38 w - Translate

အနုပညာအလုပ်ကိုဝါသနာပါသူမို့ ဇာတ်ရုပ်အတွက် အဖွားပုံစံလုပ်ကာ အကောင်းဆုံး သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ စိုးပြည့်သဇင်✨✨✨✨

image
38 w - Translate

ဗန်နဲ့ မိုးဟေကိုတို့ရဲ့ ဆက်ဆံရေးကို သဝန်မတိုတဲ့အပြင် သူပါရောပြီး ပျော်ပေးနေတဲ့ ချစ်သူ ချင်းမလေး 🥰
ချင်းတိုင်းရင်းသူလေးတွေက လှတဲ့အပြင် သဘောထားလည်း ကြီးတာကိုတော့ လက်ခံသွားပြီ ❤

image

အကြောပေါင်းတစ်ထောင်ပင် နှင့် သွေးတိုးရောဂါ
===========================
အကြောပေါင်းတစ်ထောင်ဆိုတဲ့ အပင်ကိုတော့ ကျွန်တော်တို့မြန်မာလူမျိုးအများစု တွေ့ဖူးကြမယ်ထင်ပါတယ်။ အချို့ဒေသမှာတော့ ဖားကြောရွက်လို့ခေါ်သလို တိုင်းရင်းဆေးပညာမှာတော့ ဆေးကျော်ကြီးလို့လဲ ခေါ်လေ့ရှိပါတယ။ သူကတော့ မြေကြီးမှာကပ်ပေါက်တဲ့ အပင်ငယ်ဖြစ်ပြီး ပင်စည်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ မြန်မာပြည်မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ အဓိက သဘာဝအလျောက် ပေါက်ရောက်ပါတယ။ သူဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာရှနိုင်ငံတွေရဲ့အေးပြီးတောင်ကုန်းမြင့်ရင် ပေါက်ရောက်တာကြောင့် တစ်ကမ္ဘာလုံးမှာ တွေ့နိုင်တဲ့အပင်ဖြစ်ပါတယ်။သူ့ကို အင်္ဂလိပ်လို Plantain လို့ခေါ်ပြီး ရုက္ခဗေဒအမည်အားဖြင့်လည်း နာမည်ခပ်ဆင်ဆင် Plantago လို့ခေါ်ပါတယ။ Genus Plantago မှာ species 250 ရှိတော့ တစ်ကမ္ဘာလုံးပြန့်နှံ့နေတာ ဖြစ်ပါတယ။ ဒါပေမယ့် အများဆုံးတွေ့ရတာကတော့ (၂) မျိုးပဲဖြစ်ပါတယ။ နဲ့ တို့ဖြစ်ပါတယ။ ကျွန်တော်တို့နိုင်ငံမှာတော့ ကိုပဲ အဓိကတွေ့ပြီး ဂျာမနီမှာတော့ ကိုသာ အဓိကတွေ့ရပါတယ။ရှေးမြန်မာပညာရှိတွေဟာ အလွန်တော်ကြပါတယ်။ နာမည်ပေးရာမှာလဲ ကြုံသလိုပေးတာမဟုတ်ဘဲ ဒီနာမည်ရဲ့နောက်ကွယ်မှာ အဓိပ္ပာယ်အနှစ်သာရတွေ ပါနေလေ့ရှိပါတယ်။ အပင်ရဲ့အရွက်ကိုကြည့်ရင် အကြောငယ်လေးတွေဟာ မရေမတွက်နိုင်လောက်အောင် ဖြာသန်းနေတာတွေ့ရလို့ အကြောပေါင်းတစ်ထောင်လို့ မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါကတော့ မျက်မြင်အနေအထားအရ ခေါ်တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီအရွက်ကလေးကိုစားရင် ခန္ဓာကိုယ်မှာရှိတဲ့ အကြောအချဉ်တွေကို လျော့ပါးစေတယ်။ တင်းနေတာတွေကို လျော့နည်းစေတယ်။ ပြေပျောက်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလဲ ဆောင်ပါတယ်။ ဖားကြောရွက်လို့ အချို့ဒေသခံတွေခေါ်တာကတော့ အရွက်ဟာ ဖားရဲ့ကျောကုန်းနဲ့တူလို့ ဖြစ်ပါတယ်။ ဆေးကျော်ကြီးလို့ ခေါ်ရတဲ့အကြောင်းကလဲ ဒီဆေးဟာ အလွန်ပဲ အစွမ်းထက်တာကြောင့် တင်စားခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်နာမည် Plantago ဆိုတာကတော့ Latin ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး Sole of the foot စီးတဲ့ဖိနပ်အောက်ခံပြားလို့ အဓိပ္ပာယ်ရပါတယ်။ ဖိနပ်နဲ့တူတဲ့ အရွက်ပုံသဏ္ဍာန်ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။အဓိကကတော့ အရွက်ကိုသုံးပါတယ်။ တချို့ရောဂါတွေမှာတော့ အပွင့်တို့ အစေ့တို့ကို သုံးတာရှိပေမယ့် နည်းပါတယ်။ အရွက်ကို ဒီအတိုင်းအစိမ်းစားလို့ပဲဖြစ်ဖြစ်၊ ပြုတ်ပြီးအရည်သောက်လို့ပဲဖြစ်ဖြစ်၊ အနာပေါ်တိုက်ရိုက်အုံလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအသုံးပြုကြတာ တွေ့ရပါတယ်။အကြောပေါင်းတစ်ထောင်မှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးတိုးရောဂါကို ကုသရာမှာ များစွာအထောက်အကူပြုပါတယ။ အချို့ဓာတ်ပစ္စည်းတွေဟာ တစ်ခုချင်းလုပ်ဆောင်တာရှိသလို အချို့လဲ စုပေါင်းဆောင်ရွက်တာမျိုးလဲ တွေ့ရပါတယ်။ ထင်ရှားတဲ့ဥပမာတချို့ကို ပြောရရင် ၁) Iridoid glycoside တွေဟာ စိတ်တည်ငြိမ်မှုကို ဖြစ်စေတယ်။ စိတ်ပူပန်မှုတွေ စိုးရိမ်စိတ်တွေကိုလျော့ပါးစေတယ်။ Sedative active ရှိလို့ပဲဖြစ်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်အထဲမှာရှိတဲ့ Catecholamine လို့ခေါ်တဲ့ ဟော်မုန်းတွေ မထွက်အောင် ဟန့်တားထားမယ်။ ဒီဟော်မုန်းမထွက်အောင် ဟန့်တားခြင်းဟာ သွေးတိုးကို သက်သာစေခြင်းဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အကြောအချဉ်တွေ ပြေပျောက်စေတယ်။ ဇက်ကြောတတ်တာ ခေါင်းကိုက်တာတွေကို ပျောက်စေတယ်။ သွေးတိုးဖြစ်ရင် တစ်ကိုယ်လုံးမှာရှိတဲ့ Smooth muscle နဲ့ Skeleton muscle တွေကတော့ တင်းနေပါတယ်။ ဒါကြောင့် သွေးကြောတွေလဲတင်းပြီး ကျဉ်းကုန်ပါတယ်။ Iridoid glycoside တွေဟာ muscle relaxant action ရှိတော့ အကြောတွေလျော့ပြီး သွေးပေါင်ကျသွားပါတယ်။ အင်မတန်မှလဲ နေလို့ကောင်းတဲ့အနေအထားကို ရောက်သွားပါတယ်။
(၂) သူ့ မှာပါတဲ့ mucilage လို့ခေါ်တဲ့ Polysaccharide တစ်မျိုးဟာ Diuretic action ရှိပါတယ်။ တနည်းအားဖြင့် ဆီးသွားစေပါတယ်။ ဒါကို ၁၉၉၂ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ဆွီဒင်နိုင်ငံက လာရောက်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Vietnam-Swedin Hospital မှာ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆီးသွားတော့ Blood volume လျော့သွားပြီး BP လဲကျသွားပါတယ်။ အထူးသဖြင့် အငန်တွေစားတာများရင် ဆီးပိုသွားဖို့ ပိုလိုအပ်ပါတယ်။(၃) Cholesterol lowering effect ရှိပါတယ်.. သူ့မှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေဖြစ်တဲ့ LDL နဲ့ Triglyceride တွေကို ချပေးပါတယ်။ ဒါကိုတော့ ၁၉၇၈ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သွေးတိုးဝေဒနာသည်အများစုမှာ အဆီတွေများပြီး ဒီအဆီတွေက သွေးကြောတွေကို မာစေတာကြောင့် BP မြင့်တက်ခြင်းဖြစ်ပါတယ်။၄) နောက်ပါဝင်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ Magnesium တို့ Calcium တို့ Zinc တို့ Potassium တို့ဟာလဲ BP ကျစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးပါသေးတယ်။ ဒီလိုမျိုးအကြောင်းတွေကြောင့် သွေးတိုးဝေဒနာသည်တွေဟာ အကြောပေါင်းတစ်ထောင်အရွက်ကိုသောက်ရင် များစွာအကျိုးရှိပါတယ်။
သူ့ကို တစ်ကမ္ဘာလုံးမှာ စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ပြီးဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ဆေးကျမ်းတွေမှာလဲ ဖော်ပြထားတာ တွေ့ရပါတယ်။ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယဆေးကျမ်းတွေမှာသာမကဘဲ အနောက်နိုင်ငံတွေဖြစ်တဲ့ ဥပမာ- British Herbal Pharmacopoeia, German Pharmacopoeia, Swiss Pharmacopoeia တွေမှာ တိတိကျကျ ဖော်ပြထားတာ တွေ့ရပါတယ်။Medicinal Plant အားလုံးဟာ ဆေးအချိန်အဆ ကန့်သတ်ချက်ရှိပါတယ်။ အားဆေးလိုဟာမျိုးဆိုရင် ပြဿနာမဟုတ်ပေမယ့် အခုလိုသွေးကျဆေးလိုဟာမျိုးကျတော့ အချိန်အဆနဲ့ အသုံးပြုတတ်ဖို့လိုပါတယ်။
အရွက်အနေနဲ့ တစ်နေ့ကို တစ်ရွက်လောက်ဆိုလုံလောက်ပါတယ်။ ကျွန်တော်တို့ သဘာဝဆေးဖော်ထုတ်ရာမှာ အဓိကမှီငြမ်းရတဲ့ British Herbal Pharmacopoeia, German Pharmacopoeia နဲ့ Swiss Pharmacopoeia အရ အဲဒီအရွက်ထဲကနေ ဆေးဖက်ဝင်အာနိသင်ချည်းပဲ သီးခြားထုတ်မယ်ဆိုရင် 60 mgပါတဲ့ဆေးပြားလေးတွေ ရပါတယ်။ ဒါကို တစ်နေ့တစ်လုံးကနေ သုံးလုံးအထိသောက်ရင်တော့ ဆေးအချိန်အဆ တိတိကျကျ ရရှိနိုင်ပါတယ်။

image
38 w - Translate

ရိုးရိုးသားသားနဲ့ မှာ-:ခဲ့လို့တောင်းပန်လာတဲ့ မင်းမော်ကွန်းရဲ့ တောင်းပန်စကားကို လက်ခံခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်း ❤️မောင်နှမတွေတည့်သွားပြီ
ဝမ်းသာစရာသတင်းလေးပါနော်

image
38 w - Translate

Religious tattoo designs 😍

image
38 w - Translate

Religious tattoo designs 😍

image
38 w - Translate

Religious tattoo designs 😍

image
38 w - Translate

Religious tattoo designs 😍

image
38 w - Translate

Religious tattoo designs 😍

image
38 w - Translate

Religious tattoo designs 😍

image