အစိုးရလစာဆိုတာ အလုပ်မလုပ်ဘဲ ထုတ်စားဖို့
မဟုတ်ပါဘူး ။ ထိုက်တန်တဲ့ လုပ်အား ပြပြီးတော့ ယူပါ ။ ကျွန်တော် မေတ္တာရပ်ခံတာပါ ။
(ရိုးမပေါ်မှာကျတဲ့မျက်ရည်)
ကျောင်းဆရာတစ်ယောက်ရဲ့ လေးနက်တဲ့ ခံယူချက်နဲ့ ကျောင်းတိုးတက်ရာ တိုးတက်ကြောင်းသာ ဖော်ဆောင်ခဲ့တဲ့ တာ၀န်ကျေပွန်တဲ့ ကျောင်းဆရာတစ်ယောက် ။
ဉာဏ်အားဖြင့်တော့ မညံ့ဖျင်းနိုင်ပေမယ့် စိတ်ဓာတ်အားဖြင့် ညံ့ဖျင်းခဲ့သော ဆရာအဆက်ဆက် အုပ်ချုပ်ခဲ့ရာ ရှိန်းခါး ။
ထိုဆရာအဆက်ဆက် လက်ထက်မှသည် ကိုယ့်ကိုယ်ကျိုးကိုသာ ရှေးရှု၍ ကျောင်းလစာ အေးဆေးထုတ်ကာ တာ၀န်မကျေခဲ့သော ဆရာတစ်ချို့။
ပညာရေးလောကမှ အကျင့်ပျက်ခြစားသူများအား
ပေါ်ပေါ်ထင်ထင် မြင်တွေ့ရစေမည့် ရိုးမ‌ပေါ်မှာကျတဲ့ မျက်ရည် ။
တင်မောင်၀င်းဟာ ဒေသဖွံ့ဖြိုးရေးအတွက် ‌ရှိန်းခါးကို တာ၀န်ချခံရတဲ့ ဆရာတစ်ယောက်ဖြစ်တယ် ။ ရှေ့ကျောင်းအုပ်ဆရာကြီးတွေ ကောင်းမှုကြောင့် ပညာရေးသာမက ဆရာတွေကိုပါ စိတ်ပျက်လျက်ရှိတဲ့ ရှိန်းခါးရွာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ် ။ ရွာရဲ့ ‌ဆရာတွေ‌အပေါ် အမြင်စောင်းမှုတွေကို ပြောင်း‌လဲပေးခဲ့သလို ဆရာတွေကိုလည်း လုပ်အားကို ထိုက်တန်သလောက် စိုက်ထုတ်စေခဲ့တယ် ။‌ ကျောင်းကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ ဘယ်လို စီမံရမယ် ၊ ဘယ်လိုစည်းရုံးရမယ် ဆိုတာကို ‌ထင်ထင်မြင်မြင် ရေးထားတယ် ။ ရွာရဲ့ ပညာရေးကတစ်ဆင့် လူမှုရေး ကိစ္စတွေမှာပါ တတ်နိုင်သလောက် ကူညီခဲ့တဲ့အတွက် ရွာက ဒီလို ဆရာမျိုးကို အလေးအနက်ထား သဘောကျလာတယ် ။ ကိုယ်ကျိုးမရှိဘဲ စေတနာနဲ့ စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေးတတ်လို့ ရွာတစ်ရွာလုံးက လေးစားပြီး အလေးအနက်ထားခံရတဲ့ ဆရာတစ်ယောက်အကြောင်းကို လုံး၀မပျင်းရဘဲ ဖတ်ရမှာပါ ။
(On my point of view: ရုပ်ရှင်ထွက်လာတယ် ။ တင်မောင်၀င်းရဲ့ စွမ်းဆောင်ရည် နည်းနည်းပဲပါတယ် ။ အဲ့အပြင် ရွာက ရွာသူ မဖြူကို အတင်းလိုက်ပိုးနေတဲ့ပုံစံပေါက်တယ် ။ အဲ့နောက် မသန်စွမ်းတဲ့ မာလာရဲ့ကိုယ်၀န်ကိစ္စမှာ အလွှဲချခံရလို့ ခွေးလို ၀က်လို အဆက်ဆံခံရတဲ့အပြင် ကိုတိုးကပါ စကားပြန်ပြောဖို့အစား ရွံရှာစွာနဲ့ ထွီခနဲအထွေးခံရလိုက်သေးတယ် ။ ရုပ်ရှင်က ဆရာစရိုက်‌မပေါ်တော့ဘဲ ရွာသားစရိုက် ပေါ်သွားတယ် ။ ဒါပါပဲ ။ အဲ့နောက် စာအုပ်ပေါ်ထားတဲ့အမြင်လည်း လျော့ချင်သွားတယ် ။ ဒီတိုင်းကြီးပဲဆို အတော်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါပဲ။)
စာအုပ်လေးရဲ့ မူရင်း စာအုပ်ကို အပြည့်အဝ ခံစားလိုသူများ စာအုပ်လေးကို ပြန်လည်မှာယူရရှိနိုင်ပါပြီရှင့် ။
Review by Sarah
#တင်ညွန့်
#ရိုးမပေါ်မှာကျတဲ့မျက်ရည်

image

"တချို့အချစ်တွေကလူချင်း
မဆုံစည်းဖြစ်ခဲ့ကြပေမယ့် ...
မချစ်ခဲ့ကြတာလားဆိုလည်းမဟုတ်ဘူး
မချစ်ကြတော့တာလည်းမဟုတ်ပြန်ပါဘူး ...
အဲ့လူဘဝထဲမှာ
တစ်စုံတစ်ယောက်ဟာတိတ်ဆိတ်စွာဖြင့်
ထာဝရ ရှင်သန်သွားတော့တာပါပဲ..."
" ကျွန်မ သိချင်လှပါရဲ့
မောင် ကျွန်မအပါးမှ ထွက်ခွာခဲ့စဉ်က
မောင့် ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား ။
တွန့်ဆုတ်ခဲ့သေးလား ၊ ဝေခွဲရခက်ခဲ့သေးလား ။
နည်းနည်းလေးဖြစ်‌ဖြစ်လေ ။ "
" ဒါဟာ အချစ်လား မဟုတ်ပါဘူးနော်
ဒါဟာ မေတ္တာသာ ဖြစ်ပါသည် "
နှလုံးသားရဲ့အလိုဆန္ဒ ကို ဦးနှောက်ရဲ့ ထိန်းချုပ်
မှုကြောင့် ရပ်တန့်ပစ်လိုက်ရတဲ့အချိန်တိုင်း
အမှတ်ရနေမိတဲ့ ဇာတ်ကောင်ဟာ
" အင်ကြင်းဝေ " တဲ့ ။
ဧရာဝတီမြစ်ရေလျှံတဲ့နေ့မှာ စတွေ့ခဲ့ကြတဲ့
ဆုံတွေ့မှုတစ်ခု ။ ချောင်းထဲကျသွားတဲ့
စာအုပ်လေးကို လိုက်ဆယ်ပေးခဲ့တဲ့ ကလေးလေး
တစ်ယောက် နဲ့ ကလေးလေးခြေထောက် ငုတ်စူးသွားလို့ စိတ်ပူခဲ့တဲ့ အသက် ၇ နှစ်ကြီးတဲ့
ကလေးမလေးတစ်ယောက် ။
မောင်သက်ဝေ နဲ့ အင်ကြင်းဝေ တဲ့ ။
"အင်ကြင်းဝေ"ဆိုတာ စိတ်ပညာကိုလေ့လာနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ သမီး ။
"မောင်သက်ဝေ"လေးက အမေမရှိတော့ဘဲ ဘုန်းကြီးကျောင်းမှာကပ်နေရတဲ့ ကလေးလေး ။
ပိုးတုံးလေးကနေ လှပတဲ့လိပ်ပြာကလေး
ဖြစ်အောင် မောင်သက်ဝေ ဘဝကို ပြောင်းလဲ
ပေးချင်တဲ့ အင်ကြင်း ။ စိတ်နှလုံးသားနူးညံ့အောင် ကဗျာတွေ စာတွေပေးဖတ် ပြောပြပြီး
လူတော်လေးဖြစ်အောင် လုပ်ပေးခဲ့တဲ့ အင်ကြင်း။မောင်လေးတစ်ယောက်လို
ချစ်မြတ်နိုးစွာဂရုစိုက်ပြုစုခဲ့တဲ့ အင်ကြင်း ။
" မမ ကျနော် မမနဲ့ မင်္ဂလာဆောင်ချင်လိုက်တာ "
" မမ နဲ့ ကျနော် တစ်အိမ်တည်းနေရရင်
ကောင်းမှာပဲနော် "
အဖေရဲ့ မေတ္တာအကြင်နာကို မရခဲ့တဲ့
သက်ဝေဟာ အင်ကြင်းရဲ့ အကြင်နာတွေကို
ခံစားခဲ့ရပါတယ် ။ အဲ့ဒါကြောင့် သူ သိပ်ချစ်ရတဲ့သူဟာ မမ ။
မမ အင်ကြင်းကို တွေ့ချင်လို့ အင်ကြင်းတို့
အိမ်နားက ပွဲရုံတွေမှာ အလုပ်ဝင်လုပ်ခဲ့တဲ့
သက်ဝေ ။
" ဘာဖြစ်လို့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကျွန်ခံချင်ရတာလဲဆိုရင် မမရဲ့ အိမ်ရှိလို့ပေါ့ " တဲ့လေ ။
အင်ကြင်းကို မမတစ်ယောက်ထက် ပိုပြီး
ချစ်မိခဲ့တဲ့ မောင်သက်ဝေ ။ မမဟာ သူ့အတွက်အစစအရာ ဂရုစိုက်ပေးခဲ့တော့ ပြန်ချစ်မှာပဲ
ထင်ပြီး မမဖြစ်စေချင်သလို ပညာတတ်ဖြစ်အောင် အင်္ဂလိပ်စာကျွမ်းအောင် လုပ်ခဲ့တာ ။
မောင်လေးတစ်ယောက်လို ချစ်မိရာက
သည်ထက်ပိုပြီး ချစ်မိဖို့ရာ ရှေ့ဆက်မတိုးရဲတော့တဲ့ အင်ကြင်း ။
" ကိုယ့်ထက် အသက်ငယ်တဲ့သူတွေကို
မချစ်ရဘူးတဲ့ ။ သမီးနဲ့သူဟာ မထိုက်တန်ဘူး ။ "
ပတ်ဝန်းကျင်နဲ့ ကိုယ် ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကြားမှာ ရှေ့ဆက်မရတော့တဲ့ အဖြစ် ။
သိပ်ကို နာကျင်စရာ ကောင်းလှပါတယ် ။
မမက လာဗင်ဒါပန်းကြိုက်တယ်ဆိုလို့ လာဗင်ဒါပန်းခင်းဆီအရောက်ပို့ပေးခဲ့တဲ့ မောင်လေး ။
မောင်လေးဘဝကို မြင့်စေချင်တယ်ဆိုလို့
အမွှေးရနံ့ကုထုံးပညာရှင်ဖြစ်တဲ့အထိ မမ ဖြစ်စေချင်သလို ကြိုးစားခဲ့တဲ့ မောင်လေး ။
မေတ္တာ နဲ့ ချစ်ခြင်းကြားက အလွှာလေး ။
ဒီအလွှာလေးကို မကျော်နိုင်လို့ ရပ်တန့်လိုက်ရတဲ့ အချစ်တစ်ခုလေ ။ ဒီအဖြစ်ကို မမေ့နိုင် ဘယ်တော့မှ မမေ့ ။
ချစ်နေပေမဲ့ မေတ္တာပါလို့ ခေါင်းစဉ်းပြောင်းတပ်ပြီး နေရတာ ဘယ်လောက် အသည်းနှလုံးက နာကျင်စရာကောင်းပါလိမ့် ။ အင်ကြင်းဝေ ရဲ့ ခံစားချက်ကို ရင်နာနာနဲ့ နားလည်ခဲ့ရတာ ။
လာဗင်ဒါပန်းခင်းတွေမြင်တိုင်း ချစ်နေပေမဲ့
မဆုံဖြစ်ခဲ့ကြတဲ့ သက်ဝေ နဲ့ အင်ကြင်းတို့ကို
မြင်ယောင်နေမိတော့တာ ။
" တချို့အချစ်တွေက မဆုံစည်းခဲ့ကြပေမယ့်
မချစ်ခဲ့ကြတာ မဟုတ်ပါဘူး "
ဖတ်မိတိုင်း ရှေ့ဆက်မတိုးနိုင်တဲ့ အင်ကြင်းဝေရဲ့ အဖြစ်ကိုသိပြီး စိတ်မောခဲ့ရတာ ။ တခါတခါ အင်ကြင်းဝေရဲ့ ခံစားချက်ကို နားလည်ပြီး တခါတခါ ချစ်နေတာပဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်နေပါနဲ့လို့ ပြောချင်နေမိတာ ။ ဒါပေမဲ့
ဒီလိုလုပ်ဖို့ကလည်း သိပ်ကို ခက်ခဲလှပါတယ် ။
" မနက်လည်းဆုံ ညလည်းဆုံ ဆုံနေရက်နဲ့လွမ်းလေခြင်း "
#ဂျူး
#ဆုံနေရက်နဲ့လွမ်းလေခြင်း
Lwin's Books Diary
Khant Hmu Lwin

image
26 w - Translate

Ultra Unfolds ဆိုပဲ 👀
.
Samsung ကနေ Galaxy Z Fold7 | Z Flip7 ဖုန်းတွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား Z Fold Ultra ဆိုပြီး Ultra Foldable ဖုန်းအသစ်တွေကို မိတ်ဆက်မယ့် Galaxy Unpacked Event ကို ဇူလိုင်လ (၉) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
မနေ့တုန်းဆိုရင်လည်း Samsung ကနေ Exynos 2500 Chipset ကို မိတ်ဆက်လိုက်တယ်။ ဒီ Exynos 2500 Chipset က Samsung Galaxy Z Flip7 မှာ Snapdragon 8 Elite အစား ပြောင်းသုံးသွားမယ်။ Performance လျော့သွားပေမယ့် Optimized ပိုဖြစ်ပြီး Z Flip7 က စျေးပိုသက်သာလာနိုင်မလားပဲ 👀

image
26 w - Translate

Developer Beta တင်... အဆင်မပြေဘူး ပြောဖို့ တစ်ခုလျော့သွားပြီ 🫠
.
Apple ကနေ iOS 26 Developer Beta 2 ကို ထုတ်ပေးလိုက်ပြီဖြစ်ပြီး တော်တော်များများ ပို Stable ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် Beta 1 မှာ ဘာမှမမြင်ရဘူးဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ Control Center Design ကို ပြင်ဆင်ပေးခဲ့ပါတယ်။
ဒါက Control Center ရဲ့ အနောက်ဖက်ကို ပိုပြီး Blur ဖြစ်အောင် လုပ်ခဲ့တာဖြစ်ပြီး Contrast ကိုလည်း ပိုတိုးပေးလိုက်တာပဲ။ ဒါပေမယ့် ယှဥ်လိုက်တဲ့အချိန်မှာ Liquid Glass Design ပဲဆိုပေမယ့် ပိုပြီး Icon တွေက မြင်ရတာ ပိုအဆင်ပြေသွားတယ်။
ဘာပဲဖြစ်ဖြစ် ပိုအဆင်ပြေလာတယ်ဆိုပေမယ့် အခုက iOS 26 ဟာ Developer Beta 2 ပဲရှိသေးတာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး လာမယ့် ဇူလိုင်လအတွင်းမှာ ထွက်မယ့် Public Beta လောက်ကြမှ တကယ် Daily သုံးဖို့ Stable ဖြစ်လာပြီး တကယ့် Stable iOS 26 Update နဲ့ ပုံစံပိုတူလာမှာပါ။
အကောင်းဆုံးကတော့ စက်တင်ဘာလမှ iOS 26 Stable Update ကို စောင့်တင်တာပဲ - ဒီကြားထဲတော့ ဘလိမ်းလိုက်၊ နောက် Update မှာ Fix သွားလိုက်ပဲ ဖြစ်နေမှာဆိုတော့ 🫠

image
26 w - Translate - Youtube

"ကြောက်စရာ မကောင်းပါဘူး"📌(သူတို့ပြောပြတဲ့ အကြောင်းအရာများ)

26 w - Translate - Youtube

တကယ်အပြင်မှာရော ကိုင်မိရင် အဲ့လိုဖြစ်မှာလား🥵

26 w - Translate - Youtube

ဉာဏ်ကောင်းပြီး အထာကျလွန်းတဲ့ ဆစ်ဂမာဘွိုင်းလေး

26 w - Translate - Youtube

သာမန်ကျောင်းသားဘဝကနေ နင်ဂျာအမွေခံဖြစ်လာတဲ့အခါ.

26 w - Translate - Youtube

နတ်ဘုရားရဲ့အမှားကြောင့် အသန်မာဆုံးစွန့်စားသူဖြစ်လာတဲ့အခါ ||Raising Kids(စ/ဆုံး)

26 w - Translate

ခဏစမ်းဖြစ်တဲ့အချိန်လေးမှာတင် မတရား Fun ဖြစ်တဲ့ Fujifilm X Half 👀
.
ကိုယ့်ဘာသာ ဖုန်းတွေစမ်းဖို့ အပြင်လျှောက်သွားရင်းနဲ့ Fujfilm X Half Camera အသစ်ကို Launch လုပ်၊ စိတ်ကြိုက်ပေးစမ်းတဲ့ Event လေးတွေ့တာနဲ့ သေချာ ၁ နာရီလောက် စမ်းဖြစ်လိုက်တယ်...။​
တကယ်ကို အချိန်တော်တော်ကြာမှ Camera ကိုင်ရိုက်ရတာ Fun ဖြစ်တယ်ဆိုပြီး ခံစားရတာပဲ။ လက်ထဲကိုင်နေတဲ့ Fujifilm X-S10 နဲ့ဆို တခြားစီ - အရုပ်လေးလို့ ထင်ရလောက်တဲ့အထိကို Size က သေးပြီး ပေါ့နေတယ်၊ ပြီးတော့ Digital Camera နဲ့ယှဥ်ရင်တောင် Size က အတူတူလောက်ပဲ။
စမ်းရသလောက် Fujifilm ရဲ့ Film Simulation တွေအပြင် Light Bleed တို့၊ Soft Focus ၊ Color Shift လိုမျိုး Effect တွေက တော်တော်မိုက်တယ်။ သဘောအကျမိဆုံးက Film Camera Mode ပဲ - Preview လည်း ကြည့်မရပဲ Film Camera အတိုင်း တစ်ပုံရိုက်ပြီး Film Roll တစ်ခုကို Lever နဲ့ ဆွဲပြီး ပြောင်းရတာက တော်တော်လေး Unique ဖြစ်တယ်။
အခုထိလည်း Fujfilm X Half Camera ရဲ့စျေး $849 ဆိုတာက တကယ်တမ်းပြောရရင် များတယ်လို့ မြင်တုန်းပဲ။ ဒါပေမယ့် ကိုယ့်မှာ တခြား Professional Camera တွေရှိတယ်၊ ပိုက်ဆံရှိတယ် - ကင်မရာအသေးလေးကိုင်ပြီး ရိုက်ရတာ Fun ဖြစ်တဲ့ ဓါတ်ပုံတွေကို အလွယ်ရိုက်ချင်တယ်ဆိုရင် Fujfilm X Half က တော်တော်ကို မိုက်တယ်။
အချိန်ခဏလေး စမ်းဖြစ်လိုက်တယ်ဆိုပေမယ့် လုံးဝကို Fun ဖြစ်တဲ့ Experience ရလိုက်တယ်။ လက်ထဲမှာသာ ပိုက်ဆံအပိုရှိနေရင် ကောက်ဝယ်မိလောက်တဲ့အထိကို Fun ဖြစ်တဲ့ ကင်မရာပါ 📷

image