1 y - Translate - Youtube

Oceans Odysseys: Incredible Animal Journeys

1 y - Translate

အင်္ဂလန် အမျိုးသမီးအသင်း ဥရောပ ဖလားပွဲ ထပ်မံ ဗိုလ်စွဲ
၂၀၂၅ ဥရောပ ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် အသင်းဟာ ဗိုလ်လုပွဲမှာ စပိန်ကို ပင်နယ်တီနဲ့ အနိုင်ရပြီး ထပ်မံ ဗိုလ်စွဲခဲ့ပါတယ်။
အင်္ဂလန် အသင်းအတွက် အနိုင် ပင်နယ်တီဂိုးကို ၂၀၂၂ ဥရောပ ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့သူ ကလိုရီ ကယ်လီကပဲ သွင်းယူခဲ့ပါတယ်။
ဒီနေ့ကစားတဲ့ ဗိုလ်လုပွဲမှာ စပိန် အသင်းက ၂၅ မိနစ်မှာ မာရီရိုနာ ကယ်ဒန်တီက ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပေမဲ့ အင်္ဂလန် အသင်းက ၅၇ မိနစ်မှာ အလက်ဆစ် ရူဆိုက ချေပဂိုး သွင်းယူပြီး အချိန်ပို ကစားတဲ့ အထိ အနိုင်အရှုံး မပေါ်တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ရှိခဲ့တာပါ။
ပင်နယ်တီကန်သွင်းရာမှာ အင်္ဂလန်ဂိုးသမား ဟန်နာ ဟမ်တမ် လက်စွမ်းပြခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ အင်္ဂလန် အသင်းဟာ ဥရောပ ဖလားပြိုင်ပွဲ ၂ ကြိမ်ဆက် ဗိုလ်စွဲတဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

image

imageimage
1 y - Translate

Save the Children Gaza Humanitarian Director Rachael Cummings said Sunday on "This Week ABC" that “the situation in Gaza is catastrophic for children and increasingly now for adults.”
“In the first two weeks of July, we've seen exactly the same number of children we saw in the whole of June, and we're expecting that trajectory, sadly, to increase," she said. "The number of children who are malnourished — very concerningly, pregnant women, women who are breastfeeding are also malnourished."
Read more: https://abcnews.visitlink.me/dDzdVx

image
1 y - Translate

A 42-year-old man is facing charges of terrorism and assault with intent to murder after he allegedly stabbed 11 people at a Walmart store in Michigan and was apprehended by a group of citizens, including one armed with a gun, authorities said on Sunday.
https://abcnews.go.com/US/mult....iple-people-stabbed-

image
1 y - Translate

ထင်ရှားသည့်အမှတ်အသားက ကိုးကွယ်သည့်ဘာသာ
______________________________________________

ရေဟာ ရေပါပဲ
ရေတွင်းက ရေ
ပိုက်ကလာတဲ့ ရေ
...စသည်ဖြင့်
အိမ်သာထဲလည်း ရောက်တယ်
ဘုရားစင်ပေါ်လည်း ရောက်တယ်
အသုံးချတတ်မှုနဲ့ တန်ဖိုးထားတတ်မှုဟာ ဘာသာရေးပဲ။

နေ့လွဲညစာအတွက်ပါ စားထားတဲ့ ဥပုသ်နေ့တွေဆို
ဓမ္မာရုံတွေက ဓမ္မပူဇာတေးတွေကို အတင်း အဓမ္မ ဖွင့်နေတယ်။
နားထောင်တတ်မှ ကြားရတဲ့ ဓမ္မ
အတိုးအကျယ် မရှိဘူး
အကျဉ်းအကျယ်သာ ရှိတာပါ။

ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင်
ဘုရားနားမှာ
ဘယ်သူမှ မတို့ရဲ မထိရဲ
အခု
ဘုရားကို မြိုနေပြီ
ငြမ်းက ဘုရားကို ဖျက်နေပြီ။

နိဗ္ဗာန်က အသွားပဲရှိတယ် အပြန်မရှိဘူး
ငရဲက အသွားရော အပြန်ရောရှိတယ်။

နိဗ္ဗာန်က ဖြတ်လမ်းမရှိဘူး
ငရဲက ဖြတ်လမ်းရှိတယ်။

ဘယ်လိုလဲ...
ဘယ်ကို သွားမလဲ... ဘယ်လို သွားမလဲ...
မြင်တာကို မြင်တယ်လို့မှတ်ဖို့
မြင်ပေမယ့် မမြင်နိုင်ကြဘူး။

ကျယ်ရမယ့် မျက်စိကျ မကျယ်ဘူး
မကျယ်ရမယ့် ဖင်ခေါင်းကျ ကျယ်နေတယ်
ဦးဇင်းလေးဟောတဲ့တရား တဟားဟားနဲ့ ပွဲကျလို့
တရားပြပေမယ့်
တရားမရတဲ့သူတွေလေ...၊

ဆုတောင်းတိုင်း မပြည့်ဘူး
တောင်းတဲ့ဆုတွေက ပါးစပ်ကြီးနဲ့အပြည့်၊

အကုသိုလ်တွေ ပါလာမှဖြင့်
ခွဲတမ်းနဲ့ ဝေနေတဲ့ အမျှ
သာဓုတွေ ခေါ်နေကြတယ် ။

ဆီမီးပူဇော်တာလို့ ခေါင်းစဉ်တပ်
အပူတွေကို အပူတွေနဲ့ အပူတိုက်
လောင်မြိုက်နေတဲ့ လောဘတွေနဲ့

မရှိတော့တဲ့ ဘုရားကို တ လို့
ရှိနေတဲ့ တရားကို မေ့လို့ ...။

ဆည်းလည်းသံတွေက ရယ်ပွဲဖွဲ့နေပြီ...။ ။

.
- လင်းမိုးစွေ

1 y - Translate - Youtube

bunny phyo - ချစ်သူ့အနား - Myanmar songs

◼ ဂရိတွင်နိုင်ငံတစ်ဝန်းတောမီးများငြှိမ်းသတ်နေရ၊ ကျေးရွာများကိုဘေးလွတ်ရာရွှေ့ပြောင်းခိုင်း
ဥရောပတောင်ပိုင်း၌ယခုနှစ်နွေရာသီသုံးကြိမ်မြောက်အပူလှိုင်းနှင့် ကြုံတွေ့နေရချိန်ယမန်နေ့တွင် ဂရိနိုင်ငံတစ်ဝန်းနှင့် ဘော်လကန်အနောက်ပိုင်းဒေသများ၌ လောင်ကျွမ်းနေသော တောမီးများကို မီးသတ်တပ်ဖွဲ့များက ငြှိမ်းသတ်နေရသည်။
ဂရိက နိုင်ငံတစ်ဝန်းမှ ကြီးမားသောတောမီးကြီးငါးခုကိုငြှိမ်းသတ်နေရပြီး မြို့တော်အေသင် မြောက်ဘက်ကီလိုမီတာ ၃၀ ခန့်အကွာထိခိုက်မှုများပြားသောနေရာများမှဒေသခံများကို တာဝန်ရှိသူများကပြောင်းရွှေ့ပေးထားကြသည်။
တောမီးလောင်ကျွမ်းမှုမီးခိုးနံ့များကို အေသင်မြို့လယ်တွင်ခံစားနေကြရပြီး တောမီးများကို ငြှိမ်းသတ်နိုင်ရန်ဂရိအစိုးရက ဥရောပသမဂ္ဂ၏အကူအညီကိုတောင်းခံထားသည်။
အေ‌သင်မြို့မှ ၂၅ ကီလိုမီတာသာဝေးပြီး စက်ရုံများနှင့်မီးလောင်လွယ်သော ပစ္စည်းများတည်ရှိရာ ဒရိုဆိုပီဂီကျေးရွာတွင် ပေါက်ကွဲသံများကြားရပြီး မီးခိုးလုံးများတက်လာသည်ကိုလည်းမြင်တွေ့ရသည်။
မီးသတ်တပ်ဖွဲ့ဝင် ၁၄၅ ဦးက ယင်းနေရာမှတောမီးကို မီးသတ်ယာဉ် ၄၄ စီး၊ ရဟတ်ယာဉ်ခုနစ်စီး၊ လေယာဉ် ၁၀ စီးတို့ဖြင့်ငြှိမ်းသတ်နေသည်။
လက်ရှိတွင်နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီးနောက် အနီးအနားကျေးရွာတစ်ခုမှ လူများကို အေသင်မြို့သို့ သွား‌ရောက်တိမ်းရှောင်ကြရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။ လူငါးဦးကို မီးလောင်ဒဏ်ရာများ၊ မီးခိုးရှူရှိုက်မိသောအခြေအနေများကြောင့်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
ဂရိနိုင်ငံ၏အပူချိန်သည် ၄၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိရောက်ရှိမည်ဟု ဂရိရာသီဥတုဌာနက ခန့်မှန်းထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် စိုက်ပျိုးရေးနှင့်သစ်တောဆက်စပ် မီးလောင်မှု ၅၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၄၄ ခုအား ကနဦးအဆင့်မှာပင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗက်ရာကိုဂျီယာနစ် က ပြောကြားသည်။
အိမ်နီးချင်းအယ်လ်ဘေးနီးယားနိုင်ငံတွင်လည်း စနေနေ့ကတောမီး ၂၆ ခု လောင်ကျွမ်းခဲ့သည်။ ယင်းမတိုင်မီသောကြာနေ့က အယ်လ်ဘေးနီးယားဒယ်လ်ဗီနာမြို့နယ်တွင် ကြီးမားသောတောမီး လောင်ကျွမ်းခဲ့သဖြင့်လူသုံးဦးဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၂၀၀၀ ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်း ပေးခဲ့ရသည်။
ဂရိနိုင်ငံ အီဗီယာကျွန်းပေါ်တွင်လည်း တောမီးလောင်ကျွမ်းနေရာ မီးသတ်တပ်ဖွဲ့ဝင် ၁၂၈ ဦး၊ မီးသတ်ယာဉ် ၂၉ စီး ၊မီးသတ်လေယာဉ်ခြောက်စီး၊ ရဟတ်ယာဉ်ခုနစ်စီး အသုံးပြု ငြှိမ်းသတ်နေရပြီး လေပြင်းများလည်း တိုက်ခတ်နေကြောင်း သိရသည်။
အခြားဂရိကျွန်းများပေါ်တွင်လည်း တောမီးများလောင်ကျွမ်းနေသဖြင့် ငြှိမ်းသတ်ရန် အာဏာပိုင်များက လုပ်ဆောင်နေသည်။
Reuters
#နိုင်ငံတကာသတင်း

image
1 y - Translate

◼ ဝန်ကြီးရာထူးမှထုတ်ခံရခြင်းမဟုတ်ဘဲ ပါတီလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းဟု ဒေါ်သက်သက်ခိုင်ပြော
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ပြည်ထောင်စုဝန်ကြီးအဆင့်မှ ထုတ်ခံရခြင်း မဟုတ်ဘဲ ၎င်း၏ပါတီလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ရန် နစက ကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၂၇ ရက်) တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
"ကျွန်မကိုအစိုးရအဖွဲ့ကထုတ်ပယ်ခဲ့တာလည်းမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်နှုတ်ထွက်ခဲ့တာလည်း မဟုတ်ဘူး။ အဓိက ကတော့နိုင်ငံတော်လူကြီးတွေက ရွေးကောက်ပွဲလုပ်မယ်ဆိုတာ သူတို့စိတ်ထဲမှာ ရှိနေတော့ ကျွန်မသည်ပါတီဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက် ပါတီကိုပြန်လည်ဦးဆောင်ဖို့ အနားပေး ခဲ့တာပါ" ဟု ဒေါ်သက်သက်ခိုင်ကသတင်းမီဒီယာများကိုပြောဆိုသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျား/မ ခွဲခြားဆက်မှုများအပါအဝင် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လက်ရှိဆောင်ရွက်ထားမှုများ၊ အခက်ခဲများကို ပြောဆိုခဲ့ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဝန်ကြီးအဖြစ် ထပ်မံပြောင်းရွှေ့ခံခဲ့ရကာ ယခုနှစ်ဇန်နဝါရီ ၃၁ ရက်တွင် ဝန်ကြီးတာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။
သတင်း၊ ဓာတ်ပုံ - ပိုင်လေး
#ပြည်တွင်းသတင်း

image