Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ Bluetooth Box အားသွင်းရာမှ မီးလောင်၊ နေအိမ်ရှစ်လုံးပျက်စီးဆုံးရှုံး
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့(ဇူလိုင် ၁၉ ရက်) ည ၇ နာရီ ၅၃ မိနစ်တွင် Bluetooth Box အားသွင်းရာမှမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါမီးလောင်မှုမှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁ x ၇၂ လမ်းကြားရှိ နံကပ်နှစ်ထပ်အဆောက်အဦတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းနေအိမ်အပေါ်ထပ်တွင် Bluetooth Box အားသွင်းထားရာမှဘတ္ထရီပွင့်ထွက်ပြီး အနီးရှိအဝတ်အစားများကိုမီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ည ၈ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းကြောင်း သိရသည်။
“မီးဘေးသင့်အိမ်ထောင်စုက ၁၃ စုပါ။ ကျား ၁၅ ဦးနဲ့မ ၂၂ ဦးစုစုပေါင်း ၃၇ ဦးရှိပါတယ်။ လတ်တလော စီးတော်မြင်းဝင်ကျောင်းတိုက်ကဗိမ္မာန်မှာ ရွှေ့ပြောင်းနေနေပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး အိမ်ငှားနေထိုင်သူအသက် (၃၉) နှစ်အရွယ်ရှိဒေါ်ဌေးဌေးဝင်းကို မဟာအောင်မြေမြို့နယ်အမှတ်(၉)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD
#နိုင်ငံတကာသတင်း
◼ ရုရှားနှင့်ဆွေးနွေးမှု ထပ်မံ လုပ်ဆောင်ရန် ယူကရိန်းကြိုးပမ်း
ပြီးခဲ့သည့်လက ရပ်တန့်သွားခဲ့သော ညှိနှိူင်းဆွေးနွေးမှုများအား ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုအဖြစ် ရုရှားနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ထပ်မံ လုပ်ဆောင်သွားရန် ယူကရိန်းက အဆိုပြုလိုက်သည်။
လာမည့်သီတင်းပတ်အတွင်း ရုရှားအဖွဲ့နှင့် တွေ့ဆုံရန် ယူကရိန်း စီနီယာလုံခြုံရေးအရာရှိကြီး ရပ်စတမ်အူမီရော့ဗ် က ကမ်းလှမ်းလိုက်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏ ညစဉ်မိန့်ခွန်း၌ ပြောကြားပြီး အပစ်အခတ်ရပ်စဲမှု ရရှိရန် အားလုံး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ၎င်းဘက်က အသင့်ရှိကြောင်းလည်း ဇီလန်စကီး က ပြောသည်။ “ငြိမ်းချမ်းရေးသေချာစေဖို့ ခေါင်းဆောင်ပိုင်းအဆင့် တွေ့ဆုံမှု လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရုရှားက ယူကရိန်းအား လေကြောင်းမှ ကျယ်ပြန့်စွာ တိုက်ခိုက်ခဲ့ကာ လူ သုံးဦး သေဆုံး ခဲ့ပြီးနောက် ယူကရိန်း၏ ကမ်းလှမ်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
သောကြာနေ့ည နှင့် စနေနေ့ကြားတွင် မြို့ကြီးအများအပြားအပါအဝင် ယူကရိန်းဒေသ ဆယ်ခု တိုက်ခိုက်ခံခဲ့ရကြောင်း ဇီလန်စကီးက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုများတွင် ရုရှားတို့က ဖောက်ခွဲရေးဒရုန်း နှင့် ဖောက်ခွဲရေးပစ္စည်း မပါဝင်သော အယောင်ဆောင်ဒရုန်း ၃၄၀ ကျော် နှင် ပဲ့ထိန်းဒုံးနှင့် ပစ်မှတ်ရှာဒုံးကျည် ၃၅ ခု ကို အသုံးပြုခဲ့ကြောင်း နှင့် အများအပြားကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်က ပြောကြားသည်။
ယခုသီတင်ပတ်စောစောပိုင်းမှာပင် အမေရိကန်၏ ထိပ်တန်းလက်နက်များအား နေတိုးအဖွဲ့ဝင်နိုင်ငံများမှ တစ်ဆင့် ယူကရိန်းသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီး စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်အား ရက်ပေါင်း ၅၀ အတွင်း မရယူခဲ့ပါက ရုရှားအပေါ် တားဆီးပိတ်ဆို့မှုများ တိုးမြှင့်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
မော်စကို နှင့် ကိဗ်ကြား အစ္စတန်ဘူလ်မြို့၌ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများတွင် အပစ်အခတ်ရပ်စဲရေးဆီသို့ ဦးတည်သော တိုးတက်မှုများ မရခဲ့ဘဲ နှစ်ဖက် အကျဉ်းသားလဲလှယ်ရေး ၊ သေဆုံးသူအလောင်းများ လဲလှယ်ရေး သဘောတူညီချက်များသာ ရရှိခဲ့သည်။
မည်သည့်သတ်မှတ်ချက်မှမထားသော အပစ်အခတ် ရပ်စဲရေးကို ရုရှားက ထပ်မံ ပယ်ချခဲ့ကြောင်း ဇွန်လ စောစောပိုင်းက ပြုလုပ်ခဲ့သော နှစ်ဖက်ဒုတိယအကြမ်မြောက် ဆွေးနွေးပွဲ အပြီးတွင် ယူကရိန်းဘက်က ပြောကြားသည်။
မည်သည့် သတ်မှတ်ချက်မှ မပါသော အပစ်အခတ်ရပ်စဲရေးမှာ ကိဗ် နှင့် ဥရောပမဟာမိတ်များ ၊ အမေရိကန်တို့က တောင်းဆိုသော အဓိကအချက်ဖြစ်သည်။
ရုရှားဘက်ကမူ တောင်းဆိုချက်အများအပြား ဖွင့်ချခဲ့ပြီး ယင်းတွင် ယူကရိန်းက နယ်မြေများစွန့်လွှတ်ရေး နှင့် အနောက်တိုင်းစစ်ရေးအထောက်အပံ့အားလုံးကို ပယ်ချရေးအချက်များလည်း ပါဝင်သည်။
နောင်တွင်ဖြစ်ပေါ်လာနိုင်ခြေရှိသော တွေ့ဆုံမှုများအားလုံး အဟောသိကံ ဖြစ်စေရေး သေချာစေရန် မော်စကိုက အားလုံးလုပ်ဆောင်နေကြောင်း ထိုအချိန်တုန်းက ဇီလန်စကီး က စွပ်စွဲပြောကြားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအပေါ် အပြည့်အဝ ကျူးကျော်မှုအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့သည်။
လက်ရှိအခြေအနေတွင် ရုရှားက ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး ယင်းတွင် ၂၀၁၄ ခုနှစ်က ယူကရိန်းဆီမှ ၎င်းတို့ ဖဲ့ထုတ်ထားသော ခရိုင်းမီးယားကျွန်းဆွယ်လည်း ပါဝင်သည်။
BBC
#နိုင်ငံတကာသတင်း
◼ အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံသားများ မဲပေး
ဂျပန်တစ်နိုင်ငံလုံးတွင် အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲပေးနေကြပြီး အဓိကအားဖြင့် ပြီးခဲ့သည့်နှစ်က အောက်လွှတ်တော်ချုပ်ကိုင်မှုအား ဆုံးရှုံးခဲ့သော အာဏာရမဟာမိတ်အဖွဲ့ က အထက်လွှတ်တော်လူများစု နေရာကို ဆက်လက်ရယူထားနိုင်မည်လား ဆိုသည်ကို စောင့်ကြည့်နေကြသည်။
ဝေးလံသောကျွန်းများမှလွဲ၍ တစ်နိုင်ငံလုံးတွင် နံနက် ၇ နာရီ၌ စတင်ခဲ့သော မဲပေးမှုများ ည ၈ နာရီ တွင်အဆုံးသတ်မည်ဖြစ်ကာ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၄၄၀၀၀ ကျော်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင် ၂၁ သန်းကျော်က ကြိုတင်မဲပေးခဲ့ကြပြီး စုစုပေါင်း မဲဆန္ဒရှင်အရေအတွက်၏ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး လွန်ခဲ့သော သုံးနှစ်ကထက် ငါးသန်း ပိုများသည်။
ဂျပန်အထက်လွှတ်တော်တွင် အမတ်နေရာ ၂၄၈ နေရာရှိကာ သုံးနှစ်လျင်တစ်ကြိမ် အမတ်နေရာထက်ဝက်အတွက် ပြန်လည်ရွေးကောက်ကြပြီး ယခုနှစ်တွင် လစ်လပ်နေရာ တစ်နေရာအပါအဝင် အမတ်နေရာ ၁၂၅ နေရာအတွက် ရွေးကောက်ပွဲကျင်းပ နေကြသည်။
ယခုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသူ ကိုယ်စားလှယ် ၅၀၀ ကျော် ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ထိပ်ဆုံးက နေရာယူထားသော အကြောင်းအရာမှာ စားဝတ်နေရေး ကုန်ကျစရိတ်မြင့်တက်မှုဖြစ်သည်။ အခြား အကြောင်းအရာများတွင် လူမှုဖူလုံရေး၊ လူဦးရေကျဆင်းမှု နှင့် နိုင်ငံခြားရေးမူဝါဒ တို့ ပါဝင်သည်။
ပြီးခဲ့သည့်နှစ်က အောက်လွှတ်တော်ရွေးကောက်ပွဲ၌ လူများစုနေရာ ဆုံးရှုံးခဲ့သော လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ နှင့် ၎င်းတို့၏သေးငယ်သော မဟာမိတ်ပါတီ ကိုမေတို ပါတီ နှစ်ခုပေါင်းက ယခုရွေးကောက်ပွဲတင် အမတ်နေရာ ၅၀ ကို အနိုင်ရရှိမှသာ အထက်လွှတ်တော် လူများစုနေရာကို ဆက်လက်ချုပ်ကိုင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
NHK
နိုင်ငံတကာသတင်းတိုများ
၁။ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဂါဇာရှိခရစ်ဟာန်ဘုရားကျောင်းကို အစ္စရေးလေယာဉ်များကဗုံးကြဲချမိသည့်အတွက် ပုပ်ရဟန်းမင်းကြီးကို ဖုန်းဆက်တောင်းပန်ခဲ့သည်။ အဆိုပါဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးအပါအဝင်သုံးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့သည်။
၂။ လာမည့်စက်တင်ဘာလတွင် တရုတ်နိုင်ငံဘေဂျင်း၌ တရုတ်သမ္မတရှကျင့်ဖျင်၊ ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်မည်ဟု The Times သတင်းစာတွင် ဖော်ပြချက်အတွက်မှတ်ချက်ပေးရန်မရှိကြောင်းရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရပက်ရှ်ကော့ဗ်ကပြောသည်။
၃။ အမေရိကန်သမ္မတထရမ့်သည် မီဒီယာသူဌေးကြီးရူးပတ်မားဒေါ့ကို ဝေါစထရီဂျာနယ်၌ ထရမ့်သည် ၂၀၀၃ ခုနှစ်က သူဌေးကြီးအပ်စတိန်း (သက်ငယ်လိင်ကုန်ကူးမှုဖြင့်ထောင်အတွင်းသတ်ဿွေားသူ) ထံ မွေးနေ့ဆုတောင်းစာပိုခဲ့သည်ဟုဖော်ပြမှုအတွက် နစ်နာကြေးဒေါ်လာ ၁၀ ဘီလီယံရလိုမှုဖြင့်တရားစွဲလိုက်သည်။
၄။ ပြင်သစ်နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှု မြင့်မားလာခြင်းကို ဖြေရှင်းရန်လုပ်ဆောင်ခြင်းသည် ဥရောပသမဂ္ဂ၏တည်ငြိမ်မှုကိုထိခိုက်လာကြောင်း ဘလွန်းဘာ့ဂ်သတင်းဌာနကဖော်ပြသည်။
၅။ နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် လူဆိုးဂိုဏ်းကအမျိုးသမီးနှင့် ကလေးအပါအဝင်လူ ၉ ဦးကိုသတ်ဖြတ်လိုက်သည်။
NOM
ီယက်နမ်ရဲ့ နာမည်ကျော် Ha Long Bay မှာ စနေနေ့က ခရီးသည်တင်လှေတစင်းနစ်မြုပ်ခဲ့တာကြောင့် ၃၇ ဦးအထိ သေဆုံးခဲ့တယ်လို သိရပါတယ်။ ရာသီဥတုဆိုးရွားနေချိန်အတွင်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူအများစုဟာ ဟနွိင်းကနေ လာရောက်လည်ပတ်တဲ့ ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆုံးရှုးမှုများပြားခဲ့တာပါ။
Occult ပြတိုက်ထဲမှာ အစီအရင်တွေနဲ့ ပိတ်သိမ်း
ထားတဲ့ Annabelle အရုပ် အစစ်ကို နိုင်ငံအနှံ့
လှည့်ပြီး လိုက်လံပြသနေတဲ့ အဖွဲ့ခေါင်းဆောင်
Dan Rivera ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရုတ်တရက်
*6သဆုံး သွားခဲ့ပါတယ်။
သူတည်းခိုနေတဲ့ ဟိုတယ်မှာပဲ Annabelle အရုပ်
နဲ့အတူ *6သဆုံး ခဲ့တာ ပါတဲ့။ 6သဆုံးရတဲ့
နောက်ကွယ်က အကြောင်းအရင်းကိုတော့ အခုထိ
မသိရသေးပါဘူး။ အခုတော့ Annabelle Tour ပြပွဲ
ကို စီစဉ်သူတွေဟာအပြီးတိုင် ရပ်နား လိုက်ကြပါပြီ။
Annabelle အရုပ်ကို နိုင်ငံတစ်၀န်း ပြပွဲလုပ်ပြီး
လိုက်လံပြသ နေစဉ်မှာလည်း နေရာအချို့မှာ
မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါ သေးတယ်။
သူတို့နိုင်ငံမှာက သဘာ၀လွန် ကိစ္စတွေနဲ့ ဆက်နွယ်
နေတဲ့ ရှေးဟောင်းပစ္စည်းတွေကို ကြောက်ရမှာထက်စိတ်၀င်စားပြီး လေ့လာချင်တဲ့သူတွေလည်း
ရှိကြပါတယ်။ အဲ့လိုလူတွေအတွက် Dan Rivera က
ပွဲစီစဉ်ပြီး Annabelle ကို လိုက်ပြနေတာပါ။ ပြီးတော့
Annabelle အရုပ်က ရုပ်ရှင်တွေ ကြောင့်လည်း နာမည်ကြီးတော့ လူတွေ ပိုစိတ်၀င်စားကြပါတယ်။
အစက ဒီအရုပ်ကို ကွယ်လွန် သွားကြပြီ ဖြစ်တဲ့သဘာ၀လွန် ပညာရှင် Lorraine warren တို့ ဇနီး
မောင်နှံက ပြတိုက်ထဲမှာ ပိတ်သိမ်းထားခဲ့ဝာာပါ။
အရုပ်ကို မကိုင်တွယ်ဖို့လည်း မှာခဲ့ပါသေးတယ်။
အခုတော့ စိတ်မကောင်း စရာပါပဲ။
ကြက်သားနှင့်မျှစ်ချိုနုရခိုင်သောက်ဆမ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဗမာကြက်..............တစ်ခြမ်း
မျှစ်ချိုနု.................. ၂၀ကျပ်သား
ငရုတ်သီးစိမ်း............. ၂၀တောင့်ခန့်
စိမ်းစားငါးပိ...............၁ဇွန်း
မန်ကျည်းသီးမှည့်........အနည်းငယ်
နံနံပင်.....................အနည်းငယ်
ကြက်သားကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးလေးများတုံးပါ။
ငရုတ်သီးစိမ်း နှင့် ငါးပိကိုနနွင်းမှုန့်အနည်းငယ်ဖြင့်ရေခမ်းအောင်ပြုတ်ပြီးညှက်အောင်ထောင်းပါ။
မန်ကျည်းသီးမှည့်ကိုရေနွေးလေးဖြင့်စိမ်ပြီး
ဖျော်ထားပါ။
အနေတော်တုံးထားတဲ့ကြက်သားကိုချက်မည့်အိုးတွင်ထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊နနွင်းမှုန့်အနည်းငယ်၊ငရုတ်သီးထောင်းအရောတို့နှင့်ရောနယ်ပါ။
မီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးလုံးချက်၊ ချက်ပေးပါ။
ရေအနည်းငယ်ခမ်းသွားလျှင်သစ်သားယောင်းမလေးဖြင့်ခပ်ဖွဖွမွှေပေးပြီး ပြုတ်ထားတဲ့မျှစ်ချိုနုလေးတွေထည့်ပါ။
မန်ကျည်းမှည့်ရေလေးလောင်းထည့်ပါ။
ရေအနည်းငယ်လေးလိုက်ပေးပြီးဖြည်းညှင်းစွာမွှေပေးပါ။
နံနံပင်လေးအုပ်ထည့်ပြီးချက်ပေးပါ။
ဟင်းချက်နည်းများ