38 w - Translate - Youtube

Siberian Husky VS Border Collie | Funny Competition

38 w - Translate

ထင်သလောက် မလင်းသလို ထင်သလောက်လည်း မလွမ်းဘူး

လတ်တလောမှာ ရောက်နေတဲ့ ရာသီဥတုကိုကျောခိုင်းပြီး တောင်တန်းတွေရဲ့အောက်
ပြေးခိုချင်နေတယ်

နောက်ပြီး ခဏဖြစ်ဖြစ် အမေ့အိမ်ပြန်ချင်တယ် ။

ဘဝမှာ အဆင်ပြေတဲ့ရက်လည်းရှိမယ်
အဆင်မပြေတဲ့ ရက်တွေလည်းရှိမယ်
ဒီလိုပါပဲ နောက်ထက်လည်း
အများကြီးကြုံတွေ့ရအုံးမှာမို့
ရင်ဆိုင်ဖို့အတွက် အားတင်းထားပါ။

မင်းတို့ ထွက်သွားတော့လည်း ဘာအရေးလဲ
လူဟာ ကိုယ့်ကိုယ်ကိုယ် ပိုလွမ်းဆွေးဖို့ အမြဲ လိုအပ်

တကယ်တော့ အချစ်တွေ အနှစ်တွေ အမြစ်တွေနဲ့လည်း
ငါက အဆင်ပြေပါတယ်

ငါ့အသည်းကပဲ အဲ့ဒါတွေနဲ့ အဆင်မပြေတော့တာ။

မိုးကို ခဏရွာစေချင်တယ်
ဖုန်းကို မင်းခေါ်စေချင်တယ်
ကမ္ဘာကြီးကို ဒီထက်နည်းနည်းပိုအေးစေချင်တယ် ။

#နွေသစ်ငြိမ်း

တစ်ဘဝမှာ လူတစ်ယောက်ထဲဟာ
တခြားသူတစ်ယောက်ရဲ့
ဘဝတွေဆီကလွှင့်ပစ်တာကို
ဘယ်နှခါလောက်ခံရပြီးမှ
စိတ်နာတတ်သွားမှာလဲ ကျွန်တော်သိချင် ။

ဘဝမှာ နောက်ကျသွားပြီ ဆိုတာ

တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို

ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်

မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။

အနီးနားမှာ ရှိပြီး
မချစ်ပေးနိုင်မှတော့
အဝေးကနေပဲ
တယုတယချစ်ပေးရတာပေါ့...
ကြယ်လေးတွေဆို
ဝေးနေတော့
ကြည့်ရသိပ်လှတယ်မလားး

38 w - Translate - Youtube

Funny videos of CATS🐱 and DOGS🐶 Best funny videos of ANIMALS 🤣2025

‎ကြယ်တွေကို ရေတွက်တုန်းက
‎ဒီဇင်ဘာ ခြောက်ရက် အတွေးထဲ
‎နှင်းမြူတွေ ၀ိုင်းကြီးပတ်ပတ် ။

‎ပထမတစ်ခါ အသည်းကွဲတယ်
‎ဒုတိယတစ်ခါ အသည်းကွဲတယ်
‎နောက်ထပ် တတိယ စတုတ္ထ ။

‎ဘယ်နှစ်ကြိမ်လည်း ဘယ်နှစ်ခါမြောက်လည်း အတွေးထဲက လိပ်ပြာလေး လက်ဖ၀ါးထဲ ‎အုပ်မိုးထားချင်တယ် ။