Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အလှူပဲလုပ်လုပ် အိမ်မှာပဲစားမလား အဆင်ပြေစေမဲ့ #ဒံပေါက် ချက်နည်းလေးပါ 😋😋
-အဆီအဆိမ့်မများပဲ ရနံ့သင်းသင်းလေးရှိတဲ့ ဒံပေါက်ချက်နည်း၊ အိမ်သား (၈) ယောက်စာအတွက်ပါ
ကြက်သားနှပ်ရန် အမွှေးနံ့ပြင်ဆင်ပုံ
- ဒံပေါက်မဆလာ
- ကရာဝေးရွက် (၅)ရွက်၊ သစ်ကျပိုးခေါက် (လက်ညိုးအရွယ် ၄ ပြား၊ ဇီရာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နာနတ်ပွင့် (၅) ပွင့် တို့ကို လှော်ပါ၊ မွှေးလာလျှင် အအေးခံပြီး အမှုန့်ဖြစ်အောင်ထောင်းပါ၊ ပြီးလျင် ဒံပေါက်မဆာလာနှင့်ရောလိုက်ပါ
ကြက်သားနှပ်နည်း
- ဗမာကြက်ပေါင် (၈) ခု
- ဒိန်ချဉ် ထမင်းစားဇွန်း (၄) ဇွန်း
- ကြက်သွန်နီကြော် ထမင်းစားဇွန်း (၄) ဇွန်း
- ကြက်သွန်ဖြူ တလုံးဥ (၈) ဥ ထောင်း
- ဂျင်း လက် ၂ ဆစ် ထောင်း
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက်
- ဆား အနည်းငယ်
- သကြားအနည်းငယ်
- ပူစီနံ (၁) စည်း
- ကြက်သားနှပ်ရန် အမွှေးနံ့ ထမင်းစားဇွန်း (၃) ဇွန်း
အားလုံးရောနှယ်ပြီး အနည်းဆုံး (၃) နာရီနှပ်ထားရန်၊ (၃) နာရီပြည့်ပါက နှပ်ထားသောကြက်သားကို ဆီအနည်းငယ်ဖြင့် လုံးပေးပါ (ရေအနည်းငယ်ထည့်ပြီးလုံးပေးရန်လိုအပ်ပါသည်- ရည်ရွယ်ချက် ဒံပေါက်ကို ကြက်သားအစိမ်းဖြင့် မဖောက်ချင်သောကြောင့်)၊ ဆီပြန်လာတဲ့အထိလုံးပေးပါ။
ဒံပေါက်ထမင်းချက်နည်း
- ဌက်ပျောဖက်
- Basmati ဆန် နို့ဆီဗူး (၃)ဗူး ကို ၁ နာရီခန့် ရေစိမ်ထားပါ
- စပျစ်ခြောက်ကိုရေစိမ်ပြီး သဲများသန့်စင်ပေးပါ
- သီဟိုဠ်စေ့
- ကြက်သွန်နီကြော်များများ ဒံပေါက်အနှစ်ရရန် လိုအပ်ပါသည်
- ဆား အနည်းငယ်
- သကြားအနည်းငယ်
- ပူစီနံ ၁ စည်း
- ထောပတ် ထမင်းစားဇွန်း (၃) ဇွန်း
- နို့စိမ်း ထမင်းစားဇွန်း (၃) ဇွန်း ကို ဒံပေါက်အရောင်အတွက် နနွင်းမှုန့်အနည်းငယ် နှင့်ရောဖျော်ထားပါ
- ကရာဝေး (၄) ရွက်၊ ဇီရာ လက်ဖက်ရည်ဇွန်း (၁)၊ နာနတ်ပွင့် (၄) ပွင့်၊ သစ်ဂျပိုးခေါက် လက်ညိုး (၃) ပြား
-ရေနွေးပွက်လာလျင် ကရာဝေး၊ ဇီရာ၊ သစ်ကျပိုးခေါက်၊ နာနတ်ပွင့်တို့ကို ထည့်ပါ၊ စိမ်ထားသောဆန်ကို ရေနွေးပွက်ပွက်ဆူတွင်ထည့်ပြီး ၈၀% လောက် ဆန်ကျက်အောင်ချက်ပါ၊ ပြီးလျင် ထမင်းရေငှဲ့ပြီး ဆန်ကို စကာနှင့် ရေစစ်ထားပါ။
အိုးကြီးကြီးတခု၏အောက်ခြေကို ထမင်းမကပ်စေရန် ထောပတ်ဆီသုပ်ပေးပါ၊ ပြီးလျင် ဌက်ပျောဖက်ခင်းပါ၊ ဌက်ပျောဖက်ပေါ်တွင် ခုနက ရေစစ်ထားသော ဆန်တဝက်ကို ဖြူးပါ၊
ဆန်ပေါ်တွင် လုံးထားသောကြက်ပေါင်ကို စီပြီးထည့်ပါ၊ ထို့နောက် စပျစ်ခြောက်တလွှာ၊ သီဟိုဠ်စေ့တလွှာ၊ ကြက်သွန်နီကြော်တလွှာ၊
ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ထောပတ် ၁ ဇွန်းခွဲ၊ ဖျော်ထားသောနို့စိမ်း ၁ ဇွန်းခွဲ ဖြန်းပေးပါ၊ ပြီးလျင် ကျန်ရှိသော ဆန်များကိုဖြူးပါ၊ ဆန်အပေါ်တွင် စပျစ်ခြောက်တလွှာ၊ သီဟိုစေ့တလွှာ၊ လက်ကျန် ထောပတ် နှင့် ဖျော်ထားသော နို့စိမ်း၊ ပူစီနံ၊ ဆားနှင့်သကြား၊ ကြက်သွန်နီကြော်တို့ကိုဖြူးပေးပါ။
ပြီးလျင် ပိတ်စသန့်သန့်တခုနှင့် လုံအောင်အုပ်ပြီး အိုးအဖုံးဖုံးပါ၊ အိုးအဖုံးပေါ်တွင် အလေးတခုခုတင်ထားပေးရန် (အိုးအတွင်းထဲသို့လေလုံပြီး လေမဝင်ပဲ ဆန်ကောင်းကောင်းနှပ်ရန်)။ ***
တချို့တွေကတော့ဂျုံကိုနှယ်ပြီး အိုးပတ်ပတ်လည်မှာကပ်ပြီးမှ အိုးအဖုံး ဖုံးပါတယ်၊ ကိုယ်ကတော့ အလုပ်ရှုပ် သက်သာစေဖို့ ပိတ်စ သန့်သန့်ကိုပဲသုံးပါတယ်***
ထမင်းကို (၁) နာရီကြာအောင် နှပ်ပေးရပါတယ်၊ အဲဒါမှ အိုးအတွင်းက ကြက်သား၊ စပျစ်ခြောက်၊ သီဟိုဠ်စေ့၊ ဒံပေါက်အနှစ်တွေက နှပ်ပြီး စားလို့ကောင်းမှာပါ၊
မိနစ် (၃၀) လောက်ကြာရင် ဒံပေါက် သင်းပျံ့ရံနံ့တွေရလာပါပြီ၊ အိုးကိုသွားမဖွင့်ပါနဲ့ ထမင်းမနှပ်ပဲနေပါမယ်၊ မိနစ် (၄၀) လောက်ကျရင် အိုးကိုဖွင့်ပြီး ထမင်းကို အပေါ်အောက် အသာလေးလှန်ပေးပါ၊
ပြီးလျင် နောက်ထပ် မိနစ် (၂၀) ထပ်နှပ်ပါ၊ ၁ နာရီပြည့်ပြီဆိုတာနဲ့ ဒံပေါက်ရံနံ့က တအားမွှေးလာပြီး ဒံပေါက်ထမင်းကျက်ပါပြီနော်
ဝက်ခြေထောက် တုံယမ်စွပ်ပြုတ် စပ်စပ်လေး....😋
ပါဝင်ပစ္စည်းများ.........
* ဝက်ခေါက်ကို အရိုးထုတ်ပြီး လှီးထားပါ (မီးကင်ထားသော)
* ပဒဲကော
* စပါးလင်
* ရှောက်ရွက်
* ကြက်သွန်နီ
* ခရမ်းချဉ်သီး
* သံပုရာရည်
* ငါးငံပြာရည်
* ငရုတ်သီးခြောက်ထောင်း
* ငရုတ်သီးစိမ်း
* ကြက်သွန်မြိတ်
* တရုတ်နံနံပင်
* ကုလားနံနံပင်
ပြုလုပ်နည်း..........
* ဝက်ခေါက်ကို ရေနွေးဆူဆူတွင် ထည့်ပြုတ်ပြီး အမြှုပ်များကို ဖယ်ရှားပါ (နူးအိလာသည်အထိ ပြုတ်ပါ)။
* ပဒဲကောနှင့် စပါးလင်ထည့်ပါ။
* ဝက်ခေါက်နူးအိလာပါက ကြက်သွန်နီ၊ မန်ကျည်းမှည့်၊ ခရမ်းချဉ်သီးတို့ကိုထည့်ပြီး မီးလျှော့ပါ။
* ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်ထောင်း၊ ကြက်သွန်မြိတ်တို့ကို ဆိတ်ထည့်ပါ။
* ငါးငံပြာရည်၊ သံပုရာရည်တို့ဖြင့် နှစ်သက်ရာအရသာရသည်အထိ ပေါင်းထည့်ပါ။
* တရုတ်နံနံပင်နှင့် ကုလားနံနံပင်တို့ဖြင့် အပေါ်မှ ဖြူးပေးပါ။
ဒါဆို စားကောင်းတဲ့ ဝက်ခြေထောက် တုံယမ်စွပ်ပြုတ် စားလို့ရပါပြီး......။ 😋
#သုံးထပ်သားပြုတ်ကြော် အိအိလေးချက်စားရအောင်
===================================
ကိုယ့်လက်ရာ
တအိမ်လုံးအကြိုက်မို့ခနခနလုပ်ကျွေးဖြစ်တဲ့
သုံးထပ်သားပြုပ်ကြော်အိအိလေး
ချဉ်ငံစပ်လေးနဲ့တို့စားရအောင်နော့
သုံးထပ်သားအရွယ်တော်ဖြတ်ပြီးရေဆေးစစ်ထားပါ
အသင့်တည်ထားတဲ့ရေနွေးထဲကို
ရှမ်းနံနံကိုအမြစ်ရောပါရေဆေးပြီးဓားပြားရိုက်ထဲ့
ဂျင်းနဲနဲနဲ့ကြက်သွန်ဖြူ၅မွှာလဲရိုက်ပြားထဲ့ပါ
အရသာထည့်ပြီးဆေးထားတဲ့အသားပါရောထဲ့ပါ
အသားနူးရင်တော့ဆယ်ပြီးပြုပ်ရေသီးသန့်ယူထားပါ
မကပ်အိုးထဲကိုဆယ်ထားတဲ့အသားနဲ့ပြုပ်ရေနဲနဲလေးထဲ့
ငြုပ်ကောင်းနဲ့ခြောက်ကောနဲနဲစီထဲ့
abc ကြာညို့လေးထည့်ပြီးအရောင်ညီအကျက်ညီအောင်လှည့်ပေးပါ
ကိုယ်ကတော့ခရုဆီလေးလဲနဲနဲထဲ့လိုက်သေးတယ်နော်
ရေခမ်းသွားပြီးစိတ်ကြိုက်အရောင်လဲရပြီဆိုရင်တော့ဆယ်ထားပြီး
လိုသလိုပုံစံဖြတ်စိတ်ကြိုက်သုံးဆောင်နိုင်ဘီပေါ့
ပိုပြီးစိုစိုလေးဖြစ်အောင်
ခုနကသီးသန့်ဖယ်ထားတဲ့ပြုပ်ရေလေးကိုယူပွက်အောင်တည်
ကော်မုန့်နဲနဲရေဖျော်ထဲ့အရောင်လေးရအောင်မြင်းပျံကြာညို့လေးနဲနဲထည့်ပြီး
ကြိုလိုက်တော့ကော်ရည်မပျစ်မကျဲလေးရဘီပေါ့သူကအရသာထဲ့ပြီးသားမို့
ထပ်ထဲ့စရာမလိုဘူးနော်
ပြီးရင်ကိုယ်ဖြတ်ထားတဲ့အသားတွေပေါ်လောင်းလိုက်ရုံပါ
ချဉ်ငံစပ်ကတော့ကြက်သွန်ဖြူညက်ညက်ထောင်းထဲရေနွေးပွက်ဆူအရင်ထဲ့မွှေထားငံပြာရေဟင်းခပ်မှုန့်ထဲ့သံပုရာသီးညစ်ထဲ့
အရသာစိတ်ကြိုက်ရရင်တော့
နံနံပင်ဖြတ်ငြုပ်သီးဖြတ်ထားတာတွေရောထဲ့လိုက်ရင်ပြည့်စုံဘီလေ...နော့
ချက်ဟင်းမစားချင်တဲ့နေ့ဆိုအဲ့လိုလေးလဲအဆင်ပြေပါတယ်လို့
#မဆလာဝက်အာလူး
***... မဆလာ ဝက်အာလူး ချက်ရန် လိုအပ်တာလေးတွေ
1. သုံးထပ်သား (သို့) အဆီ အသား မျှသော ဝက် ၁ ကီလို (၆၅ ကျပ်သား) ခန့်
2. ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
3. chicken powder လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. ဆီ 3/4 cup (180 ml)
5. ပါးပါးသေးသေး လှီးထားသော ကြက်သွန်နီ 3 cups (750 ml) ခန့်
6. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသာ ကြက်သွန်ဖြူ ထမင်းစားဇွန်း ၁ ဇွန်းခန့်
7. ပါးပါးသေးသေး လှီးထားသော (သို့) ထောင်းထားသော ဂျင်း ထမင်းစားဇွန်း တစ်ဝက်ခန့်
8. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
9. အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
10. ရေဆေး အခွံခွါပြီးနောက် အသားနူးချိန် အရမ်းမပျော်သွားစေရန် အတုံး ကြီးကြီးလှီးထားသော အာလူး 2 cups (500 ml) ခန့်
11. မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
12. ရေနွေး 3 cups (750 ml) ခန့်
13. ပျဉ်းတော်သိမ်ရွက် (curry leave) ၁၅ ရွက်ခန့်
ဝက်သားကို ဆား၊ chicken powder တို့ဖြင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ဂျင်းကို high heat ဖြင့် ဆီသတ် (မွှေကြော်) ပေးပါ။
ကြက်သွန်များ ရွှေဝါညိုနုရောင်ပြောင်းလျှင် medium heat သို့လျှော့ပြီး နနွင်းမှုန့် နှင့် အရောင်တင်မှုန့်ထည့်ကာ ၃-၄ ချက်မွှေကြော်ပေးပါ။
ပြီးနောက် အားလူးထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။
နှပ်ထားသော ဝက်သားနှင့် မဆလာထည့်ကာ အသားထဲမှ အရည်များကုန်အောင် မွှေကြော်ပေးပါ။
ရေနွေး ၃ ပုံ ၂ ပုံခန့် ထည့်ကာ အိုးအဖုံး ဖုံး၍ medium heat ဖြင့် ၂၅ မိနစ်ခန့် တည်ပါ။ (ထိုအချိန်အတောအတွင်း အိုးမကပ်စေရန် အပေါ်အောက်လှန်ပြီးမွှေပေးပါ။)
အသား နှင့် အာလူး မနူးသေးပါက ကျန်သည့် ရေနွေး ထပ်ထည့်၍ ဆက်ပြီးတည်ထားပါ။
အသား နှင့် အရည်အနေအထား မိမိစိတ်ကြိုက်ဖြစ်လျှင် ပျဉ်းတော်သိမ်ရွက်ထည့်ကာ ၃-၄ ချက်ခန့်မွှေပြီးနောက် မွှေးကြိုင် နူးအိစားကောင်းလှသော မဆလာ ဝက်အာလူးလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
#ဝက်သားပဲငပိချက်
***... ဝက်သား ပဲငပိချက် အတွက် လိုအပ်တာလေးတွေ
1. ဝက်သုံးထပ်သား ၁ ကီလို (၆၅ ကျပ်သား)
2. အတုံးကြီးကြီးလှီးထားသော ကြက်သွန်နီ 1 cup (250 ml) ခန့်
3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး ၁၀ တက်
4. Brown sugar ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
5. ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
6. Chicken powder လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
7. ပဲငံပြာရည်အပျစ် (dark soy sauce) 1/4 cup (60 ml)
8. ဆီ 1/4 cup (60 ml)
9. Broad beans paste(ပဲငပိ) ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)
ပဲငပိမှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ပဲငပိတွင် အရသာပါပြီးသားဖြစ်၍ ဆား နှင့် chicken powder ကို လိုအပ်မှ ပိုထည့်ပေးပါ။)
ပြီးလျှင် ကြက်သွန်များနွမ်းပြီး၊ အသားထဲမှ အရည်များခြောက်သွားအောင် High Heat ဖြင့် မွှေကြော် (လုံး) ပေးပါ။
အရည်များခြောက်သွားလျှင် ရေနွေး 750 ml ခန့် ထည့်ကာ အဖုံး ဖုံးပြီး medium heat ဖြင့် တည်ထားပါ။
အရည်အတော်လေးခမ်းကာ အသားနူးခါနီးလျှင် ပဲငပိ ကို ထည့်၍ အဖုံး ထပ်ဖုံးပြီး low heat ဖြင့် တည်ထားပါ။
အသားများနူးအိကာ ဆီပြန်လာလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ဝက်သားကိုမှ မအီအောင်ချက်ချင်တယ်ဆို
မျှစ်ချဉ်သာရောလိုက်..
#ဝက်မျှစ်ချဉ်ချဉ်စပ် ok !! ကြက်သား ပုစွန်လည်း
အစားသုံးလို့ရတယ်နော်..
ပါဝင်ပစ္စည်းများ
--------------------
ဝက်သားသုံးထပ်သား
ဝါးပိုးမျှစ်ချဉ်နုနု
ဆနွင်း
ဆီ
ငရုတ်သီးစိမ်း
သကြား
အစိမ်းမှုန့် သို့အရောင်တင်မှုန့်
အသားမှုန့်
ငံပြာရည်
ဆား
ကြက်သွန်နီ
-ပထမဆုံး ဝက်သားကိုရေဆေးပြီး ဆား နနွင်း အရောင်တင်မှုန် အသားမှုန့် သကြား နဲ့ နှပ်ထားမယ်
-မျှစ်ချဉ်ကိုရေတစ်ထပ်ဆေး နောက်တစ်ရေကျရင်အချဉ်ရေကိုသွန်မပစ်နဲ့ သိမ်းထားခန 😁 မျှစ်ချဉ်ဖတ်ကိုရေစစ်ထားပါ
,-ဆီပူပူမှာ ဝက်သားနဲ့ငရုတ်သီးစိမ်းရယ်ကြက်သွန်နီရယ်ထောင်းပီးသားကို ရောပြီးဆီသတ်မယ် ok
-ရေစစ်ထားတဲ့မျှစ်ချဥိကို ထည့်လုံးမယ်
-မွှေးနံ့ရရင် အရသာထည့်မယ် ခုနကဖယ်ခါးတဲ့မျှစ်ချဉ်ရေပြန်ထည့်မယ်..
-ပွက်ပွက်ဆူလာရင် အညာငရုတ်သီးထောင်းနဲ့သာပေါင်းလွေးလိုက် 😁
အရသာပြည့်စုံတဲ့ထမင်းဝိုင်းဖြစိပြီပေါ့ 😋😋