38 w - Translate

ကြက်တူရွေးလေးတွေအတွက် အာဟာရပြည့်ဝသော အသီးအနှံများ 🦜🍎

ဒီတစ်ခါတော့ ကြက်တူရွေး မွေးထားတဲ့ တိချစ်သူလေးတွေအတွက် ပြောပြပေးသွားပါမယ်။

ကြက်တူရွေးလေးတွေ ကျန်းမာဖို့ သဘာဝအသီးအနှံများရွေးချယ်ကျွေးမွေးဖို့ အရေးကြီးပါတယ်။

✅ ကျွေးသင့်သော အသီးအနှံများ

1. ပန်းသီး (အစေ့ဖယ်ပါ)
2. ငှက်ပျောသီး
3. စပျစ်သီး(အစေ့မပါတာ ရွေးပါ)
4. သရက်သီး၊ မာလကာသီး
5. ဘယ်ရီသီးများ (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)

⚠️ သတိထားရန်

• အစေ့များ၊ အခွံမာသီးများ မကျွေးပါနဲ့။

• အချိုများသော သစ်သီးခြောက်များအရမ်းမကျွေးပါနဲ့။

• အသီးအမျိုးစုံ လှီးကျွေးနိုင်ရင်ပိုကောင်းပါတယ်။

• လတ်ဆတ်သော အသီးများကိုသာ ရွေးချယ်ပါ။

သင့်ကြက်တူရွေးလေးကို ရောင်စုံအသီးအနှံလေးတွေနဲ့ ပျော်ရွှင်အောင် ကျွေးမွေးပါ 🩵

38 w - Translate

ကြောင်လေးတွေ အရိုးနင်ရင် ဘာတွေလုပ်သင့်လဲ ❓

ကြောင်လေးတွေ အစားစားရင်း အရိုးနင်တာက အန္တရာယ်ရှိနိုင်ပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။

➡️ ကြောင်လေးတွေ စိတ်လှုပ်ရှားရင် အသက်ရှူကြပ်တာ၊ အရိုးပိုနက်သွားတာဖြစ်နိုင်တာကြောင့် သူတို့ကို ငြိမ်အောင်ထားပါ။

➡️ ကြောင်လေးတွေရဲ့ ပါးစပ်ထဲကို ဂရုတစိုက်ကြည့်ပါ။

အရိုးကို လက်ချောင်းသန့်သန့် သို့မဟုတ် ညှပ်တစ်ခုခုနဲ့ ဖယ်ရှားဖို့ကြိုးစားနိုင်ပေမယ့်လည်း ထိခိုက်နိုင်တာကြောင့် မကျွမ်းကျင်ရင်မလုပ်ပါနဲ့။

➡️ ကြောင်လေးတွေက နာကျင်မှုကကြောင့် ကိုက်နိုင်တာကြောင့် လက်အိတ်စွပ်ပြီးမှ လုပ်ဆောင်ပါ ။

➡️ ရေစိမ်ထားသော ပေါင်မုန့်အလုံးလေးတွေကို မျိုချခိုင်းပါ။ ဒါက အရိုးကို အစာအိမ်ထဲသို့ ပါသွားစေနိုင်ပါတယ် ။

❗သတိထားရန်

- အရိုးကို အတင်းဆွဲမထုတ်ပါနဲ့။ သွေးထွက်တာ၊ ပိုးဝင်တာဖြစ်နိုင်ပါတယ်။

📌 ဆရာဝန်ဆီ အမြန်သွားပါ

အထက်ပါနည်းများက ဆေးခန်းပြသရန်မလွယ်ကူသော နေရာများအတွက် ယာယီအကူအညီဖြစ်စေမဲ့နည်းများသာဖြစ်ပါတယ်။

သွားရန်၊ လာရန် လွယ်ကူပါက နီးစပ်ရာ တိရစ္ဆာန်‌ဆေးကုဆေးခန်းကို အရေးပေါ်အမြန်သွားရောက်ပြသပါ။

38 w - Translate

🐕 ခွေးအမလေးတွေမှာဖြစ်တတ်တဲ့ "သားအိမ်ပြည်တည်နာ" (Pyometra) အကြောင်း သိထားသင့်သောအချက်များ

🔍 ဒီရောဂါက ဘာလဲ

ခွေးအမလေးတွေရဲ့ သားအိမ်ထဲမှာ ပြည်တွေတည်ပြီး ပိုးဝင်တဲ့ပြင်းထန်ရောဂါဖြစ်ပါတယ်။

အသက်အန္တရာယ်ရှိနိုင်လို့ အရေးပေါ်ကုသဖို့လိုပါတယ်။

📌 ဘယ်လိုအချိန်မှာ စိုးရိမ်ရမလဲ

- ရေအရမ်းသောက်/ဆီးအရမ်းသွားခြင်း
- ဗိုက်ကပူဖောင်းလာခြင်း
- အန်ခြင်း/အစားပျက်ခြင်း
- မိန်းမကိုယ်ကနေအရည်ဆင်းခြင်း (တချို့ကမဆင်းဘူး)

📌 ကုသနည်း ၂ မျိုး

1️⃣ ခွဲစိတ်ကုသမှု (အကောင်းဆုံးနည်း)

သားအိမ်နဲ့သားဥအိမ်ကို ခွဲစိတ်ထုတ်ပြီးတဲ့အခါ နောက်တစ်ခါမဖြစ်တော့ဘူး။၂၄-၄၈ နာရီအတွင်း သက်သာသွားတတ်တယ်။

2️⃣ ဆေးနဲ့ကုသနည်း (အကန့်အသတ်နဲ့)

မွေးဖွားရန်လိုအပ်တဲ့ခွေးအမ‌လေးတွေမှာဆို ဟော်မုန်းဆေးနဲ့ပိုးသတ်ဆေးပေးလို့ရပါတယ်။ ဒါပေမယ့် အကန့်အသတ်ရှိပါတယ်။

၄၀% ပဲစိတ်ချရပြီး နောက်တစ်ခါပြန်ဖြစ်နိုင်တယ်။

📌 ဒီရောဂါက ပြင်းထန်တာကြောင့် အချိန်မီမကုရင် ၂၄-၄၈ နာရီအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။

လက္ခဏာတွေ့တာနဲ့ မပေါ့ဆပဲ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ သေချာတိုင်ပင်ကုသပါ ။ ။

💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

📌သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး online ဆေးခန်းပြကာ အသေးစိတ်ဆွေးနွေး လိုပါက page messenger တွင်လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။

38 w - Translate

ခွေးလေးတွေမျိုးမစပ်ခင်မှာ သိထားသင့်တဲ့အချက်များကို ပြောပြပေးသွားပါမယ်ခင်ဗျာ။

➡️ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ထားရပါမယ်။ မျိုးစပ်ချင်တဲ့ခွေးလေးတွေက ရောဂါကင်းဖို့လိုပါတယ်။

➡️ မျိုးစပ်မယ့်ခွေးလေးနှစ်ကောင်ကို အာဟာရပြည့်အောင်ကျွေးမွေးထားရပါမယ်။

➡️ ခွေးအမလေးတွေမှာ မျိုးအောင်ဖို့အကောင်းဆုံးကာလ (Heat Cycle) ရှိပါတယ်။

မျိုးစပ်ဖို့သင့်တဲ့အချိန်ကို မှန်ကန်စွာရွေးချယ်မှသာ မိခင်နဲ့ခွေးပေါက်လေးတွေအတွက် အာဟာရပြည့်ပြီး ကျန်းမာကြမှာဖြစ်ပါတယ်။

သင်က သင့်ခွေးလေးကိုမျိုးစပ်ပေးဖို့ စဉ်းစားနေတယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့သေချာပြသပါ။

ကျန်းမာတဲ့ ခွေးငယ်လေးများအောင်မြင်စွာ ပေါက်ဖွားနိုင်ကြပါစေ။

38 w - Translate

ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်ကိုချစ်မဲ့အစား ခွေးလေးတစ်ကောင် မွေးလိုက်ပါ 🤍

ခွေးလေးတွေရဲ့သစ္စာစောင့်သိမှုနဲ့ မပြောင်းလဲတဲ့သံယောဇဉ်ဟာ လူသားတွေအတွက် သင်ယူစရာကောင်းပြီး တန်ဖိုးရှိတဲ့အရာတစ်ခုပါပဲ။

သူတို့ရင်ထဲမှာ စိတ်ပြောင်းလဲသွားလို့ မချစ်တော့ဘူးဆိုတာမရှိဘူး။သူတို့ချစ်တယ်ဆိုတာ အခုချစ်သလို၊ တစ်သက်လုံးချစ်သွားတာမျိုးပေါ့။

သူတို့ရဲ့ ချစ်ခြင်းတရားနဲ့ သစ္စာရှိမှုကလည်း သင့်ဘ၀အခြေအနေအပေါ် မသက်ဆိုင်နေဘူး။

သင်ချမ်းသာတာ၊ ဆင်းရဲတာ၊ ကျန်းမာတာ၊ နာမကျန်းဖြစ်တာ ဘာပဲဖြစ်ဖြစ် သူတို့အတွက် သင်ဟာ အရေးအကြီးဆုံးလူပါ။

လူတွေက အချိန်တစ်ခု‌ရောက်ရင် ပြောင်းလဲသွားတတ်ကြပေမယ့် သူတို့လေးတွေကတော့ ဘယ်တော့မှမပြောင်းလဲသွားကြမှာမဟုတ်ဘူး။

ခွေးလေးတွေဆိုတာ သင့်ရဲ့ အိမ်အပြန်လမ်းမှာ အမြဲစောင့်နေမယ့် ကလေးလေးတွေပါ..

ဒါကြောင့် ခွေးလေးတွေနဲ့အတူရှိနေရတဲ့အချိန်တိုင်းကို တန်ဖိုးထားပါ။

သူတို့ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို ပိုပြီးနွေးထွေးတဲ့လူသားတွေဖြစ်လာစေပါတယ် ❤️

38 w - Translate

📌 ခွေးလေးတွေအတွက် အကောင်းဆုံး လေ့ကျင့်ပေးနည်း

ခွေးလေးတွေဟာ သူတို့ယုံကြည်တဲ့လူ၊ သူတို့ချစ်တဲ့လူ လုပ်တဲ့ပုံစံလေးတွေ အမူအရာလေးတွေကို လိုက်ပြုမူတတ်ပါတယ်။

ဒါ့ကြောင့် သူတို့လေးတွေကို

➡️ လက်ပေးစေချင်တာ၊
➡️ မတ်တပ်ရပ်စေချင်တာ၊
➡️ နာမည် ခေါ်ရင်လာစေချင်တာ၊
➡️ အစာစားတတ်စေချင်တာ၊

အဲ့လိုတတ်‌စေချင်တာလေးတွေ အမှန်တကယ်ထိရောက်နိုင်ဖို့ဆိုရင်

ဟူးမန်းနှစ်ယောက်က ခွေးလေးတွေရှေ့မှာ သူတို့ကိုလုပ်စေချင်တဲ့ ပုံစံလေးတွေ သရုပ်ဆောင်ပြတာမျိုး လုပ်ပေးပါ။

ဥပမာ - ဟူးမန်းတစ်ယောက်ကို လက်ပေးခိုင်းပြီး လက်ပေးတဲ့အခါ မုန့်ကျွေးပြတာမျိုး ပုံစံတူလေးတွေ သရုပ်ဆောင်ပြပါ။

ဒီလို မကြာမကြာမြင် တွေ့လာရတဲ့အခါ မျက်စိယဉ်လာပြီး ဒီလိုပြောရင် ဒီလိုလုပ်ရတယ်လို့ သင်ယူလာနိုင်ပါတယ် ✨

အားလုံးပဲ အိမ်ကတိငပျင်းလေးတွေ မပျင်းရ အောင် အခုလိုလေးတွေဆော့ပေးကြနော် 🐶

38 w - Translate

📌 မိုးရာသီဆိုတာနဲ့အေးလို့ အာဝုလေးတွေ ရေသောက်ချင်စိတ်နည်းနိုင်ပေမဲ့ ရေဓာတ်ကတော့ လိုအပ်ပါတယ်။

ခွေးလေးတွေတိုင်းရဲ့ ရေလိုအပ်မှုက အရွယ်အစား၊ ကိုယ်အလေးချိန်၊ အသက်၊ လှုပ်ရှားမှုများမှု၊ နှလုံးခုန်နှုန်း၊ သက်တမ်း၊ အစာစားပုံတွေကြောင့် မတူကြပါဘူး။

➡️ ပုံမှန်အားဖြင့်

အာဝုတစ်ကောင်ဟာ တစ်နေ့မှာ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်ကို ရေ ၅၀ - ၆၀ မီလီလီတာ (ml) ခန့်သောက်သင့်ပါတယ်။

ဥပမာ -

၅ ကီလိုဂရမ်ရှိရင် →250 - 300 ml

၁၀ ကီလိုဂရမ်ရှိရင် → 500 - 600 ml

၂၀ ကီလိုဂရမ်ရှိရင် → ၁လီတာ 1000 ml

ဒါဆိုရင် သင့်အာဝုလေးတွေကို ရေပုံမှန်သင့်သင့်တင့်တင့် တိုက်ပေးဖို့‌မမေ့ပါနဲ့ဗျ ✨

38 w - Translate

လူတွေသောက်တဲ့ သန်ချဆေးကို ခွေးလေးတွေမှာ သုံးလို့မရပါ။

ခွေးလေးတွေမှာ သန်ချဖို့လိုအပ်လာတဲ့အခါ လူတွေသောက်တဲ့ သန်ချဆေးကို မတိုက်သင့်ပါဘူး။

လူနဲ့ ခွေးရဲ့ ဇီဝကမ္မဖြစ်စဉ် မတူတာကြောင့် လူအတွက် စိတ်ချရတဲ့ ဆေးဝါးတွေဟာ ခွေးလေးတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ဘာကြောင့် လူသုံးသန်ချဆေးကို ခွေးတွေမှာ မသုံးသင့်တာလဲ?

➡️ ဆေးအာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးမတူညီခြင်း

လူသုံးသန်ချဆေးတွေဟာ ခွေးတွေရဲ့ အစာခြေစနစ်နဲ့ မကိုက်ညီဘဲ အဆိပ်သင့်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ တက်ခြင်း စတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

➡️ ခွေးတွေအတွက် သီးသန့်ထုတ်ထားသော ဆေးများကသာခွေးတွေမှာဖြစ်တတ်တဲ့ Roundworms, Tapeworms, Hookworms စတဲ့ သန်ကောင်အမျိုးအစားတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။

➡️ ဆေးပမာဏ မှားယွင်းနိုင်ခြင်း

လူတွေအတွက် ထုတ်ထားတဲ့ ဆေးတွေကို ခွေးတွေမှာ တိုက်မယ်ဆိုရင် ဆေးပမာဏကို တိကျစွာ တွက်ချက်ဖို့ ခက်ခဲပါတယ်။

ဆေးပမာဏ နည်းရင် အာနိသင်မရှိဘဲ၊ များရင် အဆိပ်သင့်စေနိုင်ပါတယ်။

ဒါကြောင့် သင့်ခွေးလေးတွေကို သန်ချပေးဖို့ လိုအပ်လာတဲ့အခါဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

သင့်ခွေးလေးရဲ့ အသက်၊ အလေးချိန်၊ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ ဆေးကို တိရစ္ဆာန်ဆေးကုဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

ခွေးလေးတွေဟာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေဖြစ်တဲ့အတွက် သူတို့ကို မှန်ကန်တဲ့ ဆေးဝါးတွေနဲ့ ဂရုစိုက်ပေးဖို့ လိုပါတယ်။

သင့်ခွေးလေး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။ 🐾❤️

38 w - Translate

လမ်းဘေးခွေးလေးတွေဟာ သက်တမ်းဘယ်လောက်ပဲ ရှင်သန်ခွင့်ရတာကို သင်သိပါသလား?

လမ်းဘေးခွေးလေးများရဲ့ သက်တမ်းကို အကျဉ်းချုပ် ဖော်ပြပေးပါမယ်။

လမ်းဘေးခွေးလေးတွေဟာ များသောအားဖြင့် ပျမ်းမျှသက်တမ်း ၃နှစ် မှ ၅နှစ်၊ အများဆုံး ၇နှစ် အတွင်းသာ ရှင်သန်နိုင်ကြပါတယ်။

အိမ်မွေးခွေးလေးတွေကတော့ ၁၀နှစ်က‌နေ ၁၅ နှစ်ထိရှင်သန်နိုင်ကြပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေရဲ့ သက်တမ်းဟာ အိမ်မွေးခွေးလေးတွေရဲ့ သက်တမ်းနဲ့ ယှဉ်ရင် သိသိသာသာကို တိုတောင်းပါတယ်။

⚠️ အဓိကသေဆုံးရတဲ့အကြောင်းအရင်းတွေကတော့

➡️ မတော်တဆမှုများ

လမ်းဘေးမှာနေထိုင်ရတဲ့ ခွေးလေးတွေအဖို့ ယာဉ်တိုက်မှုများက အဓိကသေဆုံးစေပါတယ်။

➡️ ရောဂါများ

ကာကွယ်ဆေးထိုးပေးတာမျိုး မရှိတဲ့အတွက် ခွေးရူးပြန်၊ ဝမ်းလျှော၊ အရေပြားရောဂါများဟာ အလွယ်တကူပဲ ဖြစ်ပွားပြီး ရောဂါပြင်းထန်တဲ့အခါ သေဆုံးကြရပါတယ်။

➡️ အာဟာရချို့တဲ့ခြင်း

ဒါ့အပြင့် မစင်နှင့် ညစ်ညမ်းအစာများ စားရခြင်းကြောင့် ကပ်ပါးများ၀င်လွယ်ကာ ကူးစက်ရောဂါ ခံစားကြရပြီး သေဆုံးကြရပါတယ်။

➡️ သဘာ၀နဲ့ လူများ

နေစရာအမိုးအကာ ရှားပါးမှုကြောင့် ရာသီဥတုဒဏ် (မိုး၊ အပူ)များကိုလည်း သာမန်ထက်ပိုခံစားကြရပါတယ်။

➡️ ဒါ့အပြင့် လူများကြောင့်ရသော ထိခိုက်ဒါဏ်ရာများကလည်း သေဆုံးသည်အထိ ဆိုးရွားတတ်ပါတယ်။

ဒါကြောင့် လမ်းဘေးခွေးလေးတွေဟာ သာမန်အိမ်မွေးခွေးလေးတွေထက် သက်တမ်းပိုတိုကြပါတယ်။

သင်ရော အစာကျွေးနေကျ လမ်းဘေးခွေးလေးကို ရုတ်တရက်မတွေ့
တော့တာမျိုး ကြုံဖူးသလား။

ကြုံလာတဲ့အခါ ပြုတဲ့ကုသိုလ်အမျှပေးဝေပေးလိုက်ပါ။

ငှက်ကျားလေးရဲ့စကားပုံပြင်

တောအုပ်ကြီးထဲက သစ်ပင်ကြီးတစ်ပင်မှာ ငှက်လေးတစ်ကောင် နေထိုင် သတဲ့ကွယ်။ အဲဒီငှက်လေးမှာ အလွန်လှပတဲ့ အမွေးအတောင်တွေအပြင် ချိုသာတဲ့ အသံလည်းရှိတာမို့ တိရိစ္ဆာန်အားလုံးက ချစ်ခင်နှစ်သက်ကြသတဲ့။ တစ်နေ့မှာတော့ ငှက်လေး အစာရှာဖွေသွားရင်း ငှက်ကျားလေးတစ်ကောင်ဟာအခြားငှက်တစ်ကောင် ကို ရန်ပြုစကားဆိုနေတာကို တွေ့ လိုက်ရသတဲ့။ ဒီတော့ ငှက်လေးက -

“အသင်ငှက်ကျားလေး၊ ဘာကြောင့် သူတစ်ပါးကို စကားနဲ့ ရန်ပြုနေရတာလဲ" လို့ ပြောလိုက်တဲ့အခါ ငှက်ကျားလေးက ဒေါသဖြစ်သွားတာပေါ့။

"မိတ်ဆွေငှက်လေး၊ ကျွန်ုပ်ကို အပြစ်တင်စကား မဆိုသင့်ပါ။ သင်နဲ့ သက်ဆိုင်ခြင်းမရှိလို့ သွားလိုတဲ့ခရီးကိုသာ သွားပါ" လို့ ငှက်ကျားလေးက ရန်လိုတဲ့ စကားတွေနဲ့ ပြောဆိုလိုက်သတဲ့။ အဲဒီတော့ ငှက်လေးက-

"မိတ်ဆွေ ငှက်ကျားလေး၊ ကျွန်ုပ်ပြောဆိုတဲ့ စကားက မိတ်ဆွေ ကောင်းဖို့ အတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ စကားကို မစောင့်စည်းဘဲ ပြောဆိုပါက အသက်အန္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်" လို့ ပြောဆိုတာပေါ့ကွယ်။

ဒါပေမဲ့ ငှက်ကျားလေးဟာ ငှက်လေးရဲ့ စေတနာစကားကို နားမဝင်ဘဲဒေါသတကြီးနဲ့ တုံ့ပြန်ပြောဆိုတာပေါ့ကွယ်။ငှက်လေးကတော့ ငှက်ကျားလေးရဲ့ စကားကို သည်းခံပြီး အစာရှာဖွေဖို့ထွက်ခွာသွားတာပေါ့ကွယ်။ ငှက်လေးဟာအစာရှာဖွေရင်း သစ်ခေါင်းထဲမှာ ဗိုက်ဆာပြီး အော်နေတဲ့ ဇီးကွက်ကြီးရဲ့ ငှက်သားပေါက်လေးတွေကိုတွေ့လိုက်ရသတဲ့။

ငှက်လေးဟာသူရှာဖွေလို့ရထားတဲ့ အစာတွေကိုငှက်သားပေါက်လေးတွေကိုကျွေးမွေး ထားသတဲ့။ ဇီးကွက်ကြီး အစာရှာဖွေပြီးပြန်လာတော့ သူ့ကိုယ်စား အစာကျွေးနေတဲ့ငှက်လေးကို တွေ့ လိုက်ရတော့ ဝမ်းသာသွားတာပေါ့ကွယ်။

"အသင်ငှက်လေး ကျေးဇူးတင်ပါတယ်။ သင်ဟာ အသံကောင်းရုံသာမကဘဲစိတ်စေတနာပါ ကောင်းမွန်လှပါတယ်။ အသင့်မှာ အရေးကိစ္စရှိရင် ကူညီပါ့မယ်" လို့ ဇီးကွက်ကြီးကပြောလိုက်သတဲ့။ အဲဒီလိုနဲ့ ငှက်လေးဟာ နေ့စဉ်အစာရှာဖွေရင်း ချိုသာ တဲ့အသံလေးနဲ့ တွန်ကျူးနေတာပေါ့ကွယ်၊ ငှက်လေးအပေါ်ကိုရန်ငြိုးထားတဲ့ ငှက်ကျား လေးကတော့ ငှက်လေးရဲ့ ချိုသာတဲ့အသံကို မကြားရအောင် ကြံဆောင်နေတာပေါ့။

“ငှက်လေးရဲ့ အသံကို အားလုံးက ချီးကျူးနေကြတယ်။ အဲဒီလိုမဖြစ်အောင် ကြံမှဖြစ်မယ်" လို့ တွေးပြီး အခြားတောအုပ်ထဲမှာ နေထိုင်တဲ့ ကျီးကန်းဆီကို သွားပြီး မြောက်ပင့်ပြောဆိုတာပေါ့ကွယ်။

"မိတ်ဆွေကျီးကန်း၊မိတ်ဆွေရဲ့ အသံသာမှုကို ကြားရသူအားလုံးက နှစ်သက် ကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေထက် အသံသာတဲ့ ငှက်လေးရဲ့အသံကို ပိုပြီးနှစ်သက် ကြပါတယ်" လို့ ပြောတဲ့အခါ ကျီးကန်းလည်း မနာလိုဖြစ်သွားပြီး –

"ငှက်ကျားလေး အသင်ပြောသလို ငါ့အသံက ကောင်းရဲ့သားနဲ့ ငှက်လေး အသံက ပိုကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ငါ နားထောင်မှ ဖြစ်မယ်” လို့ ပြောဆိုပြီး ငှက်ကျားလေးနဲ့အတူ ငှက်လေးနေထိုင်တဲ့ သစ်ပင်ကြီးဆီကို သွားတာပေါ့ကွယ်။

"မိတ်ဆွေကျီးကန်းနဲ့ ငှက်ကျားလေး ဘာကိစ္စကြောင့်ကျွန်ုပ်ထံလာခဲ့ပါသလဲ" လို့ မေးမြန်းလိုက်သတဲ့။ ဒီတော့ ကျီးကန်းက -

"မိတ်ဆွေငှက်လေး၊ ဒီတောထဲမှာရှိနေတဲ့သတ္တဝါများဟာ ကျွန်ုပ်အသံထက် မိတ်ဆွေရဲ့အသံကို ပိုနှစ်သက်ကြတာကို သိရလို့ အသင့်ရဲ့အသံကို နားထောင်ချင်လို့ လာခဲ့ခြင်း ဖြစ်ပါတယ်" လို့ ပြောဆိုလိုက်သတဲ့။ ကျီးကန်းရဲ့ စကားကိုကြားတော့ ငှက်လေးဟာ သူ့အပေါ် မနာလိုဖြစ်နေတဲ့ ငှက်ကျားလေးရဲ့ အကြံဆိုတာကို သိရှိသွားတာပေါ့ကွယ်။ အဲဒီတော့ ငှက်လေးက -

"မိတ်ဆွေကျီးကန်း၊ ကျွန်ုပ်အသံကို တောအုပ်ထဲမှာ ကြားနေကျမို့ သိနေကြ ပါပြီ။ မိတ်ဆွေရဲ့အသံကို မကြားဖူးတဲ့အတွက် မိတ်ဆွေ အသံပေးကြည့်ပါ" လို့ ပြော လိုက်သတဲ့။ ငှက်လေးရဲ့စကားကိုကြားတော့ ကျီးကန်းကဟာ စိတ်ဆိုးသွားပြီး-

"မိတ်ဆွေငှက်လေး၊ အသင့်စကားအတိုင်း ကျွန်ုပ် တောအုပ်ထဲကိုသွားပြီး အသံပြုပါ့မယ်။ ကျွန်ုပ်အသံကိုကြားရင်နှစ်သက်ကြမှာသေချာပါတယ်။ မိတ်ဆွေလည်း နားထောင်ပါ" လို့ ပြောဆိုပြီးကျီးကန်းဟာ တောအုပ်ထဲကို သွားပြီး အသံပြုလိုက်တာ ပေါ့ကွယ်။ တောအုပ်ထဲမှာရှိတဲ့ တိရိစ္ဆာန်အားလုံးဟာ တစ်ခါမှ မကြားဖူးတဲ့ ကျီးကန်း ရဲ့အသံကိုကြားတော့ အံ့ဩသွားကြတာပေါ့။ အဲဒီအချိန်မှာ ဇီးကွက်ကြီးက-

"ဒီတောအုပ်ထဲမှာတစ်ခါမှမကြားဖူးတဲ့ ကျီးကန်းအော်သံကိုကြားရတာဟာ ထူးခြားနေပါလား။ ငါ့မိတ်ဆွေငှက်လေးရဲ့ အသံကိုတော့မကြားရဘူး။ ငှက်လေးများ အန္တရာယ်တစ်စုံတစ်ရာ ရှိနေပြီလားမသိဘူး။ ငါအကူအညီပေးမှဖြစ်မယ်"လို့တွေးပြီး-

"အသင်ကျီးကန်း၊ ဘာကြောင့် တောအုပ်ထဲကို လာပြီး အော်နေရတာလဲ။ အသင့်အသံကိုကြားရလို့ စိတ်ပျက်နေကြပါပြီ။ အသင်ကျီးကန်းကို ခေါ်ဆောင်လာသူ က ဘယ်သူလဲ"လို့ မေးသောအခါ ကျီးကန်းက -

"အသင်ဇီးကွက် ကျွန်ုပ်ရဲ့အသံကို ကြားရလို့ အသင် မနှစ်သက်သော်လည်း အခြားသူများကို မေးကြည့်ပါဦးမယ်" လို့ပြောဆိုပြီး ကျီးကန်းဟာ တောအုပ်ထဲရှိ တိရိစ္ဆာန်တွေကို လိုက်မေးကြည့်တာပေါ့ကွယ်။ ကျီးကန်းဟာ သူ့အသံကို ဘယ်သူမှ မနှစ်မြို့ဘူးဆိုတာကို သိသွားတာပေါ့ကွယ်။ ကျီးကန်းဟာ အလွန်စိတ်ဆိုးသွားပြီး -

မိတ်ဆွေငှက်ကျားလေး၊ သင့်ရဲ့စကားကိုယုံစားမိလို့ငါအရှက်ကွဲခဲ့ရပြီ”လို့ ပြောဆိုသတဲ့။ကျီးကန်းစကားကို ကြားတဲ့အခါ ငှက်ကျားလေးဟာ သူရဲ့ အကြံအစည် မအောင်မြင်မှန်းသိသွားပြီး "မိတ်ဆွေကျီးကန်း၊ အသင့်ရဲ့အသံကကောင်းမွန်ပါတယ်။

သာယာနာ ပျော်ဖွယ်ရှိအောင် အသံမပေးတတ်လို့ ဖြစ်ပါတယ်” လို့ ပြောလိုက်သတဲ့။ ကျီးကန်းဟာ စိတ်ဆိုးသွားပြီးငှက်ကျားလေးကိုထိုးဆိတ်ရန်ပြုတာပေါ့ကွယ်၊ ငှက်ကျား လေးဟာ ကျီးကန်းရဲ့ ထိုးဆိတ်မှုကြောင့် သူရဲ့အမွေးအတောင်တွေ မရှိတော့တာမို့ မပျံသန်းနိုင်တော့ဘူးပေါ့ကွယ်။

ဒီတော့မှ ငှက်ကျားလေးဟာ ငှက်လေးပြောဆိုခဲ့တဲ့ စကားကို သတိရသွားတာပေါ့ကွယ်။ "ငါ ငှက်လေးရဲ့စကားအတိုင်း နှုတ်မစောင့်ဘဲ သူတစ်ပါးကို မနာလိုဖြစ်ပြီး ပြောဆိုခဲ့တဲ့ စကားကြောင့် အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ ရပါလား” လို့ တွေးကာ အခြားတောအုပ်ကို ပြောင်းရွှေ့နေထိုင်သွားသတဲ့ကွယ်။

#ရွှေသွေးဂျာနယ်

image