26 ပတ် - ဘာသာပြန်ပါ။

"Rubin Observatory ရဲ့ ပထမဆုံးသော စကြဝဠာရတနာများ"
ဒီရင်သပ်ရှုမောဖွယ်ပုံတွေဟာ Rubin Observatory က နောက်ထပ် ဆယ်စုနှစ်အတွင်း ကျွန်တော်တို့ကို ပေးစွမ်းမယ့် စကြဝဠာရတနာများစွာထဲက ပထမဆုံးဓာတ်ပုံဖြစ်ပါတယ်။
မူရင်းပုံက size အားဖြင့် ၂၁.၈ GB ရှိတာမို့ page မှာတင်ဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ MASES page က ဒီCosmic treasure ထဲကမှ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာတွေကို ကောက်နှုတ်ပြသချင်ပါတယ်။
တစ်ခုမှတ်ထားရမှာက ဒီပုံတွေဟာ Rubin observatory ကရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံ ထဲက အစိတ်အပိုင်းလေးတွေဖြစ်ပါတယ်။နောက်ပြီးဒီဓာတ်ပုံဟာ မိုးကောင်းကင် အာကာသ ကြီးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုကို ရိုက်ယူထားတာဖြစ်တယ် ဆိုတာကိုပါ။
ဒီပုံအတွက် လေ့လာစူးစမ်းခဲ့တဲ့ ဧရိယာထဲမှာ ဗာဂို ကြယ်အစုအဝေး (Virgo Cluster) ရဲ့ တောင်ပိုင်းဒေသလည်း ပါဝင်ပါတယ်။ ဒီကြယ်အစုအဝေးက ကမ္ဘာကနေ အလင်းနှစ် ၅၅ သန်းလောက် ဝေးပြီး ဗာဂို ကြယ်စု (constellation Virgo) ရဲ့ ဦးတည်ရာဘက်မှာ ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နဲ့ ပိုနီးတဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way) ထဲက ကြယ်တွေ၊ ပြီးတော့ ပိုဝေးတဲ့ အနီရောင်ဂလက်ဆီအုပ်စု (distant red galaxy groups) တွေလို အရာဝတ္ထုတွေကိုပါ ဒီပုံထဲမှာ တွေ့ရပါတယ်။
Rubin Observatory ရဲ့ ပထမဆုံး လေ့လာမှုတွေထဲက ထူးခြားတဲ့ အရာအချို့ကို ဒီမှာ မီးမောင်းထိုးပြထားတာကိုပဲ ခဏလောက် လေ့လာကြည့်ကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။
ဗာဂို ကြယ်အစုအဝေး (Virgo Cluster)
ဒီလှပပြီး ကြီးထွားဆဲ ဂလက်ဆီအစုအဝေးကြီးဟာ ဂလက်ဆီပေါင်း ထောင်ကျော်ရဲ့ အိမ်ဖြစ်ပါတယ်။ ခရုပတ်ပုံစံလှလှလေးတွေကစလို့ ကြီးမားတဲ့ ဘဲဥပုံဂလက်ဆီတွေ၊ မှိန်ဖျော့တဲ့ ဂလက်ဆီပုလေးတွေအထိ အကုန်လုံး ဒီထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ကြီးမားတဲ့ အရွယ်အစား၊ ဂလက်ဆီအမျိုးအစားစုံလင်မှုနဲ့ ကျွန်တော်တို့နဲ့ အတော်လေး နီးကပ်တဲ့အတွက် ဗာဂို ကြယ်အစုအဝေးက ဂလက်ဆီအစုအဝေးတွေဆိုတာ ဘာလဲ၊ ဘယ်လို ပြောင်းလဲကြီးထွားလာတယ်၊ ပြီးတော့ စကြဝဠာအချိန်တစ်လျှောက်လုံး ဘယ်လိုဆက်ပြီး ကြီးထွားလာတယ်ဆိုတာကို ကျွန်တော်တို့ကို လေ့လာ ကြည့်ရှုခွင့်ပေးနေတာပါ။

image

imageimage
+10
26 ပတ် - ဘာသာပြန်ပါ။

သမိုင်းတစ်လျှောက် အဆိုးဆုံး ဝင်ငွေကို ရရှိထားတဲ့ Pixar ရဲ့ရုပ်ရှင်အသစ် Elio
ပြီးခဲ့တဲ့ သောကြာနေ့ ဇွန်လ ၂၀ နေ့မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၂၁ သန်း၊ ကမ္ဘာတစ်ဝှမ်းမှာ စုစုပေါင်း ဒေါ်လာ ၃၅ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးဘတ်ဂျက်က ဒေါ်လာ ၁၅၀ သန်းဆိုတော့၊ Elio အတွက် အခြေအနေက သိပ်မကောင်းလှပါဘူး။
ဝေဖန်ရေးဆရာတွေရော၊ ပရိသတ်တွေရော ရုပ်ရှင်ကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ပေးနေကြပေမယ့် Disney ရဲ့ Marketing ကြောင့် ဒီရုပ်ရှင်ဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ယူဆရပါမယ်။
“ပြဿနာက ပရိသတ်တွေဟာ မူရင်းရုပ်ရှင်တွေကို မကြည့်ကြလို့ မဟုတ်ဘူး။ စတူဒီယိုတွေက လူတွေကို ဒီရုပ်ရှင်တွေကြည့်အောင် လုံလောက်အောင် မကြိုးစားကြတာပဲ” လို့ Twitter (X) သုံးစွဲသူတစ်ယောက်က ရေးထားပါတယ်။
ပြောရရင် Studio က ဒီရုပ်ရှင်ကို ထုတ်ဖို့အတွက် Marketing ကို သိပ်မလုပ်ဘူး။ ဒီတော့ ပရိသတ်တွေက ရုပ်ရှင်ထွက်နေမှန်းတောင် မသိကြဘူး၊ ဒါကြောင့် ရုံမှာ မလာကြည့်ကြဘူး၊ အကြောင်းအရင်းကတော့ ဒါပါပဲ။
တကယ်တော့ ဇာတ်လမ်းက မကောင်းဘူးမဟုတ်ဘူး၊ ပုံမှန်မြင်နေကြ ရုပ်ရှင်တွေနဲ့တောင်ကွဲပြားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လူတွေလာမကြည့်ကြတာက ရုပ်ရှင်ထွက်လို့ ထွက်မှန်းမသိအောင်လုပ်ထားလို့ပဲလို့ မြင်မိပါတယ်။
Elio ဟာ အခုရုံတင်ပြသနေပြီး ရုံဝင်ငွေကတော့ ဆက်တိုက်နည်းနေတုန်းဖြစ်ပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။ - Youtube

(စ/ဆုံး) ||မှော်‌ကျောက်တုံးကနေတဆင့် တခြားကမ္ဘာကိုရောက်သွားတဲ့အခါ || Endride

26 ပတ် - ဘာသာပြန်ပါ။

Game of Thrones ထဲက အကြိုက်ဆုံးဇာတ်ဝင်ခန်းကိုပြောပါဆိုရင် ..
“Battle of the Bastards” လို့ပြောရမှာပါပဲ။
"Battle of the Bastards” ဟာ ဝေဖန်ရေးဆရာတွေဆီက အရမ်းကောင်းတယ်ဆိုပြီး ချီးကျူးမှုရခဲ့တဲ့အပြင် တချို့က “လက်ရာမြောက်တယ်” လို့တောင် ခေါ်ကြတဲ့ အထိပါပဲ။
ဒီအပိုင်းက Series ထဲမှာ အကောင်းဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်ခဲ့တဲ့အပြင်၊ TV Series သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အပိုင်းတွေထဲက တစ်ခုလို့လည်း ချီးကျူးခဲ့ကြပါတယ်။
မြောက်ပိုင်း တိုက်ပွဲတွေက “ကြောက်စရာကောင်ပြီး၊ စိတ်လှုပ်ရှားစရာကောင်းတယ်” လို့ ဝေဖန်သူတွေက ချီးကျူးခဲ့ကြပြီး Jon Snow အဖြစ်သရုပ်ဆောင်တဲ့ Kit Harington ရဲ့ သရုပ်ဆောင်မှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။
ဒါ့အပြင် ဒီတိုက်ပွဲကို ရိုက်ကူးဖို့ ၂၅ ရက်ကြာခဲ့ပြီး၊ အပိုသရုပ်ဆောင် ၅၀၀၊ ရိုက်ကူးရေးအဖွဲ့ဝင် ၆၀၀၊ နဲ့ မြင်းအကောင် ၇၀ သုံးခဲ့ပါတယ်။ အမေရိကမှာ ပထမဆုံးထုတ်လွှင့်ချိန်မှာ ဒီအပိုင်းကို လူပေါင်း ၇.၆၆ သန်း ကြည့်ရှုခဲ့ပါတယ်။ ဒီအပိုင်းဟာ Emmy Awards မှာ ဒါရိုက်တာထူးချွန်ဆုနဲ့ ဇာတ်ညွှန်းထူးချွန်ဆုကို ရရှိခဲ့ပြီး၊ Kit Harington ကလည်း ဒီအပိုင်းမှာ သူ့ရဲ့ ဇာတ်ပို့သရုပ်ဆောင်ဆုအတွက် ရွေးချယ်ခံခဲ့ရပါသေးတယ်။
ဒီအပိုင်းဟာ Rickon Stark နဲ့ Ramsay Bolton တို့ရဲ့ နောက်ဆုံးပါဝင်မှုလည်းဖြစ်ခဲ့ပါတယ်။
ဒီအပိုင်းမှာ Rickon Stark ကို Jon စီလွတ်ပြီး Ramsay က အနောက်ကနေ မြှားနဲ့ပစ်တာကို လွတ်အောင်ရှောင်ဖို့ လုပ်ရင်းကနေ Rickon Stark သေဆုံးသွားခဲ့ရပါတယ်။
Rickon သေသွားချိန်မှာ ဒေါသထွက်နေတဲ့ Jon က Ramsay ရဲ့ တပ်ဖွဲ့ကို တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲစခဲ့ပါတယ်။ တိုက်ပွဲမှာ လူပေါင်းများစွာ သေဆုံးပြီး အလောင်းတွေနဲ့ တံတိုင်းတစ်ခုတောင် ဖြစ်လာပါတယ်။
ဒီတံတိုင်းကြောင့် Bolton တပ်ဖွဲ့က Stark တပ်တွေကို ဝိုင်းထားပြီး Smalljon က ထွက်ပြေးလမ်းတွေကို ပိတ်ထားလိုက်ပါတယ်။ Stark တပ်တွေလည်းရှုံးနေပြီး Jon ဟာ လူတွေကြားထဲ ပိနေပြီး အသက်ရှင်ဖို့ ကြိုးစားနေတုန်းမှာ နေရာတစ်နေရာကနေ ခရာသံတစ်ခု ထွက်ပေါ်လာပြီး Littlefinger နဲ့ Sansa တို့ ဦးဆောင်တဲ့ Knights of the Vale တပ်ဖွဲ့ ရောက်လာခဲ့ပါတယ်။ သူတို့က Bolton တပ်ဖွဲ့ကို ချေမှုန်းပြီး Stark တွေကို အောင်ပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
Ramsay ဟာ Winterfell ထဲကို ဆုတ်ခွာပြီး တံခါးတွေကို ပိတ်ဖို့ အမိန့်ပေးပါတယ်။ ဒါပေမယ့် ဧရာမ Wun Wun က တံခါးတွေကို ဖျက်ဆီးပြီး Stark သစ္စာခံတွေက ခံတပ်ကို ဝင်ရောက်သိမ်းပိုက်လိုက်ပါတယ်။ ဒါပေမယ့် Ramsay က Wun Wun ကို မြှားနဲ့မျက်လုံးကိုပစ်ပြီး သတ်လိုက်ပါတယ်။ Jon က Ramsay ကို အနိုင်ယူပြီး ရိုက်နှက်ပေမယ့် Sansa ကို မြင်တဲ့အခါ သတ်ဖို့ရပ်လိုက်ပါတယ်။ Jon က Ramsay ကို အကျဉ်းချထားဖို့ အမိန့်ပေးပြီး Winterfell ဟာ House Stark လက်ထဲ ပြန်ရောက်လာပါတယ်။
နောက်ဆုံးမှာ Ramsay ကို သစ္စာရှိပါတယ်ဆိုတဲ့ ခွေးတွေနဲ့အတူ အကျဥ်းချထားလိုက်ပြီး ခွေးစာကျွေးလိုက်ပါတော့တယ်။

image
26 ပတ် - ဘာသာပြန်ပါ။

The Mummy Reboot ရိုက်ကူးရေးပြီးပြီ
ဇွန် ၂၅၊ ၂၀၂၅။
သရုပ်ဆောင် Tom Cruise ရဲ့ ၂၀၁၇ ရုပ်ရှင် The Mummy အပြီးမှာ ပထမဆုံးထွက်ရှိလာမယ့် The Mummy ရုပ်ရှင်သစ်ကတော့ ဒီကနေ့မှာ ရိုက်ကူးရေးပြီးခဲ့ပြီဖြစ်ပါတယ်။
ဧပြီ ၁၇၊ ၂၀၂၇ မှာ ရုံတင်ပြသမယ့် အဆိုပါ The Mummy ရုပ်ရှင်သစ်ကို Evil Dead Rise ဒါရိုက်တာ Lee Cronin က ရေးသားရိုက်ကူးကာ နာမည်ကြီး horror ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Atomic Monster နဲ့ Blumhouse တို့က ပူးတွဲထုတ်လုပ်ထားကာ Warner Bros. နဲ့ New Line Cinema ကုမ္ပဏီတွေက တာဝန်ယူဖြန့်ချိပြသမှာဖြစ်ပါတယ်။
The Mummy ရဲ့ ဇာတ်လမ်းအကျဥ်းကိုတော့ မသိရသေးပေမယ့် Midsommar သရုပ်ဆောင် Jack Reynor (အပေါ်-ယာဘက်) နဲ့ Moon Knight သရုပ်ဆောင် May Calamaway (အပေါ်-ဝဲဘက်) အပြင် Laia Costa (အောက်-ဝဲဘက်) နဲ့ Verónica Falcón (အောက်-ယာဘက်) တို့လည်း ပါဝင်ထားကြပါသေးတယ်။

image
26 ပတ် - ဘာသာပြန်ပါ။

‘RATATOUILLE 2’ ကို Pixar မှာအစောပိုင်း လုပ်ဆောင်နေပြီဆိုတဲ့ အဆင့်မှာ ရှိတယ်လို့ ကောလဟာလတွေထွက်နေပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။

Rating တွေ တဖြည်းဖြည်းကျနေတဲ့ Marvel ရဲ့ Ironheart
Marvel ရဲ့ Ironheart ဟာ ထွက်လို့ ထွက်မှန်းတောင်မသိတဲ့ အခြေနေမျိုးတွေနဲ့မို့လို့ Delay ဖြစ်ပြီး Rating စနစ်တွေမှာ အားနည်းလျက်ရှိပါတယ်။
ဒီစီးရီးဟာ ရက်အချိန်းပြောင်းလဲမှုတွေ အကြိမ်ကြိမ်ဖြစ်ပြီးနောက် အခုမှာတော့ Disney+ မှာ ပထမဆုံး အပိုင်း ၃ ပိုင်းထွက်ရှိလာတာဖြစ်ပါတယ်။
Dominique Thorne က Black Panther: Wakanda Forever မှာ Riri Williams အဖြစ် ပထမဆုံးပါဝင်ခဲ့ပြီး၊ သူ့ရဲ့ ကိုယ်ပိုင်စီးရီး Ironheart နဲ့အတူ ပွဲဦးထွက်လာတာဖြစ်ပါတယ်။
အခုတော့ Ironheart ဟာ Rotten Tomatoes မှာ ဝေဖန်သူ ၂၁ ဦးရဲ့ သုံးသပ်ချက်အရ ၇၁% နဲ့ Fresh အဆင့်ရရှိထားပါတယ်။ ဒါပေမယ့် ဒီအဆင့်ဟာ တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ Marvel ရဲ့ တခြားစီးရီးတွေဖြစ်တဲ့ She-Hulk: Attorney at Law၊ Moon Knight နဲ့ Loki တို့လို ၇၀-၈၀% အတွင်း ရှိနေတာဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ စီးရီးမှာ အားနည်းချက်တချို့ရှိတယ်လို့ ထောက်ပြထားပေမယ့်၊ လူမှုကွန်ရက်ပေါ်က တုံ့ပြန်မှုတွေကတော့ ရောထွေးနေပါတယ်။ Ironheart မှာ ချစ်စရာကောင်းတဲ့ အချက်တွေ အများကြီးရှိပေမယ့် ဝေဖန်သူတချို့က စီးရီးတစ်ခုလုံးကို သိပ်မကြိုက်ကြဘူးလို့သိရပါတယ်။
Riri Williams ဟာ Marvel ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ ရုပ်ရှင်ပုံဖော်မှုဟာ ရုတ်တရက်ထွက်လာတဲ့ ပုံစံမို့လို့ အားလုံးကတော့ အကြိုက်မတွေ့သလို ဒီ Series အပေါ် အလေးအနက်မထားကြတာတွေ့နေရပါတယ်။ ပြောရရင်တော့ Marvel Fan တွေကလွဲလို့ တခြားသူတွေ အနေနဲ့ သိပ်ပြီး Hype နေကြတာမျိုးတော့မဟုတ်ပါဘူး။
ဒီ Series မှာ Anthony Ramos က Parker Robbins အဖြစ်နဲ့ Alden Ehrenreich က Riri ရဲ့ သူငယ်ချင်း Joe McGillicuddy အဖြစ် ပါဝင်ထားပါတယ်။

image
26 ပတ် - ဘာသာပြန်ပါ။ - Youtube

သာယာ လှသော လမ်းကြားလေး တခုနှင့် ဘိုကျား 🙂👍