#ပဋ္ဌာန်းဒေသနာတော် ကို နေ့တိုင်းပုံမှန်ရွတ်ဖတ် ပူဇော်ဖြစ်ပါတယ်
🙏ပဋ္ဌာန်းဒေသနာကို မှန်မှန် ရွတ်ဖတ်ခြင်း၏ #အကျိုးများ?
📖ပဋ္ဌာန်းရွတ်တယ် ဆိုတာ 'ပဋ္ဌာန်း ပစ္စယ ဥဒေသ' နဲ့ 'ပစ္စယ နိဒေသ' တို့ကို ရွတ်ဆိုတာကို ဆိုလိုပါတယ်။ အဓိပ္ပါယ်နားမလည်ခင် ပဋ္ဌာန်းရွတ်တဲ့အခါ စိတ်ထဲမှာ ရှိနေသင့်တာက 'သြော်... မြတ်စွာဘုရားဟောခဲ့တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်းဖြင့် ဘုရားကို ဓမ္မဖြင့် ငါပူဇော်နေတာပါလား' ဆိုတဲ့ အသိတရား (သတိတရား) နဲ့ ရွတ်ဖတ်သင့်ပါတယ်။
✅ရွတ်ဆိုတဲ့နေရာမှာလည်း အသံထွက် မမှားရအောင်၊ တရားအစီအစဉ် မလွဲရအောင်၊ အလေးအမြတ်ထားပြီး ရွတ်ဖတ်ပူဇော်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင် -
(၁) နေ့စဉ်ကောင်းမှု ကုသိုလ်တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။
နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့် နေ့စဉ် မှန်မှန် ရွတ်ဖတ်လာတဲ့ လူ ပုဂ္ဂိုလ် အတွက်ကျတော့ ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။
(၂) နေ့စဉ်မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ 'ကြောက်ရွံ့ခြင်း၊ ဒေါသဖြစ်ခြင်း' စတာတွေထက် ပဋ္ဌာန်းတရားပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ်အဖြစ်ကို ပြောင်းလဲစေပါတယ်။
(၃) တစ်နေ့တစ်ခါ ရွတ်ဆိုနေကျကို တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း 'သြော်...ဒီနေ့တော့ ငါပြုနေကျ ကုသိုလ်ကောင်းမှုတစ်ခု၊ တစ်နေ့စာ အောင်မြင်ပြီးမြောက်ခဲ့ပြန်ပြီဆိုတဲ့ ကျေနပ်တဲ့စိတ်၊ ဝမ်းမြောက်တဲ့စိတ် 'ဟာလည်း ပေါ့ပါးလန်းဆန်းမှုကို ဖြစ်စေပါတယ်။
(၄) သေ-ခါနီးပြီဆိုပါစို့ ၊ မိသားစုထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ် ဖြစ်ခါနီးကလေးမှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကိုစွဲပြီး သေရတော့အပါယ်ကျဖို့ မဖြစ်နိုင်။ သုဂတိဘဝ ကိုရဖို့က သေချာသွားပြန်ရော။
(၅) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန်ရွတ်ထားတဲ့ ပါရမီကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။
#အသိပညာတိုးပွါးပါစေ
#crd