ကိုယ့်အလှမှာတင် ကိုယ်ကျရှုံး… 🥴

image

◼ ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချိန်ပိုင်းတိုက်ခိုက်မှု ရပ်တန့်ခြင်းကို အစ္စရေးကြေညာ
ဂါဇာကမ်းမြောင်ဒေသတစ်ဝန်း လူနေထူထပ်သောနေရာများတွင် ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ကြာမြင့်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချိန်ပိုင်းတိုက်ခိုက်မှု ရပ်တန့်ခြင်းကို အစ္စရေးစစ်ဘက်က အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း အစ္စရေးအရာရှိကြီးများက ပြောကြားသည်။
ယမန်နေ့ညတွင် အစ္စရေးလေတပ်က ဂါဇာဒေသထဲသို့ စားနပ်ရိက္ခာများ ချပေးခဲ့ ကြောင်း သိရသည်။ ယင်းသို့ လေကြောင်းမှ စားနပ်ရိက္ခာများ ချပေးခြင်းကို ရှေ့လာမည့်ရက်များတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ဂျော်ဒန်နှင့် ယူအေအီးတို့ကလည်း အလားတူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ပြောသည်။
ဂါဇာမှ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း ပြင်းထန်လာခြင်းအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ကျယ်ပြန့်သော တုံ့ပြန်မှု အစီအစဉ်များကို ယမန်နေ့က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
မတ်လတွင် စစ်ပွဲကို တစ်ဖက်သတ်ပြန်လည်စတင်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ရပ်တန့်လိုက်ပြီးနောက် အစ္စရေးက ဂါဇာတွင် ယခုအခါ စစ်ရေးလှုပ်ရှားမှုများကို ပထမဆုံးအကြိမ်အဖြစ် အချိန်ပိုင်းရပ်တန့်ပေးလိုက်ခြင်းဖြစ်သည်။
ဂါဇာတောင်ပိုင်း နှင့် မြောက်ပိုင်းရှိ လူနေထူထပ်သောစင်တာများ၌ စာနာထောက်ထားမှု အပစ်ရပ်ခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးအရာရှိများက ပြောကြားကြသည်။
ထိုသို့ ရပ်တန့်ထားချိန်အတွင်း ကုလသမဂ္ဂနှင့် အခြားအကူအညီပေးရေး အဖွဲ့အစည်းများ လူနေထူထပ်သောနေရာများသို့ ဘေးကင်းစွာ သွားရောက်နိုင်အောင် အစ္စရေးစစ်ဘက် က ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တိုက်ခိုက်မှု ရပ်တန့်ခြင်းများအား အခါအားလျော်စွာ ခွင့်ပြုပေးသွားမည်ဟုလည်း အစ္စရေးအရာရှိများက ပြောကြားကြသည်။
စားနပ်ရိက္ခာနှင့် ဆေးဝါးများပေးပို့မည့် ကုလယာဉ်တန်းများနှင့် အခြားအဖွဲ့အစည်းများ ဘေးကင်းစွာ သွားလာနိုင်ရန် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သို့ရာတွင် အခြားနေရာများ၌ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးများဆက်လုပ်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက် က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
ဂါဇာတောင်ပိုင်းရှိ ပင်လယ်ရေအား သောက်သုံးရေအဖြစ် ပြောင်းလဲသည့် စက်ရုံသို့လည်း လျပ်စစ်ဓာတ်အား ပြန်လည်ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း စစ်ဘက် က ပြောကြားသည်။
Axios
#နိုင်ငံတကာသတင်း

image
1 y - Translate

မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားမှု ပြည်သူများအားလုံး အထိတ်တလန့်ဖြင့် နေအိမ်များမှ ဆင်းပြေးရ၊ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်တွင် ငလျင်ထပ်မံ လှုပ်ခတ်ခြင်းဖြစ်

ရန်ကုန်၊ ဇူလိုင် ၂၈

မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားမှု ပြည်သူများအားလုံး အထိတ်တလန့်ဖြင့် နေအိမ်များမှ ဆင်းပြေးရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၀၀ နာရီ ၀၁ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ငလျင်နှင့် စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်များကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

"ကိုင်ဆောင့်လိုက်သလိုကို ငလျင်က လှုပ်တာ။ အကုန်အိမ်တွေပေါ်က ဆင်းပြေးကြတယ်။ အချိန်က နည်းနည်းတော့ သိပ်မကြာဘူးပေါ့။ ကြာရင်လည်း အိမ်တွေပါ ပြိုကုန်မှာ။ ငလျင်က ပစ္စည်းတစ်ခုကို အမြင့်ကနေ ဆောင့်ချလိုက်သလို အသံမြည်ပြီး ကိုင်ဆောင့်သလိုကို လှုပ်တာ" ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်း လှုပ်ခတ်သော ငလျင်ကို စစ်ကိုင်းမြို့တွင်လည်း သိသာစွာ ခံစားရကြောင်း၊ ငလျင်ကြောင့် ပြည်သူအများအပြား အိမ်အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေခဲ့ကြသော်လည်း မိုးရွာသည်းမည့်အခြေအနေများကြောင့် နေအိမ်အတွင်း ပြန်ဝင် နေထိုင်ခဲ့ရသည်ဟု သိရှိရသည်။

ရွှေမင်းဝင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုကူညီရေးပရဟိတအသင်းမှ ဆရာတော် အရှင်စန္ဒော ဘာသက ယနေ့ နံနက်အစောပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဘုန်းကြီးကျောင်း မျက်နှာကျက်များ ကွာကျခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ပျက်စီးမှု ကြီးမားသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

" ၁၂း၀၀ နာရီ သန်းခေါင်ယံအချိန် ဦးဇင်း ဦးဇင်း မျက်နှာကျတ်တွေ ကွာကြလာလို့တဲ့။ သြော် ကိုယ် အထင် အသေးလေးပဲ ကွာကြာတာပေါ့။ မြင်လိုက်ရတဲ့ အချိန် အချပ်လိုက်ကြီး ကွာကြလာ ။ အိပ်နေတဲ့ မိသားစု (၅) ယောက် ဘာမှ မဖြစ်လို အရမ်းကံကောင်းသွား ပထမ အချပ်သေးကွာကြချိန် အိပ်ယာထဲ မှ အိပ်နေကြသော မိသားစုများ ဝရုန်းသုန်းကား ထပြေးကုန်လို့ ...ကဲအခု တော့ မအိပ်ရဲကြတော့ဘူး" ဟု အရှင်စန္ဒော ဘာသက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၄ လပြည့်အတွင်း ငလျင်ပေါင်း ၂၁၄ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့နံနက်အစောပိုင်း ငလျင်ကြောင့် ဘုန်းကြီးကျောင်း မျက်နှာကျက်များ ပြိုကျစဉ်။

imageimage
1 y - Translate

◼ YBS ယာဉ်မောင်းများစည်းကမ်းဖောက်ဖျက်မှုများထဲတွင် မီးနီဖြတ်မောင်းမှုနှင့် ဘေးတံခါးဖွင့်မောင်းမှု အများဆုံးဖြစ်ဟုဆို
YBS ယာဉ်မောင်းများစည်းကမ်းဖောက်ဖျက်မှုများထဲတွင် မီးနီဖြတ်မောင်းမှုနှင့် ဘေးတံခါးဖွင့်မောင်း မှုမှာအများဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှသိရသည်။
YRTC မှ အဆိုပါ YBS ယာဉ်မောင်းများနှင့်အတူ အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ် (၁၄/၂၀၂၅)ကို ပြုလုပ်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်သူ ယာဉ်မောင်း စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စည်းကမ်းဖောက်ဖျက်မှုများအနက် မီးနီဖြတ်မောင်းသူ ၂၉ ဦး၊ ယှဉ်ပြိုင်ကျော်တက်သူ ၁၁ ဦး၊ ဘေးတံခါးဖွင့်မောင်းသူ ၄၃ ဦး၊ ကီလိုကျော်မောင်းနှင်သူခုနစ်ဦး၊ မှတ်တိုင်စနစ်တကျမရပ်သူတစ်ဦး၊ ဘရိတ်ဆောင့်နင်းသူ တစ်ဦး၊ အရှိန်ပြင်းမောင်းနှင်သူရှစ်ဦးဖြစ်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ဘေးတံခါးဖွင့်မောင်းသဖြင့် ခရီးသည်ပြုတ်ကျသေဆုံးသူ ခြောက်ဦး အထိရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရမှုများကျဆင်းစေရန်နှင့် ယာဉ်‌မောင်းများ စနစ်တကျဖြစ်စေရေးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့၍ ၂၀၂၄ ခုနှစ်တွင် ခရီးသည်ပြုတ်ကျသေဆုံးသူနှစ်ဦးအထိရှိခဲ့ကြောင်း YRTC ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုကဆိုသည်။
YBS ယာဉ်များအချင်းချင်း ကျော်တက်မောင်းနှင်ကြခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်းတို့ကို YRTC က လုံးဝခွင့်လွှတ်မည် မဟုတ်ကြောင်းကိုလည်း ၎င်းကဆက်လက်ပြောသည်။
YBS ယာဉ်မောင်း ၄၀၀၀ ဦးခန့်သည် ခရီးသည် ၁ ဒသမ ၅ သန်းခန့်အား နေ့စဉ်ပို့ဆောင်ပေးလျက် ရှိကြောင်း၊ YBS ယာဉ်မောင်းနှင်ခွင့် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်းသင်တန်းတက်ရောက်ပြီး သူများလည်း မူးယစ်ဆေးဝါးကင်းစင်ကြောင်း စစ်ဆေးမှုအောင်မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း သိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - YRTC
#ပြည်တွင်းသတင်း

image

ထိုင်းရိုးရာ ငရုပ်သီးနုထောင်း နာမ်ဖရစ်နုမ်း (Nam Prik Num) ဟာ အရသာရှိပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။
အချိန်ကြာကြာသိမ်းထားလို့ရတဲ့ ငရုတ်သီးထောင်းတစ်မျိုးဖြစ်ပြီး ဘယ်ဟင်းနဲ့တွဲစားစား လိုက်ဖက်ပါတယ်။

⚡ ပါဝင်ပစ္စည်းများ ⚡
* ငရုတ်သီးအစိမ်း (အရှည်) ၁၂ တောင့်
* ငရုတ်သီးစိမ်း (အကြီး) ၆ တောင့်
* ကြက်သွန်နီ ၅ လုံး
* ကြက်သွန်ဖြူ ၁၀ မြွှာ
* သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
* သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

👉 ပြုလုပ်နည်း 🕐
၁။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို မီးကင်ပါ
* အလယ်အလတ်မီးနဲ့ ဒယ်အိုးကို အပူပေးပြီး ပါဝင်ပစ္စည်း
များအားလုံး နူးအိလာတဲ့အထိ ကင်ပေးပါ။
၂။ အခွံနွှာပါ
* ဖုတ်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ရဲ့
အခွံတွေကို နွှာပေးပါ။
၃။ ထောင်းပြီး အရသာသွင်းပါ
* အခွံနွှာထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ညက်သွားတဲ့
အထိ ရောထောင်းပါ။
* ပြီးရင် ဆား၊ သကြားနဲ့ သံပရာရည်တို့နဲ့ အရသာသွင်းပြီး
သမအောင် ရောမွှေပါ။
၄။ ပြင်ဆင်ပါ
* ပန်းကန်လုံးထဲ ခပ်ပြီး နှစ်သက်ရာ အသီးအရွက်တို့နဲ့
တွဲဖက်သုံးဆောင်နိုင်ပါပြီ။

image
1 y - Translate

ဂျပန်နိုင်ငံတွင် ရထားဘူတာရုံများသည် ညသန်းခေါင်ကျော် နောက်ဆုံးရထားပြီးချိန်တွင် ဘူတာရုံတံခါး ပိတ်လေ့ရှိပြီး၊ နောက်တစ်နေ့နံနက် ၄ နာရီမှ ၅ နာရီဝန်းကျင်တွင် ပထမဆုံးရထားမထွက်မီ ဘူတာရုံတံခါးများကို ပြန်လည်ဖွင့်လှစ်ပေးပါသည်။ ဤသည်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုပင် ဖြစ်ပါသည်။
JR Hokkaido Fukugawa ဘူတာရုံတွင် ဖြစ်ပွားခဲ့တာက
ဘူတာရုံတွင် ညဆိုင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးအိပ်ပျော်လွန်ခဲ့ခြင်းကြောင့် မနက်စောစော ရထားစီးရန်လာရောက်ကြသည့် ခရီးသည်များသည် ဘူတာအထဲ ဝင်လို့မရဘဲ အပြင်ဘက်တွင် ရပ်စောင့်နေကြရသည့် အခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရသည်။
ဘူတာရုံရဲ့ ပုံမှန်တံခါးဖွင့်ချိန်မှာ နံနက် ၅ နာရီ ၄၀ မိနစ်ဖြစ်သော်လည်း အဆိုပါဝန်ထမ်း အိပ်ပျော်နေမှုကြောင့် နံနက် ၆ နာရီကျော်သည်အထိ တံခါးများဖွင့်နိုင်ခြင်း မရှိခဲ့ပါ။
Alarm မြည်သော်လည်း မနိုးဟုဆိုပါတယ်
နောက်ဆုံးတွင် ဘူတာရုံမန်နေဂျာ ရောက်ရှိလာပြီး အလိုအလျောက်ပွင့်ပိတ်နိုင်သော တံခါး (auto door) မှတစ်ဆင့် ခရီးသည်များကို ဘူတာရုံအတွင်း ဝင်ရောက်
စေခဲ့သဖြင့် ခရီးသည်များ အဆင်ပြေသွားပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ပိုမိုတင်းကြပ်တဲ့စည်းကမ်းနဲ့အတူ နောက်နောင် ဒီလို အဖြစ်မျိုး မဖြစ်ရအောင် အကာအကွယ်စီမံချက်များ လုပ်ဆောင်နေပါတယ်တဲ့

image

#မျှစ်ကိုကြိုက်လို့သာ စားနေတာ အခုကစပြီး
#အရင်ထက်ပိုပြီး စားဖြစ်အောင်စားရတော့မယ်

[မျှစ် အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ..အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော်]

မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။

ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။

(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

(၂) နာတာရှည်ရောဂါဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါ တယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ် ။

(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။
ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့ကဆိုပါတယ်။
လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါတယ် #

image

Windows ကွန်ပျူတာများတွင် Bluetooth ချိတ်ဆက်မရခြင်း ပြဿနာများ 🥺

1️⃣။ Bluetooth စနစ် ဖွင့်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း
- ပြဿနာ: Bluetooth ကို မဖွင့်မိခြင်း (သို့) Airplane Mode ဖွင့်မိနေခြင်း။
- ဖြေရှင်းနည်း:
- Windows Settings > Devices > Bluetooth & other devices တွင် Bluetooth On ဖြစ်နေရမည်။
- Action Center (Win + A) တွင် Bluetooth icon ကို နှိပ်ပြီး ဖွင့်ပါ။
- Airplane Mode ပိတ်ထားကြောင်း စစ်ပါ။

2️⃣။ Device နှင့် Compatibility ပြဿနာ
- ပြဿနာ: Bluetooth device ကို Windows က မှန်ကန်စွာ မှတ်မားနိုင်ခြင်း မရှိခြင်း (သို့) driver မတူညီခြင်း။
- ဖြေရှင်းနည်း:
- Device ၏ user manual ဖတ်၍ Windows နှင့် ကိုက်ညီမှုရှိမရှိ စစ်ပါ။
- Device ကို Pairing Mode (ဥပမာ: Bluetooth headphones ကို 5စက္ကန့်ကြာ ဖိထားခြင်း) ဖြင့် ပြန်စပါ။

3️⃣။ Driver ပြဿနာများ
- ပြဿနာ: Bluetooth driver မန်နေဂျာ မှားယွင်းနေခြင်း (သို့) နောက်ဆုံးး version မဖြစ်ခြင်း။
- ဖြေရှင်းနည်း:
1. Device Manager ဖွင့်ပါ (Win + X > Device Manager)။
2. Bluetooth အောက်ရှိ driver ကို နှိပ်ပါ (ဥပမာ: Realtek Bluetooth Adapter)။
3. Update Driver > Search automatically ဖြင့် update လုပ်ပါ။
4. မရပါက Uninstall Device လုပ်၍ PC Restart ချပါ (Windows က driver ကို အလိုအလျောက် ပြန်တင်ပေးပါမည်)။

4️⃣။ Bluetooth Support Service ပိတ်နေခြင်း
- ပြဿနာ: Windows တွင် Bluetooth အတွက် လိုအပ်သော background service မလည်ပတ်ခြင်း။
- ဖြေရှင်းနည်း:
1. Run (Win + R) ကိုဖွင့်ပြီး services.msc ရိုက်ထည့်ပါ။
2. Bluetooth Support Service ကို ရှာပါ။
3. Startup type ကို Automatic ထားပါ။
4. Start ကို နှိပ်ပါ (service ကို manual ဖွင့်ပါ)။

5️⃣။ Windows Update လိုအပ်ခြင်း
- ပြဿနာ: OS version နောက်ကျနေပြီး Bluetooth အတွက် patch/update မရှိခြင်း။
- ဖြေရှင်းနည်း:
- Settings > Update & Security > Windows Update တွင် Check for updates လုပ်ပါ။

6️⃣။ Hardware ပြဿနာ
- ပြဿနာ: Bluetooth adapter ပျက်စီးနေခြင်း (သို့) Laptop တွင် Fn + Bluetooth Key ဖြင့် ဖွင့်ရန်လိုအပ်ခြင်း။
- ဖြေရှင်းနည်း:
- Laptop များတွင် Function Key (ဥပမာ: Fn + F5) ဖြင့် Bluetooth ဖွင့်ပါ။
- PC များတွင် USB Bluetooth Dongle ကို အခြား USB port တစ်ခုသို့ ပြောင်းစမ်းပါ။
- Device Manager တွင် Bluetooth adapter မပါရှိပါက hardware ပျက်နေနိုင်သည်။

7️⃣။ Software Conflict (သို့) Virus
- ပြဿနာ: Third-party software များ (သို့) malware များက Bluetooth ကို အနှောင့်အယှက်ပေးနေခြင်း။
- ဖြေရှင်းနည်း:
- Safe Mode တွင် Bluetooth စမ်းကြည့်ပါ (အလုပ်လုပ်ပါက software conflict ဖြစ်နိုင်သည်)။
- Antivirus scan လုပ်ပါ။

8️⃣။ Power Saving Settings
- ပြဿနာ: Windows က Bluetooth adapter ကို power save mode ဖြင့် ပိတ်ထားခြင်း။
- ဖြေရှင်းနည်း:
1. Device Manager > Bluetooth Adapter > Properties ကိုနှိပ်ပါ။
2. Power Management tab တွင် Allow the computer to turn off this device to save power ကို uncheck လုပ်ပါ။

🧠အခြားအကြံပြုချက်များ
- Bluetooth device ကို ဖယ်ပြီး ပြန်ချိတ်ပါ (Settings > Devices > Remove device > Pair again)။
- Windows Troubleshooter ကို အသုံးပြုပါ (Settings > Update & Security > Troubleshoot > Bluetooth)။
- BIOS/UEFI တွင် Bluetooth ဖွင့်ထားကြောင်း စစ်ပါ (အထူးသဖြင့် Laptop များတွင်)။

အထက်ပါ အဆင့်များကို စနစ်တကျ စမ်းကြည့်ပါက Bluetooth ပြဿနာ အများစုကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

မိတ်ဆွေတို့ အနေဖြင့်လဲ သိရှိထားသော Computer Knowledge များကိုလဲ #comments မှာ မျှဝေးပေးသွားပါဦး ခင်ဗျာ။😊

𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 နှင့် 𝑨𝑰 ပညာရပ်များကို ကျွမ်းကျင်စွာ
တတ်မြောက်ချင်တယ်ဆိုရင်တော့ ကျတော့်ရဲ့
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
ကို အခုပဲ တက်ရောက်လိုက်ပါ။

ဒီပိုစ့်က မိတ်ဆွေအတွက် အကျိုးရှိတဲ့ဆိုရင် Share & Follow လေး နှိပ်ပေးသွားပါဦး ခင်ဗျာ။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image