Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
NASA အဖွဲ့ရဲ့ နာမည်ကျော် အထင်ကရ တယ်လီစကုတ်ကြီးနှစ်ခုဖြစ်တဲ့ JWST နဲ့ Hubble space telescope တို့ပေါင်းစပ်ပြီး ရိုက်ကူးထားတဲ့ အာကာသ ဓာတ်ပုံ အသစ်တစ်ခုကို July 7 က ထုတ်ပြန်လာခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ ကျွန်တော်တို့ Milky way galaxy ကြီးအနားက Small Magellan Cloud (SMC ) လို့ခေါ်တဲ့ ဂလက်ဆီသိမ် တစ်ခုထဲက NGC 460 နဲ့ NGC 465လို့အမည်ပေးထားတဲ့ နက်ဗြူလာနှစ်ခုထဲက ကြယ်တာရာတွေကို ရိုက်ကူးယူထားတာဖြစ်ပါတယ်။
နာမည်ကျော်တယ်လီစကုတ်နှစ်ခုနဲ့ တနေရာတည်းကို ရိုက်ယူထားတဲ့ ဓာတ်ပုံ ၁၂ ပုံကို ပုံတစ်ပုံတည်းအဖြစ်ပြောင်းလဲယူထားတာဖြစ်ပါတယ်။
ဒီနက်ဗြူလာ အမျိုးအစားတွေဟာ open cluster ကြယ်အစုအဝေးတွေဖြစ်တာကြောင့် ကြယ်စင်ပေါင်းထောင်သောင်းချီတစ်နေရာထဲမှာစုဝေးဖြစ်ပေါ်နေတာကိုလည်းမြင်ရမှာဖြစ်ပါတယ်။
ဓာတ်ငွေ့တိမ်တိုက်တွေဖြစ်တဲ့ Nebula တွေဟာ gravity ကြောင့် စုဝေးပြီးဒီဓာတ်ငွေ့တွေကနေ ကြယ်တာရာအသစ်တွေဖြစ်ပေါ်လာပါတယ်။ ဒီကြယ်တာရာအသစ်တွေဆီက ထွက်လာတဲ့ Stellar wind ( ကြယ်လေလှိုင်း) များဟာ နောက်ထပ်အနားက nebula တွေထဲက ဓာတ်ငွေ့တိမ်တိုက်တွေကို စုဝေးစေအောင် ထပ်မံပြုလုပ်ပေးနေပြန်ပါတယ်။ဒီကနေမှ နောက်ထပ်ကြယ်တာရာအသစ်အသစ်တွေ ထပ်ပြီးဖွားမြင်လာပြန်တာဖြစ်ပါတယ်။
ဒီလို ကြယ်တာရာအသစ်တွေဖြစ်ပေါ်နေတာ ကို Hubble တယ်လီစကုတ်ရဲ့ပုံမှာ အပြာရောင် ပူဖောင်းပုံစံများအဖြစ်တွေ့ရမှာဖြစ်ပြီးတော့ Jame Webb တယ်လီစကုတ်ရဲ့ ပုံမှာတော့ ဘေးနားက အနီရောင်အနားသတ်လိုင်း တွေကိုပါမြင်ရမှာဖြစ်ပါတယ်။
Hubble ကဖမ်းယူရရှိထားတဲ့ ပုံတွေမှာတော့ ဖုန်မှုန်နဲ့ ဒြပ်ထုတွေကြောင့် ကြယ်တာရာ nebula တွေနဲ့ အတွင်းပိုင်းအထိ မြင်ရဖို့ခက်ပါတယ်။ ဒါပေမယ့် Jame Webb ကတော့ အနီအောက်ရောင်ခြည် (infrared ) နဲ့ ဖမ်းယူတာဖြစ်တဲ့ အတွက် ဒီဖုန်မှုန့်တွေကိုပါ ဖောက်ထွင်းပြီး နက်ဗြူလာထဲအတွင်းထိ ဖမ်းယူနိုင်ပါတယ်။
SMC( small Magellanic cloud ) ဟာ ကျွန်တော်တို့ Milky way ဂလက်ဆီကြီးနဲ့ ယှဉ်ရင် သက်တမ်းနုနေသေးတာကြောင့် သူ့ဆီမှာ heavy element ပါဝင်မှု ပမာဏဟာ နည်းနေပါသေးတယ်။ဒီလိုအခြေအနေဟာ Bigbang စပြီးဖြစ်ပေါ်ပြီး hydrogen နဲ့ helium အနည်းငယ်ပဲရှိနေသေးတဲ့ အချိန်နဲ့ တူညီနေပါတယ်။
ဒါကြောင့် အခုလို SMC ထဲမှာရှိနေတဲ့ NGC 450/ 456 လို နက်ဗြူလာတွေဖြစ်ပေါ်ပုံကို လေ့လာကြည့်တာဟာ ကျွန်တော်တို့တွေရဲ့ စကြာဝဠာ ကြီးစတင်ဖြစ်ပေါ်စ အခြေအနေတွေနဲ့ တူညီမယ့် အနေအထားတွေ နောက်ပြီး ကြယ်စင်တွေဖြစ်ပေါ်တဲ့ star formation အခြေအနေတွေ ကို milky way galaxy အနားမှာရှိနေတဲ့ ဒီ Megallic cloud တွေကနေ တဆင့် လေ့လာလို့ရနေတာဖြစ်ပါတယ်။
The Time Machine (2002)
အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။
ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ
ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလိုရရင် ကောင်းမှာ ဆိုပြီး တွေးတက်
ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ
ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ
စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ
ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့
အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/MM_SUB2/603
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl