Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Marketing Assistant - Yangon
Company: M21 SPORT
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24905
◾️Content Creator - Yangon
Company: M21 SPORT
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/24904
◾️Jr. Customer Service Staff - Yangon
Company: M21 SPORT
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/24903
◾️ရွေးကောက်ပွဲ အပိုင်း(၁) အဖြစ် ဒီဇင်ဘာ ၂၈ ရက်တွင်စလုပ်မည်
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း ၁ အဖြစ် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ယနေ့ (ဩဂုတ် ၁၈ ရက်)တွင် ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ကြေညာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဆက်လက်ပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ဟု သတ်မှတ်ကြေညာလိုက်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပြုလုပ်မည့် အပိုင်း ၁ တွင် မည်သည့်မဲဆန္ဒနယ်များပါဝင်သည်ကိုမူ ကြေညာထားခြင်းမရှိသေးပေ။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
◼ ဇီလန်စကီးနှင့်ဥရောပခေါင်းဆောင်များဒေါ်နယ်ထရန့်နှင့် ဝါရှင်တန်တွင် တွေ့ဆုံမည်
ရုရှားနှင့်စစ်ပွဲအား အဆုံးသတ်ရန် ရည်ရွယ်ထားသော ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲများအတွက် သမ္မတ ဇီလန်စကီး ဝါရှင်တန်မြို့သို့ရောက်ရှိလာချိန်မှာပင် ခရိုင်းမီးယားဒေသအားပြန်လည်ရယူရေးနှင့် နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ရေးတို့မှာ ယူကရိန်းအတွက် စားပွဲပေါ်တွင်မရှိတော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။
နယ်မြေများ စွန့်လွှတ်ရေးအား အကြိမ်ကြိမ်ပယ်ချထားသော ဇီလန်စကီးသည် ဝါရှင်တန်တွင် ဒေါ်နယ်ထရန့် နှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကာ ၎င်းနှင့်အတူ ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း နှင့် အခြားဥရောပခေါင်းဆောင်များလည်း ပူးပေါင်းပါဝင်ဆွေးနွေးကြမည်ဟု သိရသည်။
သောကြာနေ့က အမေရိကန်နိုင်ငံ အလာစကာပြည်နယ်မှ သမ္မတထရန့် နှင့်ရုရှားခေါင်းဆောင်ပူတင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ယခု ဝါရှင်တန်တွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းထိပ်သီးတွေ့ဆုံမှု၌ အပစ်အခတ်ရပ်စဲရေးလမ်းစ မပေါ်ထွက်ခဲ့သော်လည်း ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်များပေးအပ်ရန် ခေါင်းဆောင်နှစ်ဦးစလုံး က ကတိပြုခဲ့ကြသည်။
အလာစကာ အစည်းအဝေးသို့ ဇီလန်စကီးအား ဖိတ်ကြားခဲ့ဖြင်းမရှိဘဲနောက်ပိုင်းတွင်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်မတိုင်မီ အပစ်အခတ်ရပ်စဲမှု မလိုအပ်ကြောင်း ရုရှားတို့၏ ကြာရှည်ရပ်တည်မှုဘက်သို့ ဒေါ်နယ်ထရန့် ယိမ်းသွားခဲ့သည်။
“ သူ အလိုရှိတယ်ဆိုရင် သမ္မတ ဇီလန်စကီး က ရုရှားနဲ့စစ်ပွဲကို ချက်ချင်းဆိုသလို အဆုံးသတ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဆက်ပြီးတိုက်ခိုက်နိုင်ပါတယ်” ဟု ထရန့် က ၎င်း၏ လူမှု မီဒီယာပလက်ဖောင်းပေါ်တွင်ရေးသားသည်။
“ ဒီ စစ်ပွဲ ဘယ်လိုစတင်ခဲ့သလိုဆိုတာကို အမှတ်ရပါ။ လွန်ခဲ့တဲ့ ၁၂ နှစ် က သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ ခရိုင်းမီးယားကို ပေးခဲ့တဲ့ အိုဘားမားကိုလည်း ပြန်ခေါ်လို့ မရပါဘူး။ ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ထဲ ဝင်လို့မရပါဘူး။ အချို့အရာတွေက ဘယ်တော့မှ မပြောင်းလဲပါဘူး” ဟု ထရန့် က ဆက်လက်ရေးသားသည်။
ဝါရှင်တန်တွင် ဒေါ်နယ်ထရန့်နှင့် ဇီလန်စကီးတို့ တစ်ဦးချင်းစီ တွေ့ဆုံပြီးနောက် အခြားဥရောပခေါင်းဆောင်များနှင့်လည်း ပါဝင်ဆွေးနွေးကြရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်၏ ပြောကြားချက်အရ သိရသည်။
မစ္စက်ဗွန်ဒါလီယန်းနှင့်အတူ နေတိုးအဖွဲ့ အကြီးအကဲ မာ့ခ်ရူတဲ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နှင့် ဖင်လန် ခေါင်းဆောင်များလည်း ဝါရှင်တန်အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်သည်။
ဖေဖော်ဝါရီလတွင် ယူကရိန်းခေါင်းဆောင်နှင့် အချင်းများပြီး ကျေးဇူးမသိတတ်ဟု ဆိုကာ သမ္မတ ထရန့် နှင့် ဒုသမ္မတ ဂျေဒီဗန့်စ်တို့က ထိုးနှက်ပြောဆိုခဲ့ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဇီလန်စကီး ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
မိမိတို့အားလုံး က စစ်ပွဲကို မြန်မြန်ဆန်ဆန် ၊ ယုံကြည်စိတ်ချစွာ အဆုံးသတ်ရန် အခိုင်အမာဆန္ဒရှိကြပါကြောင်း ယမန်နေ့ညတွင် ဝါရှင်တန်သို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် ဇီလန်စကီး က ပြောကြားသည်။
ဖေဖော်ဝါရီလတွင် ဇီလန်စကီးနှင့် ဘဲဥပုံရုံးခန်း အချင်းများမှုနောက်ပိုင်းတွင် ထရန့် က ပူတင်အပေါ် ဝေဖန်မှုများ ပိုများလာခဲ့ကာ ရုရှားက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထပ်ခါထပ်ခါ ရပ်တန့်စေခဲ့ပြီးနောက် စိတ်ပျက်သောအမူအရာများလည်း ပြသခဲ့ကာ တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟု အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။
သို့သော် ဝါရှင်တန် က မော်စကိုအပေါ် တားဆီးပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ခြင်း မရှိခဲ့သလို ယူကရိန်းအား ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့်သောကြာနေ့တွင် အနောက်တိုင်းသို့ ပထမဆုံးအကြိမ် ပူတင် လာရောက်လည်ပတ်ချိန်တွင် ၎င်းအား ခမ်းခမ်းနားနား ကြိုဆိုခဲ့ခြင်းကလည်း ရုရှားတို့အတွက် သံတမန်ရေး အောင်ပွဲအဖြစ် ရှုမြင်ကြသည်။
ထရန့်နှင့် ပူတင်တို့ အလာစကာတွင် ပြောဆိုခဲ့သော အကြောင်းအရာများကို ၎င်းအနေဖြင့် ပိုမိုကြားသိလိုကြောင်း ဝါရှင်တန်သို့ မထွက်ခွာမီ ဘရပ်ဆဲလ်မြို့တွင် ဇီလန်စကီး က ပြောသည်။
ယူကရိန်းအတွက် ဝါရှင်တန်၏ လုံခြုံရေးအာမခံချက်များမှာလည်း သမိုင်းဝင်ဖြစ်ကြောင်းလည်း ဇီလန်စကီး က ပြောသည်။
ယူကရိန်းအတွက် နေတိုးပုံစံစုပေါင်းကာကွယ်ရေးအားမခံချက်ဖြစ်နိုင်ခြေကို ပူတင်အား ပြောကြားခဲ့ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ယင်းကတိကဝတ်မှာ ယူကရိန်းကအဖွဲ့ဝင်ဖြစ်ရန် ဆန္ဒရှိနေသော အနောက်တိုင်း စစ်ရေးမဟာမိတ် နေတိုးအဖွဲ့၏ မူဘောင်ပြင်ပမှဖြစ်ကြောင်း သိရသည်။
နေတိုးအဖွဲ့သို့ ယူကရိန်းဝင်ရောက်ခြင်းကို ၎င်းတို့အတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရုရှားက ရှုမြင်ထားသည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ကို ဝါရှင်တန်က မည်သည့်အတိုင်းအတာအထိ ပါဝင် ဖြည့် ဆည့်ပေးမည်နည်းဆိုခြင်းကို ဥရောပခေါင်းဆောင်များက မေးမြန်းသွားကြမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
#နိုင်ငံတကာသတင်း