သရဲခြောက်သည့် သရက်ပင်ပုံပြင်

တစ်ခါတုန်းက ရွာသာယာရွာမှာ ဦးလူဝဆိုတဲ့ လယ်သမားကြီးတစ်ဦးရှိတယ်။ သူ့ရဲ့ ယာတောထဲမှာ ဟင်းစားပင်မျိုးစုံ စိုက်ပျိုးထားသလို နှစ်ရှည်စားပင်ဖြစ်တဲ့ သရက် ပင်ကိုလည်း စိုက်ပျိုးထားတယ်။ အဲဒီသရက်ပင်ကို နှစ်အတော်ကြာ ဂရုတစိုက် ပြုစုပျိုး ထောင်လာခဲ့တဲ့အခါ သရက်ပင်ဟာ သရက်သီးသီးတဲ့အချိန်ကို ရောက်လာပြီ ဖြစ်တယ်။ သူ့ရဲ့ သရက်သီးတွေဟာအင်မတန်မှမွှေးကြိုင်ပြီး ချိုမြပါတယ်။ သူဟာသရက်သီးတွေကို ခူးဆွတ်ပြီးမြို့ကိုသွားရောင်းခဲ့ရာ ဈေးကောင်းရတာမို့ အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။ ရွာထဲက လူတချို့ဟာ သူ့ထံက ခွင့်ပြုချက်တောင်းပြီး ခူးဆွတ်စားကြတဲ့သူတွေရှိသလို ခွင့်မတောင်းဘဲခူးယူစားကြတဲ့သူတွေလည်းရှိကြတယ်။သူ့သရက်ပင်ရဲ့အသီးဟာအလွန် ချိုမြပြီးမွှေးကြိုင်တဲ့အကြောင်း သတင်းမွှေးပျံ့နေလေတယ်။ရွာထဲမှကျောင်းသူတစ်သိုက် ဟာ ကျောင်းဆင်းရင် အိမ်ကိုတန်းမပြန်ဘဲ ဦးလူဝရဲ့ ယာတောထဲကနေ အိမ်အပြန်ကို ချောင်းမြောင်းပြီး စောင့်ကြည့်နေကြတယ်။ ဦးလူဝကြီး အိမ်ပြန်ပြီဆိုတာနဲ့ သူတို့ဟာ မျောက်ကလေးတွေပမာ သရက်ပင်ပေါ်တက်ပြီး သရက်သီးတွေကို ခူးစား ကြတယ်။

သူတို့တွေဟာ စိတ်ကျေနပ်အောင် စားသောက်ကြရုံမကဘဲ အကင်းအသီးလေး တွေကိုပါ ဆော့ကစားပြီး ခြွေချသွားကြတယ်။နောက်တစ်နေ့မှာလယ်သမားကြီး သရက် သီးမှည့်တွေခူးဖို့ ယာတောကို ရောက်လာတဲ့အခါမှာတော့ သရက်ပင်အောက်မှာ စားပြီး စွန့်ပစ်ထားတဲ့ သရက်သီးစေ့တွေ၊ ကုန်အောင်မစားဘဲ စွန့်ပစ်ထားတဲ့ သရက်သီးတွေနဲ့ သရက်သီးဖြစ်လာမယ့် အကင်းတွေကို ခြေချထားတာကို မြင်တွေ့ ရတော့ များစွာစိတ်မ ချမ်းသာ ဖြစ်ရတယ်။

“လိုသလောက်မစားဘဲ အခုလို ဖျက်လိုဖျက်ဆီး လုပ်သွားတော့ ငါ့ဝင်ငွေကို ထိခိုက်တာပေါ့”

နောက်တစ်နေ့မှာတော့ လယ်သမားကြီးဟာ တုတ်တစ်ချောင်းကိုကိုင်ပြီး သရက်ပင်အောက်မှာ ထိုင်စောင့်နေလိုက်တယ်။ ညနေစောင်းလို့ ကျောင်းကပြန်လာတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးစားဖို့ ရောက်လာကြတယ်။ တုတ်ကိုင်ပြီးစောင့်နေ တဲ့ ဦးလူဝကိုမြင်တာနဲ့ လှည့်ပြန်သွားကြတယ်။ ဦးလူဝလည်း သူ့သရက်ပင်ကို ဖျက်ဆီး တဲ့သူတွေကို တွေ့မြင်သွားတယ်။

“မိန်းမရေ ငါတို့သစ်ပင်ကို ဖျက်ဆီးနေကြတာ ဒီအတိုင်း လက်ပိုက်ကြည့်နေ လို့ မဖြစ်တော့ဘူး။ ငါလည်း နေ့တိုင်းမိုးချုပ်တဲ့အထိ သရက်ပင်အောက်မှာ ထိုင်မစောင့် နိုင်ဘူး။ အဲဒီတော့ သရက်ပင်ပေါ်မှာသရဲဖြူရှိတယ်ဆိုတဲ့အကြောင်းကို ရွာထဲမှာ သတင်း ဖြန့်လိုက်ရင် သရက်ပင်နားကို ဘယ်သူမှ ကပ်ရဲမှာမဟုတ်တော့ဘူး။ လူတွေယုံသွားအောင် ဝတ်ရုံအဖြူကြီးခြုံပြီး ငါ သစ်ပင်ပေါ်မှာ တစ်ပတ်လောက် မိုးချုပ်တဲ့အထိ နေလိုက်မယ်။ ညကျမှအိမ်ကို ပြန်လာခဲ့မယ်"

ဦးလူဝလည်း သူ့အကြံအတိုင်း မိန်းကလေးတွေရောက်မယ့်အချိန် သစ်ပင် ပေါ်မှာဝတ်ရုံအဖြူကြီးခြုံပြီး ခြေထောက်တွဲလောင်းချကာ ထိုင်နေလိုက်တယ်။ ညနေ စောင်းတော့ ကျောင်းဆင်းလာကြတဲ့ မိန်းကလေးတစ်သိုက်ဟာ သရက်သီးခူးစားဖို့ လယ်သမားကြီးရဲ့ ယာထဲကိုရောက်လာကြတယ်။ ဒါပေမဲ့ လှုပ်လှုပ်ရွရွ ဖြူဖြူသဏ္ဌာန် တစ်ခုကို မြင်တွေ့လိုက်ရတဲ့အခါမှာတော့ အားလုံးလန့်ပြီး ထွက်ပြေးကုန်ကြတယ်။ "သရဲ…သရဲ"

အဲဒီလိုနဲ့ ဦးလူဝရဲ့ သရက်ပင်မှာ သရဲရှိတယ်ဆိုတဲ့အကြောင်း တစ်ရွာလုံးပျံ့နှံ့သွားတယ်။ ဦးလူဝရဲ့ သရက်ပင်အနားကို ဘယ်သူမှမကပ်ရဲကြတော့ဘူး။

နောက်တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က- "ငါတို့ အဖေကပြောတယ်။ သရဲဆိုတာ တကယ်မရှိဘူး။ စိတ်အစွဲအလမ်းတွေ ၁.လို့ပြောတယ်” တစ်ယောက်ကငါလည်း "သရဲကို မကြောက်ပါဘူး" တစ်ဖန်နောက်တစ် ယောက်ကလည်း "အဲဒါဆို ငါတို့ ဒီနေ့ တုတ်တွေယူပြီး သရဲကို မောင်းထုတ်ကြမယ်"

ညနေစောင်းသည်နှင့် မိန်းကလေးတစ်သိုက်သည် တုတ်ကိုယ်စီဖြင့် သရက် ၌ ပင်နားသို့ ချဉ်းကပ်သွားကြလေတယ်။ သစ်ပင်ပေါ်တွင်ထိုင်နေသောဦးလူဝဟာအသံနက်ကြီးဖြင့်အော်ကာ မိန်းကလေးများကိုခြောက်လှန့်ပါတယ်။ မိန်းကလေးတစ်သိုက် သစ်ပင်အောက်ကို ရောက်ခါနီးမှာ မိန်းကလေးများလန့်ပြီး ထွက်ပြေးလိမ့်မယ် အထင် ဖြင့် သစ်ပင်ပေါ်မှ ခုန်ချလိုက်တယ်။ မိန်းကလေးတွေဟာ ရုတ်တရက် လန့်သွားပေမဲ့ ထွက်ပြေးခြင်းမပြုဘဲ အသင့်ယူဆောင်လာတဲ့ တုတ်ကိုယ်စီနဲ့ ရိုက်ကြလေတယ်။ “အောင်မယ်လေး သေပါပြီဗျ”

ဦးလူဝက "တော်ကြပါတော့၊ ငါ သရဲမဟုတ်ပါ ဘူး။ သရက်ပင်ပိုင်ရှင် ဦးလူဝပါ” လို့ ပြောရင်း ဝတ်ရုံကို ချွတ်ချလိုက်မှ အံ့အားသင့်သွားကြတယ်။ မိန်းကလေးများရဲ့ ရိုက်နှက်မှုကြောင့် နဖူးပေါက်သွားပြီး သွေးများယိုစီးနေ သလို ခြေလက်များတွင်လည်း ဒဏ်ရာများ ရရှိသွားတယ်။

မိန်းကလေးများက ဦးလူဝကိုကြည့်ကာ များစွာစိတ်မကောင်းဖြစ်သွား ကြတယ်။ ဦးလူဝက -

“မင်းတို့တွေက သရက်သီးတွေကို လိုသလောက်မစားဘဲနဲ့ နေ့စဉ်နဲ့အမျှ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တော့ ငါ့မှာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ငါတို့က စိုက်ပျိုးရေးအလုပ်နဲ့ ဝမ်းကျောင်းနေရတာဆိုတော့ ငါတို့ ဝင်ငွေထိခိုက်တာပေါ့။ သရက်ပင်မှာ သရဲရှိတယ်လို့ဆိုလိုက်ရင် ဘယ်သူမှလာရဲကြမှာ မဟုတ်ဘူးဆိုပြီး ကြံမိကြံရာ ကြံ လိုက်တာပါ” ဟု ပြောလေတယ်။

မိန်းကလေးများ စိတ်မကောင်းဖြစ်သွားပြီး "ဦး သမီးတို့ကို ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်။ နောင်ကို ဘယ်တော့မှ အခုလို သူတစ်ပါးပစ္စည်းကို ခွင့်မတောင်း ဘဲ မစားတော့ပါဘူး။ ဘယ်တော့မှလည်း ဖျက်လိုဖျက်ဆီး မလုပ်တော့ပါဘူး။ သမီးတို့ ကို ခွင့်လွှတ်ပါ”

မိန်းကလေးတွေဟာ ဦးလူဝကို ဆေးခန်းကို ခေါ်သွားကြတယ်။ အဲဒီအချိန် ကစလို့မိန်းကလေးတွေဟာကျောင်းအားရက်များမှာ ဦးလူဝရဲ့ စိုက်ခင်းသို့လာရောက် ပြီး လုပ်အားပေးကြတယ်။ ဦးလူဝကလည်း လုပ်အားခအဖြစ်သူတို့ကြိုက်နှစ်သက်တဲ့ သရက်သီးတွေကို ပြန်ပေးလိုက်သတဲ့ကွယ်။ ။

#ရွှေသွေးဂျာနယ်

image

#starrynightbigbag

ဘာလိုနေသေးလဲ ~ ရေမွန်

#Bigbag #အဆင်မပြေသောချာတိတ်များ

#နယ်ကျွံခြင်း #BigBag

“အရှေ့ဘက်မှလာသော လေပွေလှိုင်းများကြောင့် လည်းကောင်း၊ အနောက်တောင် မုတ်သုံလေ အားကောင်းနေသည့်အတွက်ကြောင့် လည်းကောင်း ယနေ့မှစ၍ (၁၄-၀၇-၂၀၂၅) ရက်နေ့အထိ တစ်ပြည်လုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးသည်းထန်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် တစ်ခါတစ်ရံ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ”

#ရေမွန် #idiots

နေ့စဉ်မိုးလေဝသသတင်း
--------------------------
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်- အနောက် မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ ဂျက်ခမ်းပြည်နယ်နှင့် ချက်တစ်ဂတ် ပြည်နယ်မြောက်ပိုင်းတို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်း လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ကျွန်တော် မသိခြင်းများ #bigbag

မင်္ဂလာနံနက်ခင်းပါ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၈-၇-၂၀၂၅ ရက်နေ့ ၀၈:၀၀ နာရီအချိန်တွင် ထုတ်ပြန်သည့် ရေကြီးခြင်း သတိပေးချက်သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်.................

image