32 ပတ် - ဘာသာပြန်ပါ။

President Trump celebrated the House passing his sweeping tax cut and spending bill while speaking at a "Salute to America" event on the eve of the Fourth of July in Iowa.
Trump is set to sign the megabill on Friday.
Read more: https://abcnews.link/JBc9ut2

image
32 ပတ် - ဘာသာပြန်ပါ။

One person was killed after a fireworks explosion inside a Southern California garage on the eve of July Fourth, according to police.
https://abcnews.go.com/US/simi....-valley-explosion-fi

image
32 ပတ် - ဘာသာပြန်ပါ။

Gas prices are hovering near their lowest summer level in four years as millions of people ready themselves to hit the roads over the Fourth of July holiday weekend.
https://abcnews.go.com/Busines....s/gas-prices-lowest-

image
32 ပတ် - ဘာသာပြန်ပါ။

The Trump administration is sending 200 Marines to Florida to aid federal ICE officers, according to a statement from U.S. Northern Command.
Last month, the Pentagon announced that it planned to send a total of 700 troops to Florida, Louisiana and Texas to help immigration officials with logistical and administration support.
There are already approximately 100 National Guard personnel assigned to the Florida immigration detention center that Trump is calling "Alligator Alcatraz."
Read more: https://abcnews.visitlink.me/IowU-N

image

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နဲ့ ကွေ့ကျိုးပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေ
ဇွန်လလယ်ပိုင်းကစပြီး ကွေ့ကျိုးပြည်နယ်နဲ့ ဟူနန်ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး ကွေ့ကျိုးပြည်နယ် ချန်တုန်းနန်မြောင်နဲ့ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှာရှိတဲ့ ရုံကျန်း၊ ချုံကျန်း စတဲ့နေရာတွေက ဒေသခံအမြောက်အမြားဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရာပြီး ပျက်ဆီးမှု ကြီးကြီးမားမား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက်နေ့ကစလို့ ရုံကျန်းခရိုင်က နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို ချွမ်းချောင်းအားကစားရုံဟာလည်း အချိန်ငါးရက်အတွင်း နှစ်ကြိမ် ရေနစ်မြုပ်ခဲ့ရတယ်လို့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရပါတယ်။

ဒီတစ်ပတ်အတွင်း ပြင်းထန်တဲ့ ရေကြီးရေလျှံမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ရေကြီးရေလျှံမှုဒဏ်ခံစားရတဲ့ ကွေ့ကျိုးပြည်နယ်နဲ့ ဟူနန်ပြည်နယ်တွေအတွက် သဘာဝဘေးသက်သာလျော့ပါးရေး အရေးပေါ်ရန်ပုံငွေကနေ ယွမ် သန်း ၁၄၀ သုံးစွဲဖို့ ထပ်မံလျာထားတယ်လို့ သိရပါတယ်။

ထပ်မံလျာထားတဲ့ရန်ပုံငွေဟာ ယခင် ယွမ် သန်း ၁၆၀ ထုတ်ပေးထားပြီးတဲ့နောက် အသစ်ထပ်မံထုတ်ပေးလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီးဌာနကပြောဆိုထားပါတယ်။

ဝန်ကြီးဌာနကထုတ်ပေးထားတဲ့ အရေးပေါ်ရန်ပုံငွေတွေဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ရေဘေးသင့်သူတွေကို နေရာရွှေ့ပြောင်းရေးအပါအဝင် ယာယီ လူနေထိုင်မှုအကူအညီတွေနဲ့ ပျက်စီးသွားတဲ့နေအိမ်တွေ ပြန်လည်တည်ဆောက်ရေးအတွက် ကနဦးပံ့ပိုးကူညီတာဖြစ်တယ်လို့လည်း သိရပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

မန္တလေးမြိုတရုတ်ကောင်စစ်ဝန်ချုပ်ရုံးဆိုင်ရာ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမည်
လာမယ့် ဇူလိုင်လ ၇ ရက်မှ စတင်၍ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဗီဇာနှင့် ကောင်စစ် ရေးရာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းအစီအစဉ်အရ ရုံးပိတ်ရက်များမှလွဲ၍ အပတ်စဉ်တိုင်း၏ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့တို့တွင် ရုံးဖွင့်မည်ဖြစ်ပြီး မနက် ၈ နာရီခွဲ မှ နေ့လယ် ၁၁ နာရီခွဲထိ လျှောက်လွှာများ လက်ခံကာ နေ့လယ် ၂ နာရီ မှ ၃ နာရီ အထိ အခကြေးငွေများလက်ခံခြင်းနှင့်သက်ဆိုင်ရာလက်မှတ်များထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့အတူ နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားသက်သေခံလက်မှတ်များကို တရုတ်ကောင်စစ်ဝန် APP မှတစ်ဆင့် လျှောက်လွှာတင်ပြီး ကြိုတင်စာရင်းသွင်းရမှာဖြစ်သလို ကန့်သတ်ချက်များကြောင့် ကောင်စစ်ဝန်ချုပ်ရုံးသည် ထိမ်းမြားလက်ထပ် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့ ဇွန်လ ၃၀ ရက်မှစတင်၍ “တရုတ်ဗီဇာအွန်လိုင်းစနစ်” ကို တရားဝင် စတင်အသုံးပြုလျက်ရှိပြီး ဗီဇာလျှောက်ထားလိုပါက သံရုံးရဲ့တရားဝင် ဗီဇာဝက်ဘ် ဆိုက်မှတစ်ဆင့် အွန်လိုင်းမှာ ဖောင်ဖြည့်ကာ လျှောက်လွှာအတွက်လိုအပ်သော စာရွက်စာတမ်းများကိုလည်း အွန်လိုင်းမှ upload လုပ်နိုင်ပြီး သံရုံး၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် Email များကိုလည်း သံရုံးရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်တယ်လို့ ဇွန်လ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်သက်ရောက် မှုကြောင့် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လက်ခံနိုင်ခြင်းမရှိ သေးတာကြောင့် မန္တလေးမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများပြန်လည်လက်ခံနိုင်ချိန်ထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးသွားမယ်လို့ ဧပြီလ ၁၅ ရက်က ထုတ်ပြန်ထားခဲ့ပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့် ဗိုလ်ချုပ်ပြတိုက်သို လာရောက်သူများ လိုက်နာရမည့်အချက်ထုတ်ပြန်
လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် (၇၈)နှစ်မြောက် အာဇာနည်နေ့အတွက် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက် ကြမည့်သူများအနေနဲ့ Drone ယာဉ်များအပြင် အခြားသယ်ဆောင်ခွင့်မပြုသည့် ပစ္စည်း(၁၀)မျိုးစာရင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါနေရာများသို့ လာရောက်ကြမည့် ပြည်သူများအနေနဲ့ Drone ယာဉ်များယူဆောင်လာခြင်း၊ လွှတ်တင်ခြင်းများမပြုလုပ်ရန်နှင့် လက်ကိုင်ဖုန်း၊ အလံ၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း၊ ဗီနိုင်း၊ ပုလင်း/ဗူး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်၊ သံပိုက်များနှင့် ဘောလ်ပင် စသည့်ပစ္စည်းအမျိုးမျိုးတို့အားယူဆောင်၍ ဝင်ရောက် ခွင့်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာရောက်သူများအနေနဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း နံပါတ်စတဲ့ အချက်များကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ် (သို့မဟုတ်)ဝန်ထမ်းကတ်(သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်တဲ့ အသိအမှတ်ပြု ကတ်ပြားယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။

လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ နှာခေါင်းစည်း(Mask)များမပျက်မကွက် စနစ်တကျတပ်ရန်နှင့် သတ်မှတ် ထားတဲ့ နေရာမှာလက်ဆေး၍ Hand Sanitizer အသုံးပြုပြီးမှ ဝင်ရောက်ရန်နှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစတဲ့ ရောဂါလက္ခဏာများဖြစ်ပွား နေပါက လုံးဝလာရောက်ခြင်းမပြုကြရန်လည်း မေတ္တာရပ်ခံ ထားပါတယ်။

image
32 ပတ် - ဘာသာပြန်ပါ။

၂၀၂၅-၂၆ ဘဏ္ဍာ‌ရေးနှစ်မှာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို ရေပေးဝေနိုင်ရေး စီမံကိန်းများစီစဉ်ရေးဆွဲ
၂၀၂၅-၂၆ ဘဏ္ဍာ‌ရေးနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာတွင် ရေပေးဝေရေးလုပ်ငန်း ၁၄ ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါစီမံချက်မှာ ရေတိမ်‌သောအဝီစိတွင်းများနှင့် လက်ရေ တွင်းများတည်ဆောက်ခြင်း၊ ရေကန်တူးဖော်ခြင်း၊ ပိုက်လိုင်းများ တပ်ဆင်ခြင်းနှင့် စိမ့်စမ်းရေထုတ်စနစ်များ ပါဝင် ပါတယ်။

အခုကြိုးပမ်းမှုများက ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် နွေရာသီ မှာ ရေပြတ်လပ်မှုမှ ကာကွယ်ရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အခုစီမံကိန်းက တနင်္သာရီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၂,၃၅၉ စုမှ လူ ၁၀,၈၀၀ ခန့်ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရပါတယ်။

image

အင်ဒိုနီးရှား ဘာလီကျွန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်လို့ လေးယောက်သေပြီး ၃၀ ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကူးတို့သင်္ဘော နစ်မြုပ်မှုကြောင့် လူလေးယောက်ထက်မနည်းသေဆုံးပြီး အယောက် ၃၀ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။
ဂျာဗားကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ ဘန်ယူဝမ်ဂီမှ ဘာလီကို ခုတ်မောင်းလာတဲ့ ကူးတို့သင်္ဘောဟာ ဇွန် ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ခရီးသည် ၅၃ ယောက်၊ အမှုထမ်း ၁၂ ယောက်နဲ့ မော်တော်ယာဉ် ၂၂ စီး တင်ဆောင်ထားပါတယ်။
လက်ရှိမှာတော့ အသက်ရှင်ကျန်ရစ်သူ ၃၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ကယ်တင်ထားနိုင်ခဲ့ပြီး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
သင်္ဘောမနစ်မြုပ်မီတွင် အင်ဂျင်ပြဿနာရှိကြောင်း သင်္ဘောကုမ္ပဏီက သတင်းဌာနတွေကို ပြောပါတယ်။ ဂျာဗားကျွန်းနဲ့ ဘာလီအကြားရှိ ရေလမ်းကြောင်းဟာ ဒေသခံများ မကြာခဏ အသုံးအများဆုံး ရေလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေဟာ ကမ်းရိုးတန်းမြို့ ဘန်ယူဝမ်ဂီမှာ နေထိုင်သူတွေဖြစ်ပြီး အခြားသူတွေကတော့ ဂျာဗားကုန်းတွင်းပိုင်းက လာရောက်သူတွေဖြစ်ပါတယ်။ နိုင်ငံခြားသားတွေတော့ သင်္ဘောမှာ မပါဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆော်ဒီအာရေဗျကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုကတော့ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို အရေးပေါ်တုံ့ပြန်မှုတွေကို အရေးပေါ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေ လိုက်နာမှု အားနည်းမှုနဲ့အတူ ရေကြောင်းမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ မတ်လအတွင်းကလည်း ဘာလီကျွန်းမှာ လူ ၁၆ ဦးလိုက်ပါတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် ဩစတြေးလျအမျိုးသမီးတယောက် သေဆုံးခဲ့ပါတယ်။