန်လူတွေ နေ့တိုင်းစာမဖတ်ဘူး ။ ကိုယ့်ဘဝအတွက် နေ့တိုင်း စာဖတ်ဖို့လိုတယ် ။ သာမန်လူတွေ နေ့တိုင်းတရားမထိုင်ဘူး ။ Productivity ကောင်းပြီး Negativity ကိုရှင်းဖို့ နေ့စဉ်တရားထိုင်ဖို့ လိုကောင်းလိုနိုင်တယ် ။
သာမန်နဲ့မတူချင်ရင် သာမန်လူတွေမလုပ်တဲ့အရာတွေကို လုပ်ဖို့လိုတယ် ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အကောင်းဆုံး Version တည်ဆောက်ဖို့က ကိုယ့်ရဲ့တာဝန်ပဲမဟုတ်လား ။ ကိုယ့်ကိုယ်ကိုယ်တောင် မကယ်နိုင်ဘဲ သူများကိုကယ်လို့ မလွယ်လောက်ဘူး ။
