ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငြုပ်သီးစိမ်း ငါးပိချက်ဗျ 😋
၁- ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ
၂-နွမ်းနယ်နေတဲ့ ကြက်သွန်နီအိုးထဲကို အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၅တက်လောက်နဲ့ ဂျင်း ကျပ်စေ့ခန့် ဓါးပြားရိုက်ကို စစ်ကူလွှတ်၍ ထဲ့မွှေ ခင်မျ
၃-ငပိ ဇီးဖြူသီးခန့်ကို ပစ်ထဲ့ပြီးချေ ခင်မျ..အစိမ်းနံ့ပျောက်လို့မွှေးလာပြီဆွင်ဖြင့် နနွင်းလဘက်စားဇွန်းဝက်ခန့်နဲ့ အရောင်တင် လက်ဘက်စားတစ်ဇွန်းခွဲလောက် ပစ်ထဲ့ပြီး အစိမ်းနံ့ပျောက်ရုံ မွှေခင်မျ..ငံပြာရည် တစ်ဖျစ်လောက်ပန်းထဲ့ဗျာ
၄-ခရမ်းချဉ်သီး ၂လုံးလောက်ပါးပါးလှီးပြီး ထပ်ပစ်ထည့်လိုက်ဗျာ..ကြာလို့😁 ချေ...ချေ..ချေ အိုးမကပ်စေနဲ့ ချေဗျ..
ကပ်မှာကြောက်ရင် ရေပါယုံကို စစ်ကူထည့် ချေဗျာ
၅-ထောင်းထားထား ရှည်ရှည်ပဲလှီးထားထား ငရုပ်ပွအရှည်သီး ဟင်းတစ်ခွက်စာချိန်ထားပေါ့ဗျာ..ကဲကြာတယ်ဗျာ အဲဒါတွေကို ထပ်ပစ်ထဲ့လိုက်အုံး..တစ်ချက်နှစ်ချက်မွှေပြီး ကြက်သားမှုန့် tea spoon ၁ခွဲနဲ့ ဆားအနည်းငယ်ပဲနော် ပစ်ထဲ့ဗျာ ချခါနီးမှ ပေါ့ငန်ချိန်ဗျ...ရေ လက်ဘက်ရည်ပန်းကန် တစ်ဝက်ထည့်ပြီး ခဏအုပ်ထားဗျ အဲဒါမှ ငရုတ်က မာစပ်စပ်မနေဘဲ နူးနူးအိအိလေးပေါ့ဗျာ
ကိုင်း ကိုင်း ကိုင်း နောက်ဆုံးအဆင့်ဗျ...
ရေစိမ်ထားတဲ့ ပုဇွန်ခြောက်အကောင်ခပ်ကြီးကြီးစားချင်သလောက်ကို ပစ်ခပ်ထည့်မွှေပြီး ပေါ့ငန်မြီးပြီး ချလိုက်ပေတော့ဗျို့....
Unicode
ငြုပ်သီးစိမ်း ငါးပိချက်ဗျ 😋
၁- ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်ခင်မျ
၂-နွမ်းနယ်နေတဲ့ ကြက်သွန်နီအိုးထဲကို အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၅တက်လောက်နဲ့ ဂျင်း ကျပ်စေ့ခန့် ဓါးပြားရိုက်ကို စစ်ကူလွှတ်၍ ထဲ့မွှေ ခင်မျ
၃-ငပိ ဇီးဖြူသီးခန့်ကို ပစ်ထဲ့ပြီးချေ ခင်မျ..အစိမ်းနံ့ပျောက်လို့မွှေးလာပြီဆွင်ဖြင့် နနွင်းလဘက်စားဇွန်းဝက်ခန့်နဲ့ အရောင်တင် လက်ဘက်စားတစ်ဇွန်းခွဲလောက် ပစ်ထဲ့ပြီး အစိမ်းနံ့ပျောက်ရုံ မွှေခင်မျ..ငံပြာရည် တစ်ဖျစ်လောက်ပန်းထဲ့ဗျာ
၄-ခရမ်းချဉ်သီး ၂လုံးလောက်ပါးပါးလှီးပြီး ထပ်ပစ်ထည့်လိုက်ဗျာ..ကြာလို့😁 ချေ...ချေ..ချေ အိုးမကပ်စေနဲ့ ချေဗျ..
ကပ်မှာကြောက်ရင် ရေပါယုံကို စစ်ကူထည့် ချေဗျာ
၅-ထောင်းထားထား ရှည်ရှည်ပဲလှီးထားထား ငရုပ်ပွအရှည်သီး ဟင်းတစ်ခွက်စာချိန်ထားပေါ့ဗျာ..ကဲကြာတယ်ဗျာ အဲဒါတွေကို ထပ်ပစ်ထဲ့လိုက်အုံး..တစ်ချက်နှစ်ချက်မွှေပြီး ကြက်သားမှုန့် tea spoon ၁ခွဲနဲ့ ဆားအနည်းငယ်ပဲနော် ပစ်ထဲ့ဗျာ ချခါနီးမှ ပေါ့ငန်ချိန်ဗျ...ရေ လက်ဘက်ရည်ပန်းကန် တစ်ဝက်ထည့်ပြီး ခဏအုပ်ထားဗျ အဲဒါမှ ငရုတ်က မာစပ်စပ်မနေဘဲ နူးနူးအိအိလေးပေါ့ဗျာ
ကိုင်း ကိုင်း ကိုင်း နောက်ဆုံးအဆင့်ဗျ...
ရေစိမ်ထားတဲ့ ပုဇွန်ခြောက်အကောင်ခပ်ကြီးကြီးစားချင်သလောက်ကို ပစ်ခပ်ထည့်မွှေပြီး ပေါ့ငန်မြီးပြီး ချလိုက်ပေတော့ဗျို့..
တော့ပိုကီပြုလုပ်နည်းနဲ့ချက်နည်း
လိုအပ်တာများ
ဆန်မှုန့်
ကိုရီးယားငရုတ်သီးအနှစ်ဗူး (Supermarket မှာဝယ်လို့ရ)
ငရုတ်ကောင်းအမှုန့်
ဆား
သကြား
ခရုဆီ
ပဲငံပြာရည် (အနောက်)
ကြက်အူချောင်း
ပြုလုပ်နည်း
မွှေးဆန်မှုန့်တစ်ထုပ်ကိုရေအနည်းငယ်ရောပြီး နယ်ပေးရမယ် ဆန်မှုန့်မာသေးတယ်ထင်ရင်ရေနည်းနည်းထပ်ရောပေးရမယ် ဆန်မှုန့်နယ်တာရပြီဆို တော့ပုကီပုံစံအရွယ်အစား အတုံးလေးတွေတုံးပြီး ပုံဖော်ပေးထားပါ။
ရေနွေးပွက်ပွက်ဆူထဲကို တော့ပုကီတုံးလေးတွေထည့် ရေပေါ်ပေါလောပေါ်လာပြီဆို ပြန်ဆယ်ထားပေးရမယ်
ကြက်သွန်နီနဲ့ကြက်သွန်မြိတ်ကိုခပ်ကြီးကြီးလှီးထားပေးရ
မယ်
ချက်နည်း
အိုးထဲရေတစ်ဝက်မပြည့်တစ်ပြည့်ထည့် တော့ပူကီအချောင်းထည့် ကြက်သွန်နီ ကြက်သွန်မြိတ် ကိုရီးယားငရုတ်အနှစ် ခရုဆီ သကြား ပဲငံပြာရာ် ငရုတ်ကောင်း ဆား ကြက်ဥချောင်းထည့် အဖုံးအုပ်ထား ပွက်ပွက်ဆူလာရင် မွှေပေးရမယ်။ ပျစ်ပျစ်လေးဖြစ်လာပြီဆို အရသာရှိတဲ့တော့ပိုကီရပါပြီ။
Cancer Sign လေးတွေ အကြောင်း တစ်စေ့တစ်စောင်း
နေ့ရက် - June 21 - July 22
Element - Water 🌊
အုပ်စိုးသောဂြိုလ် - Moon 🌕
Associated Color - White ⬜
Lucky Color - White, Silver, Grey, Purple, Pale Yellow
မတည့်သော အရောင်များ - အဖြူဖြစ်တဲ့အတွက်ကြောင့် မတည့်တဲ့ အရောင်ဆိုတာမရှိပေမဲ့ တောက်ပတဲ့ အနီတို့ အပြာတို့နဲ့ဆိုရင်တော့ Cancer ရဲ့ ဖြူစင်မှုကိုထိခိုက်နိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။
♋
ထုံးစံအတိုင်း Cancer ဆိုတဲ့စကားလုံးကို Latin ကနေဘာသာပြန်ရင်တော့ Crab (ဂဏန်း)လို့ အဓိပ္ပါယ်ပြန်လို့ရပါတယ်။ ဂဏန်းဖြစ်ရတဲ့အကြောင်းအရင်းကတော့ ပင်လယ်နဲ့ ကမ်းနဲ့ နှစ်ခုကြားမှာနေနိုင်ကြတဲ့ ဂဏန်းတွေလိုမျိုး Cancer ♋ Sign ပိုင်ရှင်လေးတွေဟာလဲ မိမိရဲ့စိတ်
ခံစားချက်နဲ့ လက်တွေ့ဖြစ်နေတဲ့ကိစ္စ တွေ နှစ်ခုစလုံးမှာ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
Cancer ♋ Sign ပိုင်ရှင်တွေဟာ Psychic abilities တွေမှာလဲ ကောင်းသလိုမျိုး တတိယမျက်လုံးကောင်းတဲ့အတွက် ဘုမသိဘမသိဘဲ ရမ်းတုတ်လိုက်ရင်တောင် မှန်နေတတ်တဲ့ Sign ပိုင်ရှင်လေးတွေပါ 🤣🤣။ Cancer Sign တွေဟာ မိမိရဲ့ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့အရာတွေ Emotion တွေ Vibe တွေကိုမပြောဘဲနဲ့လဲ တန်းပြီးခံစားသိနိုင်ကြတဲ့ Sensitive ဖြစ်တဲ့သူတွေလဲဖြစ်ကြပါတယ်။
သို့ပေမဲ့လဲ Cancer လေးတွေကိုတော့ သွားပြီး လွယ်လွယ်နဲ့ အသည်းခွဲလို့ နှောင့်ယှက်လို့တော့ ရမှာမဟုတ်ပါဘူးနော်။သူတို့လေးတွေရဲ့ Spirit Animal ဖြစ်တဲ့ ဂဏန်းတွေလိုဘဲ သူတို့ဟာလဲ သူတို့ရဲ့ ခံစားချက်တွေ၊အားနည်းချက်တွေ၊ အတွင်းစိတ်တွေကို မာကြောတဲ့ အခွံမာတွေနဲ့ ပိတ်ကာစီးထားကြတာမလို့ သူတို့နဲ့ စပြီးသိတဲ့အချိန်မှာ ရေခဲတုံးကြီးလိုဖြစ်နေတာတွေ၊ လူတွေနဲ့စကားမပြော အဆက်အဆံမလုပ် ချေတာမျိုးတွေရှိတဲ့အပြင်ကိုမှ Personal ကိစ္စတွေ၊ Relationship ကိစ္စတွေကို ပြောရတာ မေးတာမျိုးမှာ အရမ်း ဆတ်ဆတ်ထိမခံတာမျိုးတွေ အတင်းမေးရင် ပြဿနာတက်တာမျိုးဖြစ်တာမျိုးဖြစ်လာရင်တော့ သူတို့ရဲ့ အခွံမာကြောင့်မလို့သာ သိထားလိုက်ပါနော်။
ဒါပေမဲ့ အချိန်ကြာလာလို့ သူတို့ရဲ့ အခွံမာလေး ကွာကျသွားပြီဆိုရင်လဲ သူတို့တွေရဲ့ နူးညံ့ပြီး ညင်သာတဲ့ အမူအယာတွေ၊ ဟန်ဆောင်တာလုံးဝမပါဘဲ တကယ်ကို စိုးရိမ်ပူပန်တဲ့ ပူပန်မှုတွေအပြင်ကိုမှ သူများနဲ့ မတူတဲ့ အကြားအမြင်လိုမျိုး တတိယမျက်လုံးလိုမျိုးတွေနဲ့သင့်ကိုအမြဲကူညီကြည့်ရှူပေးနေတာကို သင်ခံစားရမှာပါနော် 😘😘
♋
Cancer Sign တွေ ကိုအုပ်စိုးတာက လမင်းဖြစ်ပြီး ဓာတ်ကတော့ ရေဓာတ်ပါ။ ဒါ့ကြောင့်မလို့လဲ ဒီ Sign သမားတွေဟာ အရမ်းကို နူးညံ့သိမ်မွေ့ပြီး အရမ်းလဲ Healing ဖြစ်တဲ့ Sign ပိုင်ရှင်လေးတွေပါ။
သူတို့တွေက လုံခြုံပြီး သက်တောင့်သက်သာဖြစ်တဲ့Personal Safe zone လေးတွေကိုဖန်တီးကြပြီး အဲ့ထဲမှာဘဲ အချိန်တွေအကြာကြီးဖြုန်းရတာကိုဘဲနှစ်သက်ကြပါတယ်။ သူတို့တွေက အိမ်ကပ်ကြတာများကြတယ်လို့ဆိုကြပေမဲ့ စောနကပြောထားတဲ့ Safe Zone လေးက အိမ်မဟုတ်ဘဲ အခြားနေရာမှာ သို့မဟုတ် လူတစ်ယောက်ယောက်စီမှာဆိုရင်လဲ အဲ့မှာဘဲ ဂဏန်းလေးတစ်ကောင်လို တွယ်ကပ်နေတတ်ပါတယ်။
Cancer sign ပိုင်ရှင်လေးတွေဟာ မိခင်စိတ်ရှိကြတဲ့သူတွေဖြစ်တဲ့ အလျောက် မိမိရဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းတွေကို အရမ်းဂရုစိုက်ကြပြီး လိုအပ်ရင် အပ်သလို ဂရုစိုက်ပေးတဲ့ Care Taker role တွေကို ပြောစရာမလိုဘဲ Volunteer ပေးတတ်ကြတဲ့သူတွေပါ။❤️
♋
ဒါပေမဲ့ Cancer Sign ပိုင်ရှင်လေးတွေရဲ့ မကောင်းတာတစ်ချက်ကတော့ ချစ်လို့ ပြုစုရင်းပြုစုရင်းနဲ့ Controlling ဖြစ်ဖြစ်လာကြလို့ အရမ်းချုပ်တတ်ချယ်တတ် အပိုင်စိုးတတ်ကြတဲ့ Zodiac sign ပိုင်ရှင်လေးတွေလို့လဲ အသိများကြပါတယ်ဗျာ 😬
ဒါပေမဲ့လဲ Cancer Sign ပိုင်ရှင်လေးတွေဟာ သူတို့ရဲ့ သစ္စာရှိမှု၊ တည်မြဲမှု နဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတို့နဲ့ ချစ်သူ ခင်သူတွေ အမြဲတမ်းပေါများလျှက်ရှ်ိတတ်ကြပါတယ်။ Cancer Sign ဟာ လူ့ကိုယ်မှာဆိုရင် အစာအိမ်ကို ကိုယ်စားပြုတဲ့အတွက်ကြောင့် ကိုယ်တိုင် ချက်ရပြုတ်ရတာမျိုးမဲ့ ချက်ထားတာလေးတွေကို မိမိချစ်သောခင်သောသူတွေကို ကျွေးရတာကို အရမ်းဘဲ သဘောကျနှစ်သက်ကြပါတယ်တဲ့ဗျာ။ Cancer Sign လေးတွေဟာ သူတို့ရဲ့ ခံစားချက်ကို ဖော်ပြရတာအခက်အခဲရှိတတ်ကြတယ်ဆိုပေမဲ့ သူတို့ကိုစိတ်အေးအေးနဲ့ ချော့ပြီးမေးမယ် သူတို့ကလဲ ဖြေတယ်ဆိုရင်တော့ သင်ဟာသူတို့နဲ့ ကြာရှည်မဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးလိုက်နိုင်ပြီလို့တော့ အကြံပေးလိုက်ပါမယ်ဗျာ။ 😉
တစ်ခုတော့ အပိတ်အနေနဲ့သတိပေးလိုက်ချင်တာက Cancer Sign ပိုင်ရှင်လေးတွေဟာ ပြဿနာကို ရန်သူကို ရင်ဆိုင်ကြတာရှားတယ်ဆိုပေမဲ့ သူတို့ကို စိတ်တိုအောင် လက်တုန့်ပြန်အောင်လုပ်မိပြီဆိုရင်တော့ ဆွေ၇ဆက် မျိုး၇ဆက်အထိ မမေ့မလျော့ကို လိုက်ဆော်တတ်တာမလို့ သတိကြီးကြီးထားဖို့တော့ပြောလိုက်ချင်ပါတယ်ဗျာ။ 😬🤣
♋