📱 #ဖုန်းချည်းပဲကြည့်နေရင် အ6-သစောပါမယ်တဲ့
ထမင်းစားလည်း ဖုန်းတကိုင်ကိုင်၊ အိမ်သာတက်လည်း ဖုန်းတစ်ကိုင်ကိုင်၊ မနက်လည်း ဖုန်း၊ ညလည်း ဖုန်းဖြစ်နေတဲ့ လူတွေရှိကြလား။ ဖုန်းကို လက်ကမချနိုင်ဖြစ်နေရင် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကို လူတွေ သိလာကြပြီဖြစ်ပေမယ့် ဖုန်းအသုံးပြုချိန်ကတော့ ကျဆင်းမလာပါဘူး။
တကယ်တော့ Screen Time လို့ခေါ်တဲ့ ဖုန်းအသုံးပြုချိန်ဟာ လူတစ်ယောက်ရဲ့ ဘဝသက်တမ်းနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ လေ့လာချက်တွေအရ Screen Time များလေလေ ကျန်းမာရေး ယိုယွင်းထိခိုက်မှု များလေလေပါတဲ့။ Screen Time များတဲ့လူတွေဟာ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။
ဖုန်းကို လက်ကနေမချနိုင်ဖြစ်နေသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် လေးလံထိုင်းမှိုင်းပြီး
· ကိုယ်ခံအားနည်းတာ
· အဝလွန်တာ
· သွေးတိုး၊ ဆီးချို ဖြစ်တာ၊ ပိုဆိုးစေတာ
· စိတ်ဓာတ်ကျတာ
· အိပ်မပျော်တာ
· အသားအရေ ထိခိုက်တာ
· မျက်လုံးထိခိုက်တာ
· ဇက်ကြောတက်တာ
· ပေါင်းသင်းဆက်ဆံရေး အားနည်းလာတာ၊ စတဲ့ပြဿနာတွေ ကြုံရလေ့ရှိပါတယ်။
Screen Time များခြင်းကနေ ပေးတဲ့ ဆိုးကျိုးတွေက ဒါတွေချည်းမဟုတ်ပါဘူး။ ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ Screen Time များတဲ့လူတွေဟာ လူဘဝမှာ နေထိုင်ရတဲ့သက်တမ်းလည်းတိုကြတယ်လို့ သိထားရပါတယ်။ ပြောရမယ်ဆိုရင် Screen Time များရင် စောစောသေမယ်ဆိုတဲ့ သဘောပေါ့။
လူတစ်ယောက်ဟာ တစ်နေ့ကို ၂ နာရီထက်ပိုပြီး ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုနေမိမယ်ဆိုရင် နှလုံးရောဂါတစ်ခုတည်းတင် ဖြစ်နိုင်ခြေ ၈% အထိတိုးလာမှာဖြစ်ပါတယ်။ ကင်ဆာ၊ အဝလွန်တာနဲ့ သွေးတိုးဆီးချိုဖြစ်နိုင်ခြေတွေဟာလည်း မြင့်တက်လာဦးမှာပါ။ ဒါကြောင့် အရွယ်မတိုင်ခင် စောလျှင်စွာ သေဆုံးနိုင်ခြေဟာလည်း အများကြီးမြင့်တက်လာမှာပါ။
Screen Time ကို တစ်နေ့ ၂ နာရီအောင် လျှော့ချလိုက်မယ်ဆိုရင် အရွယ်မတိုင်မီ သေဆုံးနှုန်းကို ၅.၆၂% လျှော့ချပေးနိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း ၇.၉၇% အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ လေ့လာချက်တွေအရ Screen Time ၂ နာရီနဲ့အထက် ရှိတဲ့လူတွေအနေနဲ့ တစ်ပတ်မှာ ၇၅ မိနစ်ကနေ ၁၅၀ မိနစ်လောက်အထိ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးမှသာ ကျန်းမာပျော်ရွှင်စွာနဲ့ လူ့သက်တမ်းစေ့ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်တဲ့ဗျာ။
ဒါကြောင့် အသက်လေးရှည်စေဖို့ Screen Time ကြည့်ချိန်ကို စနစ်တကျ လျှော့ချကြပါစို့နော်။

image
25 w - Translate

ဘယ်အရာကိုမှ အလကားမလိုချင်ခဲ့ပါ
ဘယ်အရာမှလည်း အလကားမရခဲ့ပါ။
တစ်ခုခု လိုချင်ရင် ကိုယ်တိုင်ကြိုးစာ:
ပင်ပန်းခံပြီးမှ လိုချင်တာ ရလာတဲ့ ဘဝမို့
ဘယ်သူ့ဆီကမှ အလကားဆိုတာမျိုးကို
မမျှော်လင့်ခဲ့မိတာပါ။

25 w - Translate

အလှဆုံးလူကို ရှာမယ့်အစား
ခင်ဗျားကမ္ဘာကို
အလှဆုံးဖြစ်စေမယ့်လူမျိုးကို
တန်ဖိုးထားရှာပါ။

25 w - Translate

ဆရာမ ဂျူး ပြောထားသလိုပဲ
ကိုယ်ချစ်ရတဲ့သူတွေကို ပျော်နေစေချင်တယ်
စိတ်ချမ်းသာနေစေချင်တယ် သူ့တိုပျော်ဖိုအတွက်ဆိုရင်
ကျန်ခဲ့တာပဲဖြစ်ဖြစ်၊ ထွက်သွားပေးရတာပဲဖြစ်ဖြစ်ပေါ့။

image

ဒါပါပဲ

image

ဟဲ့ လုပ်ကြပါဦး ငါဒူရင်းသီးလိုပဲ မြင်နေလို အယ် 🤪🤌

image

နင်တို့အားလုံး 🫵

image

ကလေးနှစ်ယောက်လုံးချစ်ဖို့ကောင်းနေရော

အဝုအလည်လေး

Funny video