21 w - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
21 w - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
21 w - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
21 w - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

image
21 w - Translate

အသီးတွေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံဝေါဟာရများ 🍎 🍊

#crd-photo
#englisheverywhere

imageimage
+4
21 w - Translate

လန်ဒန်ကနေ နယူးယောက်ကိုသွားဖို့ မိနစ် ၃၀ ပဲ အချိန်ကြာမယ်
Musk ရဲ့ SpaceX ဂျက်လေယာဉ်တွေကို သုံးပြီး မိနစ် ၃၀ အချိန်ပေးရုံနဲ့ လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းနိုင်မယ့် အစီအစဉ်ကို မိတ်ဆက်လာပါတယ်။ Musk ဟာ SpaceX ရဲ့ flagship rocket Starship သုံးပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ခရီးသည်များနှင့် လုပ်ငန်းရှင်များကို အချိန်တိုတိုအတွင်း သွားလာနိုင်ရန်အတွက် အစီအစဉ်တစ်ခုကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ချပြသွားမယ်လို့ ဆိုလာတာပါ။
အခုလို မြန်နှုန်းမြင့်လမ်းကြောင်းများနဲ့ အစီအစဉ်တွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဒီအစီအစဉ်မှာ ခရီးသည်ပေါင်း ၁၀၀၀ ကို ပို့ဆောင်နိုင်မယ်လို့ သိရပါတယ်။ Starship ဒုံးပျံဟာ ဂြိုဟ်ပတ်လမ်း (orbit) သို့ ပထမဦးစွာ အရှိန်မြင့်အောင် ပစ်လွှတ်ပြီးနောက် ကမ္ဘာမြေရဲ့ မျက်နှာပြင်နှင့် ထောင့်ဖြတ်မဟုတ်ဘဲ အပြိုင်ပျံသန်းပြီးနောက် နောက်ဆုံးမှာ တော်တော်ဝေးတဲ့မြို့တစ်မြို့မှာ ဆင်းသက်မှာဖြစ်ပြီး ခရီးအားတစ်နာရီအတွင်းသာ ပြီးဆုံးနိုင်မှာပါ။
Musk ဟာ ဒီနည်းပညာကိုသုံးပြိး ဝေးလံတဲ့မြို့များကို အချိန်တိုတိုအတွင်း မြန်နှုန်းအလွန်လျင်မြန်စွာ သွားရောက်နိုင်အောင်ဖြင့် မျက်မှောက်ခေတ်အတွက် ကြီးမားသော အရွေ့တစ်ခုဖြစ်အောင် စီစဉ်နေတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါယာဉ်ဟာ ဇူးရစ်မြို့ကနေ ဆစ်ဒနီမြို့ကို မိနစ် ၅၀ အတွင်း ခရီးသည်များကို ပို့ဆောင်နိုင်ပြီးတော့ နယူးယောက်မှ ရှန်ဟိုင်းကိုဆိုရင် ၃၉ မိနစ်အတွင်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း SpaceX မှ ကြေငြာထားပါတယ်။
လက်ရှိ air line တွေမှာဆိုရင် လန်ဒန်မှ နယူးယောက်ကို ပျံသန်းရင် ခုနစ်နာရီကြာချိန်ရှိပြီး 7392 မိုင်အကွာအဝေးရှိတဲ့ နယူးယောက်ကနေ ရှန်ဟိုင်းကို ပျံသန်းမယ်ဆိုရင်တော့ 15 နာရီအောက်သာ ကြာချိန်ရှိပါတယ်။
#akhayar #akhayartech

#crd

image
21 w - Translate

Fashion
လိုက်ဖက်မှုရှိတယ့် ဖက်ရှင်လေးတွေ 😍

21 w - Translate

၁၀ နှစ်အတွင်း NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၂၇၀၀၀)ကျော်ရှိ

၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်အတွင်း မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၂၇၅၅၃)ဦးရှိကြောင်း သိရသည်။

NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးအား လက်မှတ်ပေးအပ်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်ခဲ့သည်။

ဒု-ဝန်ကြီးမှ NSSA ၏ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက် မှတ်ရရှိရန် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၃၀၃၃၅)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ သတ်မှတ်အရည်အချင်းကိုက်ညီသူ (၂၇၈၉၉)ဦးရှိခဲ့သည်ဟု ပြောသည်။

အဆိုပါ သတ်မှတ်အရည်အချင်းကိုက်ညီသူများထဲမှ လုပ်သား(၂၆၈၉၉)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာအသိအမှတ်ပြုလက် မှတ်များထုတ်ပေးပြီးဖြစ်ကာ ယခုတွင်လည်း ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးကိုထပ်မံထုတ်ပေးခြင်းဖြစ်ပြီး ကျန်လုပ်သား(၃၄၆)ဦးကိုလည်း လက်မှတ်များဆက် လက်ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထိူ့နောက် ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးအား လက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။

image
21 w - Translate

ပြည်ပအလုပ်အကိုင်အေဂျင်စီများကို စိစစ်မည်

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် စေလွှတ်ထားသည့် အလုပ်သမားများထံမှ ပြည်တွင်းသို့ ငွေပြန်လွှဲခြင်း၊ မရှိကို အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးမည်ဖြစ်ကြောင်း အေဂျင်စီများက ပြောသည်။

ယင်းသိူ့စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ပြီး စစ်ဆေးမည် ဖြစ်ကာ ဒီဇင်ဘာ ၂၇ ရက်အထိ တရက်လျှင် အေဂျင်စီ ငါးဆယ်နှုန်းကို ခေါ်ယူစစ်ဆေးမည်ဟု သိရသည်။

စာရင်းများအရ ၂၀၂၄ ခုနှစ် မေလ မှ သြဂုတ်အထိ လေးလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၂၉ ခုမှ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို အလုပ်သမား ၅၆,၈၆၀ ဦး စေလွှတ်ထားကြောင်းလည်း သိရသည်။

ထိုကဲ့သို့ နိုင်ငံပြင်ပကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်
သူများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း သို့သုံးလစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲစနစ်ဖြင့် ငွေလွှဲရန်လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်ထားများကို အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး ၅ ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် စေလွှတ်လချုပ်စာရင်းများ ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီ နှစ်ရာကျော်ခန့်ရှိနေဆဲ ဖြစ်ပြီး ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီများအနေဖြင့်လည်း အမြန်ဆုံးပေးပိူ့ရန်လည်း ဆိုသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အချိန်မီ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

image

ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့ရှိရာ Lapland , Santa Claus Village
__________________________________________
❄️ပုံပြင်တွေ၊ ရုပ်ရှင်တွေထဲကလို နှင်းတွေတဖွဲဖွဲကျနေတဲ့နေရာလေး...
❄️အစိမ်းနုရောင် ဥတ္တရအလင်းတန်း တွေ ကောင်းကင်ပေါ် ကခုန်နေကျ နေရာလေး...
❄️နှင်းတွေကြားက ဖန်လုံအိမ် ခုံးခုံးလေးတွေမှာ အိပ်လို့ရတဲ့နေရာလေး...
❄️အာတိတ်စက်ဝိုင်း ဖြတ်သွားတဲ့နေရာလေး...
ကတော့ ဥရောပမြောက်ပိုင်းနိုင်ငံဖြစ်တဲ့ ဖင်လန် ( Finland ) နိုင်ငံက Lapland ပါ။
❄️Lapland ဆိုတာ
—————————
Lapland ဆိုတာ နိုင်ငံမဟုတ်သလိုမြို့လည်း မဟုတ်ပါဘူး။ အာတိတ်စက်ဝိုင်းထဲမှာရှိတဲ့ ဥရောပမြောက်ပိုင်းဒေသတွေပါ။ Lapland မှာ ဖင်လန်အပြင် ဆွီဒင်၊ နော်ဝေးနဲ့ ရုရှားမြောက်ဖျားပိုင်းတွေလည်း ပါပါတယ်။ အာတိတ်ဒေသမှာ နှစ်ပေါင်း ၅၀၀၀ထက် မနည်းနေထိုင်ခဲ့တဲ့ Lapp လို့ခေါ်တဲ့ ဆာမိ (Sami) တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ဒေသဖြစ်လို့ Lapland လို့ အမည်တွင်နေတာပါ။
🎅🏻ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့
——————————————————
Lapland က ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ် တရားဝင်နေတဲ့နေရာဖြစ်ပြီး အဲ့ဒီထဲကမှ ဖင်လန်မှာရှိတဲ့ ရိုဗာနီမီ (Rovaniemi) မြို့ကိုတော့ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေးအဖြစ် သတ်မှတ်ထားပါတယ်။ Kemijoki မြစ်နဲ့ Ounasjoki မြစ်ဆုံတဲ့နေရာရှိတဲ့ ဒီမြို့က အာတိတ်စက်ဝိုင်းပေါ်တည်ရှိနေပါတယ်။ ဖင်လန်နိုင်ငံရဲ့မြို့တော် ဟယ်လ်ဆင်ကီ ( Helsinki ) ကနေဆိုရင် လေယာဉ်နဲ့ တစ်နာရီခွဲ၊ ရထားနဲ့ဆိုရင် ၁၀နာရီခွဲ တစ်နှစ်ကို ဧည့်သည် ၅သိန်းကျော်လာလည်ကြလို့ ခရီးသွားအလာများတဲ့မြို့ဖြစ်သလို စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အချာကြတဲ့နေရာလည်းဖြစ်လို့ Lapland ဒေသရဲ့ မြို့တော်လည်းဖြစ်နေပါတယ်။
🦌Reindeer လေးတွေရဲ့ ဇာတိမြေ
——————————————————
ဒီဒေသက ခရစမတ်ဘိုးဘိုးကြီး ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေတဲ့အခါ စွပ်ဖားလှည်းဆွဲပေးတဲ့ တန်ဒြာဒေသသမင်(Reindeer)လေးတွေရဲ့ ဇာတိမြေလည်းဖြစ်ပါတယ်။ Lapland မှာ သမင်တွေ ဘယ်လောက်များလဲဆိုရင် သမင်ကောင်ရေနဲ့ လူဦးရေ အတူတူပါပဲ။ ကားလမ်းတွေကိုလည်း မကြာမကြာ ဖြတ်ကူးတတ်လို့ သတိပေးဆိုင်းဘုတ်တွေတောင် ထောင်ထားရပါတယ်။ ဒီသမင်တွေကို ဆာမိ (Sami) လူမျိုးတွေကသာ ထိန်းကျောင်းနိုင်ပြီး အရိုင်းကောင်တွေလည်းမရှိပါဘူး။ အကောင်တိုင်းမှာ ပိုင်ရှင်တွေရှိကြပြီး အကောင်တွေကိုယ်ပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ထားကြပါတယ်။
လူဦးရေနည်းပါး
—————————
Lapland က ဖင်လန်နိုင်ငံရဲ့ ၃ပုံတစ်ပုံလောက်ကို နေရာယူထားပေမဲ့ ဖင်လန်နိုင်ငံသား၃.၆ ရာခိုင်နှုန်းသာ အခြေချနေထိုင်ကြတာကြောင့် လူနေမထူထပ်ပါဘူး။ လူနည်းတော့ သဘာဝအလှတရားတွေကို ကောင်းကောင်းခံစားနိုင်ပါတယ်။
☀️ နေမဝင်တဲ့ရက်တွေလည်းရှိ
—————————————
Lapland က အမြဲနှင်းတွေ ဖုံးပြီး အေးခဲနေတာမဟုတ်ဘူးနော်။ နွေရာသီမှာတော့ နေ့တာရှည်လွန်းလို့ တစ်နေကုန်နေမဝင်တဲ့ ရက်တွေတောင် ရှိသေးပါတယ်။ တစ်နှစ်မှာ ၇၃ရက်လောက်က ညဆိုတာမျိုးမရှိပါဘူး။ အထူးသဖြင့် ဇွန်လမှာ တစ်နေ့ကို နေရောင် ၂၁နာရီကနေ ၂၄နာရီအထိမြင်နေရပါတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လအထိပဲ နေ့တာတိုပြီး နေရောင်ခြည်သိပ်မမြင်ရသလို နှင်းတွေလည်းဖုံးနေတာပါ။
🌌ဥတ္တရအလင်းတန်းမြင်ရ
———————————
ဆောင်းတွင်းမှာတော့ Lapland က ညဘက်ကောင်းကင်ယံမှာ အစိမ်းရောင်အလင်းတန်းတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတဲ့ ဥတ္တရအလင်းတန်း ( Northern Light) ကြည့်ဖို့ကောင်းတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ အဲ့ဒီအထဲမှာမှ Abisko အမျိုးသားဥယျာဉ်ကြီးကတော့ ဥတ္တရအလင်းတန်းကြည့်ဖို့ အကောင်းဆုံးနေရာပါ။
❄️ Lapland ကဟိုတယ်ဆန်းဆန်းလေးတွေ
——————————————————
Lapland ကို ဥတ္တရအလင်းတန်းကြည့်ချင်လို့လာကြတဲ့ ဧည့်သည်တွေအတွက် ဟိုတယ်အခန်းထဲ အိပ်ယာပေါ်ကနေ နွေးနွေးထွေးထွေးနဲ့ အလွယ်တကူမြင်နိုင်အောင် တချို့ဟိုတယ်တွေကို မှန်အမိုး၊ မှန်နံရံတွေနဲ့ဆောက်ထားပါတယ်။ အက်စကီးမိုးလေးတွေနေတဲ့ ရေခဲတုံး Igloo အိမ်လေးတွေလို ဖန်လုံအိမ်ခုံးခုံးတွေလည်း ဆောက်ပေးထားပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ ရေခဲတွေနဲ့ထုဆစ်တည်ဆောက်ထားတဲ့ ရေခဲဟိုတယ်တွေလည်းရှိပြီး နွေရာသီမှာတော့ အရည်ပျော်သွားတတ်ကြပါတယ်။
☃️ ဆန်တာကလော့စ်ရဲ့ရွာ
———————————
Santa Claus Holiday Village မှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးနဲ့ တွေ့ဆုံစကားပြော အမှတ်တရဓာတ်ပုံရိုက်တာ၊ ကိုယ်ချစ်သူတွေဆီ ခရစ္စမတ်ကတ်တွေ ပို့ပေးတာ၊ ဒရယ်လေးတွေမောင်းတဲ့ စွပ်ဖားလှည်းစီးတာ၊ အာတိတ်စက်ဝိုင်းအမှတ်အသားထောင်ထားတဲ့တိုင်တွေနဲ့ ဓာတ်ပုံရိုက်တာတို့ကို ပြုလုပ်နိုင်ပါတယ်။
⛷တခြား Activites တွေ
———————————
ဒါ့အပြင် နှင်းခွေး(Husky)လေးတွေမွေးထားတဲ့ ခြံတွေထဲသွားလည်နိုင်ကာ နှင်းခွေးလေးတွေဆွဲတဲ့ စွပ်ဖားလှည်းလေးတွေစီးနိုင်သလို ထင်းရူးတောတွေကြား နှင်းတောထဲ Snow Mobile မောင်းတာ၊ နှင်းတောလျှောက်ဖိနပ်နဲ့လမ်းလျှောက်တာ၊ ရေခဲပြင် ငါးမျှားတာ၊ ရေခဲပြင်ခွဲ သင်္ဘောကြီးနဲ့ ဆွီဒင်နိုင်ငံဘက်ကူးတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။
Lapland မှာ ဒီလို ဆန်းကြယ်တဲ့သဘာဝတရားတွေရှိသလို ဘယ်မှာမှမရနိုင်တဲ့ အတွေ့အကြုံသစ်တွေကိုလည်း အများကြီးပေးစွမ်းနိုင်ပါတယ်။ Lapland ကနေ ပျော်ရွှင်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဘဝအမှတ်တရတွေ ဖန်တီးနိုင်ခဲ့လို့ တစ်သက်မှာတစ်ခါ သွားလည်သင့်တဲ့နေရာလေးလို့ ညွှန်းချင်ပါတယ်။
#credit_nu Myat (Travel Vlogger)

image