远离城市喧嚣的小镇

image

远离城市喧嚣的小镇

image

远离城市喧嚣的小镇

image

远离城市喧嚣的小镇

imageimage
+7
51 w - Translate

WWDC25 မှာ မိတ်ဆက်ပြခဲ့တဲ့ Liquid Glass ကို ဆက်သုံးရမလား ၊ မသုံးရမလားဝေခွဲမရ ဖြစ်နေပုံပါပဲ Apple တော့တိုင်ပတ်နေပုံရပါတယ်
iOS 26 Beta က လက်ရှိမှာ 4 ခုရှိပါပြီ
Beta 1 မှာ Control Centre မှာ စာတွေမမြင်ရတာတွေဆိုတဲ့ ပြသနာတွေရှိခဲ့တယ်
Beta 2 မှာတော့ Liquid Glass ကို Contorl Centre မှာ နည်းနည်းလေး လျှော့လိုက်ပါတယ် ပြသနာတစ်ခု ဖြေရှင်းသွားတယ်ပေါ့ ဒါပေမယ့် တခြား Noti တွေ ၊ App တွေမှာတော့ Liquid Glass ကြောင့် Visibility ပိုင်း တိုင်ပတ်တုန်းပါပဲ
Beta 3 က ဆန်းပါတယ် Liquid Glass ကိုနေရာတော်တော်များများမှာ ဖြုတ်ချခဲ့တာပါ Tech Community က Liquid Glass တော့လစ်သွားပြီလို့တောင် ထင်ခဲ့ကြတာပါ
အခုနောက်ဆုံးထွက် Beta 4 ကျတော့ Liquid Glass ကပြန်ပါလာပြန်ပါပြီ
ဒီရက်ပိုင်းမှာ iOS 26 Public Beta ကလည်းထွက်လာမှာဆိုတော့ ဒီအခါကျ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်
Apple တစ်ယောက် ဘာဖြစ်ချင်မှန်းကိုမသိတာပါ ဖန်သားနန်းတော်နဲ့ အတော်လေးကိုအလုပ်ရှုပ်နေပုံပါပဲ

image

လူ့ဘောင်ဝန်းကျင်မှာ ကျင်လည်ဖို့ဆိုရင်
ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပြီး
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ် ။
အကြင်နာတတ်ဆုံးသော သတ္တဝါကလည်း လူဖြစ်သလို
အရက်စက်ဆုံးသော သတ္တဝါကလည်း လူပါပဲ။
ဘဝရဲ့နေ့စဥ်ဖြတ်သန်းမှုတွေမှာ
ကိုယ်က ဘယ်လိုလူမျိုးနဲ့ တွေ့ဆုံနိုင်မလဲ
ဘယ်လိုလောကဓံဒုက္ခတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ
ကြိုမသိရပါဘူး ။
ကိုယ့်အပေါ်ကြင်နာတတ်တဲ့လူ ၊
ဖေးမပေးတဲ့လူတွေနဲ့ အမြဲမတွေ့ဆုံနိုင်ပါဘူး ။
ဘဝက အမြဲ ချောမွေ့နေမှာ မဟုတ်သလို
ကိုယ့်အနားမှာ ကိုယ့်ကို ချစ်တဲ့သူက
အမြဲရှိနေနိုင်မှာ မဟုတ်ပါဘူး ။
ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ် ။
ကိုယ်က အနေမှန်ပါလျက်နဲ့
ကိုယ့်အပေါ် အမြဲချောက်တွန်းတာ
ကိုယ်အပေါ် အမြဲရန်လိုပြုမှုနေတာ
နိုင်ထက်စီးနင်းပြောဆိုတာတွေနဲ့ ကြုံတဲ့အခါ
ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ ၊
ကိုယ့်ရဲ့အမှန်တရားတွေအတွက်
ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရပါမယ် ။
ကိုယ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်
ကာကွယ်တတ်မှလည်း
ကိုယ် ချစ်ခင်ရတဲ့သူတွေအပေါ် ကာကွယ်ပေးနိုင်မှာပါ ။
ကိုယ့်ကိုယ်ကိုယ်မှ မကာကွယ်နိုင်ရင်
ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကာကွယ်ပေးဖို့ မဖြစ်နိုင်ပါဘူး
ဒါကြောင့်မို့
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့
သတ္တိရှိထားဖို့ လိုပါတယ် ။
#ခမ်း #တန်ဖိုးရှိစွာနေထိုင်ခြင်း

image
51 w - Translate

"The Simpsons" ကာတွန်းဇာတ်လမ်းတွဲကို ပူးတွဲဖန်တီးသူ ဆမ်ဆိုင်မွန် (Sam Simon) ဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ချန်ထားခဲ့ရုံသာမကဘဲ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေနဲ့ လူတွေကို ထောက်ပံ့ဖို့ လှူဒါန်းခဲ့ပါတယ်
NPR သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုင်မွန်ဟာ ၂၀၁၂ ခုနှစ်မှာ အူမကြီးကင်ဆာ ရောဂါကို စစ်ဆေးတွေ့ရှိပြီးနောက်မှာ သူ့ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်မှုတွေကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်
The Sam Simon Foundation ရဲ့ အဆိုအရ သူ့ရဲ့လှူဒါန်းမှုတွေကြောင့် အခမဲ့ တိရစ္ဆာန်ဆေးကုသရေး ဝန်ဆောင်မှုတွေကို စတင်နိုင်ခဲ့ပါတယ် ဒါ့အပြင် ဆပ်ကပ်ရုံတွေက တိရစ္ဆာန်တွေနဲ့ သxတ်ဖြတ်ခံရမယ့် ခွေးဂေဟာတွေက ခွေးတွေကို ကယ်တင်တာအပါအဝင် ကြီးမားတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်
သူ့ရဲ့ဖောင်ဒေးရှင်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးမြို့မှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်တွေအတွက် အခမဲ့ဆေးကုသမှုတွေကို လုပ်ဆောင်ပေးလျက်ရှိနေပါတယ်
#knowledge #ဗဟုသုတ

image
51 w - Translate

No Dogs or Italians Allowed (2022)

၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ်အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကို
မြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Rating ကလည်းကောင်းကောင်းနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။

🕯👻ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

👻🕯ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1939

image

"သေမင်းနာရီ "
သေမင်းနာရီ (Doomsday Clock) ဆိုတာဟာ ကမ္ဘာပေါ်မှာ ကျရောက်လာနိုင်တဲ့ လူလုပ်ဘေးအန္တရာယ်တွေကို ဂရုပြုသတိထားမိစေဖို့အတွက် ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေက သတ်မှတ်ထားတဲ့ သင်္ကေတနာရီ တစ်ခုဖြစ်ပါတယ်။
ဒါဟာ တကယ်သွားနေတဲ့ နာရီတစ်ခုမဟုတ်ဘဲ၊ ကမ္ဘာကြီးရဲ့လက်ရှိ အန္တရာယ် အခြေအနေကို မြင်သာအောင် ပြသထားတဲ့ အမှတ်အသားတစ်ခုပါ။
ဒီ စံနာရီကို Bulletin of the Atomic Scientists အဖွဲ့က ၁၉၄၇ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။
အစပိုင်းတုန်းကတော့ နျူကလီးယားစစ်ပွဲကြောင့်ဖြစ်လာနိုင်တဲ့ ကမ္ဘာပျက်မယ့်အန္တရာယ်ကို သတိပေးဖို့ အဓိကထားခဲ့ပေမယ့်၊ အချိန်ကြာလာတာနဲ့အမျှ ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါတွေ၊ ဇီဝလက်နက်တွေနဲ့ ဉာဏ်ရည်တု (AI) လိုမျိုး အလွန်အမင်း တိုးတက်လာတဲ့ နည်းပညာတွေရဲ့ ဆိုးကျိုးတွေ စတဲ့ လူသားတွေ ဖန်တီးလိုက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်အားလုံးကို ထည့်သွင်းစဉ်းစားလာခဲ့ပါတယ်။
သေမင်းနာရီရဲ့လက်တံတွေကို ညသန်းခေါင် (၁၂ နာရီ) နဲ့ နီးလေလေ၊ ကမ္ဘာကြီး ပျက်စီးဖို့ ဒါမှမဟုတ် လူသားမျိုးနွယ်ရဲ့အဆုံးသတ်ဆီကို ပိုမိုနီးကပ်လာပြီလို့ သတ်မှတ်ပါတယ်။ ညသန်းခေါင်ဆိုတာ ကမ္ဘာ့ကပ်ဘေးကြီး ဒါမှမဟုတ် လူသားမျိုးနွယ်ရဲ့ ပြန်လည်မပြင်ဆင်နိုင်တော့တဲ့ ပျက်စီးမှုကို ကိုယ်စားပြုပါတယ်။
နာရီလက်တံတွေရဲ့ထားမယ့်နေရာကို တော့ "Bulletin of the Atomic Scientists " အဖွဲ့ရဲ့ သိပ္ပံနှင့်လုံခြုံရေးဘုတ်အဖွဲ့က နှစ်စဉ် သတ်မှတ်ပါတယ်။
ဒီအဖွဲ့ဝင်တွေဟာ နိုဘယ်ဆုရှင်တွေ အပါအဝင် ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ ပညာရှင်တွေ ဖြစ်ကြပါတယ်။ နှစ်စဉ် ကမ္ဘာ့နိုင်ငံရေး၊ သိပ္ပံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ကြတာပါ။
လက်ရှိအချိန် မှာတော့ သေမင်းနာရီဟာ ညသန်းခေါင်ကို ၈၉ စက္ကန့်အလို မှာ ရောက်ရှိနေပါတယ်။ ၂၀၂၀ ကနေစလို့ တဖြေးဖြေးမြှင့်လာလိုက်တာဖြစ်ပါတယ်။
ဒါဟာ ၁၉၄၇ ခုနှစ် စတင်သတ်မှတ်ခဲ့ချိန်ကစလို့ သူရဲ့ လက်တံတွေ ညသန်းခေါင်နဲ့ အနီးဆုံးရောက်ရှိခဲ့သည့် အချိန်ဖြစ်ပါတယ်။အန္တရာယ်အရှိဆုံး အနေအထားလို့ ကျွမ်းကျင်သူတွေနဲ့ သိပ္ပံပညာရှင်တွေက သတ်မှတ်ထားကြတာပါ။
ကမ္ဘာကြီး အန္တရာယ်ရှိနေပြီ လို့ အသိပေးနေတဲ့ ပညာရှင်နဲ့ ကျွမ်းကျင်သူတွေရဲ့စကားကို နားထောင်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပြဿနာတွေကို အားလုံးလက်တွဲ တူတူဖြေရှင်းနိုင်မယ်ဆိုရင်တော့ နာရီလက်တံဟာ တဖြည်းဖြည်း နဲ့ ညသန်းခေါင်အချိန်ကနေ ပြန်ဝေးကွာသွားမှာဖြစ်ပါတယ်။