Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ice Age : Adventure of Buck Wild (2022)
IMDb – 6.9/10
ကဲ အိုက်စ်အေ့ဂျ် ကာတွန်းကား အသစ်လေး လာပါပြီ။
ဒီတစ်ခေါက်အဓိက စွန့်စားခန်းဖွင့်မှာကတော့
မမ်မိုဆင်မလေး အယ်လီရဲ့ မောင်နှမဖြစ်တဲ့ ပေါ့ဆမ်နှစ်ကောင် ခရက်ရှ် နဲ့ အက်ဒီတိုပါပဲ။
ခရက်ရှ်နဲ့အက်ဒီဟာ သူတိုကို အမြဲစိုးရိမ်ပြီး ချုပ်ချယ်နေတဲ့ အယ်လီတိုဆီကနေ ခိုးထွက်လာပြီး
မြေအောက်ကမ္ဘာမှာနေတဲ့ ဘက်ခ် ဆီကို သွားလည်ခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ဒိုင်နိုအော်ဆန်က ရက်ပ်တာတွေကို ခေါ်လာပြီး
ပျောက်ဆုံးနေတဲ့ကမ္ဘာကို သိမ်းပိုက်ဖို ကြိုးစားလာတဲ့အခါ
တလွဲတချော် စွန့်စားခန်းအသစ်တွေ စတင်ပါတော့တယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/270
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
နေစကြာဝဠာ ရဲ့ ရတနာတစ်ပါးလို့တင်စားခေါ်ဝေါ်ကြတဲ့ Saturn ဂြိုလ်မှာ ထူးခြားတဲ့ ဂြိုလ်ပတ်ကွင်းတွေတည်ရှိနေတာအပြင် တစ်ခြားဂြိုလ်တွေထက်တစ်မူထူးခြားနေတဲ့ အချက်တစ်ချက်ရှိပါတယ်။
ဒါကတော့ Saturn ဂြိုလ်မှာ ဂြိုလ်ရံလပေါင်း ၁၄၈ လုံးခန့် ရှိနေတာဖြစ်ပြီး နေစကြာဝဠာထဲက ဘယ်ဂြိုလ်ထက်မဆို များပြားတဲ့အရေအတွက်ဖြစ်ပါတယ်။
ဒါမယ့် မနေ့က အဲ့လိုများပြားနေတဲ့
Saturn ဂြိုလ်ရဲ့ဂြိုလ်ရံလ စာရင်းထဲကို International Astronomical Union ( IAU ) အဖွဲ့က အသစ်တွေ့ရှိလာတဲ့ နောက်ထပ် အရံလပေါင်း ၁၂၆ လုံး ထပ်မံပေါင်းထည့်လိုက်ပြီးစုစုပေါင်း ၂၇၅လုံးထိ အရေအတွက်ရှိသွားပါတယ်။ ဒါက Saturn ဂြိုလ်ကို solar system ရဲ့ လပိုင်ဆိုင်မှုအများဆုံးဂြိုလ်အနေနဲ့သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။
နှိုင်းယှဉ်ရရင် နေစကြာဝဠာရဲ့ အကြီးဆုံး Jupiter ဂြိုလ်မှာ အရံလ ၉၅ လုံးခန့်သာရှိတာမို့ ဒီပမာဏဟာ Jupiter ထက်တောင်သုံးဆခန့်များနေတာဖြစ်ပါတယ်။
Saturn ရဲ့ ဂြိုလ်ရံလအများစုဟာ ကမ္ဘာရဲ့လဝန်းလိုမျိုး လုံးဝိုင်းနေတာမဟုတ်ပဲ ပုံမှန်မဟုတ်တဲ့အသွင်အပြင်များနဲ့ ဖွဲ့စည်းထားတဲ့ Saturn ဂြိုလ်အနားကပ်လာမိပြီးပြန်မထွက်နိုင်တော့တဲ့ Asteroid ဥက္ကာပျံ အများစုသာဖြစ်ပါတယ်။
ဒီ အရံလများရဲ့ saturn ဂြိုလ်အပေါ်သက်ရောက်မှုများကိုလေ့လာခြင်းဟာ လူသားတွေရဲ့ solar system ရဲ့ planetary science အပေါ်နားလည်မှုကို ပိုမို သိရှိစေမှာလည်းဖြစ်ပါတယ်။
ပုံမှာ Cassini ဂြိုလ်တုကနေ ရိုက်ယူထားနိုင်ခဲ့တဲ့ Daphmis အရံလရဲ့ Saturn ရဲ့ ဂြိုလ်ပတ်ကွင်းတွေကို သက်ရောက်နေတဲ့ ဒြပ်ဆွဲအား လှိုင်း gravitational wave တွေကို မြင်ရတာဖြစ်ပါတယ်။
Batman: Death In The Family 2020
—————————
Dcက ပထမဦးဆုံးအနေနဲ့ ရိုက်ခဲ့တဲ့ interactive movieပါ ။
interactive movieရဲ့ သဘောကတော့ ရုပ်ရှင်ဇာတ်သိမ်းကို
စာရေးဆရာက ပရိတ်သတ်ကို ဆုံးဖြတ်ခိုင်းတာပါ။
ဒီရုပ်ရှင်ထဲမှာတော့ DCရဲ့ anti heroဖြစ်တဲ့ Jason Toddရဲ့ ကံကြမ္မာကို
အဆုံးဖြတ်ပေးရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Jasonသေမှာလား
မသေရဘူးလား? batmanနဲ့ ဂျိုကာတို ဘာဆက်ဖြစ်မှာလဲ? Batmanမိသားစု၀င်ထဲက
တစ်ယောက် သေမှာလား?
အဲ့ဒီမေးခွန်းတွေကို dc ပရိတ်သတ်တွေကို part1မှာ ဆုံးဖြတ်ခိုင်းမှာဖြစ်ပြီး
part2မှာတော့ဆာဂျင်ရော့ရဲ့
နာဇီတိုနဲ့ တိုက်ပွဲအကြောင်း part 3မှာတော့ အဒမ်စထရိန်း part4မှာတော့
ဖန်တွမ်စထရိန်း part5မှာတော့ deathအကြောင်း
အဖြစ် အပိုင်း၅ခုအဖြစ်စုပေါင်းထွက်ရှိထားတဲ့
ရုပ်ရှင်တခုဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်.
ဇာတ်ကားလင့်
https://t.me/c/2186686827/272
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ပုံကို အမှတ်တမဲ့ကြည့်လိုက်ရင် ဒါဟာ ပူပြင်းတဲ့နွေရာသီရဲ့အမောပြေရေခဲမုန့်တစ်ခွက်လို့ ထင်စရာရှိနိုင်ပါတယ်။
တကယ်တော့ ဒါဟာ JWST ( jame Webb space telescope ) ကနေ အသစ်ဖမ်းယူရရှိခဲ့တဲ့ Herbig-Haro 49/50 ဓာတ်ငွေ့တန်း ဖြစ်ပါတယ်။
ဒီပုံကိုတော့ JWST ရဲ့ ကင်မရာနှစ်လုံးဖြစ်တဲ့ NIRCam ( near- infrared cam) နဲ့ MIRI (Mid infrared instrument) နှစ်ခုနဲ့ပေါင်းစပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
JWST ရဲ့ခေတ်မှီနည်းပညာတွေကြောင့် အခုလို လှပတဲ့ ဓာတ်ငွေ့တန်းအရောင်နဲ့ resolution ကြည်ကြည်၊details ကျကျ မြင်ရတာဖြစ်ပါတယ်။
Herbig-Haro 49/50 ဓါတ်ငွေ့တန်းဆိုတာဘာလဲ ?
ကြယ်တာရာတွေ မွေးဖွားမလာခင် သူတို့တွေဟာ nebula ဆိုတဲ့ နဂါးငွေ့တန်းများအဖြစ်အရင်တည်ရှိနေကြတာ ဖြစ်ပါတယ်။ Proto star လို့ခေါ်တဲ့ ကနဦးကြယ်တာရာတစ်ခုဖြစ်ပေါ်မလာခင်မှာ များပြားတဲ့ ဓာတ်ငွေ့တိမ်တိုက်များဟာ အခုလိုပဲ အာကာသထဲမှာ မျောလွင့်တည်ရှိနေကြပါတယ်။ဒီကနေအချိန်ကာလတစ်ခုကြာတဲ့အချိန်မှာ ဒြပ်ဆွဲအား Gravity ကြောင့် နီးစပ်ရာ ဓါတ်ငွေ့များအချင်းချင်းပေါင်းစပ်ကာ Protostar လို့ခေါ်တဲ့ ကနဦးကြယ်တာရာများဖြစ်ပါတယ်။
ဒီProtostar အဆင့်ကနေ ဒြပ်ထုတစ်ခုရလာပြီး ပါဝင်တဲ့ ဓာတ်ငွေ့များဖိသိပ်ခံရကာ များပြားတဲ့ အပူချိန်တွေကြောင့် ပါဝင်တဲ့ hydrogen ဓာတ်ငွေများ ကနေ Helium ကိုပြောင်းလဲသွားပြီးနေကဲ့သို့ ကြယ်တာရာအသစ်တွေဖြစ်ပေါ်လာကြပါတယ်။
Herbig-Haro 49/50 ဟာအခုလို မျိုး ကြယ်တာရာအသစ်ဖြစ်ပေါ်နေတဲ့ proto star တစ်ခု ဆီက ထွက်နေတဲ့ ဓာတ်ငွေ့တန်းများဖြစ်ပါတယ်။ဒီဓာတ်ငွေ့တန်းများဟာ အလင်းနှစ်ပေါင်းများစွာ ရှည်လျားတဲ့ အကွာအဝေး အကျယ်ရှိပြီး တစ်စက္ကန့်ကို မိုင် ၆၀-၉၀ နှုန်းနဲ့ အဝေးကို မျောလွှင့်နေပါတယ်။ကျွန်တော်တို့ရဲ့ နေထက်နည်းနည်းပဲပိုသေးတဲ့ ကြယ်ပေါင်းများစွာကိုမွေးထုတ်ပေးနေတဲ့ Chamaeleon I Cloud complex region လို့နာမည်ပေးထားတဲ့ ကမ္ဘာကနေ အလင်းနှစ် ၆၂၅ ခန့်ကွာဝေးတဲ့ ဒေသတစ်ခုဆီမှာရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် Herbig-Haro 49/50 ကို အခုမှ စလေ့လာခဲ့တာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက NASA ရဲ့အနားယူသွားပြီဖြစ်တဲ့ Spitizer telescope ကနေ လည်းလေ့လာခဲ့ဖူးပြီး ဒီ Herbig-Haro 49/50 ကို ပညာရှင်တွေက Cosmic tornado လို့နာမည်ပြောင်ပေးခဲ့ဖူးပါတယ်။
ဒါပေမယ့်အဲ့တုန်းက ပုံထဲက လိမ္မော်ရောင် ဓါတ်ငွေ့တန်းရဲ့ထိပ်မှာရှိနေတဲ့ အရာကို သေချာအမျိုးအစားမခွဲနိုင်ခဲ့ပါဘူး အခုတော့ JWST ကရတဲ့ data တွေကြောင့် ဒါဟာ ဒီဓါတ်ငွေ့တန်း ရဲ့ အဝေးမှာရှိနေတဲ့ Galaxy တစ်ခုဖြစ်ကြောင်းသိလာရပါတယ်။
ဒီလိမ္မော်ရောင် ဓာတ်ငွေ့တန်းထဲမှာလည်း Hydrogen molecules တွေ၊ ကာဗွန်မိုနောက်ဆိုက် molecules တွေနဲ့ ဖုန်ဒြပ်မှုန်တွေပေါင်းစပ်နေတာကိုလည်း ဒီ data တွေကနေတစ်ဆင့် သိခဲ့ရပါသေးတယ်။
ဒီလို ဓါတ်ငွေ့တန်းများကြယ်တာရာဖြစ်ပေါ်မှုများ ကိုလေ့လာခြင်းဟာ ကျွန်တော်တို့ နေစကြာဝဠာဖြစ်ပေါ်လာပုံကို ပိုမိုသေချာစွာနားလည်ဖို့ အခွင့်အရေးရစေမှာဖြစ်ပါတယ်။
ဒီဓါတ်ငွေ့တန်းကြီးဆီကို ကိုယ်တိုင်မျောလွင့်ကြည့်ချင်တယ်ဆိုရင် comment မှာ ဒီ ဓာတ်ငွေ့တန်းကြီးဆီက ရတဲ့ဒေတာတွေကို ပေါင်းစပ်ပြီး Visualization လုပ်ထားတာ ပေးထားပါမယ်။အတူတူလေ့လာကြည့်ကြပါဦး။
#နိုင်ငံတကာသတင်း
◼ဇီလန်စကီးနှင့် ဗာတီကန်တွင် တွေ့ဆုံပြီးနောက် ပူတင်၏ ငြိမ်းချမ်းရေးဆန္ဒအပေါ် ထရန့် မေးခွန်းထုတ်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနတက်ရောက်စဉ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး နှင့် တွေ့ ဆုံပြီးနောက် သုံးနှစ်ကြာယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်၏ စိတ်အားထက်သန်မှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မေးခွန်းထုတ်လိုက်သည်။
ယခုသီတင်းပတ်စောစောပိုင်းတွင် ကိဗ်အပေါ် မော်စကို၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပူတင် က ၎င်းကိုပါ သေဖော်ညှိမည်ကိုစိုးရိမ်မိကြောင်း ထရန့် က ရောမမြို့ ဈာပနအခမ်းအနားမှ ထွက်ခွာအပြီး ဆိုရှယ်မီဒီယာပေါ်၌ ရေးသားခဲ့ကာ ပူတင်အနေဖြင့် အရပ်သားများရှိရာသို့ ဒုံးကျည်များ ပစ်ခတ်စရာ အကြောင်းမရှိဟုလည်း ဆက်လက်ပြောသည်။
ယင်းနေ့အစောပိုင်း က ပုပ်ရဟန်းမင်းကြီး၏ ဈာပနမစတင်မီ စိန့်ပီတာဘုရားကျောင်းတွင် ဒေါ်နယ်ထရန့် နှင့် ဇီလန်းစကီးတို့ စိတ်ပါလက်ပါ ဆွေးနွေးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။
ဇီလန်စကီးနှင့် ၁၅ မိနစ်တွေ့ဆုံမှုမှာ အလွန် အလုပ်ဖြစ်ကြောင်း အိမ်ဖြူတော် က ထုတ်ပြန်ပြောကြားပြီး ယူကရိန်းသမ္မတကလည်း ယင်းတွေ့ဆုံမှုများ သမိုင်းဝင်ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ပြောသည်။
ယင်းမှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလက အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ အပြန်အလှန်အော်ဟစ် ပြောဆိုမှုနောက်ပိုင်း ဒေါ်နယ်ထရန့် နှင့် ဇီလန်စကီးတို့ ပထမဆုံး မျက်နှာချင်းဆိုင်ပြန်လည်တွေ့ဆုံမှုဖြစ်သည်။
ယူကရိန်းမြို့ကြီးများအပေါ် ရုရှား၏တိုက်ခိုက်မှုများကြောင့် ပူတင်အနေဖြင့် စစ်ပွဲကို ရပ် တန့်လိုပုံမရဘဲ ဘဏ်လုပ်ငန်း နှင့် တစ်ဆင့်ခံတားဆီးပိတ်ဆို့မှုများကဲ့သို့ မတူညီသော ပုံစံဖြင့် ကိုင်တွယ်ရမည်လားဆိုသည့်အပေါ် စဉ်းစားစရာဖြစ်လာခဲ့ကြောင်း ဒေါ်နယ်ထရန့် က ၎င်း၏ Truth Social ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။
ရုရှားသမ္မတ နှင့် ၎င်းစေလွှတ်လိုက်သော ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် တို့ မော်စကိုမြို့၌ သုံးနာရီကြာတွေ့ဆုံခဲ့သည့်သောကြာနေ့ကမူရုရှားနှင့်ယူကရိန်းကြားသဘောတူညီချက်တစ်ရပ်ရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ကြွေးကြော်ခဲ့သည်။
ထိုအတောအတွင်း မည်သည့်သတ်မှတ်ချက်များမထားဘဲ ယူကရိန်းနှင့် တိုက်ရိုက် ဆွေးနွေး မှု များ လုပ်ရန် ရုရှားဘက်က အသင့်ရှိမှုကို သမ္မတ ပူတင် က ဝစ်ကော့ဗ် အား အတည်ပြုလိုက်ကြောင်း ရုရှားသမ္မတရုံး က ထုတ်ပြန်ပြောကြားသည်။
သတင်း-ရဲမင်း
#နိုင်ငံတကာသတင်း
◼ ကနေဒါလမ်းပွဲတော်တစ်ခုအတွင်း ကားတစ်စီးဝင်တိုက်မှုကြောင့် လူအများအပြားသေဆုံး
ကနေဒါအနောက်ပိုင်းမြို့ကြီး ဗန်ကူးဗား၏ လမ်းမပေါ်တွင် ကျင်းပနေသော ဖိလစ်ပိုင်လူမျိုးတို့၏ပွဲတော်တစ်ခုအတွင်း လူအုပ်ထဲသို့ ကားတစ်စီး ဝင်ရောက်တိုက်ခဲ့ပြီးနောက် လူအများအပြားသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။
လူအမြောက်အမြားထိခိုက်သေဆုံးခဲ့ရသော ဖြစ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း နှင့် အသက် ၃၀ အရွယ် သံသယရှိသူကိုဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသော်လည်း သေဆုံး၊ဒဏ်ရာရသူ အရေအတွက်ကိုထုတ်ပြန်ခြင်းမရှိဘဲ နောက်ရက် နံနက်မှသာ ပြည့်စုံစွာ သတင်းပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
သံသယရှိသူမှာ ရဲတပ်ဖွဲ့ က သိရှိသူဖြစ်ကြောင်း သန်းခေါင်ယံ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသော်လည်း အကျယ်တဝင့် မပြောပေ။ မသင်္ကာသူကိုလည်း အခင်းဖြစ်နေရာ၌ ရှိနေသူများကဦးစွာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အရှေ့ ၄၁ လမ်းမကြီးနှင့် ဖရေဇာလမ်းအနီး၌ ဖိလစ်ပိုင်အမျိုးသား သူရဲကောင်းတစ်ဦးအား ဂုဏ်ပြုကျင်းပနေသော Lapu Lapu Day Block Party ပွဲတွင် ည ၈ နာရီထိုးပြီးနောက် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗန်ကူးဗားမြို့ လာပူ လာပူပွဲတော်မှ ကြောက်မက်ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များကို ကြားသိရ၍ ဝမ်းနည်းကြေကွဲရကြောင်း ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး က ဆိုရှယ်မီဒီယာ X တွင် ပြောကြားသည်။
ဗန်ကူးဗားမြို့တော်ဝန် ကန်ဆင်းမ် နှင့် ဗြိတိသျှကိုလံဘီယာ ပြည်နယ်ဝန်ကြီးချုပ် ဒေးဗစ်အက်ဘီ တို့ကလည်း အလားတူ မှတ်ချက်များ X ပေါ်တွင် ရေးသားခဲ့ကြသည်။
လူအုပ်ကြီးကို ဝင်မတိုက်မီ အနက်ရောင်ကားတစ်စီး မူမမှန်သောပုံစံဖြင့် မောင်းနှင်လာသည်ကို မြင်တွေ့ရကြောင်း မျက်မြင်သက်သေတစ်ဦး က CTV သတင်းဌာနကို ပြောကြားခဲ့သည်။
“ကျွန်တော် ယာဉ်မောင်းကို မတွေ့လိုက်ပါဘူး ။ ကားအင်ဂျင်သံအကျယ်ကြီးပဲ ကြားလိုက်ပါတယ်။ ကျွန်တော့်ရဲ့ အစားအသောက်ရောင်းတဲ့ ထရပ်ကားလေးပေါ် က အောက်ကိုဆင်းပြီး လမ်းမတစ်လျှောက်ကြည့်လိုက်တော့ နေရာတိုင်းမှာ လူ့ခန္ဓာကိုယ်တွေ ။ သူက လမ်း မလယ်ကောင်တည့်တည့်ကနေ တစ်ဘလောက်လုံး မောင်းချသွားတာ။” ဟု Bao Buns အစားအသောက်ထရပ်ကား ပူးတွဲပိုင်ရှင် ယိုဆက်ဗာဒေးက Postmedia နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
ကနေဒါ ဖက်ဒရယ်ရွေးကောက်ပွဲများကို တနင်္လာနေ့တွင် ကျင်းပသွားရန် ရှိနေပြီးအခင်းဖြစ်ပွားခဲ့သည့် နေရာတွင် လူပေါင်းထောင်ချီရောက်ရှိနေခဲ့ကြောင်း The Vancouver Sun သတင်းစာက ဆိုသည်။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဧပြီ - ၂၈ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၉၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၆၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၆၅ ကျပ်
ဝယ်ဈေး - ၄၉၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၁၀၀၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၂ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၁.၀၃ ကျပ်
ဝယ်ဈေး - ၃၀.၄၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၃၄ ကျပ်
ဝယ်ဈေး - ၅၁.၃၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၃၅ ကျပ်
ဝယ်ဈေး - ၅၈၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၀ ကျပ်
ဝယ်ဈေး - ၂၇၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၂၀ ကျပ်
ဝယ်ဈေး - ၃၁၅၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၆ ကျပ်
ဝယ်ဈေး - ၁၁၉၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့် ယနေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ပြန်
ရန်ကုန်၊ ဧပြီ ၂၈
စစ်ကိုင်းငလျင်ကြီး ၁ လပြည့်သည့်နေ့တွင် ရေတာရှည်မြို့အနီးသို့ ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၃ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ယနေ့ နံနက်ပိုင်းသတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး မြေအောက်အနက် ၁၀ ကီလို မီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက် လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က သတိပေးသည်။
"ဒီမနက် ငလျင်လှုပ်တာတော့ သိပ်မသိလိုက်ဘူး။ မနေ့ညက မန္တလေးဘက် လှုပ်တာတော့ သတင်းတွေတက်လို့ သိလိုက်တယ်။ ဒီမနက်တော့ မသိလိုက်ဘူး" ဟု တောင်ငူမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှုအနေဖြင့် အကြိမ်ရေ ၁၅၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ညပိုင်းတွင်လည်း မန္တလေးကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း၊ အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ပြင်ဦးလွင်တို့တွင် သိသာသော ငလျင်လှုပ်ခတ်မှုထပ်ဖြစ်၍ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ကြကြောင်း၊ မန္တလေးမြို့ပေါ်မှ ပြည်သူတချို့မှာ ယမန်နေ့ညပိုင်း နေထိုင်ရာ အိမ်များမှ လမ်းမပေါ်တွင် အိပ်စက်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများ။ (ပုံအဟောင်းဖြစ်ပါသည်။)
The Thing (1982)
အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။
တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတိုနားမှာ ပျက်ကျသွားတယ်။
အကြောင်းအရင်းကို စုံစမ်းဖိုနဲ့ အကူအညီလိုရင် ကူညီပေးဖိုအတွက် သူတိုတွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။
အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို သူတိုစခန်းကိုပြန်သယ်လာပြီး
စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတိုရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့...