ကြက်တောင်ပံကြော် မုန့်နှစ်စပ်နည်း...။
(ကြာရှည်ကြွပ်ရွအောင် ကြော်နည်း)
၁။ ကြက်တောင်ပံနှပ်ရန်........
* ကြက်တောင်ပံ - ၁ ကီလိုဂရမ်
* ငံပြာရည် - စားပွဲဇွန်း ၁.၅ ဇွန်း
* ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အားလုံးကို သမအောင်နယ်ပြီး မီးနစ် ၆၀ ခန့် နှပ်ထားပါ။
၂။ အနှစ်ဖျော်ရန်..........
* ကြွပ်ကြွပ်ကြော်မှုန့် - ၆၅ ဂရမ်
* ဆန်မှုန့် - ၆၅ ဂရမ်
* ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
* အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* မုန့်ဖုတ်ဆိုဒါ - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
* ထုံးရေကြည် - ၅၀ မီလီလီတာ
(အနှစ်ကို ပိုမိုကြွပ်ရွစေပြီး ကြာရှည်ခံစေရန်)
* ရေအေး - ၈၀ မီလီလီတာ
အားလုံးကို သမအောင် ရောမွှေပါ။
၃။ ကြော်ရန်.......
၁. နှပ်ထားသော ကြက်တောင်ပံများကို ကြွပ်ကြွပ်ကြော်မှုန့်
(အခြောက်) ဖြင့် ဦးစွာလူးပေးပါ။
၂. ထို့နောက် အဆင့် (၂) တွင် ပြုလုပ်ထားသော
အနှစ်ရည်ဖြင့် နှစ်ပါ။
၃. ရွှေဝါရောင်သန်းပြီး ကြွပ်ရွလာသည်အထိ ကြော်ပါ။
ဒါဆို စားကောင်းပြီး ကြာကြာအထားခံတဲ့ ကြက်တောင်ပံ ကြွပ်ကြွပ်ကြော် ရပါပြီး.......။😋
အားလုံးအဆင်ပြေကြပါစေ........