32 ပတ် - ဘာသာပြန်ပါ။

ဒီ အီသီယိုးပီးယားသမ္မာကျမ်းစာကို သက်တမ်းအရင့်ဆုံး နဲ့ အပြည့်စုံဆုံး ခရစ်ယာန်သမ္မာကျမ်းစာအဖြစ် အသိအမှတ်ပြုထားပါတယ် ၎င်းကို ခရစ်နှစ် ၅ ရာစုခန့်ကတည်းက ရေးသားထားကာ ဆိတ်သားရေပေါ်မှာ စေ့စပ်သေချာစွာ ရေးသားထားပြီး ဒီနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်
ဒီကျမ်းစာရဲ့ အထူးခြားဆုံးအချက်မှာ ၎င်းဟာ ပထမဆုံး သရုပ်ဖော်ပုံများပါရှိတဲ့ ကျမ်းစာဖြစ်ခြင်းပါ ခရစ်ယာန်ကျမ်းစာ နဲ့ ပုံပြင်ပြောခြင်း ပေါင်းစပ်ထားတဲ့ အစောဆုံးပုံစံတွေထဲမှ တစ်ခုဖြစ်ပါတယ်
ရာစုနှစ်များစွာကြာအောင် ဘာသာရေး ဆိုင်ရာ အမွေအနှစ်တစ်ခုကို ပဋိပက္ခ တွေကြားထဲမှ ဒီနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်တာဟာ အလွန်လေးစားဖို့ကောင်းလှပါတယ်
#knowledge #ဗဟုသုတ

image
32 ပတ် - ဘာသာပြန်ပါ။

၁၉၂၀ ပြည့်နှစ်အလွန် ဒီနေ့ခေတ်လို ရေပိုက်တွေနဲ့ဆေးတဲ့ ကားရေဆေးဆိုင် တွေ မပေါ်သေးခင်တုန်းက ယာဉ်မောင်းတွေဟာ လမ်းပေါ်က ဖုန်တွေ၊ မြေမှုန့်တွေကို ဆေးကြောဖို့ တခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြပါတယ် သူတို့ဟာ "Auto Wash Bowl" လို့ခေါ်တဲ့ တိမ်ပြီး စက်ဝိုင်းပုံ ရှိတဲ့ ရေကန်လေးထဲကို ဖြည်းဖြည်းချင်း လှည့်ပတ်မောင်းကာ ကားအောက်ပိုင်းက ရွှံ့တွေနဲ့ ဖုန်တွေကို သန့်စင်ကြတာပါ

ကားဘီးတွေနဲ့ ကားအောက်ပိုင်းတွေ သန့်ရှင်းသွားပြီဆိုတာနဲ့ သူတို့ဟာ ကားအပေါ်ပိုင်းကိုတော့ လက်နဲ့ သေသေချာချာဆေးကြောကြပါတယ် ဒါဟာ ကားထိန်းသိမ်းမှုတွေမှာ အစောပိုင်းခေတ်က ရိုးရှင်းတဲ့ တီထွင်မှုတစ်ခုဖြစ်ပါတယ်

#knowledge #ဗဟုသုတ

image
32 ပတ် - ဘာသာပြန်ပါ။

အအီပြေ ဝက်သားမျှစ်ချဉ်ဟင်းတစ်ခွက်

ဝက်သားမျှစ်ချဉ်ဆိုတာ အသံကြားတာနဲ့ သွားရည်တောင်ကျလာလောက်တဲ့ထိကို မြန်မာထမင်းနဲ့တွဲဖက်စားရတဲ့ဟင်းလျာတွေထဲမှာ နာမည်ကြီးတဲ့ ဟင်းတစ်မယ်ပါ။ နာမည်ကြီးသလောက် ချက်ရတာလည်း အပန်းမကြီးတဲ့အပြင် အိမ်ရှင်မတွေအတွက် လွယ်ကူလွန်းတာမို့ ချက်နည်းလေးကိုလည်း ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ 4 ဦးစာ
ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ (အမြွှာကြီးတစ်မြွှာ) (ထောင်းထားပါ)
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ ၅ ကျပ်သား
စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်း လက်တစ်ဆစ်
ရေ တစ်လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ
ပထမဆုံး ဝက်သားကို အတုံးအနေတော်တုံးပြီး ကြက်သားမှုန့်၊နနွင်း၊သကြားတို့နဲ့ လုံးနယ်ထားပါ။ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ရောထောင်းပြီး ဆီပူထဲ ထည့်ဆီသတ်ပါ။တစ်မိနစ်ခန့်ကြာတာနဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ငါးပိစိမ်းစားထည့်ကာ ဝက်သားလုံးထားတာ ထည့်မွှေပါ။ဝက်သားနဲ့ဆီသတ်ထားတဲ့အနှစ်တွေလုံးသွားပြီဆိုတာနဲ့ မျှစ်ချဉ်ထည့်မွှေပါ။နောက်ဆုံးမှ ရေတစ်လီတာခန့်ထည့်ပြီး ဝက်သားနူးအိအောင် မိနစ် ၂၀ခန့် မီးအားကောင်းကောင်းလေးနဲ့ ဆီကျန်ရေကျန်လေး ချက်ထားပါ။ကျက်တာနဲ့ အရသာရှိပြီး နူးအိနေတဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေးကို မိသားစုတွေ ငါးပိရည်လေးနဲ့ ဝိုင်းဖွဲ့နယ်ဖတ်စားနိုင်ပါပြီ။

image
32 ပတ် - ဘာသာပြန်ပါ။

ခရမ်းသီးနှပ်🍆🍆

ခရမ်းသီး
ပုဇွန်ခြောက်
ကြက်သွန်နီပါးပါးလှီး
နနွင်းမှုန့်
ငရုပ်သီးအရောင်တင်မှုန့်
ဆီ
အချိုမှုန့်
ဆား

ခရမ်းသီး ၄ ခြမ်း ခြမ်းပြီး ဆားနဲ့ ဆေးရေစစ်ထား

အိုးထဲ ဆီထည့် ကြက်သွန်နီပါးပါးလှီးထားတာထည့် နနွင်းအနည်းငယ်ထည့် ငရုပ်အရောင်တင်မှုန့်ပါထည့်ပြီး ဆီသတ် ငရုပ်သီးအရောင်ရဲလာရင် ခရမ်းသီးထည့် ဆီမွှေးသတ် ၃ မိနစ်လောက်ကြာရင် ပုဇွန်ခြောက်/ အချိုမှုန့် / ဆား ရေအနည်းငယ်ထည့်ပြီး အဖုံးလေးအုပ်ထား အရည်များများစားချင်ရင် ရေအနည်းငယ်ချန်ချက် ဆီပြန်စားချင်ရင်တော့ ရေခမ်းအောင် ချက်လိုက်ရုံလေးပဲ

image
32 ပတ် - ဘာသာပြန်ပါ။

ရခိုင်ငပိထောင်း

မိမိနှစ်သက်ရာလငါးပုဇွန်ဂဏန်းတမျိုးမျိုး
ငရုပ်သီးစိမ်း ကုလားနံနံ အာပူရွက် ဂျင်းပင်စိမ်း စပါးလင်အနည်းငယ်
ပိကောင်းကောင်း ပဒဲကောအနည်းငယ်ထည့်
ဆား အရသာမူနိ့စားရင်ထည့် နနွင်းပါရုံ
နံနံပင် ပုရာသီး
နံနံပင်သံပုရာသီးမှလွဲ၍ကျန်တန်ဆာပလာများနူးအောင်ရေခမ်းပြုတ်ပါ
ပြီးရင်ထောင်း နံနံပင်ထည့်ထောင်း စားခါနီးမှသံပုရာရည်ညှစ်ထည့်
မည်သည့်အတို့အမြုတ်နဲ့မဆိုလိုက်ဖတ်တဲ့ မွှေးပျံ့တဲ့ရခိုင်ငပိထောင်း
လေးရပါပြီ😋

image
32 ပတ် - ဘာသာပြန်ပါ။

ငါးခူငါးဆုပ်ဟင်း
ပါဝင်သောပစ္စည်းများ
• ငါးခူ – ၃၀သား
• ကြက်သွန်နီ – လေးလုံး
• ကြက်သွန်ဖြူ –ခြောက်မွှာ
• ချင်း - သင့်ရုံ
• အရောင်တင် - သင့်ရုံ
• ဆား၊ ငံပြာရည် – သင့်ရုံ
• နနွင်း – သင့်ရုံ
• ဆီ – ငါးကျပ်သား
• ခရမ်းချဉ်သီး – လေးလုံး
• နံနံပင် အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
• ငါးကို အရိအချွဲများ ကုန်စင်အောင် ပြာနှင့်တိုက်၍ ဆေးပါ၊ ခေါင်းဖြတ်၍ အူများထုတ်ပါ၊ အလယ်ရိုးနားမှကပ်၍ အသားကို လွှာယူပါ။ ထို့နောက် ၎င်းအသားလွှာကို နုပ်နုပ်စဉ်းပါ။
• ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၍ တစ်ဝက်ကို ချန်ထားပြီး ကျန်တစ်ဝက်ကို စဉ်းကောများနှင့်အတူ ရောထောင်းပါ။ ဆား၊ နနွင်းထည့်ထောင်းပါ။
• ထောင်း၍ အသားများ စေးပိုင်လာလျှင် အဆုပ်ကလေးများဆုပ်ပါ။ ဆီပူတွင်ငါးဆုပ်များကို နီလာအောင် ကြော်ပြီး ဆယ်ထားပါ။
• စောစောက ချန်ထားသော ချင်း၊ ကြက်သွန်ထောင်းကို ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ ထည့်၍မွှေပါ။ ဆား၊ ငံပြာရည် သင့်အောင်ထည့်ပါ။
• ခရမ်းချဉ်သီးနွမ်းလျှင် ငါးခူငါးဆုပ်များထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးဖုံးပြီး ချက်ပါ။ ဆီပြန်လာလျှင် နံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။

image
32 ပတ် - ဘာသာပြန်ပါ။

အာဗြဲခြောက်ကြော်မွှေးမွှေးလေး
************************

အာဗြဲခြောက်ကို ကြွပ်ရွအောင် အကောင်သေးသေးပိန်ပိန်လေးတွေပဲ အသုံးပြုထားပါတယ်။ ကျမက မြန်မာဟင်း ပရိတ်သက်မဟုတ်ပေမယ့် အိမ်ကလူတွေက အခုလိုကြော်တာမျိုး ဆီသတ်ချင်ရတာမျိုးကို ကြိုက်ကြပါတယ်။ မြန်မာဖြစ်ပြီး မြန်မာထမင်းဟင်း မကြိုက်ဘူးလားဆိုတော့ ကြိုက်ပါတယ် ဆီနဲ့အကြာကြီးကြော်ထားတာမျိုး ဆီပြန်ဟင်းလိုမျိုးကလွဲရင်ပေါ့။ ဆီမများတဲ့ အရည်သောက်ဟင်းတွေ စွတ်ပြုတ်တွေ အသုပ်တွေကို ကျမအကြိုက်ဆုံးပါ။ ကဲ အခုတော့ အာဗြဲခြောက်ကို သာမာန်ရိုးကျကနေ အနည်းငယ်ခွဲထွက်ပြီး ကြော်ကြည့်ရအောင်နော်....

လိုအပ်သောပစ္စည်းများ
*****************
- အာဗြဲခြောက် အချိုခြောက် အကောက်သေးလေးများ
- အပေါ်ယံအခွံသာနွှာထားတဲ့ ဗမာကြက်သွန်ဖြူအမွှာလေးများ
- ဆီ
- ဆား

ကြော်လှော်နည်း
************
- အခွံပါးသာနွှာထားတဲ့ ကြက်သွနိဖြူများကို ငရုတ်ဆုံထဲတွေ ညက်နေအောင်ထောင်းထားပါ

- အာဗြဲခြောက်များကို ရေသုံးထပ်ခန့် သဲစင်အောင်ဆေးပြီး ကတ်ကြေးဖြင့် အတုံးသေးလေးများ ရအောင် ကိုက်ဖြတ်ပါ

- ဆီဆူလာလျှင် ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူများ ထည့်ကြော်ပေးပါ. မီးအေအေးဖြင့်သာ ကြော်ပါ

- ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာလျှင် ဆယ်ယူပြီး အအေးခံထားပါ

- လက်ကျန်ဆီနဲ့ အာဗြဲခြောက်များကို မီးအေးအေးဖြင့် ကြွပ်သည်အထိ ကြော်ပေးပါ

- အရသာထည့်ပါ

- အာဗြဲခြောက်များ ကြွပ်ရွလာလျှင် အနံ့မွှေးလာလျှင် အားလုံးကို ဆယ်ယူပြီး အအေးခံပါ

- အနည်းငယ် အေးသွားလျှင် အာဗြဲခြောက်ကို စောစောက ကြော်ထားတဲ့ ကြက်သွန်ဖြူကြော်များနှင့် သမအောင်ရောပြီး စားသုံးနိုင်ပါပြီ

အာဗြဲခြောက်ကြော် ကြွပ်ကြွပ်ရွရွ မွှေးမွှေးလေးကို ကုလားပဲဟင်းအချိုချက်လေးနဲ့ တွဲဖက်စားသုံးက အင်မတန်စားကောင်းပါတယ်ရှင့်။

image
32 ပတ် - ဘာသာပြန်ပါ။

လက်ရှိ JWST တယ်လီစကုတ်က ရှာဖွေတွေ့ရှိလာတဲ့ redshift တန်ဖိုး မြင့်မားတဲ့ ဂလက်ဆီများ။

image
32 ပတ် - ဘာသာပြန်ပါ။

MoM -z14 ကို မေလနောက်ပိုင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

လူသားသမိုင်းတစ်လျှောက်လုံးမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုအသစ်တွေဟာ နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေပြီး၊ ဒီလိုတိုးတက်ပြောင်းလဲမှုတွေဟာ အံ့ဩစရာ မဟုတ်တော့သလောက်ကို ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒီလိုရှာဖွေတွေ့ရှိမှုတွေထဲကမှ James Webb Space Telescope (JWST) ကနေ ရရှိလာတဲ့ အချက်အလက်အသစ်တစ်ခုကတော့ စကြဝဠာဆိုင်ရာ ကျွန်တော်တို့ရဲ့ နားလည်မှုကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ ထူးခြားဆန်းကြယ်တဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်လာပါတယ်။ဒီရှာဖွေမှုကို ပြီးခဲ့တဲ့မေလ ကုန်ခါနီးတုန်းက တွေ့ရှိလာတာပါ။
JWST တယ်လီစကုပ်ကြီးဟာ redshift ပမာဏ z=14.44 ရှိတဲ့ ရှေးဟောင်းဂလက်ဆီတစ်ခုဖြစ်တဲ့ MoM-z14 ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုမြင့်မားတဲ့ redshift တန်ဖိုးဟာ ဒီဂလက်ဆီဟာ ကျွန်တော်တို့ဆီကနေ အလွန်ဝေးကွာပြီး၊ စကြဝဠာရဲ့ အစောဆုံးကာလတွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြသနေပါတယ်။
Redshift ဆိုတာ ဘာလဲ?
အလွယ်ဆုံးပြောရရင် Redshift (အနီဘက်ရွေ့ခြင်း) ဆိုတာ ဝေးကွာတဲ့ အရာဝတ္ထုတွေ (ဥပမာ- ဂလက်ဆီတွေ) ကနေ ထွက်လာတဲ့ အလင်းတွေဟာ ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါမှာ စကြဝဠာ ပြန့်ကားနေတာကြောင့် သူတို့ရဲ့လှိုင်းအလျားတွေ ပိုရှည်လာပြီး အလင်းရောင်စဉ်တန်းရဲ့ အနီရောင်ဘက်ကို ရွေ့သွားတာ ကို ဆိုလိုတာပါ။ Redshift တန်ဖိုး မြင့်မားလေလေ၊ အဲဒီအရာဝတ္ထုက ကျွန်တော်တို့ဆီက ပိုဝေးလေလေ၊ ဒါ့အပြင် အဲဒီအလင်းဟာ ကျွန်တော်တို့ဆီရောက်ဖို့ ပိုပြီး ကြာမြင့်ခဲ့လေလေ ဖြစ်ပါတယ်။ ဒါကြောင့် Redshift ပမာဏက ကျွန်တော်တို့ကို စကြဝဠာရဲ့ အတိတ်ကို ပြန်သိနိုင်အောင် ကူညီပေးပါတယ်။
MoM-z14 ဂလက်ဆီဟာ လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိထားသမျှ ဂလက်ဆီတွေထဲမှာ အဝေးဆုံးနဲ့ အသက်အကြီးဆုံး အစောဆုံးဂလက်ဆီတစ်ခု ဖြစ်ပါတယ်။
MoM-z14 ကနေ ထွက်လာတဲ့ အလင်းဟာ ကျွန်တော်တို့ဆီရောက်ဖို့ အနှစ်သန်းပေါင်း ၁၃.၅၃ ဘီလီယံ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂလက်ဆီကို ကျွန်တော်တို့ မြင်ရတဲ့ ပုံစံဟာ Big Bangဖြစ်ပေါ်ပြီး အနှစ် သန်းပေါင်း ၂၈၀ ခန့်ပဲ ကြာမြင့်သေးတဲ့ စကြဝဠာရဲ့ အစောပိုင်းကာလ က ဂလက်ဆီတစ်ခုရဲ့ပုံစံ ဖြစ်ပါတယ်။
စကြဝဠာရဲ့ လက်ရှိသက်တမ်းက အနှစ် ၁၃.၈ ဘီလီယံ ခန့်ရှိတာမို့ MoM-z14 ဟာ စကြဝဠာရဲ့ သက်တမ်းရဲ့ ၂% လောက်သာ ရှိသေးတဲ့ အချိန်က ပုံရိပ်ဖြစ်ပါတယ်။
ဒီလိုစောစောပိုင်းကာလမှာ MoM-z14 လိုမျိုး အလွန်တောက်ပပြီးအတင့်အသင့် အရွယ်ရှိတဲ့ ဂလက်ဆီတစ်ခု ရှိနေတယ်ဆိုတာက JWST သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
အစောပိုင်းစကြဝဠာယူဆချက်တွေမှာ ကြယ်တွေနဲ့ ဂလက်ဆီတွေဟာ ဖြည်းဖြည်းချင်းပဲ ဖြစ်ပေါ်လာမယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ MoM-z14 ရဲ့ တောက်ပမှုကတော့ အစောပိုင်းစကြဝဠာမှာ ကြယ်တွေ ဖြစ်ပေါ်မှုနှုန်းဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုမြန်ဆန်ပြီးဖြစ်ပေါ်တယ်ဆိုတာကို ပြသနေပါတယ်။
နောက်ပြီး MoM-z14 ရဲ့ ဓာတုဖွဲ့စည်းပုံကို လေ့လာရာမှာ နိုက်ထရိုဂျင် (Nitrogen) ပမာဏ များပြားတာကို တွေ့ရှိရပါတယ်။ ဒါဟာ အစောပိုင်းဂလက်ဆီတွေမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ်ပဲ အဓိကပါဝင်မယ်လို့ ထင်ထားတဲ့ အယူအဆကို စိန်ခေါ်နေပါတယ်။ ဒီလို ဟိုက်ဒရိုဂျင်ထက်ပိုမိုလေးလံတဲ့ ဒြပ်စင်တွေ (နိုက်ထရိုဂျင်) ပါဝင်နေတယ်ဆိုတာက ဂလက်ဆီရဲ့ သက်တမ်းမကြာသေးခင်မှာကို ကြယ်စင်တွေ အများအပြားဖြစ်ပေါ်ပြီး ပေါက်ကွဲခဲ့ကြပြီ (စူပါနိုဗာ ဖြစ်ခဲ့ကြပြီးပြီ) ဆိုတာကို ပြသနေပါတယ်။နေဟာ တတိယမျိုးဆက် ကြယ်စင်တစ်လုံးဖြစ်ပါတယ်။
MoM-z14 လို ဂလက်ဆီတွေရဲ့ ရှာဖွေတွေ့ရှိမှုဟာ စကြာဝဠာကြီးထဲမှာ ဂလက်ဆီတွေ ဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့လဲဆိုတဲ့ ကျွန်တော်တို့ရဲ့ နားလည်မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပြီဆိုတာကို ဖော်ပြနေပါတယ်။
MoM-z14 ကို ရှာဖွေတွေ့ရှိခြင်း မပြုမီက၊ Redshift အမြင့်ဆုံး ဂလက်ဆီရဲ့ စံချိန်ကို JADES-GS-z14-0 လို့ ခေါ်တဲ့ ဂလက်ဆီက ပိုင်ဆိုင်ထားခဲ့ပါတယ်။
JADES-GS-z14-0 ရဲ့ Redshift တန်ဖိုးကတော့ z=14.32 ဖြစ်ပြီး၊ သူကနေ ထွက်လာတဲ့အလင်းဟာ Big Bang ဖြစ်ပြီး အနှစ် ၃၀၀ သန်း ခန့်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။ ဆိုလိုတာကတော့ MoM-z14 (အနှစ် ၂၈၀ သန်း) ထက် နှစ်သန်း ၂၀ လောက် ပိုပြီး နောက်ကျတဲ့ အချိန်ကာလက ဖြစ်ပါတယ်။
JWST တယ်လီစကုတ်ကြီးဟာ စတင်လည်ပတ်ပြီးနောက်ပိုင်းမှာ Redshift တန်ဖိုး မြင့်မားတဲ့ ဂလက်ဆီများစွာကို ဆက်တိုက်ဆိုသလို ရှာဖွေတွေ့ရှိနေတာပါ။ ဒါဟာ JWST ရဲ့ စွမ်းဆောင်ရည်ကြောင့် စကြဝဠာရဲ့ အစောပိုင်းကာလတွေကို ကျွန်တော်တို့ ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်လာတာကို ပြသနေပါတယ်။ MoM-z14 ကတော့ အခုလက်ရှိ စံချိန်တင်ထားတဲ့ ဂလက်ဆီဖြစ်ပြီး၊ နောင်မှာလည်း ပိုမိုဝေးကွာတဲ့ ဂလက်ဆီအသစ်တွေ ထပ်မံတွေ့ရှိလာနိုင်ပါသေးတယ်။
ဒီလို ရှေးအကျဆုံး ဂလက်ဆီတွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စကြဝဠာ ဘယ်လိုစတင်ခဲ့ပြီး ဘယ်လိုတိုးတက်ပြောင်းလဲလာခဲ့တယ်ဆိုတာကို ပိုမိုနားလည်နိုင်မှာ ဖြစ်ပါတယ်။

image